၂၄ ဒီဇင်ဘာ ၂၀၂၃
တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကားထုတ်လုပ်တဲ့ NIO(နီယို)ကုမ္ပဏီဟာ စမတ်ကျလှတဲ့ အရည်အသွေးမြင့် မိုဒယ်လ်တွေနှင့်ဘက်ထရီ အလဲအလှယ်ပြုလုပ်ပေးတာမှာ နာမည်ကြီးပါတယ်။ အဲဒီ NIO လျှပ်စစ်ကား ကုမ္ပဏီဟာ ဆန်းသစ်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ လျှပ်စစ်ကားတွေနှင့် တန်ဖိုးကြီးဈေးကွက်ကို ဦးတည်ပစ်မှတ်ထားလျက်ရှိပါတယ်။ နီယိုဟာ ယခုဆိုရင် တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟွေးပြည်နယ်ရဲ့ မြို့တော် ဟေဖေမှာ ဒုတိယမြောက် အဆင့်မြင့် ထုတ်လုပ်ရေးစင်တာတစ်ခုကို ဖွင့်လှစ်ခဲ့လိုက်ပါတယ်။ Source CCTV+
#Local_News
Published 24 December 2023
၂၀၂၄ခုနှစ်အတွင်း ဗိုလ်တထောင်စေတီတော်ကြီးနှင့်အရံစေတီများကိုလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် အတွက် တင်ဒါခေါ်ယူထားကြောင်း ဗိုလ်တထောင် ကျိုက်ဒေးအပ် စေတီတော်ဂေါပက အဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။
ရွှေသင်္ကန်းကပ်လှူရန် အတွက် တင်ဒါခေါ်ယူထားပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂ရက်အထိဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ဂေါပကအဖွဲ့ရုံး၌ ရုံးချိန်းအတွင်း တင်ဒါတစ်စောင် ကျပ်တစ်သောင်းနှုန်းဖြင့် လာရောက်ဝယ်ယူနိုင်သည်ဟုဆိုသည်။
လုပ်ငန်းလုပ်ကိုင်လိုသူတွေအနေနဲ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၃ရက် မနက်၁၁နာရီ နောက်ဆုံးထားပြီး ဘဏ္ဍထိန်း ဂေါပကအဖွဲ့ရုံးကို တင်ဒါတင်သွင်းနိုင်မည်ဖြစ်သည်။
တင်ဒါခေါ်ယူထားသည့်လုပ်ငန်းများကတော့(၁)နှစ်ထပ်ငြမ်းဆင်သည့်လုပ်ငန်း၊ (၂)ရွှေမိုက်ဟောင်းချွတ်ယူသည့်လုပ်ငန်း၊ (၃)၂လက် မပတ်လည်အရွယ် ရွက်ရေ(၁၀၀)ပါ ရွှေဆိုင်း ၇ထောင်တင်သွင်းသည့်လုပ်ငန်းတွေ၊ (၄)ကြာမှောက်ကြာလှန် ၉လက်မပတ်လည် ရွှေစင်ရွှေပြား ကပ်လှူသည့်လုပ်ငန်း၊ (၅)ရွှေဆိုင်းကပ်လှူသည့်လုပ်ငန်း၊ (၆)ကြေးဖရိန်း ကြေးပြားတင်သွင်းသည့်လုပ်ငန်းများနှင့် (၇)ကြေးဖရိန်းကြေးပြားကပ်လှူသည့်လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်းသိရသည်။
#Local_News #ဗိုလ်တထောင်စေတီတော် #ရွှေသင်္ကန်းကပ်လှူရန်တင်ဒါခေါ် #tthl #Yangon_Times
#Local_News
Published 24 December 2023
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(ဆယ်တန်း)ဖြေဆိုရန် စုစုပေါင်း ၁၄၅၂၀၀ ခန့် စာရင်းပေးသွင်းထားပြီဖြစ်ပြီး စာမေးပွဲကြီးကြပ်ရန်ကြီးကြပ်ရေးမှူးသင်တန်းများပေးနေကြောင်းပညာရေးဝန်ကြီးဌာနမှသိရသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ/ သင်တန်းဖွင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၏ပြောကြားချက်အရသိရခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက "၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် နိုင်ငံတော်အဆင့် ကျင်းပသည့် စာမေးပွဲဖြစ်၍ အလွန်အရေးကြီးပါကြောင်း၊ ပုံမှန်ဆောင်ရွက်နေကြ စာမေးပွဲလုပ်ငန်းဖြစ်သော်လည်း KG+12 စနစ်သစ်ပညာရေး၏ ပထမဦးဆုံးစာမေးပွဲဖြစ်၍ ဆရာ ဆရာမများအနေဖြင့် စာမေးပွဲလုပ်ထုံး၊ လုပ်နည်းများဖြင့် စနစ်တကျအောင်မြင်စွာ ကျင်းပနိုင်ရေး ပိုမိုအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးသင်တန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နေရာသုံးခုခွဲ၍ ကျင်းပခဲ့ပါကြောင်း၊ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၁၄၅၂၀၀ ခန့် စာရင်းပေးသွင်းထားပါကြောင်း၊ စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် အားလုံးကကျရာအခန်းကဏ္ဍများမှ ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြစေလိုကြောင်း"ထည့်သွင်းပြောခဲ့သည်။
ယင်းအပြင် စာမေးပွဲလုပ်ငန်းဆောင်ရွက်စဉ် လိုအပ်သည့် အခက်အခဲများရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရှိ တာဝန်ရှိသူများနှင့် ပညာရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူများထံ အမြန်ဆုံးသတင်းပေးပို့ကြရန်နှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောသည်။
တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ/သင်တန်းကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #တက္ကသိုလ်ဝင်စာမေးပွဲ #စာရင်းပေးထားသူ ၁၄၅၂၀၀ ခန့်ရှိ #tthl #Yangon_Times
' International အထိအတွေ့နည်းလို့ ပြိုင်ပွဲတွေကိုများများလုပ်ပေးမှာပါ။ အပြည်ပြည်ဆိုင်ရာတန်းခုန်ပြိုင်ပွဲနဲ့
ဇန်နဝါရီလွတ်လပ်ရေးနေ့တစ်ရက်ထဲမှာ ကျင်းပပါမယ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီးလည်း တိုင်းနဲ့ပြည်နယ်ပြည်ထောင်စုဖလားဆိုပြီးလည်း မြင်းစီးပြိုင်ပွဲတွေလုပ်သွားပါမယ်၊ မြန်မာ့ရိုးရာမြင်းစီးအားကစားဆိုတဲ့ ခေါင်းစဉ်အောက်မှာပေါ့၊ အဲ့ဒီမှာမြန်မာ့ရိုးရာ ဓားခုတ်တာတို့ လှံထိုးတာတို့ ပါလာမယ်' မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ၊မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ ပြန်ကြားရေးမှူးဦးဝင်းအောင်
#Local_News
Published 23 December 2023
#မြင်းစီးအားကစားပြိုင်ပွဲ #အပြည်ပြည်ဆိုင်ရာတန်းခုန်ပြိုင်ပွဲ
#YMG/NN #Yangon_Times
#Local_News
Published 24 December 2023
Miss Universe Myanmar 2023 ပြိုင်ပွဲကြီးတွင် First Runner Up ဆုရရှိခဲ့သည့် Dee အားမြန်မာနိုင်ငံ ကိုယ်စားပြု Miss Supranational Myanmar 2024 အဖြစ် စေလွှတ်ယှဉ်ပြိုင်သွားမည်ဖြစ်မည်ဖြစ်ကြောင်း Miss Universe Myanmar Organization၏ထုတ်ပြန်ချက်အရသိရသည်။
Miss Supranationalပြိုင်ပွဲကို အရင်က ခင်ဝင့်ဝါ ၊ဟန်သီ၊ရွှေအိမ်စည်စသည့် အလှမယ်များစွာပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယခု ၂၀၂၄နှစ်အတွက် Miss Supranationalပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ်အဖြစ် အလှမယ်ဒီးDeeကသွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
"ပြင်ဆင်တာကတော့အကုန်ပေါ့ Boday/Beauty/Brain/Cat Walk အကုန်ပေါ့။challanceတိုင်းမှာအကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ"ဟုအလှမယ်ဒီးDeeကမီဒီယာများတွင်ပြောထားသည်။
၂၀၂၄ခုနှစ်အတွင်း မြန်မာကိုယ်စားပြု နိုင်ငံတကာ စင်မြင့်ထက်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့်သူများကတော့ Miss Supranational Myanmar 2024 - Dee Miss Grand Myanmar 2024 - Thae Su Nyein Miss Planet Myanmar 2024 - Su Myat Yee Miss Teen Myanmar 2024 -Shoon Lae Naychi တို့ဖြစ်ကြောင်း အလှမယ်နီနီလင်းအိမ်မှဖော်ပြထား ကြောင်းသိရသည်။
#Local_News #Miss Supranational 2024 ပြိုင်ပွဲ #မြန်မာအလှမယ်Dee #tthl #Yangon_Times
#Local_News
Published 24 December 2023
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ၂၀၂၄ခုနှစ်ဇန်နဝါရီလအတွင်းပူဇော်ပွဲကျင်းပရန်ရှိပြီး ပြည်တွင်းပြည်ပမှတပည့်၊ ဒါယကာ၊ ဒါယိကာမများနှင့်ယောဂီသူတော်စင်အပေါင်းတို့မှစုပေါင်းပူဇော်သွားရန်ရှိကြောင်းသိရသည်။
အဆိုပါဧကာဒသမအကြိမ် ပူဇော်ပွဲ အခမ်းအနားကို ဇန်နဝါရီလ(၆)(၇)(၈)ရက်တွင် ရန်ကုန်မြို့ရှိချမ်းမြေ့ရိပ်သာကျောင်း၌ကျင်းပသွားမည်ဖြစ်သည်။
ဇန်နဝါရီလ(၅)ရက်တွင် ဓမ္မာရုံအပေါ်ထပ်၌ ဆွမ်း၊သစ်သီး၊ရေချမ်း၊ဆီမီးကပ်လှူပြီး ပူဇော်ပွဲအတွက်စတင်ပြင်ဆင်ကြမည်ဖြစ်သည်ဟုဆိုသည်။
ဇန်နဝါရီလ(၆)ရက်တွင်ဓမ္မာရုံအပေါ်ထပ်၌ ဘုရားတရားသံဃာရှိခိုးပူဇော်ပြီးဆွမ်း၊သစ်သီး၊ရေချမ်း၊ဆီမီးကပ်လှူပြီးအခမ်းအနားစတင်ကာ မေတ္တာ ဘာဝနာပွားများခြင်း၊သံဃာတော်နဲ့ဧည့်ပရိတ်သတ် အားဆွမ်းကပ်ခြင်းနဲ့ထမင်းကျွေးခြင်း၊သတိပဌာန် ဘာဝနာတရားပွားများခြင်း(တရားထိုင်ခြင်း)၊ ဆွမ်းကပ်၊ထမင်းကျွေးခြင်းနှင့် ချမ်းမြေ့ရိပ်သာခွဲ အသီးသီးမှရိပ်သာများ၏အခြေအနေကိုတင်ပြဆွေးနွေးခြင်းအစီအစဉ်များပါဝင်သည်။
ဇန်နဝါရီလ(၇)ရက်တွင်ဓမ္မာရုံအပေါ်ထပ်၌ ဘုရားတရားသံဃာရှိခိုးပူဇော်ပြီးဆွမ်း၊သစ်သီး၊ရေချမ်း၊ဆီမီးကပ်လှူပြီးအခမ်းအနားစတင်ကာ မေတ္တာ ဘာဝနာပွားများခြင်း၊သံဃာတော်နဲ့ဧည့်ပရိတ်သတ် အားဆွမ်းကပ်ခြင်းနဲ့ထမင်းကျွေးခြင်း၊ မှော်ဘီချမ်း မြေ့ရိပ်သာကို သွားရောက်လေ့လာခြင်း၊ယင်းရိပ်သာတွင် ဆွမ်းကပ်၊ထမင်းကျွေးခြင်း၊ သတိပဌာန် ဘာဝနာတရားပွားများခြင်း(တရားထိုင်ခြင်း)၊ ရန်ကုန်ချမ်းမြေ့သို့ ပြန်လာပြီး ညနေ၃နာရီကျော်ချိန်တွင် ချမ်းမြေ့ဆရာ တော်ဘုရားကြီးအားစုပေါင်းကန်တော့ကြမည့် အစီအစဉ်များပါဝင်သည်။
ဇန်နဝါရီလ(၇)ရက်တွင်ဓမ္မာရုံအပေါ်ထပ်၌ ဘုရားတရားသံဃာရှိခိုးပူဇော်ပြီးဆွမ်း၊သစ်သီး၊ရေချမ်း၊ဆီမီးကပ်လှူပြီးအခမ်းအနားစတင်ကာ မေတ္တာ ဘာဝနာပွားများခြင်း၊သံဃာတော်နဲ့ဧည့်ပရိတ်သတ် အားဆွမ်းကပ်ခြင်းနဲ့ထမင်းကျွေးခြင်း၊သတိပဌာန် ဘာဝနာတရားပွားများခြင်း(တရားထိုင်ခြင်း)၊ ဆွမ်းကပ်၊ထမင်းကျွေးခြင်းနှင့် နေ့လည် ၂နာရီကျော်တွင် အနုမောဒနာရေစက်ချတရားတော်နာယူကြမည့်အစီအစဉ်များပါဝင်ကြောင်းသိရသည်။
#Local_News #သက်တော်(၉၅)နှစ် #ချမ်းမြေ့ဆရာ တော်ဘုရားကြီးအားပူဇော်ပွဲ #tthl #Yangon_Times
#Local_News
Published 24 December 2023
''မေတ္တာ''သည်သာအရာရာတိုင်းကို ကျော်လွှားနိုင်သော ထိုးဖောက်နိုင်သော အင်အားကြီးမားသည့် အရာတစ်ခုဖြစ်သည်ဟုနစကဒုဥက္ကဌ၊ဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနား၌ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နစကဒုဥက္ကဌ၊ဒုတိယဝန်ကြီး ချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကဘာသာတိုင်းတွင် မေတ္တာ ကရုဏာ စာသား မပါမဖြစ် ပါရှိကြသဖြင့် “မေတ္တာ” သည် အရာရာတိုင်းကို ကျော်လွှားနိုင်သော ထိုးဖောက်နိုင်သော အင်အားကြီးမားသည့် အရာတစ်ခုဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ခရစ္စမတ်အမှာစကား ပြောကြားရာတွင်" မိမိတို့မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းကပင် အစိုးရအဆက်ဆက်တွင် ကိုးကွယ်ယုံကြည်ရာ ဘာသာတရားနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လွတ်လပ်စွာယုံကြည်ခွင့်အား အသီးသီးသော ဘာသာဝင်များအားလုံး ရရှိခံစားကြရပါကြောင်း၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဉပဒေ(၂၀၀၈)ခုနှစ် အခန်း(၈)၊ ပုဒ်မ(၃၅၄)(ဃ)အရ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသား အချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း၊ ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှုကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်၊ ပုဒ်မ(၃၆၂)အရ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သည့် ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဉပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသည့် ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုကြောင်း ဖော်ပြထားချက်များသည် ဘာသာဝင်တစ်ဦးချင်းအနေဖြင့် လည်းကောင်း၊ ဘာသာဝင်အားလုံးအနေဖြင့် လည်းကောင်း၊ မိမိတို့၏ ယုံကြည်ချက်ခံယူချက်ကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်နိုင်မှုအခွင့်အရေးကို ပွင့်လင်းမြင်သာစွာ ဖော်ပြထားပြီးလည်းဖြစ်ပါကြောင်း ဦးစွာပြောကြားသည်။
ထို့နောက် ရှင်မဿဲခရစ်ဝင်ကျမ်း ၁: ၂၃ နှင့် ရှင်လုကာခရစ်ဝင်ကျမ်း ၂:၁၃-၁၄ တို့တွင် ပါရှိသော ခရစ်တော်နှင့်ပတ်သက်သည့် ချီးမွမ်း၍ မြွတ်ဆိုခြင်းများအား ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြောကြားရာတွင် သာသနာပိုင်ချုပ်၊ ဂိုဏ်းချုပ်ဆရာတော်၊ သိက္ခာတော်ရဆရာတော်များ၊ သီလရှင်များ စသည့် သာသနာပြုပုဂ္ဂိုလ်များကလည်း ဘုရားသခင်မှ လူသားတစ်ဦးချင်းစီကို မေတ္တာကရုဏာများပေးနိုင်အောင် ကမ္ဘာမြေကြီး ငြိမ်သက်ခြင်းရှိစေအောင် မိမိတို့သာမန်လူသားများထက် ပိုမို၍ ကိုးကွယ်ယုံကြည်ရာ ဘာသာဝင်မျာကိုယ်စား ဘုရားသခင်ထံ ဆုတောင်းမေတ္တာ ပို့သပေးနိုင်ရေးကိုလည်း မေတ္တာရပ်ခံပါကြောင်း။
ဘာသာတိုင်းတွင် မေတ္တာ ကရုဏာ စာသား မပါမဖြစ် ပါရှိကြသဖြင့် “မေတ္တာ” သည် အရာရာတိုင်းကို ကျော်လွှားနိုင်သော ထိုးဖောက်နိုင်သော အင်အားကြီးမားသည့် အရာတစ်ခုဖြစ်ပါကြောင်း၊ အလားတူပင် ငြိမ်းချမ်းခြင်းကို မေတ္တာဖြင့်သာ အနိုင်ယူစေနိုင်မှာဖြစ်ကြောင်း၊ လူသားအချင်းချင်း မေတ္တာထားရှိကြရေး၊ ကရုဏာထားရှိကြရေး ဆရာတော်ကြီးများနှင့် ဘာသာဝင်ပုဂ္ဂိုလ်များ အားလုံးက ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးသလို အခြားဘာသာဝင်နှင့် ဘာသာဝင် မဟုတ်သူများကိုလည်း လိုက်နာကျင့်သုံးနိုင်ရေး စည်းရုံးပြောဆိုကြရမည်ဖြစ်ပါကြောင်းနှင့် မေတ္တာခြုံလုံပါကြောင်း၊ လူသားတစ်ဦးချင်း၊ မိသားစုတစ်စုချင်းမှ လူ့အသိုင်းအဝိုင်းတစ်ခုလုံး၊ နိုင်ငံတော်ကြီး၊ ကမ္ဘာကြီးငြိမ်းချမ်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ယင်းအခမ်းအနားကို မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်တို့က စုပေါင်းကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ Holy Cathedral Church ၌ ကျင်းပပြုလုပ်ခဲ့ပြီးယင်းနောက် အခမ်းအနားကို St. Mary’s Cathedral(စိန့်မေရီကာသီဒြယ်) ကျောင်းတော်ကြီးတွင်ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
#Local_News #ခရစ်တော်မွေးနေ့(ခရစ္စမတ်) #tthl #Yangon_Times
#Local_News
Published 24 December 2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ညောင်ပင်စောက်ကျေးရွာအနီးရှိ တောင်အင်းမြောက်အင်းအမှိုက်ပုံ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဒီဇင်ဘာလ၂၃ ရက် ၁၆ ၄၂ အချိန်ခန့်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးးအတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၁၀)စီး၊ ရေသယ်ယာဉ်(၆)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၉ ၀၀ အချိန် မီးငြိမ်းခဲ့သည်။
အမှိုက်ပုံမီးလောင်ကျွမ်းခြင်းဖြစ်၍ မီးလောင်ကျွမ်းသည့်ဧရိယာများသလို လောင်စာလည်းများပြားသဖြင့် ညနေ ၄နာရီ၄၂မိနစ်တွင်စတင်သိရှိငြိမ်းသတ်ခဲ့ ည၇နာရီကျော်၊ည၇နာရီခွဲမှ မီးငြှိမ်းသွားသည့် အတွက်စုစုပေါင်း ၃နာရီလောက်မီးငြှိမ်းသတ်ခဲ့ရကြောင်းမန္တလေးရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များထံမှသိရသည်။
#Local_News #အမှိုက်ပုံမီးလောင်ကျွမ်းမှုဖြစ် #၃နာရီနီးပါးငြှိမ်းသတ်ခဲ့ရ #tthl #Yangon_Times
#World_Health
Published 24 December 2023
အရောင်တွေကို ခွဲခြားပြီး မမြင်နိုင်တဲ့ အခြေအနေကို ကာလာဘလိုင်းလို့ ခေါ်ကြပါတယ်။
များသောအားဖြင့် အစိမ်းရောင်တွေ၊ အနီရောင်တွေ ရံဖန်ရံခါ အပြာရောင်တွေကို ခွဲခြားဖို့ ခက်ခဲလေ့ရှိတယ်လို့ မယ်ရီလန်း အမေရိကန် မျက်စိကျွမ်းကျင်အကယ်ဒမီမှ နာတာရှာဟာ့ဇ်က ပြောပြသွားပါတယ်။
မျက်ကြည်လွှာထဲက ဆဲလ်တစ်မျိုးဟာ အလင်းကိုအာရုံခံပြီး ဝင်လာတဲ့အရောင်တွေကို ဦးနှောက်ကနေ ဆုံးဖြတ်ပေးတယ်လို့ ပြောပြပါတယ်။
ထိုဆဲလ်တွေထဲက တစ်ခုခု မရှိတာမျိုး၊ အလုပ်မလုပ်တာမျိုး၊ ပုံမှန်ထက်ကွဲပြားပြီး အရောင်အာရုံခံတာမျိုးတို့မှာ အရောင်တွေကို ခွဲခြားပြီး မမြင်နိုင်တော့ပါဘူး။
အစိမ်း၊ အနီ၊ အပြာဆဲလ် ၃ ခုစလုံး မရှိဘူးဆိုရင်တော့ ကာလာဘလိုင်း အခြေအနေ ပြင်းထန်ပါတယ်။
သာမန်ကာလာဘလိုင်း ဖြစ်သူတွေကတော့ အလင်းရောင်ကောင်းတဲ့နေရာမှာ အရောင်တွေကို သာမန်အတိုင်း မြင်နိုင်ပေမယ့် အလင်းမှိန်တဲ့နေရာမှာတော့ မြင်နိုင်ရန် ခက်ခဲလေ့ရှိပါတယ်။
ကာလာဘလိုင်း အဆိုးဆုံးခံစားရသူတွေက အရာရာတိုင်းကို မီးခိုရောင်အသွင်အပြင်သာ မြင်ရလေ့ရှိပြီး ဒါကတော့ အဖြစ်နည်းပါတယ်။
အရောင်မခွဲခြားနိုင်ခြင်းဟာ မျက်စိနှစ်ဖက်စလုံးမှာ တူညီစွာဖြစ်ပွားပြီး တစ်သက်လုံး ခံစားရပါတယ်။
ကာလာဘလိုင်းဖြစ်တဲ့ လူအများစုဟာ များသောအားဖြင့် မွေးကတည်းက ပါလာကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသားတွေက ကာလာဘလိုင်းဖြင့် မွေးဖွားနိုင်ခြေ ပိုများနေပါတယ်။
ခန့်မှန်းခြေအားဖြင့် အမျိုးသား ၁၀ ဦးမှာ ၁ ဦးနှုန်းက ကာလာဘလိုင်း ဖြစ်တတ်ပြီး ဥရောပမြောက်ပိုင်းလူမျိုး အမျိုးသားတွေမှာ ပိုမိုအဖြစ်များပါတယ်။
အသက်အရွယ် နောက်ပိုင်းမှာမှ အချိုု့သော ရောဂါတွေ၊ ဆေးဝါးတွေ၊ မျက်စိထိခိုက်တာတွေကြောင့် အရောင်မခွဲခြားနိုင်တာမျိုးလည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။
ခံစားရတတ်တဲ့ လက္ခဏာအနေနဲ့ အရောင်တွေနဲ့ အလင်းအမှောင်တွေကို သာမန်အတိုင်း ခွဲခြားခြင်းမလုပ်နိုင်တာမျိုး ဖြစ်ပါတယ်။
မွေးကတည်းက အရောင်မခွဲခြားနိုင်သူတွေဟာ အသက်အန္တရာယ် မရှိတတ်ပေမယ့် ပုံမှန်အတိုင်း အသက်ရှင်နေထိုင်သွားနိုင်ပါတယ်။
ဒါပေမဲ့ မီးပွိုင့်တွေလို အရောင်ခွဲခြားသတ်မှတ်ထားတဲ့ ကိစ္စတွေမှာ အခက်အခဲ ဖြစ်နိုင်ပါတယ်။
ကာလာဘလိုင်း အဆိုးရွားဆုံး အခြေအနေ မဟုတ်ရင်တော့ အမြင်အာရုံသိရှိမှုကို မသက်ရောက်နိုင်ပါဘူး။
ကာလာဘလိုင်းရှိမရှိကို စမ်းသပ်နိုင်တဲ့ စစ်ဆေးနည်းများရှိပါတယ်။
မွေးရာပါ အရောင်မခွဲခြားနိုင်ခြင်းအတွက် အခုအချိန်ထိ ကုသနည်း မရှိသေးပါဘူး။
#World_Health #အရောင်မခွဲခြားနိုင်ခြင်း #ကုသနည်းမရှိ #Source: New York Post
"ဆရာတော်ကြီးကသူ့ကျောင်းမှာမဟုတ်ဘူး။ သူများကျောင်းမှာ တရာသွားဟောရင်း ရုတ်တရတ်ပျံလွန်တော်မူသွားတာ၊ သက်တော်(၇၆)နှစ်ရှိပြီ၊ ရောဂါအခံရှိမရှိတော့ ကျွန်တော်တို့လည်း မသိရသေးဘူး။ သူ့ကျောင်းမှာပဲ ဈာပနလုပ်မှာ" သံဖြူဇရပ်မြို့နယ်ရှိလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး
#Local_News
Published 24 December 2023
#တရားဟောရင်းပျံလွန်တော်မူ #သံဖြူဇရပ်မှဆရာတော်ကြီး၏စျာပန
#tthl #Yangon_Times
#World_Health
Published 24 December 2023
ညမအိပ်ခင် သွားတိုက်ခြင်းဟာ အရေးပါတဲ့ နေထိုင်မှုပုံစံတစ်ခု ဖြစ်ပေမယ့် လူအများပြုလုပ်ဖို့လည်း ခက်ခဲနေတတ်ပါတယ်။
ခံတွင်းကျန်းမာရေးကို လုံးဝလျစ်လျူရှုထားတာ မဟုတ်ပေမယ့် လူအများအပြားက ညဘက်သွားခြင်းကို ဂရုမစိုက်ကြပါဘူး။
လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က ၇၀ ရာခိုင်နှုန်းသော အိန္ဒိယလူမျိုးတွေဟာ ပျင်းရိမှုကြောင့် ညဘက်သွားမတိုက်ဖြစ်ကြဘူးလို့ ပညာရှင်များ ခန့်မှန်းလိုက်ပါတယ်။
အခုအခါမှာတော့ အိန္ဒိယလူမျိုး ၄၅ ရာခိုင်နှုန်းကသာ တစ်နေ့ကို သွား ၂ ကြိမ်တိုက်နေကြပါတယ်။
လူ ၁၀ ယောက်မှ ၉ ယောက်လောက်က သွားပိုးစားခြင်းခံစားနေရတာက နေ့စဥ်နဲ့အမျှ ခံတွင်းကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်ဘူးဆိုတာကို ညွှန်ပြနေကြောင်း အိန္ဒိယပြည်သူ့ သွားကျန်းမာရေးအဖွဲ့မှ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာဗန်စီခရစ္စနာရက်ဒီက ပြောပြသွားပါတယ်။
ညဘက်သွားမတိုက်ဖြစ်တာက အသိမရှိလို့ဆိုတာထက် ပျင်းရိမှုကြောင့် ဖြစ်နေပါတယ်။
ညဘက်သွားမတိုက်ပါက ခံတွင်းကျန်းမာရေး အမျိုးမျိုး ဖြစ်နိုင်ကြောင်း၊ တစ်နေကုန်စားထားတဲ့ အစာတွေ ဘက်တီးရီးယားတွေက သွားကြားထဲမှာ စုပြုံလာပြီး ကြွေလွှာတွေကို ပျက်စီးစေတဲ့ အက်ဆစ်တွေ ထုတ်လုပ်ကြကြောင်း ဒေါက်တာက ပြောပြပါတယ်။
ဒါ့အပြင် ညအိပ်နေစဥ် တံတွေးထုတ်လုပ်မှု နည်းပါးကာ ဘက်တီးရီးယား ပေါက်ဖွားလာပြီး ခံတွင်းနံ့ဆိုးစေနိုင်ပါတယ်။
သွားဖုံးမှာ အညစ်အကြေးတွေ စုပြုံလာပြီး ရောင်ရမ်းခြင်းနဲ့ ရောဂါကူးစက်ခြင်းတို့ ဖြစ်လာကာ အမျိုးမျိုးသောရောဂါများ ဖြစ်လာနိုင်ပါတယ်။
ခံတွင်းသန့်ရှင်းရေးကို လျစ်လျူရှုမိတဲ့အခါ နှလုံးရောဂါဖြစ်နိုင်ခြေပါ များလာတယ်လို့ မကြာသေးမီက တွေ့ရှိထားပါတယ်။
တစ်နေ့ ၂ ကြိမ်သွားတိုက်ဖြစ်စေမယ့် နည်းလမ်းများကတော့..
- ခံတွင်းကျန်းမာရေးကို စောင့်ရှောက်ကြဖို့ ပညာရှင်များအနေနဲ့ တိုက်တွန်းသင့်ပါတယ်။
- ငယ်ရွယ်စဥ်ကတည်းက တစ်နေ့ ၂ ကြိမ်သွားတိုက်ရန် အရေးကြီးကြောင်းကို စာသင်ကျောင်းတွေမှာ ပညာပေးရပါမယ်။
- ခံတွင်းကျန်းမာရေးအကြောင်း သတိထားမိစေရန် အလုပ်ခွင်တွေနဲ့ ပတ်ဝန်းကျင်နေရာတွေမှာ အခမဲ့ခံတွင်းစမ်းသပ်ခြင်းများ ချမှတ်သင့်ပါတယ်။
- ညမအိပ်ခင် သွားတိုက်ဖို့အတွက် နာရီသံပတ်ပေးခြင်း နည်းလမ်းကိုလည်း အသုံးပြုသင့်ပါတယ်။
#World_Health #ညဘက်သွားတိုက်ခြင်း #ခံတွင်းကျန်းမာရေးအရေးကြီးပုံ Source: India Today
တူရကီနိုင်ငံမှာ ငွေကြေးဖောင်းပွနေပြီး တိုင်းပြည်ငွေတန်ဖိုး လျော့ကျနေတာကြောင့် နေထိုင်စရိတ် မြင့်တက်နေကာ တူရကီလူမျိုးတွေဟာ ဖိနပ်အသစ်ဝယ်ယူဖို့ထက် ဖိနပ်ဟောင်းတွေကိုပဲ ဖိနပ်ချုပ်ဆိုင်တွေမှာ ပြုပြင်လာကြပါတယ်။
#World_Economy
Published 23 December 2023
#ငွေကြေးဖောင်းပွမှုမြင့်မားလာ #ဖိနပ်ချုပ်ဆိုင်များအလုပ်
#Yangon_Times #YMG_News #Yangon_Media_Group
Page 740 of 1817