#Local_News
Published 21 January 2024
အာဏာကိုဖြတ်လမ်းနည်းဖြင့် ရယူရန်ကြိုးပမ်းကြသည့်အတွက် အရှေ့မြောက်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပေါ်လျက်ရှိနေတယ်လို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်က တွေ့ဆုံအမှာစကား ပြောကြားစဉ် ဗိုလ်ချုပ်မှူးကြီးက ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံသည် ပြည်သူတစ်ရပ်လုံး လိုလားလျက်ရှိသည့် ပါတီစုံဒီမိုကရေစီစနစ်ပေါ်တွင် လျှောက်လှမ်းနေခြင်း ဖြစ်သည့်အတွက် ဒီမိုကရေစီကျင့်စဉ်နှင့် နည်းလမ်းများကို လေးစားလိုက်နာရန် လိုတယ်လို့လည်း တပ်ချုပ်က ဆက်လက်ပြောကြားတဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒါကြောင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးပါက ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေးကို ဦးတည်ချက်ထား၍ ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
ဦးစီးခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့၏လက်အောက်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံရှိရမည်ဖြစ်ကြောင်း၊ တပ်မှူးကောင်းသဖွယ် စိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ်ဖြင့် ကွပ်ကဲအုပ်ချုပ်ရမည်ဖြစ်တယ်လို့လည်း တပ်ချုပ်က မှာကြားပါတယ်။
အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် လေ့ကျင့်နေရမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်ရာတွင် စစ်သားကောင်းစိတ်ဓာတ်မွေး၍ နေထိုင်ကျင့်ကြံဆောင်ရွက်ကြရန်နှင့် သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် ထိရောက်စွာအသုံးချရန်လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောတဲ့အကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းနှင့် တာဝန်ရှိသူများ၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

#Local_News #အရှေ့မြောက်ဒေသ #ပဋိပက္ခများ ဖြစ်ပေါ်နေ #ဗိုလ်ချုပ်မှူးကြီးပြော #-ymg/knl #Yangon_Media_Group #YMG_News #Yangon_Times
#World_Research
Published 21 January 2024
အမေရိကန်နဲ့ အစ္စရေးလ်တို့မှာ အချို့စုံတွဲတွေက မိမိနဲ့ သဘောထားဆန့်ကျင်သူတွေကို လက်မထပ်ရုံမက ကွဲလွဲမှုတွေကြောင့် ပြတ်စဲကြတာတွေ ရှိပါတယ်။
ခန့်မှန်းချက်တစ်ခုအရ အမေရိကန်တွေထဲက ၃၀ ရာခိုင်နှုန်းလောက်ဟာ မိမိနဲ့ နိုင်ငံရေးရှုထောင့် မတူညီသူများနဲ့ မေတ္တာသက်ဝင်နေကြပါတယ်။
ဒီမိုကရက်တစ်လိုလားသူတွေနဲ့ ရီပတ်ဘလစ်ကန်ဆန်သူတွေက ပြောဆိုဆက်ဆံရန် ခက်ခဲကြပြီး မီဒီယာဖော်ပြချက်တွေအကြောင်း ရှုမြင်ပုံတွေက အစွန်းရောက်နေကြပါတယ်။
မိတ်ဆွေပေါင်းသင်းရေးတွေမှာလည်း နိုင်ငံရေးရှုထောင့် မတူညီတာကြောင့် အဆင်မပြေတာတွေ ရှိနေပါတယ်။
အီလီနွိုက်စ်မှ ပရော်ဖက်ဆာ အမ်မလီဗန်ဒင်းက နိုင်ငံရေးအမြင်မတူတဲ့ စုံတွဲမိတ်ဖက် ၆၇ ဦးကို ထဲထဲဝင်ဝင် မေးမြန်းလေ့လာခဲ့ပါတယ်။
နိုင်ငံရေးအကြောင်းနဲ့ မီဒီယာဖော်ပြချက်များအကြောင်း လူတွေပြောဆိုလိုခြင်း မပြောဆိုလိုခြင်းတို့အကြောင်းတွေကို လေ့လာဖော်ထုတ်ခဲ့ပါတယ်။
လူတွေက သူတို့လိုလားတဲ့ နိုင်ငံရေးရှုထောင့်ကနေ ဖော်ပြတဲ့ မီဒီယာတွေကို အားပေးကြတယ်လို့ ဆိုပါတယ်။
သတင်းဖော်ပြချက်တွေကြောင့် စုံတွဲများကြား ကွဲလွဲမှုများဖြစ်ပေါ်ကာ ကတောက်ကဆ ဖြစ်ကြပါတယ်။
စမ်းသပ်ပါဝင်သူတွေက သတင်းလာတဲ့အခါ မေတ္တာရေးမှာ အနှောင့်အယှက် ဖြစ်မယ်လို့ထင်ရင် မကြည့်ဘဲနေဖို့ ဆုံးဖြတ်ကြပါတယ်။
အချို့စုံတွဲတွေက သတင်းဖော်ပြချက်တွေကို မီဒီယာတစ်ခုကနေ အတူတူကြည့်ကြသလို အချို့တွေကတော့ သပ်သပ်စီ ကြည့်ရှုတတ်ကြပါတယ်။
စုံတွဲတွေကြား စကားများရတာဟာ မီဒီယာတွေရဲ့ နိုင်ငံရေးဖော်ပြချက်တွေကြောင့် အဓိကဖြစ်နေပါတယ်။
အချို့စုံတွဲတွေက နိုင်ငံရေးအမြင်မတူတာကို သိရှိထားကြပေမယ့် အချို့ကတော့ အမြင်ပြောင်းလဲသွားချိန်မှာတောင် ထုံးစံအတိုင်း သတင်းအတူတူမျှဝေတာမျိုး ပြုလုပ်တတ်ကြပါတယ်။
#World_Research #နိုင်ငံရေးအမြင်မတူခြင်း #မေတ္တာရေးတွင်ထိခိုက်လာ #Source: The Jerusalem Post
"ကားစင်းလုံးလိုက်ခိုးယူပြေးမှုကို နယ်မြေခံရဲစခန်းမှာ အမှုဖွင့်ထားရာ CCTVကို ကြည့်ရူစစ်ဆေးရာ ပေါင်ဘက်ကိုထွက်သွားကြောင်းတွေ့ရပြီး ရန်ကြီးတောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးတွေကကားကိုတွေ့ထားလို့ ကားကိုသိမ်းထားပြီး ပြန်ပေးထားတယ်" မော်လမြိုင်မြို့ရှိ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး
#Local_News
Published_ 20 January 2024
#ကားခိုးယူမှုဖြစ် #သိန်း(၄၀)ကိုခိုးယူထွက်ပြေး
#tthl #Yangon_Times
၂၀ ဇန်နဝါရီ ၂၀၂၄
အိန္ဒိယနှင့်မြန်မာနယ်စပ်တလျောက် ဗဟိုအစိုးရအနေနှင့် ခြံစည်းရိုးများခတ်တော့မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီး အမ်မစ်ရှားက ပြောပါတယ်။ အိန္ဒိယပြည်ထဲရေးဝန်ကြီးဟာ ဂူဝါဟတီမှာကျင်းပတဲ့ အာသံရဲကော်မန်ဒို တပ်ဖွဲ့ စစ်ရေးပြအခမ်းအနားတစ်ခုမှာ ယနေ့ ဇန်နဝါရီ ၂၀ရက်မှာ ပြောခဲ့တာဖြစ်တယ်လို့ အိန္ဒိယပြည်တွင်းသတင်းဌာနများမှ သတင်းများအရသိရပါတယ်။
အိန္ဒိယဟာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျောက် လွတ်လပ်စွာသွားလာခွင့်ကိုထိန်းချုပ်ဖို့ အတားအဆီးတွေချထား အပြီး မြန်မာနယ်စပ်ခြံစည်းရိုးခတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။
“ အိန္ဒိယနှင့်မြန်မာနယ်စပ်ကို မကြာမီမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်လိုဘဲ ကာကွယ်တော့မယ်။ အာသံက ကျွန်တော့်မိတ်ဆွေ တွေကို ပြောချင်တာက နာရင်ဒရာမိုဒီအစိုးရဟာ မြန်မာနှင့်နယ်စပ်ကို ခြံစည်းရိုးခတ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်လိုပဲပေါ့။ အစိုးရအနေနှင့် မြန်မာနှင့်သဘောတူထားခဲ့တဲ့ အက်ဖ်အမ်ဂျီ ( လွတ်လပ်စွာလှုပ်ရှားသွားလာမှု) Free Movement Regime ကို မကြာမီအဆုံးသတ်ဖို့ ပြန်စဉ်းစားနေပါတယ်” လို့ အာမစ်ရှားက ပြောပါတယ်။
အဲဒီသဘောတူညီချက်အရ မြန်မာနှင့်အိန္ဒိယနိုင်ငံတွေမှသူတွေဟာ နယ်စပ်ပိုင်နယ်တစ်ဖက်ချင်းစီကို ဗီဇာမပါဘဲ ၁၆ကီလို မီတာအထိ သွားလာခွင့်ပေးထားတာပဲဖြစ်ပါတယ်။
အိန္ဒိယနှင့်မြန်မာနိုင်ငံတို့ဟာ နယ်စပ်ချင်း ၁၆၄၃ ကီလိုမီတာထိစပ်နေကြပါတယ်။ အိန္ဒိယဘက်က မီဇိုရမ်၊မဏိပူ၊နာဂလန်းနှင့် အာရွမ်နာချာပရာဒေ့ရှ်စတာတွေနှင့်ထိစပ်နေတာပါ။ အဲဒီပြည်နယ်တွေဟာ လွတ်လပ်စွာသွားလာခွင့်ကြောင့် အကျိုး အမြတ်တွေရှိနေခဲ့ကြတာဖြစ်ပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်မှာ တိုက်ပွဲတွေနှင့်မတည်ငြိမ်မှုတွေဖြစ်နေပြီး မြန်မာနိုင်ငံမှ ဒုက္ခသည်တွေ အိန္ဒိယထဲ ဝင်ရောက်လာပြီး နောက် မိုဒီအစိုးရက ယခုလိုဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
-ymg/knl
အမေရိကန်ဒေါ်လာအစား ပြည်တွင်းငွေကြေးများတိုးမြှင့်သုံးစွဲရန် BRICS ၏ ဘဏ်အသစ်မှကြိုးပမ်းဆောင်ရွက်လျက်ရှိ
နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးကိစ္စတွေမှာ အမေရိကန်ဒေါ်လာအပေါ် မှီခိုအားထားနေရတာကို လျှော့ချရန် ကြိုးပမ်းတဲ့အနေဖြင့် BRICS အဖွဲ့ကိုကိုယ်စားပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သစ် (NDB)ဟာ ပြည်တွင်းငွေကြေးများဖြင့် အပေးအယူလုပ်ဖို့ကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ဘဏ်ဒုဥက္ကဌက ဆိုပါတယ်။
#World_Business
Published_ 20 January 2024
#အမေရိကန်ဒေါ်လာ #ပြည်တွင်းငွေကြေးများတိုးမြှင့်သုံးစွဲ
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 20 January 2024
၁။ တရုတ်၏ကုန်ကျစရိတ်ဖြင့် မြန်မာအပါအဝင်လန်ချမ်း-မဲခေါင်(၆)နိုင်ငံပူးပေါင်းပြီး ရုပ်ရှင်ဇာတ်ကားကြီးရိုက်မည်
၂။ ၂၀၂၃ ခုနှစ်အတွင်း ပြည်ပခရီးသွား ၁၃သိန်းနီးပါး ဝင်ရောက်ခဲ့
၃။ ယခုလအတွင်း နှမ်းမျိုးစုံဈေးကွက်အမြင့်ဘက်သို့ ရောက်ရှိလာ
၄။ အမေရိကန်ဒေါ်လာအစား ပြည်တွင်းငွေကြေးများတိုးမြှင့်သုံးစွဲရန် BRICS ၏ ဘဏ်အသစ်မှကြိုးပမ်းဆောင်ရွက်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published_ 20 January 2024
မွန်ဘုရင်မကြီးရှင်စောပုလှူဒါန်းပူဇော်ထားသည့် အောင်သိဒ္ဓိသစ္စာရှင်၊ အောင်သိဒ္ဓိစကြာရှင်၊ အောင်သိဒ္ဓိမေတ္တာရှင်၊ အောင်စကြာမုနိအစရှိသည့် ဗုဒ္ဓရုပ်ပွားတော် (၄)ဆူကိုရန်ကုန်မြို့သို့ ပင့်ဆောင်ပူဇော်ရန်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီမှသိရသည်။
ရုပ်ပွားတော်မြတ်များအား ရန်ကုန်မြို့တော်ခန်းမတွင် ဇန်နဝါရီ ၂၁ ရက်မှ ၂၂ ရက်အထိ ပင့်ဆောင်အပူဇော်ခံထားရှိရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၃)၌ ကျင်းပပြုလုပ်ခဲ့သည်ဟုဆိုသည်။
အစည်းအဝေးတွင် အတွင်းရေးမှူးက အမှာစကားပြောကြားရာ “အောင်သိဒ္ဓိသစ္စာရှင်၊ အောင်သိဒ္ဓိစကြာရှင်၊ အောင်သိဒ္ဓိမေတ္တာရှင်၊ အောင်စကြာမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများဖူးမြော်ကြည်ညိုနိုင်ရန် ဇန်နဝါရီ ၂၁ ရက်နှင့် ၂၂ ရက်များတွင် ပင့်ဆောင်ပူဇော်မည်ဖြစ်ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ပူဇော်ခံထားရှိစဉ် ဝတ်ရွတ်အဖွဲ့များမှ ရွတ်ပွားကုသိုလ်ပြုနိုင်ရေးဌာနများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဆွမ်းဆက်ကပ်ပူဇော်ရေး၊ ကန်တော့ပွဲနှင့်ပန်းများ ဆက်ကပ်ပူဇော်ရေးကိစ္စရပ်များ အား အဆင်ပြေစွာလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ပင့်ဆောင်ပူဇော်ရေး ကိစ္စရပ်များအဆင်ပြေစေရန် ဗုဒ္ဓရုပ်ပွားတော်မြတ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိ သူများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း” ပြောကြားသည်။
ထို့နောက် စီမံရေးရာဌာန၊ ဌာနမှူး ဦးကျော်မင်းက ဗုဒ္ဓရုပ်ပွားတော်မြတ်များ ပင့်ဆောင်ပူဇော်ရေးကိစ္စရပ်များ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဆွမ်းဆက်ကပ်လှူဒါန်းရေးကိစ္စရပ်များ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များ သီတင်းသုံးစဉ်ကာလအတွင်း ဝတ်ရွတ်အဖွဲ့များဖြင့် ရွတ်ပွားပူဇော်ရေးကိစ္စရပ်များ၊ အခမ်းအနားပြင်ဆင်ရေးကိစ္စရပ်များ၊ ဘုရားဖူးများဧည့်ခံကျွေးမွေးရေးကိစ္စရပ်များ၊ လျှပ်စစ်မီး၊ လုံခြုံရေးနှင့် သန့်ရှင်းရေးကိစ္စရပ်များ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ပြန်လည်ကြွချီရာတွင် လုပ်ဆောင်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
#Local_News #ဗုဒ္ဓရုပ်ပွားတော် (၄)ဆူ #နှစ်ရက်ကြာအပူဇော်ခံထားရှိ #tthl #Yangon_Times
နှမ်းမျိုးစုံအနက် နှမ်းညိုမှာ ဆောင်းနှမ်းအဝင်နည်းသေးခြင်းနဲ့ ဆီစက်သမားတွေ အဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ တစ်အိပ် ကို ၂၉၅၀၀၀ ကျပ်မှ ၃၂၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး နှမ်းနက်မှာ အသစ်မဝင်သေးခြင်း လက်ကျန်နည်းခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၄၅ ပိဿာတစ်အိပ်ကို ၃၄၀၀၀၀ ကျပ်မှ ၃၈၅၀၀၀ ကျပ်သို့ ဈေးမြင့်ရရှိနေတယ်လို့ ဆိုပါတယ်။
#Local_News
Published_ 20 January 2024
#နှမ်းမျိုးစုံဈေးကွက် #အဝယ်ပုံမှန်ရှိ
#YMG/LW #Yangon_Times
#Local_News
Published 20 January 2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းအုပ်စု၊ ရွှေလှိုင်းကျေးရွာတွင် နေအိမ် မီးလောင်မှုကြောင့် ရက်သားအရွယ် ကလေးငယ်တစ်ဦးေ-သဆုံးခဲ့ကြောင်း
ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ထံက သိရသည်။
ဇန်နဝါရီ ၂၀ရက် နံနက် ၉ နာရီ ၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ သတင်းရရှိသဖြင့် တောင်ဇင်းနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ၉နာရီ ၁၇ မိနစ်အချိန်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့်၁၅ ပေပတ်လည် သွပ်မိုး၊ ထရံကာ ၁ ထပ် လူနေအိမ် ၁ လုံးမီးလောင်ကျွမ်းခဲ့ကြောင်းနှင့် ၁၅ ရက်သားအရွယ် ကလေးငယ်(မ)တစ်ဦး မီးလောင်ပြင်တွင် ေ-သဆုံးခဲ့ကြောင်းညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
#Local_News #နေအိမ်မီးလောင် #ကလေးငယ်ေ-သဆုံး #YMG/LW #Yangon_Times
'လေကြောင်း၊ သင်္ဘော၊ နယ်စပ်ဝင်ပေါက်တွေကဗီဇာနဲ့ ၂သိန်း ၈သောင်းကျော်ဝင်ရောက်ပြီး နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်တွေနဲ့ ၁၀သိန်းနီးပါးအထိ ဝင်ရောက်ခဲ့ပါတယ်'
#Local_News
Published_ 20 January 2024
#ပြည်ပခရီးသွား၁၃သိန်းနီးပါးဝင်ရောက်
#YMG/NN #Yangon_Times
"တရုတ်ကကုန်ကျခံပြီး မြန်မာနဲ့မဲခေါင်နိုင်ငံတွေကို မဲခေါင်မြစ်နဲ့သက်ဆိုင်တဲ့ ရုပ်ရှင်မိနစ်၂၀စာ စီရိုက်ကူးခိုင်းတယ်။ ပြီးတော့မှ “The Great Oriental River” ရုပ်ရှင်ပြန်ဆက်မှာဖြစ်တယ်။ မြန်မာနိုင်ငံက ရိုက်ကူးထုတ်လုပ်သူတွေအနေနဲ့ မိနစ်၂၀စာ ဇာတ်ညွှန်း Scriptနဲ့ Story Boardကိုသာရေးသားတင်ပြကြရမှာဖြစ်ပြီး ဇာတ်လမ်းကိုကြိုက်ပါက တရုတ်နိုင်ငံမှ ကုန်ကျစရိတ်တွေခံပြီး ရိုက်ကူး ထုတ်လုပ်စေမှာဖြစ်တယ်" မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဦးချမ်းသာကြည်စိုး
#Local_News
Published_ 20 January 2024
#မဲခေါင်မြစ် #ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူး
#tthl #Yangon_Times
#Local_News
Published_ 20 January 2024
၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဥက္ကဌဖလား ဘတ်စကက်ဘောပြိုင်ပွဲကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် ABYSS အသင်းနှင့် မအူပင်-A အသင်းတို့ တံခွန်စိုက်ဒိုင်းဆု အသီးသီးရရှိခဲ့ကြောင်း သိရသည်။
အမျိုးသား U-18 (3x3) ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမရရှိသော မအူပင်အသင်း ၊ ဒုတိယရရှိသော PYU-A အသင်းနှင့် တတိယရရှိသော PYU-B အသင်းတို့ရရှိခဲ့သည်။
အမျိုးသမီး U-18 (3x3) ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမရရှိသော ABYSS အသင်း ၊ ဒုတိယရရှိသော Prome အသင်းနှင့် တတိယရရှိသော Cobra Club အသင်းတို့ရရှိခဲ့သည်။
အမျိုးသား(Open)အကောင်းဆုံးအားကစားသမားဆုကို ကျောနံပါတ်(၇) Ba Na အသင်းမှ အောင်မြင့်၊ အမျိုးသမီး(Open)အကောင်းဆုံးအားကစားသမားဆုကို ကျောနံပါတ်(၂၃) STEEL အသင်းမှ နှင်းစုစုလှိုင်တို့အား မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်မှ Trophy နှင့်ငွေသားဆုများအားပေးအပ်ချီးမြှင့်ခဲ့သည်။
အမျိုးသားအလွတ်တန်းဘတ်စကက်ဘောပြိုင်ပွဲတွင်ပထမရရှိသော Ba Naအသင်း၊ ဒုတိယရရှိသော Neko အသင်းနှင့် တတိယရရှိသော Sam Par Oo အသင်းနှင့်အမျိုးသမီးအလွတ်တန်းဘတ်စကက်ဘောပြိုင်ပွဲတွင်ပထမရရှိသော STEEL အသင်း၊ ဒုတိယရရှိသော Baby -1 အသင်း နှင့် တတိယရရှိသော Baby -2 အသင်းတို့ရှိခဲ့သည်။
အဆိုပါ ၂၀၂၄ခုနှစ်၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဥက္ကဌဖလား ဘတ်စကက်ဘောပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် Main Sponsor အဖြစ် MIS School မှ အလှူငွေကျပ် (၆၉)သိန်း(၂)သောင်း၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမြင့်သိန်းမှငွေကျပ် (၂၅)သိန်း၊မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှ ငွေကျပ်(၁၀)သိန်း၊ Fu Xing Brothers Group of Companies မှ ငွေကျပ်(၅)သိန်း၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်ကျော်ဝင်းမှ ငွေကျပ်(၁၀)သိန်း၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးထင်လင်းပြည့် မှ ငွေကျပ်(၅)သိန်း၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးဗိုလ်ဗိုလ်လွင် မှ ငွေကျပ်(၃)သိန်း နှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်များနှင့် တွဲဘက်အတွင်းရေးမှူးများမှ လှူဒါန်းငွေကျပ်(၉)သိန်း၊ စုစုပေါင်း လှူဒါန်းငွေကျပ် (၁၃၆)သိန်း (၂)သောင်းတို့အား ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
#Local_News #အဖွဲ့ချုပ်ဖလားဘတ်စကက်ဘောပြိုင်ပွဲ #တံခွန်စိုက်ဒိုင်းဆုရ #tthl #Yangon_Times
Page 742 of 1858