ယခုနှစ်ပြုလုပ်တဲ့ ဘောလုံးရာသီ မြန်မာအမျိုးသမီးလိဂ်ပွဲစဉ်မှာ အသင်းခြောက်သင်းဝင်ရောက်ယှဉ်ပြိုင်
မြဝတီအမျိုးသမီးအသင်းက နှစ်ဂိုးသွင်းယူအနိုင်ရရှိ
Yangon_Times/MY
#Local_News
#Published_ 21 August 2023
#YMG #Yangon_Times
ရန်ကုန်မြို့ ဒဂုံမြိုသစ်မြောက်ပိုင်းမြိုနယ်ရှိ ပြည်ပအလုပ်သမားသင်တန်းကျောင်းတစ်ခုတည်းသာ ဖွင့်လှစ်သင်ကြားပေးနေ
ပြည်ပကို သွားရောက်လုပ်ကိုင်မည့် လုပ်သားများ မဖြစ်မနေတက်ရောက်ရမည့် သင်တန်းဖြစ်။
ရန်ကုန်မြို့ ဒဂုံမြိုသစ်မြောက်ပိုင်းမြိုနယ်ရှိ ပြည်ပအလုပ်သမားသင်တန်းကျောင်းတစ်ခုတည်းသာ ဖွင့်လှစ်သင်ကြားပေးနေ
Yangon_Times/tthl
#Local_News
#Published_ 21 August 2023
#YMG #Yangon_Times
ထင်ရှားကျော်ကြားသူတို့၏ အသိဉာဏ်ဗဟုသုတဖြစ်ဖွယ်ရာ မှတ်ဖွယ်စကားများကို စုစည်း တင်ပြပေးလိုက်ပါသည်။
ဝါကျွတ်ချိန် အလှူပွဲအတွက် ဆင်ချိုးရွှေချည်ထိုးများ မှာယူမှုများလာ
‘ဝါကျွတ်ချိန်နီးလာလို့ ဆင်ချိုးရွှေချည်ထိုးတွေ ရောင်းအားတက်လာတယ်။ အခုရက်ပိုင်းအတွင်းပျဉ်းမနားမြို့နယ်က အလှူပွဲ၊မင်္ဂလာပွဲတွေ၊အခမ်းအနားတွေအတွက် ဆင်ချိုးရွှေချည်ထိုးတွေအော်ဒါတွေ စတင်မှာယူလာကြတယ်’ ရွှေအိုးဆင်ချိုးရွှေချည်ထိုးလုပ်ငန်းပိုင်ရှင်
Yangon_Times/tthl
#Local_News
#Published_ 21 August 2023
#YMG #Yangon_Times
Published_ 21 August 2023
ယူနန်-မြန်မာ စီးပွားရေးလမ်းကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှသည် နှစ်နိုင်ငံအတွက် အကျိုးကျေးဇူးများစွာရရှိနေကြောင်း (၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲဆက်စပ်အစည်းအဝေးများ၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က ပြောကြားခဲ့ပါတယ်။
ထို့ပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဇုန်များ၏ အခြေခံစက်မှုဖွံ့ဖြိုး တိုးတက်မှု နှင့် လုပ်ဆောင်မှုများမှတဆင့် ပို့ကုန်လုပ်ငန်းများ အရည်အသွေးမြင့် တိုးတက်လာစေရန် အကူညီပေးမှုများကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
ကောင်စစ်ဝန်ချုပ်က ယူနန်ပြည်နယ်သည် တရုတ်-မြန်မာ ကုန်သွယ်ရေးမြှင့်တင်မှု ကဏ္ဍတွင် လွန်စွာအချက်အချာကျသည့် နေရာဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ စက်မှုနှင့် လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍများတွင်လည်း ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါရန် ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံ ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို အခြေခံကာ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းဆိုင်ရာများကိုလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ကောင်စစ်ဝန်ချုပ်သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်၊ တရုတ်နိုင်ငံ၊ အာဆီယံနှင့် တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူတက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
ygm_mnn
#local_news
#တရုတ်-မြန်မာ #စီးပွားရေးလမ်းကြောင်း #မြန်မာကောင်စစ်ဝန်ချုပ် #ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ #နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး #ပူးပေါင်းဆောင်ရွက်
#YMG #Yangon_Times
Published_ 21 August 2023
တောင်ကိုရီးယားနဲ့ ဂျပန်တို့ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်လာကြရာ မြောက်ကိုရီးယားက ဒါကို စစ်ပွဲအတွက် ကြိုတင်လေ့ကျင့်နေတယ်လို့ ထင်မြင်နေပြီး ခေါင်းဆောင်'ကင်မ်ဂျုံအန်း'က ဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က သောကြာနေ့က ဖော်ပြလိုက်ပါတယ်။
ကင်မ်ဂျုံအန်းက အရှေ့ကမ်းရိုးတန်းရှိ ရေတပ်စခန်းသို့ သွားရောက်ကာ စစ်သင်္ဘောပေါ်မှ စမ်းသပ်မှုကို လေ့လာကြီးကြပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီစမ်းသပ်ပစ်လွှတ်မှုက စစ်သင်္ဘောရဲ့ တိုက်ခိုက်စွမ်းရည်၊ ယင်းရဲ့ဒုံးကျည်စနစ်တို့ကို စစ်ဆေးချင်တာဖြစ်သလို တကယ့်စစ်ပွဲမှာ သင်္ဘောသားတွေရဲ့ လုပ်ကိုင်နိုင်စွမ်း တိုးတက်လာစေရန် ရည်ရွယ်ပါတယ်။
သင်္ဘောက လှုပ်ရှညးနိုင်စွမ်း မြင့်မားခြင်း၊ ပစ်ခတ်နိုင်စွမ်းမြင့်မားခြင်း၊ အခြေအနေ အချိန်အခါအလိုက် ပြောင်းလဲတိုက်ခိုက်နိုင်ခြင်းနဲ့ အမြဲတမ်း အသင့်ရှိနေကြောင်း ပြောကြားသွားပါတယ်။
တောင်ကိုရီးယားနဲ့ ဂျပန်တို့က မြောက်ကိုရီးယားရဲ့ တိုးတက်ပြောင်းလဲလာတဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို တုန့်ပြန်ရန်ရည်ရွယ်ကာ တနင်္လာနေ့ကစပြီး အူလ်ချီဖရီးဒမ်းရှီးလ်ဆမ်းမား စစ်ရေးလေ့ကျင့်မှုများကို စတင်ပြုလုပ်နေတာဖြစ်ပါတယ်။
ယင်းမဟာမိတ်တွေရဲ့ စစ်ရေးလေ့ကျင့်မှုက နျူကလီးယားစစ်ပွဲအတွက် လေ့ကျင့်နေတာဖြစ်တယ်လို့ မြောက်ကိုရီးယားက ရှုံ့ချထားပါတယ်။
တောင်ကိုရီးယားဘက်မှ ပြောကြားရာမှာ ယခုနှစ်လေ့ကျင့်မှုက အကျယ်ပြန့်ဆုံးဖြစ်ကာ နှစ်နိုင်ငံစလုံးမှ စစ်သည်သောင်းချီအပြင် ကုလသမဂ္ဂကွပ်ကဲမှုအောက်မှ အချို့နိုင်ငံများလည်း ပါဝင်ပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၂၁ ကတည်းက ဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်များကို စဉ်ဆက်မပြတ် စမ်းသပ်နေပြီး ထိုဒုံးကျည်တွေမှာ နျူကလီးယားဗုံး တပ်ဆင်ထားတယ်လို့ သုံးသပ်သူများက ဆိုပါတယ်။
ကင်မ်ဂျုံအန်းက ရေပြင်နဲ့ရေအောက် တိုက်ခိုက်ရေးနဲ့ ခုခံရေးများ တိုးတက်လာစေရန် ကတိပြုလိုက်ပါတယ်။
ရေတပ်အနေနဲ့ အဆက်မပြတ် လှုပ်ရှားနေရန် လိုအပ်ပြီး တကယ့်စစ်ပွဲအတွက် စွမ်းရည်တိုးတက်နေစေရန် လိုအပ်ကြောင်း၊ ဒါမှသာ အရေးမသာတဲ့ အခြေအနေတွေမှာ တိုက်ခိုက်မှုတွေကို စွမ်းဆောင်နိုင်မှာ ဖြစ်ကြောင်း ကင်မ်ဂျုံအန်းက ပြောကြားသွားပါတယ်။
Source: Reuters
#World_News
#ကင်မ်ဂျုံအန်း #နျူကလီးယားစစ်ပွဲ #တောင်ကိုရီးယား-အမေရိကန်ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင် #ဒုံးကျည်စမ်းသပ်မှုများ
#YMG #Yangon_Times
Published_ 21 August 2023
ပြည်တွင်းတွင်ဆီထွက်နှုန်းတိုးစေရန်အတွက် ပြည်တွင်းဆီစက်များကို အဆင့်မီဆီစက်များတိုးချဲ့ တပ်ဆင်နိုင်ရန်အတွက် ဆီစက်ချေးငွေများပေးနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ဆောင်ရွက်ရန်ရှိသည့်အကြောင်းကို မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးကိုတက်ရောက်ခဲ့သည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ‘ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ကုန်များကို အခြေခံပြီး တန်ဖိုးမြှင့် ထုတ်လုပ်သည့် Supply Chain တစ်လျှောက်တွင်ရှိသောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော စိုက်ပျိုး စရိတ်ချေးငွေ၊ မျိုးစေ့၊ မြေဩဇာနှင့် ရေစသည့် သွင်းအားစုများ အချိန်မီရရှိနိုင်ရန် “စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့ စိုက်ပျိုးရေးကော်မတီ” က ဦးဆောင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အရည်အသွေးကောင်းမွန်သော ဆီများထုတ်လုပ်နိုင်ရန် အဆင့်မီဆီစက်များလိုအပ်နေသည့်အတွက် ပြည်တွင်းဆီစက်များကို အဆင့်မီဆီစက်များ တိုးချဲ့တပ်ဆင်ခြင်း၊ အသစ်များထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့် တင်ခြင်းတို့ဆောင်ရွက်ရန် ငွေကြေးအရင်းအနှီး ပံ့ပိုးပေးနိုင်ရေးအတွက် “ဆီစက်ချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့”မှ ဆောင်ရွက်လျက်ရှိကြောင်း’ပြောကြားခဲ့သည်။
ယင်းအပြင် ပြည်တွင်းစားသုံးဆီကို အရည်အသွေး မြှင့်ထုတ်လုပ်နိုင်ရန် ဆီထုတ်လုပ်သည့် လုပ်ငန်းစဉ်များတွင် ဆီသန့်စင်သည့် နည်းပညာများ လိုအပ်နေသည့်အတွက် ဆီလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် ဆွေးနွေးပွဲ များပြုလုပ်ပြီး ကူညီပံ့ပိုးပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် မိရိုးဖလာ လုပ်ကိုင်နေသော ထုတ်လုပ်မှုပုံစံမှ ခေတ်မီဆီသန့်စင်နည်းပညာများအသုံးပြုပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အရည်အသွေးမြင့်ဆီများကို ထုတ်လုပ်ရောင်းချခြင်းဖြင့် လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ပြောကြားသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
#World_Health
Published 21 August 2023
ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးဖို့က ကျန်းမာရေးအတွက် အရေးကြီးသလို ဦးနှောက်အတွက်လည်း အထူးသင့်လျော်ပါတယ်။
ဦးနှောက်ကျန်းမာရေးနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာကို ထောက်ပံ့ရာမှာ အချို့သော အာဟာရဓာတ်တွေက အရေးကြီးပါတယ်။
- ဗိုက်တာမင်-ဒီ
ဗိုက်တာမင်-ဒီ ချို့တဲ့ခြင်းကြောင့် ဒီမန်ရှာရောဂါ ဖြစ်နိုင်ချေနဲ့ ဆက်စပ်နေပါတယ်။
ဗိုက်တာမင်-ဒီ ဖြည့်စွက်ခြင်းဖြင့် ၁၀ နှစ်ကြာသည့်တိုင်အောင် ဒီမန်ရှာဖြစ်နိုင်ချေ ၃၃ ရာခိုင်နှုန်းလျော့ကျစေပါတယ်။
- မဂ္ဂနီဆီယမ်
မဂ္ဂနီဆီယမ်က ဦးနှောက်လုပ်ဆောင်ချက်နဲ့ ဇီဝကမ္မဖြစ်စဉ်အများအပြားမှာ အရေးကြီးတဲ့ကဏ္ဍက ပါဝင်နေပါတယ်။
မဂ္ဂနီဆီယမ် အစားနည်းတဲ့အခါ အသက်အရွယ်နောက်ပိုင်းမှာ ဒီမန်ရှာဖြစ်နိုင်ချေ ပိုများကြောင်း သုတေသန တွေ့ရှိထားပါတယ်။
မဂ္ဂနီဆီယမ် များများစားပေးတဲ့အခါ အသက်အရွယ်အလိုက် ဦးနှောက်ကျုံ့ခြင်းကို သက်သာစေပြီး ဒီမန်ရှာဖြစ်နိုင်ချေ နည်းပါးသွားကာ အသိဉာဏ်ပိုင်းဆိုင်ရာ တိုးတက်လာပါတယ်။
- ပိုတက်ဆီယမ်နှင့် ကယ်လ်စီယမ်
ကယ်လ်စီယမ်က သွားနဲ့အရိုး ကျန်းမာရေးအတွက် အရေးကြီးသလို ကြွက်သားလုပ်ဆောင်ချက်နဲ့ အာရုံကြောပေးပို့မှုတို့မှာလည်း အရေးပါပါတယ်။
ပိုတက်ဆီယမ်ကတော့ ခန္ဓာကိုယ်ထဲမှာ အရည်ဓာတ်ကို ထိန်းညှိပေးကာ အာရုံကြောနဲ့ ကြွက်သားလုပ်ဆောင်ချက်တွေမှာ အရေးပါပါတယ်။
- ဗိုက်တာမင်-ဘီ
ဗိုက်တာမင်-ဘီအုပ်စုက အာရုံကြောကာကွယ်ပေးတဲ့ အစွမ်းသတ္တိရှိပါတယ်။
ငါး၊ ကြက်ဥ၊ အသားတို့မှာ တွေ့ရတဲ့ ဘီ-၁၂ ကို ဖြည့်စွက်စာအဖြစ် သုံးစွဲနိုင်ကာ ဒီအင်န်အေနဲ့ သွေးနီဥဖွဲ့စည်းခြင်းမှာ အရေးပါပြီး ဦးနှောက်နဲ့ အာရုံကြောဆဲလ်များ ဖြစ်ပေါ်မှုကို အားပေးပါတယ်။
ဘီ-၉ ဖောလိတ်ကတော့ ဦးနှောက်အသိဉာဏ် ကျန်းမာရေးကို ထိန်းသိမ်းရာမှာ အရေးကြီးပါတယ်။
#World_Health #ဒီမန်ရှာရောဂါ #ဦးနှောက်ကျန်းမာရေး #အာဟာရဓာတ်
Source: SCMP
Published-21-8-2023
ယနေ့ ဩဂုတ်လ (၂၁ )နံနက်ပိုင်းက မာန်အောင်ကျွန်း၏ တောင်ဘက် ပင်ဘယ်ပြင်အတွင်း အာကာသယာဉ်မှ စွန့်ပစ်ပစ္စည်းများ ကျရောက်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဒေသခံများထံကသိရသည်။
အဆိုပါ အာကာသယာဉ် အစိတ်အပိုင်းများသည် တရုတ်နိုင်ငံမှ လွင့်တင်ထားသော အာကာသယာဉ်မှ မလိုအပ်သောပစ္စည်းအစိတ်အပိုင်းများအား စွန့်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယနေ့ ဩဂုတ်လ (၂၁ )ရက်နေ့ နံနက်အစောပိုင်း (၁၂) နာရီ (၂၇) မိနစ်အချိန်တွင် ဂွမြို့နယ်၏ အနောက်ဘက် (၆၆) ကီလိုမီတာ၊ မာန်အောင်ကျွန်း၏ တောင်ဘက် (၁၀၄) ကီလိုမီတာ ဝန်းကျင်ပင်လယ် ပြင်၌ ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအစိတ်အပိုင်းများ ကျရောက်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။
Yangon Times/my
#Local_News
#မာန်အောင်ကျွန်း #တောင်ဘက်ပင်ဘယ်ပြင် #အာကာသယာဉ်မှ စွန့်ပစ်ပစ္စည်းမျာ
#YMG #Yangon_Times
Published_ 21 August 2023
စပါးကိုအရေးနိမ်ခဲ့သောပွဲစဉ်တွင် ကစားခဲ့သည့် မန်ယူအသင်း၏ခြေစွမ်းမှာ အားနည်းလွန်းပြီး တိုက်ပွဲဝင်စိတ်ဓါတ် မရှိပဲ ပြီးခဲ့သည့်ရာသီများက စပါးအသင်းကဲ့သို့ဖြစ်နေသည်ဟု မန်ယူဂန္ထဝင်ကစားသမား ရွိင်ကင်းကပြစ်တင် ဝေဖန်ခဲ့သည်။
...ကျွန်တော့အမြင်မှာမန်ယူနဲ့ ကစားရတာလွယ်ကူလွန်းပါတယ် အရင်ကစပါးအသင်းလိုပါပဲ။ရည်ရွယ်ချက်နဲ့ စိတ်ဓါတ် ပျောက်ဆုံးနေပါတယ် ဆိုးရွားမှုပါပဲ။
အဝေးကွင်းလာကစားချိန်မှာပုံစံကောင်းပျောက်ဆုံးနေပါတယ်။ အထူးသဖြင့်ဒုတိယပိုင်းမှာ ခေါင်းဆောင်မှုကင်းမဲ့ပြီး ဆိုးရွားတဲ့ ဂိုးတွေ ပေးခဲ့ရတယ်။
ဝုဗ်နဲ့ပွဲစဉ်တုန်းကလည်း ဆိုးရွားခဲ့ပေမယ့်ရလာဒ်ကောင်းရခဲ့ပါတယ်။
မိနစ် ၉၀ စလုံးကောင်းကောင်းက စားဖို့မလိုပေမယ့် ယုံကြည်မှု၊ စိတ်ဆန္ဒနဲ့ တိုက်ခိုက်လိုစိတ်တွေပြပို့လိုအပ်ပါတယ်..ဟုရွိင် ကင်းက ပြောကြားခဲ့သည်။
စပါးအသင်းက အသင်းကောင်းတစ်သင်းဖြစ်ပြီး အိမ်တွင်းပရိသတ်ရှေ့မှာ စွမ်းအင်အပြည့်နဲ့ ကစားသွားခဲ့သည်ဟု ရွိင် ကင်းက ဆက်လက် ပြောကြားခဲ့သည်။
အခြားသတင်းတစ်ရပ်တွင် ပီအက်စ်ဂျီမှ အီတလီကွင်းလယ်လူဗာရက်တီသည် မန်ယူနှင့် ဘိုင်ယန်မြူးနစ်တို့၏ ကမ်းလှမ်းမှုများရှိနေသော်လည်း ဆော်ဒီအာရေဗျသို့ပြောင်းရွှေ့ရန်ပြင်ဆင်နေသည်ဟု သိရသည်။
ဗာရက်တီသည် ပီအက်စ်ဂျီတွင် ၁၁နှစ်ကြာကစားပြီး ယခုကဲ့သို့ပြောင်းရွှေ့ရန်စီစဉ်နေခြင်းဖြစ်သည်။'
#World_Sport
#မန်ယူအသင်း #စပါးအသင်း #ဆော်ဒီအာရေဗျ #ဗာရက်တီ
#YMG #Yangon_Times
#World_Health
Published 21 August 2023
အလုပ်ရှုပ်နေပြီး အားကစားခန်းမ၊ လေ့ကျင့်ခန်းများပြုလုပ်ဖို့ ငွေကြေးအဆင်မပြေသူတွေမှာ နေ့စဉ်ဘဝတက်ကြွလှုပ်ရှားဖို့ရာ ခက်ခဲနေတတ်ပါတယ်။
တကယ်တော့ ကျန်းမာသန်စွမ်းဖို့အတွက် ဘယ်လိုအရွယ်မှာမဆို လုပ်ဆောင်နိုင်တယ်လို့ အချို့တွေက ဖော်ပြနေကြပါတယ်။
ဂျပန်နိုင်ငံမှ အသက် ၂၀ မှ ၆၀ အတွင်း လူတဝက်ကျော်လောက်ဟာ အနည်းဆုံးတော့ လေ့ကျင့်ခန်းလုပ်ဖြစ်ကြတယ်လို့ ဂျပန်သုတေသနအဖွဲ့အစည်းက စစ်တမ်းကောက်ယူ ရရှိခဲ့ပါတယ်။
ဂျပန်လူမျိုးတွေဟာ နေ့စဉ် ပျမ်းမျှခြေလှမ်း ၆,၅၀၀ ခန့်လျှောက်လှမ်းကြကြောင်း လေ့လာတွေ့ရှိခဲ့ကာ ဒါဟာ တစ်ကမ္ဘာလုံးရဲ့ပျမ်းမျှခြေလှမ်းထက် သိသိသာသာ ပိုများနေပါတယ်။
လမ်းလျှောက်ခြင်းဖြင့် အသည်းအသန် နာမကျန်းဖြစ်ခြင်းနဲ့ အသက်အန္တရာယ်တို့ကို သိသိသာသာ လျှော့ချနိုင်ပါတယ်။
လမ်းလျှောက်ခြင်းဟာ ဘယ်သူမဆို အလျဉ်းသင့်သလို လုပ်ဆောင်နိုင်ပြီး အလုပ်အားချိန်မှာ သီချင်းသံစဉ်၊ မိတ်ဆွေ၊ သဘာဝရှုခင်းများဖြင့် တွဲဖက်လျှောက်လှမ်းနိုင်ပါတယ်။
ခပ်ဆတ်ဆတ်လမ်းလျှောက်ခြင်း၊ ခပ်ဖွဖွပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့ကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ကျန်းမာရေးတိုးတက်မှုများ ရရှိစေနိုင်ပါတယ်။
လေ့ကျင့်ခန်း လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ အသက် ၃၀ ကျော်လာတာနဲ့အမျှ ကြွက်သားထုထည် ဆုံးရှုံးမှု ၈ ရာခိုင်နှုန်း ရှိလာတာကို စိတ်ထဲမှတ်ထားရပါမယ်။
အသက် ၆၀ ကျော်တဲ့အခါ ပိုမိုသိသာလာပြီး ဒဏ်ရာများ၊ အရိုးကွဲအက်ခြင်း၊ နာတာရှည်နာကျင်ကိုက်ခဲခြင်းတို့ ဖြစ်လာစေနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်သူတွေကတော့ ကြွက်သားဆုံးရှုံးမှု သက်သာစေနိုင်မှာဖြစ်ပါတယ်။
ဒိုက်ထိုးခြင်း၊ အိပ်ထမတင်လုပ်ခြင်းတို့ဖြင့် အသက် ၆၀ ကျော်အရွယ်တွေမှာ ၁၀ လအတွင်း ကြွက်သားထုထည် ၁၅ ရာခိုင်နှုန်း တိုးတက်စေနိုင်ပါတယ်။
အဆစ်အမြစ်များ လှုပ်ရှားမှုအားကောင်းစေခြင်း၊ ကြွက်သားသန်မာခြင်းတို့ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
တက်ကြွစွာ လှုပ်ရှားနေထိုင်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက စိတ်ဖိစီးမှုနဲ့ ပူပန်သောက လျော့ကျစေခြင်း၊ ကောင်းစွာအိပ်စက်နိုင်ခြင်း၊ ခွန်အားတိုးများခြင်းတို့လည်း ရရှိစေမှာဖြစ်ပါတယ်။
#World_Health #ဂျပန်လူမျိုး #သက်ရှည်ကျန်းမာအောင်
#Source: The Jerusalem Post
လာမယ့် ဩဂုတ် ၂၂ ရက် အင်္ဂါနေ့မှာ အနောက်အုပ်စုကစောင့်ကြည့်နေတဲ့ BRICS ထိပ်သီးအစည်းအဝေးကို တောင်အာဖရိကနိုင်ငံမှာ ကျင်းပတော့မှာဖြစ်ပါတယ်။
BRICS အစည်းအဝေးက ဘာတွေထူးထူးခြားခြားဖြစ်လာမလဲ။
ဒေါ်လာကြီးစိုးမင်းမူမှုလျှော့ချရေးနှင့် BRICS ငွေကြေးက ဘယ်လောက်အထိ တိုးတက်လာမလဲ။
BRICS အင်အား ဘယ်လောက်ကြီးထွားလာမလဲ။
မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ MISIS ရဲ့တွဲဖက်အတွင်းရေးမှူး နိုင်ငံရေးလေ့လာသူ ဦးခင်မောင်ဇော်က သူ့အမြင်ကိုပြောပြထားပါတယ်။
Page 741 of 1639