စားအုန်းဆီ ရည်ညွန်းစျေး ဆက်တိုက်ကျဆင်းနေပေမယ့် ပြင်ပဈေးကွက်မှာ ရောင်းချနေတဲ့ ဈေးနှုန်းမှာတော့ တစ်ပိသာကို ကျပ်တစ်သောင်းအထက်မှာသာရှိနေတယ်လို့ သိရပါတယ်။
#Local_News
Published 26 May 2025
#စားအုန်းဆီ #ရည်ညွန်းစျေးကျဆင်း
#YMG/SW #Yangon_Times
အခု၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ်၆၈ဝ ဘီလီယံကျော် ထုတ်ချေးဖို့လျာထားတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Local_News
Published 26 May 2025
#စိုက်ပျိုးစရိတ်ချေးငွေ #စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးဆက်လက်မြင့်တက်နေခြင်းနဲ့အတူ မြန်မာ့ရွှေဈေးလည်း လိုက်ပါမြင့်တက်နေပြီး ရက်ပိုင်းအတွင်း တစ်ကျပ်သားကို ကျပ်ရှစ်သောင်းကနေ တစ်သိန်းအထိ ထပ်မံမြင့်တက်လာတယ်လို့ ရွှေဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 26 May 2025
#ကမ္ဘာ့ရွှေဈေးဆက်လက်မြင့်တက် #ရွှေဈေးကွက်
#YMG/SW #Yangon_Times
#Local_News
Published 26 May 2025
▪️ တရုတ်မှလှူဒါန်းသည့် စက်သုံးဆီ တန်ချိန် ၁၄,၈၇၀ ကျော်တန်ထပ်မံရောက်ရှိခဲ့လာကြောင်း သိရသည်။
▪️ အဆိုပါ စက်သုံးဆီ (၁၄,၈၇၀.၀၅၅)တန်ထပ်မံရောက်ရှိခဲ့ရာ ငလျင်ဘေးသင့် ဒေသများသို့ စွမ်းအင်ဝန်ကြီးဌာနမှ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ စက်သုံးဆီများသည် တရုတ်နိုင်ငံမှ (၁၅) ကြိမ်မြောက်လှူဒါန်းသည့် အောက်တိန်း (92) (၂၉၄၀) ဒသမ (၀၅၅) တန်၊ ဒီဇယ် (၁၁,၉၃၀) ဒသမ (၅၀၅) တန် တင်ဆောင်လာသော MTYU DONG သင်္ဘောသည် မေ (၂၃)ရက် နံနက် (၂)နာရီခွဲက သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် BRIGHTER ENERGY ဆီလှောင်ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။
▪️ ထို့ပြင် (၁၆) ကြိမ်မြောက်လှူဒါန်းသည့် Modular (prefa - bricated) house အလုံး (၁,၁၂၀)၊ Offices အလုံး (၁၆၀) တင်ဆောင်လာသော MV. Orient Glory သင်္ဘောသည် မေလ(၂၄)ရက် ညနေ (၄) နာရီက သီလဝါ (MITT) ဆိပ်ကမ်းသို့ရောက်ရှိခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ငလျင်ဒဏ်သင့် ဒေသများသို့ ကူညီထောက်ပံ့ရန် တရုတ်နိုင်ငံမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ တန်ချိန် (၅၀,၀၀၀) ကူညီထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 May 2025
▪️ အာမခံအလုပ်သမားများ၏ အချိန်ပြည့်ပညာသင်ကြားနေသော သားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်သွားမည်ဖြစ်ရာ လျှောက်ထားနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ ဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်နှင့် အလုပ်ရှင်ထံမှ အကြောင်းကြားစာပုံစံ (၂၃/၂၄)တို့အား အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာ လိုက်သည်။
▪️ ယင်းကြေညာချက်အရ စံပြုလုပ်ငန်းစဉ်(SOP)တွင် အချက် ၁၁ ချက်ပါရှိပြီး ပညာသင်စရိတ် လျှောက်ထားခွင့် ရှိသည့် အကျုံးဝင်အာမခံအလုပ်သမားသတ်မှတ်မှုတွင် လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်သည့်မြို့နယ်များရှိ အာမခံ ထားရှိသူအလုပ်သမားများ၏ အချိန်ပြည့်ပညာသင်ကြားနေသော သားသမီးများပညာသင်စရိတ် လျှောက်ထားနိုင် ကြောင်း ၊လုပ်ငန်းစဉ်တွင်လည်း ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်နှင့် သက်ဆိုင်သော အမိန့်ကြေငြာစာကို ထုတ်ပြန်ခြင်း၊ အမိန့်ကြေငြာစာထုတ်ပြန်ပြီးချိန်မှစ၍ ၃ လအတွင်း သားသမီးပညာသင်စရိတ်ကို လျှောက်ထားခြင်း၊ ၃ လကျော်ပါက လျှောက်လွှာအား အရေးယူဆောင်ရွက်မှုမပြုခြင်းတို့လည်း ပါရှိရမည်ဖြစ် ကြောင်းသိရသည်။
▪️ ပညာသင်စရိတ် ထောက်ပံ့ပေးရန်လုပ်ခငွေသတ်မှတ်ခြင်းနှင့် အာမခံထားသူ အလုပ်သမားတစ်ဦး၏ မိသားစုတွင်ရှိသော မိသားစုဝင်ပညာသင်သားသမီးများအားလုံး ထောက်ပံ့ပေးမည် ဖြစ်ရာ သတ်မှတ်စာရွက်စာတမ်း များဖြင့် ပြုစုတင်ပြခြင်းတို့လည်း စံပြုလုပ်ငန်းစဉ်(SOP)တွင် ပါဝင် ကြောင်း သိရသည်။
▪️ ထို့အပြင် စံပြုလုပ်ငန်းစဉ်(SOP) အပိုင်းအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်တွင်ခေတ်နှင့်လျော်ညီသော ထောက်ပံ့ငွေ တစ်ပြေးညီခံစားခွင့်ရရှိရန် အာမခံထားရှိသူ၏ အများဆုံးလုပ်ခဝင်ငွေကို ကျပ် ၃ သိန်းတိတိ သတ်မှတ် ထားပြီးဖြစ်ရာ အာမခံထားရှိသူအလုပ်သမား၏ ပညာသင်ကြားနေသော သားသမီးပညာသင်စရိတ်ကို သတ်မှတ် ရာတွင် မူလတန်းသားသမီးတစ်ဦးအတွက် ၁၀ ရာခိုင်နှုန်း ကျပ် ၃ သောင်း၊ အလယ်တန်းအတွက် ၁၅ ရာခိုင်နှုန်း ကျပ် ၄ သောင်းခွဲ ၊ အထက်တန်းအတွက် ၂၀ ရာခိုင်နှုန်း ကျပ် ၆ သောင်း၊ တက္ကသိုလ်အတွက် ၂၅ ရာခိုင်နှုန်း ကျပ် ၇သောင်းခွဲ တိတိကို ထောက်ပံ့ပေးမည် ဖြစ်သည်။
▪️ အလုပ်ရှင်၊ အလုပ်ဌာနများမှ သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးများသို့ အကျုံးဝင်အာမခံလုပ်သားများ အတွက် သတ်မှတ်စာရွက်စာတမ်းများ ပြုစုတင်ပြခြင်း၊ သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများမှ စိစစ်ခြင်းနှင့် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)သို့ တင်ပြခြင်း၊ ရုံးချုပ်မှ အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြခြင်း၊ ဝန်ကြီးဌာနမှ စိစစ်ခြင်း၊ ရုံးချုပ်မှ မြို့နယ်လူမှုဖူလုံရေးရုံးများသို့ ထောက်ပံ့ငွေထုတ်ပေးခြင်း၊ မြို့နယ်လူမှုဖူလုံရေးရုံးများမှ အလုပ်ရှင်/ အလုပ် ဌာနများသို့ ထောက်ပံ့ငွေထုတ်ပေးခြင်း၊ အလုပ်ရှင်မှ ပညာသင်စရိတ်ထောက်ပံ့ငွေ ခံစားခွင့်ရှိသော အလုပ်သမားများ ထံသို့ ငွေထုတ်ပေးခြင်း၊ အကျိုးခံစားခွင့်များ အလွဲသုံးစားမှုမရှိစေရေး မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းခြင်း စသည့် စံပြုလုပ်ငန်းစဉ်များ ပါဝင် ကြောင်း သိရသည်။
▪️ ယခု ကြေညာချက်နှင့် ပတ်သက်၍ အလုပ်ရှင်များ အကျိုးခံစားခွင့်လျှောက်ထားရန် အခက်အခဲရှိပါက သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးအဖွဲ့များသို့လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)သို့လည်းကောင်း ဆက်သွယ် နိုင်ပြီး သတင်းအချက်အလက်များသိရှိရန် SSB mobile App နှင့် Website တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ၊လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် လူမှုကာကွယ်စောင့်ရှောက်မှု များကို လူမှုဖူလုံရေးဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် လူမှုဖူလုံရေး စီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၂၆ မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး အလုပ်ဌာနများမှ အာမခံအလုပ်သမား ၁ ဒသမ ၂၉ သန်းခန့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက် ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
၂၅ မေ ၂၀၂၅
မိမိတို့ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကိုမျှလက်ခံ ထားခြင်းမရှိကြောင်း အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)ဒုတိယဥက္ကဋ္ဌက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကတိပေးပြောကြားပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ရွှေတြိဂံရိပ်သာ၌ လက်ခံတွေ့ဆုံဆွေးနွေးစဉ် ဦးစန်ပေ့က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
မိမိတို့အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းရေးလုပ်ငန်း ရပ်များအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်တယ်လို့လည်း ဦးစန်ပေ့က ပြောပါတယ်။
မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော်တစ်ခုဖြစ်ပြီး စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေ စီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနေကြခြင်းဖြစ်တဲ့ အတွက် နိုင်ငံတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီရင်းအကို မောင်နှမများအားလုံးအနေဖြင့်စည်းစည်း လုံးလုံးဖြင့် နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားနိုင်ရန် လိုအပ်မည်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အဲဒီ့အပြင် မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော်ဖြစ်သဖြင့် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့်ရုံးသုံး ဘာသာစကားနှင့် စာပေကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတ်မြောက်ထားရှိရန်လိုအပ်လိမ့်မယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြားခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်ထောင်စုစနစ် ပညာရေးကို သင်ကြားကြရလိမ့်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောခဲ့ပါတယ်။
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)၏ သဘောထားခံယူချက်အနေဖြင့်နှစ် ၃ဝ ကျော် ကျင့်သုံးလာခဲ့ သည့်အတိုင်း နိုင်ငံတော်မှချမှတ်ထားထားသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး စသည့် တို့တာဝန်အရေးသုံးပါးအတွက် အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း NDAA(မိုင်းလား) ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးစန်ပေ့က ပြောပါတယ်။
ယင်းနောက် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာအပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးဆန်လူ၊ ဦးကြည်မြင့် နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
#ymg/knl
#Daily_News
Published 24 May 2025
၁။ ဧပြီလအတွင်းပြည်ပသို့ ပုစွန်မက်ထရစ်တန်လေးရာကျော်တင်ပို့ခဲ့
၂။ ရန်ကုန်တိုင်းကိုယ်စားပြု မြန်မာ့သိုင်းလက်ရွေးစင်များရွေးချယ်ရန် သိုင်းပြိုင်ပွဲပြုလုပ်မည်
၃။ ရန်ကုန်တိုင်းအတွင်းရွှေဆိုင် ငါးထောင်ခန့်ရှိပြီး တစ်ထောင့်ငါးရာခန့် လိုင်စင်လျှောက်ထားပြီးဖြစ်
၄။ အမေရိကန်သို့အရောင်းလျှော့ချကာ ဩစတြေးလျနှင့်အာရှသို့တိုးမြှင့်တင်ပို့သွားရန်ပြင်သစ်ပရိဘောဂကုမ္ပဏီစဉ်းစား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 33 of 2023