#Local_News
Published 7 October 2026

■ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီးတွင် မော်တော်ဆိုင်ကယ်မတော်တဆမှုကြောင့် ဘယ်ဘက်ပခုံးအဆစ်မှ လက်လုံးဝပြတ်တောက်သွားသည့် အသက် ၉ နှစ်အရွယ်ကလေးငယ်၏ လက်ကို Replantation Surgery ဖြင့် အောင်မြင်စွာ ပြန်လည်တွဲဆက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

■ ကလေးငယ်သည် စက်တင်ဘာ ၃ ရက်တွင် ဟုမ္မလင်းမြို့၌ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြတ်တောက်သွားသည့်လက်ကို စနစ်တကျထိန်းသိမ်းကာ ဒဏ်ရာရရှိပြီး ၆ နာရီအတွင်း တပ်မတော်လေယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

■ ထိုနေ့တွင်ပင် ၆ နာရီကြာ Replantation Surgery ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

■ ထို့နောက် စက်တင်ဘာ ၃၀ ရက်တွင် Brachial Plexus Surgery၊ Nerve Graft Surgery၊ Internal Splintage နှင့် Split Skin Graft စသည့် ဒုတိယအဆင့်ခွဲစိတ်ကုသမှုများကို ၆ နာရီကျော်ကြာ ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။

■ လက်ရှိတွင် ကလေးငယ်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး ပြန်လည်တွဲဆက်ထားသည့်လက်၏ သွေးလည်ပတ်မှုနှင့် လှုပ်ရှားနိုင်မှုတို့ကို ဆက်လက်စောင့်ကြည့်ကုသပေးနေကာ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

■ ပခုံးအဆစ်မှ လက်လုံးဝပြတ်တောက်ခြင်း (Forequarter Amputation) သည် ဖြစ်ပွားမှုနည်းပါးသည့် ပြင်းထန်သောဒဏ်ရာဖြစ်ပြီး ယခုကဲ့သို့ အောင်မြင်စွာ ပြန်လည်တွဲဆက်နိုင်ခြင်းသည် ဆေးဘက်ဆိုင်ရာ အရေးပါသည့် မှတ်တိုင်တစ်ရပ်ဖြစ်လာကြောင်း သိရသည်။

#YMG/SW #Yangon_Times