#Local_News
ရန်ကုန်၊ အောက်တိုဘာ ၈
မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင် တို့သည် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ မလေးရှားဝန်ကြီးချုပ်ရုံး၌ ပြုလုပ်သည့် နှစ်နိုင်ငံပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ မလေးရှား နိုင်ငံသို့တရားဝင်ခရီးစဉ် (Official Visit) အဖြစ် အောက်တိုဘာ ၇ ရက် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်အစိုးရတာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားခဲ့ကြသည်။
#YMG/SW #Yangon_Times