#World_Health
Published 15 September 2023
သင့်ကလေးရဲ့ နှာခေါင်းပေါက်ထဲ အရာဝတ္ထုတစ်ခုခု ဝင်သွားခဲ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာကို Tiny Hearts ပညာပေးအဖွဲ့မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက အကြံဉာဏ်မျှဝေ လိုက်ပါတယ်။
ကလေးရဲ့နှာခေါင်းထဲ လစ်သီယံဘက်ထရီလိုပစ္စည်း ဝင်သွားခဲ့မယ်ဆိုရင် အဆိပ်သင့်အရေးပေါ်ဌာနထံ ချက်ချင်းဆက်သွယ်ရမှာ ဖြစ်ပါတယ်။
နှာခေါင်းထဲ အရာဝတ္ထုတစ်ခုခု ဝင်သွားတဲ့ကလေးကို အာဘွားအကြီးကြီးပေးပြီး ကုသနိုင်မယ်လို့ Tiny Hearts ပူးတွဲတည်ထောင်သူ နစ်ကီဂျာကက်ဇ်က ပြောပြခဲ့ပါတယ်။
၂ စက္ကန့်သာကြာတဲ့ ကုသနည်းလမ်းက အရေးပေါ်ဌာနအထိ သွားစရာမလိုပါဘူး။
ဒီနည်းလမ်းကတော့ ပစ္စည်းမရှိတဲ့ နှာခေါင်းပေါက်ကို ပိတ်ပြီး ပါးစပ်ထဲသို့ လေမှုတ်ထည့်ပေးရတာပဲ ဖြစ်ပါတယ်။
ထိုလေက အသက်ရှူလမ်းကြောင်းကနေ ဖြတ်ပြီး အရာဝတ္ထုကို ထွက်သွားစေမှာ ဖြစ်ပါတယ်။
ထိုနည်းလမ်းအတိုင်းပြုလုပ်ဖို့ လိုအပ်တဲ့ အဆင့် ၄ ဆင့်ကတော့..
၁ - ကလေးကို စိတ်ငြိမ်အောင် ထိန်းပေးပါ
၂ - တည့်မတ်စွာထိုင်ခိုင်းပြီး ပါးစပ်ကိုပိတ်ထားခိုင်းပါ
၃ - ကလေးရဲ့ပါးစပ်ကို ဖွင့်ခိုင်းကာ သင့်ပါးစပ်ဖြင့်လုံနေအောင် ညင်သာစွာတေ့ထားပါ ၄ - လက်တစ်ချောင်းဖြင့် အရာဝတ္ထုမရှိတဲ့ နှာခေါင်းပေါက်ကို ပိတ်ထားကာ ပါးစပ်ထဲသို့ လေမှုတ်ထည့်လိုက်ပါ။
လေမှုတ်ထည့်ရာမှာ ညင်သာရန်နဲ့ အကြိမ်အနည်းငယ်မျှ စမ်းကြည့်ပြီးနောက် အရာဝတ္ထု မထွက်ဘူးဆိုပါက ဆရာဝန်ထံ သွားရောက်ပြသသင့်ကြောင်း အကြံပြုထားပါတယ်။
လေမှုတ်ထည့်တဲ့အခါ ဆတ်ကနဲ မှုတ်ထည့်လိုက်ရမှာ ဖြစ်ပါတယ်။
နားစည်နဲ့ အသက်ရှူလမ်းကြောင်း အောက်ပိုင်းတို့ကို ထိခိုက်နိုင်တဲ့ အန္တရာယ်ရှိပေမယ့် ဒီလိုအဖြစ်မျိုး တစ်ခါမှ မကြားဖူးဘူးလို့ အဖွဲ့က ရှင်းပြထားပါတယ်။
ဒီနည်းလမ်းဟာ နှာခေါင်းထဲမှာ နှစ် ၂၀ ကြာအောင် ပုတီးလုံးပိတ်နေခဲ့တဲ့ ဂျော်ဂျီယာမှ အမျိုးသမီးတစ်ဦးက သူ့နှာခေါင်းထဲကနေ မှုတ်ထုတ်နိုင်ခဲ့တဲ့ ဖြစ်ရပ်ကနေ အကြံရခဲ့တာ ဖြစ်ပါတယ်။
#World_Health #ညပ်နေသောအရာဝတ္ထုကိုဖယ်ထုတ်နိုင် #အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့
Source: New York Post
#Local_News
Published _15 September 2023
စစ်ကိုင်းမြို့နယ်တွင် ရဲအရာရှိနှင့် မိသားစုပစ်ခတ်ခံရ ၊ ဇနီးမောင်နှံသေဆုံးကာ၂ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရပြီး အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့ နယ်၊ တံတားဦးလေဆိပ်တာဝန်ကျ ရဲအရာရှိတစ်ဦးက စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ၎င်း၏ဇနီး၊ (၉)နှစ်အရွယ် သမီးတစ်ဦးနှင့် (၂)နှစ်အရွယ်သားတစ်ဦးတို့နှင့်အတူ Honda Fit အမျိုးအစား မော်တော်ယာဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာ၌ နေထိုင်သည့် မိဘများအား သွားရောက်ကန်တော့ကာ ညနေပိုင်းတွင် တံတားဦးလေဆိပ်သို့ပြန်ရန်အတွက် ကျေးရွာရှိ “ရွှေဘုံသာ”ဘုန်းကြီးကျောင်းအနီး၌ ရပ်တန့်ထားသည့် ၎င်းတို့၏ မော်တော်ယာဉ်သို့ သွားရောက်စဉ် မော်တော်ယာဉ်အနီးရောက်ရှိစဉ် လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းပစ်ခတ်မှုကြောင့် ရဲအရာရှိမှာ လက်နက်ငယ်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး (၂)နှစ်အရွယ်သားဖြစ်သူတွင် တင်ပါးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရဲအရာရှိ၏ဇနီးအား မော်တော်ယာဉ်ဖြင့် သလွန်ဖြူကျေးရွာအနောက်ပိုင်းဘက်သို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ၎င်း၏ရုပ်အလောင်းကို ပြန်လည်သယ်ဆောင်၍ အခင်းဖြစ်နေရာ၌ ချထားကာ မော်တော်ယာဉ်ကို မောင်းနှင်ယူဆောင်သွားခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက်မှုကျူးလွန်သူများအား ဥပဒေ နှင့်အညီ ထိရောက်စွာ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Local_News #ရဲအရာရှိနှင့် မိသားစုပစ်ခတ်ခံရ #ကလေးတစ်ဦးဒဏ်ရာရ
#Yangon_Times/PP
#World_Science
Published 15 September 2023
သိပ္ပံပညာရှင်တွေက နေစကြဝဠာအပြင်ဘက်မှာ လည်ပတ်နေတဲ့ ဂြိုဟ်တစ်ခုမှာ သက်ရှိများ ရှိနေနိုင်တယ်ဆိုတဲ့ လက္ခဏာများ တွေ့ရှိခဲ့ကြပါတယ်။
ဒီဂြိုဟ်က ရေများရှိနေကာ နေစကြဝဠာအပြင်ဘက်ကနေ အနီရောင်ပျပျရှိနေတဲ့ ဂြိုဟ်မွှားတစ်ခုကို လည်ပတ်နေတယ်လို့ ယုံကြည်နေကြပါတယ်။
ထိုပြင်ပဂြိုဟ်ကို K2-18b လို့အမည်ပေးထာကာ အလင်းနှစ် ၁၂၀ ခန့်ဝေးကွာပြီး ဟိုက်ဒရိုဂျင်ကြွယ်ဝတဲ့ လေထုပါရှိတဲ့ သမုဒ္ဒရာဂြိုဟ်ဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ မီသိန်းတို့ ရှိနေပေမယ့်လည်း အခြားဓာတုတစ်မျိုးရှိနေခြင်းက သိပ္ပံပညာရှင်တွေ စိတ်ဝင်စားစေတာ ဖြစ်ပါတယ်။
ဟိုင်ရှန်ဂြိုဟ်တွေမှာ တွေ့ရနိုင်တဲ့ ဒိုင်မီသိုင်းလ်ဆာလ်ဖိုက်ဒ်တွေ ရှိနေနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
ကွဲပြားခြားနားတဲ့ ပတ်ဝန်းကျင်မှာ သက်ရှိတွေရှာဖွေခြင်းနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ တွေ့ရှိချက်ဖြစ်ကြောင်း ကိမ်းဘရစ်ချ်တက္ကသိုလ်မှ နက္ခတ္တဗေဒပညာရှင် နစ်ကူမာဒူဆူဒန်က ပြောပြသွားပါတယ်။
လက်ရှိတွေ့ရှိချက်တွေကို ဂျိမ်းစ်ဝက်ဘ်အာကာသ တယ်လီစကုပ်မှ NIRSpec နဲ့ NIRISS ကိရိယာများဖြင့် အသုံးပြုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါဂြိုဟ်မှာ ကာဗွန်မော်လီကျူး၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းတို့ရှိနေနိုင်တဲ့ အထောက်အထားများ တွေ့ရှိတဲ့အပြင် အလင်းတန်းရောင်ခြည်ဖြင့် ကြည့်ရှုရာမှာလည်း ဒိုင်မီသိုင်းလ်ဆာလ်ဖိုက်ဒ် ရှိနေနိုင်တဲ့ အနေအထားကို မြင်တွေ့ခဲ့ရပါတယ်။
K2-18b လေထုထဲမှာ ဒိုင်မီသိုင်းလ်ဆာလ်ဖိုက်ဒ် သိသိသာသာ အမှန်တကယ် ပါဝင်နေသလားဆိုတာ အတည်ပြုနိုင်ဖို့ နောက်ထပ်လေ့လာမှုများ ပြုလုပ်သင့်ကြောင်း မာဒူဆူဒန်က ပြောပြခဲ့ပါတယ်။
ထိုပြင်ပဂြိုဟ်ဟာ ကမ္ဘာမြေဂြိုဟ်နဲ့ သိပ်ပြီးမဝေးကွာဘဲ ကမ္ဘာဂြိုဟ်ထက် ပိုမိုကျယ်ပြန့်လေးလံပါတယ်။
အပူချိန်က အရည်တည်ရှိနေနိုင်ကာ သက်ရှိများ နေထိုင်ရှင်သန်နိုင်တဲ့ အနေအထားရှိပြီး သူ့ရဲ့ကြယ်ဂြိုဟ်ကို လှည့်ပတ်နေပါတယ်။
၂၀၁၉ ခုနှစ်ကလည်း ထိုဂြိုဟ်ကို အဖွဲ့နှစ်ဖွဲ့မှ တွေ့ရှိခဲ့ကာ သတင်းမီဒီယာတွေမှာ နေရာယူသွားခဲ့ပါတယ်။
#World_Science #နေစကြဝဠာ #သိပ္ပံပညာရှင်
Source: WION
၁၄ စက်တင်ဘာ ၂၀၂၃
ဓာတ်ရောင်ခြည် စိုးရိမ်မှုများ ကြောင့် ပြင်သစ် နိုင်ငံက အိုင်ဖုန်း ၁၂ ရောင်းချ မှု ကို တားမြစ် ခြင်း သည် ဥရောပ တစ်လွှား သက်ရောက် မှု များ ရှိ နိုင် သည် ဟု ၊ ဘယ်လ်ဂျီယံ ၊ ဂျာမနီ နှင့် နယ်သာလန် ရှိ အာဏာပိုင်များက သတိပေးခဲ့ပါတယ်။
အက်ပဲလ်၏ ပြန်လည်ပြုပြင်ပေးမှုများ အလုပ်မဖြစ်လျှင် ပြင်သစ် နိုင်ငံ ရှိ အိုင်ဖုန်း ၁၂ ဖုန်း အားလုံး ကို ပြန်လည်သိမ်းဆည်းပေးရမည်ဟု ၊ ပြင်သစ်နိုင်ငံ ၏ အမျိုးသား ဆက်သွယ်ရေးလှိုင်းအေဂျင်စီ ( ANFR) က အင်္ဂါ နေ့ တွင်ပြောကြားပါတယ်။ အိုင်ဖုန်း ၁၂၏ လျှပ်စစ်သံလိုက်လှိုင်း ဓာတ်ရောင်ခြည်က ၄၀ရာခိုင်နှုန်းရှိနေကြောင်း တွေ့ရှိရပြီး ယင်းက တရားဝင်ကန့်သတ်သတ်မှတ်ချက်ထက် ကျော်လွန်နေတာဖြစ်ပါတယ်။
ဒတ်ခ်ျ ဒစ်ဂျစ်တယ် စောင့် ကြည့် ရေး အဖွဲ့ က ယင်း သည် ANFR အစီရင်ခံ စာ ကို ကြည့်ရှု ခဲ့ပြီး အမေရိကန် နည်းပညာ ကုမ္ပဏီထမှ ရှင်းပြချက် တစ် ခုကို စောင့်နေသည်ဟု ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။
"စံနှုန်းကို ကျော်လွန်သွားပြီ။ ကံကောင်းတာက ကြီးမားတဲ့ လုံခြုံ ရေး အန္တရာယ် မရှိပေမယ့် ကျွန်တော် တို့ အနေနှင့် ထုတ်လုပ်သူ နှင့် မကြာမီ ဆွေးနွေး မှု တစ်ခုလုပ်ပါမယ်" လို့ နယ်သာလန် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံစစ်ဆေးရေးအဖွဲ့ (အာရ်ဒီအိုင်)က ဒတ်ချ် သတင်းစာ အယ်လ်ဂီမင်းဒက်ဘလက်ကို ပြောပါတယ်။
"နယ်သာလန်နိုင်ငံဟာ ပြင်သစ်လိုပဲ မိုဘိုင်းလ်ဖုန်းတွေကို ဘေးကင်းစွာ အသုံးပြုဖို့ အရေးကြီးတယ်။ မိုဘိုင်းလ်ဖုန်းတွေက ဥရောပစံနှုန်းတွေကို လိုက်နာရမယ်”
ဘယ်လ်ဂျီယံ နှင့် ဂျာမနီ တို့ သည် ကြာသပတေးနေ့တွင် သူတို့ရဲ့ ကိုယ်ပိုင် ထုတ်ပြန်ချက်များကို လိုက်ပါထုတ်ပြန်ခဲ့ပြီး ၊ ပြင်သစ် လုပ်ထုံးလုပ်နည်း သည် ဥရောပ တစ် ခု လုံး အတွက် လမ်းညွှန်ချက်တစ်ခုဖြစ်နိုင်တယ်ဟု ကွန်ယက်အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
ပြင်သစ်နိုင်ငံဒစ်ဂျစ်တယ် စီးပွားရေး အငယ်တန်း ဝန်ကြီး ၊ ဂျင်း-နိုရယ် ဘာရော့ က ANFR ၏ အချက်အလက် များ ကို အခြား အီးယူ အဖွဲ့ဝင်နိုင်ငံ များကို ဝေမျှပေးမယ်လို့ပြောကြားပါတယ်။အဲသလိုသာဆိုရင် အက်ပဲလ်အတွက် အခြေအနေတွေပိုကြီးထွားလာစေဖို့ ဦးတည်သွားနိုင်ပါတယ်။
" အက်ပဲလ်အနေနှင့် နှစ်ပတ်အတွင်း တုံ့ပြန်လိမ့်မယ်လို့မျှော်လင့်ပါတယ်” လို့ သူက ပြင်သစ်သတင်းစာ လီ ပါရီဆန်ကို ပြောခဲ့ပါတယ်။
"သူတို့က တုန့်ပြန်ဖို့ပျက်ကွက်ခဲ့ရင် အိုင်ဖုန်း ၁၂ အားလုံးကို ပြန်သိမ်းဆည်းဖို့အတွက် အမိန့်ထုတ်ဖို့ ကျွန်တော်ပြင်ဆင်ထားပါတယ်။ ဒီဂျစ်တယ်ဘီလူးကြီးတွေအပါအဝင် အားလုံးအတွက် စည်းမျဉ်းက အတူတူပါပဲ” လို့သူကပြောပါတယ်။
အင်္ဂါ နေ့ တွင် အိုင်ဖုန်း ၁၅ စတင်ရောင်းချ ပြီးနောက် အိုင်ဖုန်း ၁၂ စမတ်ဖုန်းအတွဲများကို ရပ်ဆိုင်း ရန် စီစဉ်ထားပြီးဖြစ်ပါတယ်။ အဲဒီအတွက် အိုင်ဖုန်းအရောင်းအပေါ် သိသိသာသာ သက်ရောက်မှုမရှိတဲ့သဘောပါ။
သို့သော် အဖြေရှာမရ၍ ဥရောပတိုက်အနှံ့ ဖုန်းများကို ပြန်သိမ်းဆည်းပါက ယင်းသည် ကမ္ဘာ့အချမ်းသာဆုံးကုမ္ပဏီအတွက် သိသာတဲ့ အကျိုးသက်ရောက်မှုဖြစ်စေပါလိမ့်မယ်။
Source Independent
လာအိုနိုင်ငံမှာ တရုတ်နဲ့ ပူးပေါင်းဝင်ရောက်စီးနင်းမှုလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ တနင်္လာနေ့အထိ ဖုန်းဆက်သွယ်ပြောဆိုလိမ်လည်မှု ကျူးလွန်သူ ၁၇၉ ဦး ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
Published_ 14 September 2023
#ဖုန်းဆက်သွယ်လိမ်လည်မှု #ဒုစရိုက်ဂိုဏ်များ #လာအိုနှင့်တရုတ်ရဲတပ်ဖွဲ့များ
#Asia_Crime
#Daily_News
Published_ 14 September 2023
၁။ ရန်ကုန်ရှိ ပုဂ္ဂလိကကျောင်းအများစု သတ်မှတ်ထားသည့်စာသင်ခန်း အကျယ်အဝန်းမရှိ၍ ပြန်လည်ပြုပြင်ဖွင့်လှစ်ရမည်ဟုဆို
၂။ ထန်းတက်လုပ်သား နည်းလာခြင်းကြောင့် ကုန်ကြမ်းရှားလာတဲ့ ထန်းလျက်ဈေးကွက်
၃။ မုတ်သုန်ဆုတ်ခွာချိန်စပြီဖြစ်၍ ကချင်စသည့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးသက်လေပြင်းတိုက်ခတ်နိုင်
၄။ ဖုန်းဆက်သွယ်လိမ်လည်မှုများနှင့် ဒုစရိုက်ဂိုဏ်များကို လာအိုနှင့်တရုတ်ရဲတပ်ဖွဲ့များပူးပေါင်းနှိမ်နင်း.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
မကာအိုဟုဆိုကာ OWIC ပြုလုပ်ခွင့်တင်ပြီး အခြားနိုင်ငံများသို့ တရားမဝင်သွား နေကြကြောင်း ကြားသိရတဲ့အတွက် စာရွက်စာတမ်းများ အတုအစစ်ကို သေချာစိစစ်သွားမည်ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှု ဦးစိုးနိုင်က အခုလို
ပြောပါတယ်
Published_ 14 September 2023
#OWIC ကတ် #စာရွက်စာတမ်းအတုပြုလုပ်
#YMG/LW #Yangon_Times
#Local_News
Published_ 14 September 2023
NGO/INGO များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၄ ရက်တွင် နေပြည်တော်ရှိ Hotel Max ၊Kumudra Ballroom ၌ ကျင်းပရာ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တက်ရောက်ခဲ့ပါတယ်။
ဦးစွာဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အလုပ်ရုံဆွေးနွေးပွဲသည် အသင်းအဖွဲ့များ အနေဖြင့် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်ချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းပေးနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် ကျေးလက်ဒေသများ၊ နယ်စပ်ဒေသ များ၊ ဝေးလံခေါင်သီသော ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသင်းအဖွဲ့များ၏ အားကိုရယူရကြောင်း၊ အသင်းအဖွဲ့များကလည်း ဥပဒေနှင့်အညီ အကူအညီပေးနိုင်ရန်အတွက် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။
ထို့ပြင် မှတ်ပုံတင်လျှောက်ထားရာ၌ အစိုးရဌာနအဖွဲ့အစည်းများ၏ ထောက်ခံချက်များရယူရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် ဌာနအဖွဲ့အစည်း၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး မြန်ဆန်စွာဆောင်ရွက်ပေးဖို့ ပြောကြားပါတယ်။
မြန်မာနိုင်ငံရှိ အသင်းအဖွဲ့များ၏ အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်မှုအပေါ် အကဲဖြတ်သတ်မှတ်သည့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့၏ နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်မှု အစီရင်ခံစာအရ ပရဟိတအဖွဲ့အစည်းများသည် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ရာ၌ အသုံးချခံရနိုင်ခြေများသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ စံနှုန်းများကို လိုက်နာဆောင်ရွက်မှု အားနည်းသည်ဟု သတ်မှတ်ခံထားရတယ်လို့ ဆိုပါတယ်။
ထို့ကြောင့် အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက INGO/ NGO များကို အသုံးချပြီး တရားမဝင်ကိစ္စရပ်များအတွက် ထောက်ပံ့မှုများ မဖြစ်စေရန်လည်း လိုအပ်ပါကြောင်း၊ ထိုကြောင့် INGO နှင့် NGO များအနေဖြင့် အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့် အညီဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ယင်းနောက် တာဝန်ရှိသူများက အသင်းအဖွဲ့မှတ်ပုံတင်လျှောက်ထားခြင်း၊ ပရဟိတအသင်းအဖွဲ့များနှင့် သက်ဆိုင်သည့်ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားကြပြီး အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာကြတဲ့ အသင်းအဖွဲ့များမှတာဝန်ရှိသူများက NGO/INGO များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေး သိရှိလိုသည်များကို မေးမြန်းအကြံပြုဆွေးနွေးကြရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ပြည်ထောင်စု မှတ်ပုံတင်ရေးအဖွဲ့အတွင်းရေးမှူးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn #Local_News #NGO/INGO #မှတ်ပုံတင်ခြင်းလုပ်ငန်း #အလုပ်ရုံဆွေးနွေးပွဲ
#Yangon_Media_Group
‘မိုးနှောင်းကာလဖြစ်သော်လည်း ချောင်းသာကမ်းခြေကိုလာရောက်သူနေ့စဉ် ရာချီရှိနေသလို ကမ်းခြေဟိုတယ်တွေအနေနဲ့ ပွင့်လင်းရာသီအတွက်ကြိုတင်ပြင်ဆင်တာတွေလည်းဆောင်ရွက်လျက်ရှိတယ်’ ချောင်းသာဒေသခံဧည့်လမ်းညွှန်တစ်ဦး
Published_ 14 September 2023
#ချောင်းသာကမ်းခြေ #မိုးနှောင်းကာလ #ပွင့်လင်းရာသီ
#tthl #Yangon_Times
‘အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ မိုးသက်လေပြင်းတိုက်ခတ်တာ၊မိုးသည်းထန်တာ၊ မိုးကြိုးပစ်တာ တွေဖြစ်ပွားနိုင်တဲ့အတွက်သတိထားဖို့လိုအပ်တယ်’
ဦးလှထွန်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး
Published_ 14 September 2023
#မုတ်သုန်ဆုတ်ခွာ #မိုးသက်လေပြင်းတိုက်နိုင်
#tthl
#Yangon_Times
#Local_News
Published_ 14 September 2023
Taxi များ အဖြူရောင် ဆိုင်းဘုတ်မီးအိမ် တစ်ပြေးညီ တပ်ဆင်ရမည်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)က ယနေ့ စက်တင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသည့် City Taxi များ၏ Taxi Board များမှာ အရွယ်အစားအမျိုးမျိုး၊ အရောင်အမျိုးအမျိုး၊ ထားရှိသည့်နေရာအမျိုးမျိုးဖြင့် ကွဲပြားစွာတပ်ဆင်ပြေးဆွဲ သွားလာနေသဖြင့် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်မှုရှိစေရေး၊ ပြဋ္ဌာန်းထား သည့် ဥပဒေ၊ နည်းဥပဒေနှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီဖြစ်စေရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုနည်းဥပဒေ အပိုဒ် ၂၇၃ (က) အရ “အမိုးတွင်ဆေးနီဖြင့်ရေးသားထားသော “TAXI” စာသားကို မြင်နိုင်စေသည့် အဖြူရောင်ဆိုင်းဘုတ်မီးအိမ်တပ်ဆင်ထားရမည်” ဟူသည့် နည်းဥပဒေအတိုင်း တစ်ပြေးညီ တပ်ဆင်ပြေးဆွဲရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
Taxi Board ၏ အရွယ်အစားများမှာ အောက်ခြေအလျား ၁၀ လက်မ၊ အပေါ် အလျား ၉ လက်မ၊ အောက်ခြေအကျယ် ၅ လက်မ၊ အပေါ်အကျယ် ၂ လက်မနှင့် အမြင့် ၃ လက်မ ဖြစ်ပြီး အဆိုပါ Taxi Board ကို ခေါင်မိုးပေါ်မှန်ထိပ်မှ ၁ပေအကွာ ဘယ် ၊ ညာ ညီညာစွာ တပ်ဆင်ထား ရှိရမည်ဖြစ်ကြောင်းသိရသည်။
ယင်းကို စက်တင်ဘာလ ၁၀ ရက်မှ ဒီဇင်ဘာလ ၈ ရက်ထိ ပညာ ပေးကာလအဖြစ်သတ်မှတ်၍ ပညာပေးကာလရက်ပေါင်း (၉၀) ပြီးဆုံးသည့် နောက်တစ်နေ့ ဒီဇင်ဘာလ ၉ ရက်မှစတင်၍ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၉၆ အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း YRTC ၏ ထုတ်ပြန်ချက်အရ သိရသည်။
#Local_News #Taxi #အဖြူရောင်ဆိုင်းဘုတ်မီးအိမ်
#Yangon_Times/PP
#Local_News
Published_ 14 September 2023
ဝတ်မှုန်ရွှေရည်နှင့်ရုပ်ဆင်တူသည့် TikTokဆယ်လီ သရုပ်ဆောင်၊Makeup Artist သျှားမင်းပိုင်မိသားစုနှင့်အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေကြောင်း သူ၏သူငယ်ချင်းလည်းဖြစ်ဓာတ်ပုံဆရာလည်းဖြစ်သူတစ်ဦးထံမှ သိရသည်။
သျှားမင်းပိုင်ပျောက်ဆုံးနေသည်မှာ စက်တင်ဘာလ(၉)ရက်မှ စပျောက်ဆုံးခြင်းဖြစ်ပြီး ယခုစက်တင်ဘာလ(၁၄)ရက်ဆိုရင် ငါးရက်ရှိပြီဖြစ်သည်။
"သူ့ဇာတိက မြန်အောင်ကပါ။ ရန်ကုန်ကို အလုပ်အတွက်လာရောက်တာပါ။ အင်းစိန်မုဒိတာအိမ်ရာက သူငယ်ချင်းတွေဆီသွားရင်း သူရော သူ့သူငယ်ချင်းတွေပါပျောက်ဆုံးသွားတာပါခင်ဗျ။ သူ့မိသားစုဝင်တွေကတော့ လူပျောက်အမှုဖွင့်ထားလားတော့ မသိပါဘူးခင်ဗျ။ စက်တင်ဘာ ၉ ရက် ညနေပိုင်းကတည်းက အားလုံးနဲ့ အဆက်အသွယ်ပြတ်နေတာပါ။ မိသားစုဝင်တွေရော သူငယ်ချင်းတွေရော အားလုံးလည်း စိတ်ပူနေကြပါတယ်"ဟု သျှားမင်းပိုင်၏သူငယ်ချင်းဖြစ်သူက YMG ကို အတည်ပြုပြောသည်။
သျှားမင်းပိုင်၏ ဓာတ်ပုံဆရာ၊ အတူသရုပ်ဆောင်ကြသည့်အနုပညာရှင်များ၏ Page တွင်လည်း ပျောက်ဆုံးနေကြောင်း တင်ထားပြီး ဖုန်းအဆက်အသွယ်စာအဆက်အသွယ်မရသေးသဖြင့် စိတ်ပူနေကြောင်း၊ အမြန်ဆုံးပြန်ဆက်သွယ်ရန်နှင့် တွေ့ရှိသူများအနေဖြင့် ဖုန်း0978667385 သိုဆက်သွယ်ပေးရန် ဖော်ပြထားကြောင်းလည်း သိရသည်။
#tthl #Local_News #ဝတ်မှုန်ရွှေရည်နှင့်ရုပ်ဆင်တူ #TikTok ဆယ်လီ #ပျောက်ဆုံးနေ
#Yangon_Times
Page 736 of 1670