၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်မှာ ရနောင်း-ကော့သောင်း-ရန်ကုန်လမ်းကြောင်းမှ ကုန်သွယ်မှု ပိုငွေအမေရိကန် ဒေါ်လာ (၂. ၃) ဘီလီယံကျော်ရရှိခဲ့တယ်လို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီမှ သိရပါတယ်။
#Local_News
Published 28 May 2025
#ရနောင်း-ကော့သောင်း-ရန်ကုန် #ပိုငွေဒေါ်လာ(၂) ဘီလီယံကျော်ရရှိခဲ့
#YMG/SW #Yangon_Times
နိုင်ငံတကာကနေ ကူညီထောက်ပံ့တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အကူအညီပစ္စည်းတွေနဲ့ ဆေးဝါးတွေကို ငလျင်ဘေးသင့်ဒေသတွေထံကို အချိန်နဲ့တစ်ပြေးညီ ဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 28 May 2025
#ဆေးဝါး #အချိန်နဲ့တစ်ပြေးညီဖြန့်ဝေပေး
#YMG/NN #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိဒေါ်လာသန်း ၃၀ ကိုရောင်းချပေးသွားမယ်လို့ ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
#Local_News
Published 28 May 2025
#မြန်မာနိုင်ငံတော်ဗဟိုဘဏ် #ဒေါ်လာသန်း၃၀ရောင်းပေး
#YMG/SW #Yangon_Times
မိုးရာသီတွင် ပေါက်သည့်မှိုဆိပ်အန္တရာယ်ကြောင့်အသက်ဆုံးရှုးသည်အထိဖြစ်နိုင်တဲ့အတွက် သတိပြုဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကသတိပေးထားပါတယ်။
#Local_News
Published 28 May 2025
#မှိုဆိပ်အန္တရာယ် #အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်
#YMG/NN #Yangon_Times
#Local_News
Published 28 May 2025
▪️ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်သည် ၂၄နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်
ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက် ၁၁နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
▪️ ယနေ့မြန်မာစံတော်ချိန် ၁၀နာရီ ခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအားကောင်းလာကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
▪️ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျား နိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထား ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 28 May 2025
▪️ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၊cowboys bar ၌ မီးလောင်မှု ဖြစ်ပွားရာ အမျိုးသမီးလေးဦးေ-သဆုံးမှု ယနေ့မနက်ပိုင်းတွင်ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
▪️ မေလ ၂၈ ရက်နေ့၊ မနက်၉ နာရီ ၄၈ မိနစ်အချိန်၌ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၇၇ လမ်း၊ ၃၄ လမ်း x ၃၅ လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြိမ်းသတ်ခဲ့ရာ မနက်၁၀ နာရီအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၀နာရီ ၈မိနစ်အချိန်တွင် မီးငြိမ်းနိုင််ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသမီးလေးဦးေ-သဆုံးခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့်ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးများအားဆက်လက် စုံစမ်းနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 28 May 2025
▪️ ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအမျိုးသမီးလုပ်သား ၉၃ဦးကို ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်( OWIC) ပြုလုပ်ခွင့်ပြုခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
▪️ ဂျပန်နိုင်ငံသို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့် သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေး ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် ( OWIC) ပြုလုပ်ခွင့် တင်ပြထားလျှောက်ထားလာကြသည့် အေဂျင်စီ ၂၃ ခုမှ အမျိုးသမီး အလုပ်သမား ၉၃ ဦး အတွက် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့် OWIC ကတ် ပြုလုပ်ခွင့်ပြုသည့် စာရင်းကို Safe Migration Channel က ကြေညာပေးခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ နာမည်စာရင်းပါ အမျိုးသမီးလုပ်သား ၉၃ ဦးသည် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းကို ၂၉-၅-၂၀၂၅ ရက်နေ့တွင်တက်ရောက်ရမည်ဖြစ်ပြီး OWIC ကတ်ကို ၃၀-၅-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ သတ်မှတ်နေ့ရက်တွင် သင်တန်းတက်ရောက်ခြင်း၊ OWIC ကတ် ပြုလုပ်နိုင်ခြင်းမရှိပါက ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 30 of 2023