#Local_News
PuPublished 09 October 2026

■ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ ကုန်ပစ္စည်းများအတွက် ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင် လျှောက်ထားမှုများနှင့်ပတ်သက်၍ဝန်ဆောင်မှုအမျိုးအစားများအလိုက်ပေးသွင်းရမည့်  အခကြေးငွေနှုန်းထားများကို မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။

■ အဆိုပါပေးသွင်းရမည့် အခကြေးငွေနှုန်းထားများမှာ ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်လျှောက်ထားမှု(GI-1)ကို စစ်ဆေးခြင်းအတွက် ၄၅၀,၀၀၀ကျပ်၊ ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်ပြန်လည်လျှောက်ထားမှု(GI-3)ကို စစ်ဆေးခြင်းအတွက် ၁၅၀,၀၀၀ကျပ်၊ဒေသဆိုင်ရာအညွှန်း မှတ်ပုံတင်လျှောက်ထားချက်တွင် စာအရေးအသားအမှားနှင့် ပြင်ဆင်ခွင့်ပြုနိုင်သည့်အခြားမှားယွင်းမှုများကို ပြင်ဆင်ပေးရန် လျှောက်ထားမှု(GI-4)ကို စစ်ဆေးခြင်းအတွက် ၈၀,၀၀၀ကျပ်
၊ကန့်ကွက်လွှာ(GI-6)လျှောက်ထားမှုကို စစ်ဆေးခြင်းအတွက် ၄၅၀,၀၀၀ ကျပ်၊ ဒေသအညွှန်းမှတ်ပုံတင်ခြင်းအတွက် ပေးသွင်းရမယ့် မှတ်ပုံတင်အခကြေးငွေအဖြစ်  ၁၅၀,၀၀၀ ကျပ်နှင့် ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်လက်မှတ် မိတ္တူမှန်ထုတ်ပေးရန်လျှောက်ထားမှု(GI-7)ကို စစ်ဆေးခြင်းအတွက်  ၅၀,၀၀၀ကျပ် သတ်မှတ်ထားကြောင်းသိရသည်။

■ ထို့အပြင် မှတ်ပုံတင်စာရင်း၌ မှတ်တမ်းတင်ထားသည့်အချက်အလက်များကို ပြင်ဆင်ပေးရန် လျှောက်ထားမှု(GI-8) ကို စစ်ဆေးခြင်းအတွက် ၈၀,၀၀၀ကျပ်၊ ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်ခြင်းကို တရားမဝင်ကြောင်း ကြေညာပေးရန် သို့မဟုတ် ပယ်ဖျက်ပေးရန်လျှောက်ထားမှု(GI-9)ကို စစ်ဆေးခြင်းအတွက် ၄၅၀၀၀၀ကျပ်၊ ဒေသဆိုင်ရာအညွှန်းအမှတ်အသားအသုံးပြုခွင့်လျှောက်ထားမှု(GI-10)ကို စစ်ဆေးခြင်းအတွက် ၁၀၀,၀၀၀ကျပ်၊ ကိုယ်စားလှယ်အမည် ပြောင်းလဲပေးရန် လျှောက်ထားမှု(GI-12)ကို စစ်ဆေးခြင်းအတွက် ၂၅၀၀၀ကျပ်
၊ အယူခံလျှောက်ထားမှု(GI-14)ကို စစ်ဆေးခြင်းအတွက် ၅၀၀,၀၀၀ကျပ်
၊ အချိန်ကာလတိုးမြှင့်ပေးရန် လျှောက်ထားမှု(GI-15)ကို စစ်ဆေးခြင်းအတွင်  ၈၀,၀၀၀ကျပ် သတ်မှတ်ထားကြောင်းသိရသည်။

■ ထို့အပြင်ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်လျှောက်ထားခြင်းသည် ဒေသထွက်ကုန်ပစ္စည်းများကို အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန်နှင့်ဈေးကွက်မြှင့်တင်ရန်အရေးကြီးကြောင်းသိရသည်။

■ ၎င်းအပြင် ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်လျှောက်ထားသည့်  ကုန်ပစ္စည်းများသည်  ဥပဒေအရ သီးသန့်အခွင့်အရေးများရရှိမည်ဖြစ်သကဲ့သို့  ဒေသထွက်အစစ်အမှန်ဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်ရရှိသည့်အတွက် ဈေးကောင်းရရှိနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

#YMG/NN #Yangon_Times