#Local_News
Published 15 August 2026
■ မြန်မာသံရုံး (တိုကျိုမြို့)အနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှတစ်ဆင့်သော်လည်းကောင်း လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင်ပြီး အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရန် ၅ နှစ်နှင့်အထက် ပျက်ကွက်နေပါက မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ၍ သက်တမ်းတိုး ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးကအသိပေးထုတ်ပြန်ထားသည်။
■ အဆိုပါမြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည် ။
■ ထို့အပြင် ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားများအနေ ဖြင့် မိမိတို့၏နိုင်ငံကူးလက်မှတ်များကို သက်တမ်းမကုန်ဆုံးမီ ၆ လအလိုကတည်းက ကြိုတင်၍သက်တမ်းတိုးဆောင်ရွက်ကြရန် မြန်မာသံရုံးကတိုက်တွန်းထားကြောင်း သိရသည် ။
#YMG/NN #Yangon_Times
#Local_News
Published 15 August 2026
■ ရန်ကုန်မြို့ရှိ လသာမြို့နယ်အပါအဝင် မြို့နယ် ရှစ်ခု၌သန့်ရှင်းသောသောက်သုံးရေ ရရှိရေး Chlorine Booster dosing လုပ်ငန်း ၂၁ နေရာဆောင်ရွက်ပေးနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ
သိရသည်။
■ ရန်ကုန်မြို့နေ ပြည်သူတွေကို သန့်ရှင်းပြီးကျန်းမာရေးနှင့်ညီညွတ်သည့် သောက်သုံးရေပေးဝေနိုင်ဖို့အတွက် ရေသန့်စင်စက်ရုံကြီးများ၏ ရေသန့်စင်စနစ်များ၌ ကလိုရင်းဆေးခတ်ပိုးသတ် ခြင်းလုပ်ငန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ပုံမှန်ဆောင်ရွက်နေသည့် အပြင် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် ဝမ်းရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်လည်း အရေးပေါ်အခြေအနေ၌ ရေဖြန့်ဖြူးပေးဝေသည့် မြို့နယ်များ၏ ရေပေးဝေရေး ကွန်ရက်အတွင်း ရေထဲမှာပိုးသတ်နိုင်စွမ်းရှိသည့် ကလိုရင်းကျန်ရှိမှု (Residual Chlorine) သတ်မှတ်ပမာဏရှိစေရန် Chlorine Booster dosing (Superchlorination) ဆေးခတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
■ ရန်ကုန်မြို့တွင်ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ (မြို့တော်ဝန်)၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကော်မတီဝင်တွေ၊ ဌာနမှူးတွေ၊ တိုင်းကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ် ရေးအဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရေဖြန့်ဖြူးပေးဝေနေသည့် မြို့နယ်များကို ကွင်းဆင်းပြီးရေဖြန့်ဖြူးပေးဝေရေး ပိုက်လိုင်းကွန်ရက်အတွင်း Chlorine Booster dosing ခတ်မှုအခြေအနေကိုလည်း နေ့စဉ်လိုက်လံ ကြည့်ရှုစစ်ဆေးနေကြောင်းသိရသည်။
■ လက်ရှိ ရေဖြန့်ဖြူးပေးဝေရေး ပိုက်လိုင်းကွန်ရက်အတွင်း Chlorine Booster dosing (Superchlorina-tion) လုပ်ငန်းကို လသာမြို့နယ်တွင် ရှစ်နေရာ၊ လမ်းမတော်မြို့နယ်တွင် ငါးနေရာ၊ အလုံမြို့နယ်တွင် တစ်နေရာ၊ ပုဇွန်တောင်မြို့နယ်တွင် တစ်နေရာ၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် တစ်နေရာ၊ ကျောက်တံတား မြို့နယ်တွင် နှစ်နေရာ၊ ပန်းဘဲတန်းမြို့နယ်တွင် နှစ်နေရာနှင့် ဒဂုံမြို့နယ်တွင် တစ်နေရာ စုစုပေါင်း ၂၁ နေရာမှာ ဆောင်ရွက်နေကြောင်းသိရသည်။
■ ထို့အပြင် Chlorine Booster dosing (Superchlorination) ဆောင်ရွက်မှုကြောင့် ရေဖြန့်ဖြူးပေးဝေရေးကွန်ရက် အတွင်း Residual Chlorine ပါဝင်မှုကို လေ့လာဆန်းစစ်နိုင်ရန် ရေနမူနာရယူပြီး ရေအရည်အသွေးတိုင်းတာကာ စောင့်ကြည့်လေ့လာမှုများဆောင်ရွက်နေရာ မူလကလည်း Residual Chlorine အထိုက်အလျောက်ရှိသည့်အတွက် ထွက်ပေါ်လာသည့် အဖြေအရ သင့်လျော်မှုရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 14 August 2026
၁။ အွန်လိုင်းမှလျှောက်ထားနိုင်သည့် လျှပ်စစ်မီတာသစ်များအတွက်နှုန်းထားများသတ်မှတ်
၂။ စစ်ကိုင်းတွင်စိုက်ပျိုးမြေဧက(၅)သောင်းကျော် ရေကြီးနစ်မြုပ်
၃။ MSME လုပ်ငန်းများအတွက်ချေးငွေများ ထုတ်ချေးပေးမည်
၄။ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဂျပန်အဓိကထုတ်လုပ်ရေးပစ္စည်းစက်ရုံများလုပ်ငန်းထိခိုက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
လျှပ်စစ်မီတာအသစ် တပ်ဆင်အသုံးပြုလိုသူတွေအနေနဲ့ လျှပ်စစ်မီတာအသစ်လျှောက်ထားရာမှာ ကြားခံပွဲစားတွေမပါဝင်ဘဲ Website ကနေတစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်မှာဖြစ်ပြီး မီတာအမျိုးအစားနဲ့ ဝန်အားအလိုက်ပေးသွင်းရမယ့် နှုန်းထားတွေကိုလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သတ်မှတ်အသိပေးထားပါတယ်။
#Local_News
Published 14 August 2026
#လျှပ်စစ်မီတာ #အွန်လိုင်း
#YMG/SW #Yangon_Times
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး စိုက်ပျိုးမြေဧက ငါးသောင်းကျော် ရေကြီးနစ်မြုပ်ခဲ့တယ်လိုစစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနက ဩဂုတ်(၁၂)ရက်နေ့က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 14 August 2026
#စစ်ကိုင်းတိုင်းဒေသကြီး #ရေကြီးရေလျှံ
#YMG/NN #Yangon_Times
အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်လာစေဖိုအတွက် MSME လုပ်ငန်းရှင်တွေကို ချေးငွေတွေထုတ်ချေးပေးသွားမယ်လို့ နိုင်ငံပိုင်သတင်းစာကတဆင့် ယမန်နေ့ကအသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 14 August 2026
#MSME #ချေးငွေ
#YMG/SW #Yangon_Times
ရန်ကုန်ဆေးရုံကြီး၌ ဝမ်းပျက်ဝမ်းလျှောအတွက် သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ပြင်ဆင်ကုသပေးနေတယ်လို့ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးကပြောပါတယ်။
#Local_News
Published 14 August 2026
#ရန်ကုန်ဆေးရုံကြီး #ဝမ်းပျက်ဝမ်းလျှော
#YMG/NN #Yangon_Times
Page 28 of 2438