၂ စက်တင်ဘာ ၂၀၂၄

The Myanmar National Democratic Alliance (MNDAA) ၊ Ta’ang National Liberation Army (TNLA) နှင့် United League for Arakan (ULA)/ Arakan Army (AA)AA တို့အား အကြမ်းဖက်အုပ်စုများအဖြစ် နစက၏ အကြမ်းဖက်မှုတိုက်ဖျက်        ရေး ဗဟိုအဖွဲ့က ယနေ့ စက်တင်ဘာ ၂ ရက်နေ့တွင် ကြေညာခဲ့ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ယနေ့ စက်တင်ဘာ ၂ ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၂၄ အရ MNDAA နှင့် TNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များကို အကြမ်းဖက်အုပ်စုများအဖြစ်ကြေညာခဲ့တာဖြစ်ပါတယ်။

ယင်းအပြင် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၄ ဖြင့် ULA/AA သောင်းကျန်းသူအဖွဲ့ကိုအကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းခြင်းကိုပယ်ဖျက်၍ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာကြောင်း အမိန့်ကြော်ငြာစာမှာဖော်ပြထားပါတယ်။

အဆိုပါအဖွဲ့များသည်  “အများပြည်သူ၏လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အုံ၊ ယာဉ်၊ စက်ပစ္စည်း ကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်ထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အများပြည်သူ အသုံး  ပြုလျက်ရှိသည့် လမ်း၊တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကိုသတ်ဖြတ်ခြင်း၊ အတင်းအဓ္ဓမလူသစ်စုဆောင်းခြင်း၊နိုင်ငံတော်ပိုင် အဆောက်အအုံ၊  ယာဉ်၊စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များ ကို လုပ်ဆောင်   ကျူးလွန်လျက်ရှိကြကြောင်းနှင့် နိုင်ငံတော်အတွင်းအခြေပြု၍ နိုင်ငံတော်ကို အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိကြောင်း” အမိန့်ကြေညာစာများတွင်ဖော်ပြပါရှိသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မ ၇၂၊ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြေညာစာများကို ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။

@ymg/knl