#Local_News
Published_ 16 March 2024
ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေသဘင်ပွဲတော်ကျင်းပနိုင်ရေးအတွက် မြို့တော်ခန်းမရှေ့၌ မဟာသင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင် ရွက်လျက်ရှိကြောင်းရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရသည်။
ယင်းကဲ့သို့လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများက မတ်လ(၁၅)ရက်တွင်ကြည့်ရူစစ်ဆေးခဲ့သည်။
ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပနိုင်ရေးအတွက် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်း၊ မြို့တော်ခန်းမရှေ့ မဟာသင်္ကြန် ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ် တည်ဆောက်နေမှုလုပ်ငန်းအားကြည့်ရှုစစ်ဆေးပြီး မဏ္ဍပ်များကြံခိုင်ကောင်းမွန်အောင်တည်ဆောက်ရေး၊ ယာဉ်သွားလာမှုအနှောင့်အယှက်မဖြစ်စေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထား ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#Local_News #သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ် #ရေကစားမဏ္ဍပ်တည်ဆောက်ရေး #tthl #Yangon_Times
နေ့အပူချိန်တွေကြောင့် အပူရှပ်တာ၊ အပူကြောင့် သတိလစ်ပြီး အသက်ဆုံးရှုံးတာ၊ အပူကြောင့်နွမ်းနယ်တာ၊ နှာစေး၊ချောင်းဆိုး၊ ဖျားနာတာနဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကင်ဆာဖြစ်တာနဲ့မျက်စိကွယ်တာတွေဖြစ်နိုင်လို့ အထူးသတိပြုကာကွယ်ကြဖို့ လိုအပ်တယ်။ မကွေးတိုင်း၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း
#Local_News
Published_ 16 March 2024
#နွေရာသီအားလပ်ရက် #ခရမ်းလွန်ရောင်ခြည်အန္တရာယ်
#tthl #Yangon_Times
'အခုနှစ်ရာသီဥတုကောင်းတော့ သရက်ပင်တွေ ရောဂါမကျဘူး၊ ဆေးမဖြန်းတဲ့အတွက်အစေးပေါက်တဲ့ ပြဿနာတွေ၊ ရောဂါဆိုတာထက် ပိုးကျနေတာပေါ့၊ လှေး၊ ဖြုတ်ကျတာတွေများနေတယ်'
#Local_News
Published_ 16 March 2024
#အရည်အသွေးကျဆင်းနိုင် #သရက်ပင်ပိုးမွှားများကျရောက်
#YMG/NN #Yangon_Times
ဇရပ်ကြီးကအချို့စစ်ဘေးရှောင် ပြည်သူတွေဟာ စိုက်ပျိုးထားတဲ့ သီးနှံတွေပျက်စီးဆုံးရှုံးမှာ စိုးရိမ်တဲ့ အတွက် နေအိမ်တွေကို ပြန်သွားကျပေမယ့် နယ်မြေမအေးချမ်းသေးတာကြောင့် လက်ရှိမှာတော့ တောင်ငူရှိစစ်ဘေးရှောင်စခန်းတွေကို ပြန်လည်ရောက်ရှိလာသလို ကျောက်ကြီးမုန်းနဲ့ အခြားဒေသတွေက လာရောက်စစ်ရှောင်တဲ့ သူတွေကြောင့် တောင်ငူမြို့နဲ့ မြို့တစ်ဝိုက်စစ်ဘေးရှောင်ပြည်သူထပ်တိုးလာတယ်လို့ တောင်ငူမြို့ရှိ ဒေသခံ ပရဟိတအသင်းတွေထံက သိရပါတယ်။
#Local_News
Published_ 16 March 2024
#စစ်ဘေးရှောင်ပြည်သူတိုးလာ #စားနပ်ရိက္ခာလိုအပ်မှုတွေရှိ
#YMG/LW #Yangon_Times
#Local_News
Published_ 16 March 2024
မုဒုံမြို့နယ်တွင် မေတ္တာစံအိမ်ဘိုးဘွားနေ့စောင့်ရှောက်ရေးကော်မတီနှင့် မုဒုံမြို့နယ်မီးသက်ဦးစီးဌာနတို့ပူးပေါင်းပြီး ကလေးငယ်များကို အခမဲ့ရေကူးသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မေတ္တာစံအိမ် ရေကူးသင်တန်းအပတ်စဉ်(၇)ဖွင့်လှစ်ထားပြီး အဆိုပါသင်တန်းသို့ကလေးလူငယ် (၅၃)ယောက်သင်ကြားလျက်ရှိသည်ဟု ဆိုသည်။
မေတ္တာစံအိမ် ရေကူးသင်တန်းအပတ်စဉ်(၇)ဖွင့်လှစ်ပွဲ အခမ်းနားပြုလုပ်ခဲ့ပြီးမုဒုံမြို့နယ်ဘိုးဘွားရိပ်သာဥက္ကဌဦးလှသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ မုဒုံမြို့နယ်မီးသက်ဦးစီးမှူးဦးဖုန်းမြင့်ဦးမှရေကူးနည်းစနစ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက်မေတ္တာစံအိမ်ဘိုးဘွားနေ့စောင့်ရှောက်ရေး နာယကဒေါက်တာမြင့်ဦးမှ ရေကူးသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#Local_News #အခမဲ့ရေကူးသင်တန်းပေး #tthl #Yangon_Times
#Local_News
Published_16 March 2024
AA က စစ်တွေမြို့ပေါ်ရှိ လူနေရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှု ၁၃ ကြိမ် ရှိနေပြီဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယနေ့မတ်လ ၁၆ ရက် နံနက် ၁ နာရီခန့်အချိန် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ လူနေရပ်ကွက်များအတွင်းသို့ AA အဖွဲ့က ပုဏ္ဏားကျွန်းဘက်မှ လက်နက် ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ စက်ရုံစု(၂)၊ ကုန်းဘောင်ရပ်ကွက်အတွင်းရှိ လူ နေအိမ်တစ်ခုအနီး ကျရောက်ပေါက်ကွဲခဲ့သ ည့်အတွက် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယင်းကြောင့် ဒဏ်ရာရသူများအား ပြည်နယ်အစိုးရ တာဝန်ရှိသူများကစစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၅၀၀)သို့ အရေးပေါ်ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင် သိသည်။
AA အဖွဲ့အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် စစ်တွေတပ်နယ်အတွင်းရှိ ကျေးရွာများသို့လည်း ကောင်း၊ ဖေဖော်ဝါရီ လ ၂၉ ရက် နံနက် ၈ နာရီခန့်တွင် စစ်တွေမြို့၊ မြို့မဈေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယားဆိပ်ကမ်းဈေးအတွင်းသို့လည်းကောင်း၊ မတ်လ ၉ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် စစ်တွေမြို့၊ ကသဲရပ်ကွက်အတွင်းသို့လည်းကောင်း၊ မတ်လ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်တွေမြို့နယ်၊ ပါဒလိပ် ကျေးရွာရှိ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းအနီးသို့လည်းကောင်း၊ မတ်လ ၁၃ ရက် နံနက် ၉ နာ ရီခွဲခန့်တွင် စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာအတွင်းရှိ စာသင်ကျောင်းကိုလည်းကောင်း လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
AA ကမြို့၊ ရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူ ၁၈ ဦး သေဆုံးပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူ နှစ်ဦးအပါအဝင် ၄၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။



#Local_News #လက်နက်ကြီးဖြင့်ပစ်ခတ်မှု၁၃ကြိမ် #နစကထုတ်ပြန် #Yangon_Times/PP
#Local_News
Published 16 March 2024
ပြင်ပရွှေဝယ်ရောင်း လုပ်သူများနှင့်ရွှေဆိုင်များ အားလုံးသည်YGEA ရဲ့ သတ်မှတ်စျေးနှုန်းအောက်တွင်သာ အရောင်းအဝယ်ပြုလုပ်ရန်နှင့် မပြုလုပ်နိုင်ပါက ရွှေအရောင်းဝယ်ရပ်ထားရန် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက မတ်လ ၁၆ရက်တွင် အထူးသတိပေးကြေညာလိုက်သည်။
ကောလဟာလ အခြေအမြစ်မရှိသော သတင်းအမှားအမျိုးမျိုးကို အကြောင်းပြု၍ ပြင်ပဈေးကွက်အတွင်း အရောင်းဝယ်လုပ်သူများကရွှေဈေးနှုန်းကို ဈေးကစား၍ ဆွဲတင်ဆွဲချလျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားသည်။
၎င်းဖြစ်စဉ် အကြောင်းအရင်းအမှန်များကို သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ပြင်ပဈေးကွက်တွင် အရောင်းဝယ်ပြုလုပ်သူများ အနေဖြင့်ကောလဟာလများကို အကြောင်းပြုပြီး ဈေးကစားခြင်းမျိုး မပြုလုပ်ရန် အထူးသတိပေးပန်ကြားအပ်ကြောင်း ရေးသားထားသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ယနေ့မတ်လ ၁၆ ရက်နေ့ အကယ်ဒမီမီးလင်းရွှေရွှေဈေးကွက် အဖွင့်ဈေးမှာကျပ် ၃၇၉၄၅၀၀ (ကျပ်သုံးဆယ့်ခုနှစ်သိန်းကိုးသောင်းလေးထောင့်ငါးရာ) ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#Local_News #YGEA #ရွှေအရောင်းအဝယ်ရပ်ထားရန် #ရွှေအသင်းအထူးသတိပေး #YMG/LW #Yangon_Times
#Local_News
Published 16 March 2024
ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်ကြက်ဘဲဈေးသို့ ဝင်ရောက်သည်အသားတိုးကြက်ခြံဖမ်းဈေးများ ယခုလအတွင်းဈေးနှုန်းများ ပြန်ကျလာကြောင်း မင်္ဂလာတောင်ညွှန့်ကြက်ဘဲဈေးမှ သိရသည်။
ထိုသို့ကျဆင်းရာတွင် ယခင်လက အသားတိုးကြက်ခြံ ဖမ်းဈေးတစ်ပိဿာလျှင် ၈၀၀၀ကျပ်အထိရှိလာခဲ့ရာယနေ့တွင် ကျပ် ၆၈၀၀ သို့ ကျဆင်းလာကြောင်း သိရသည်။
"အသားတိုးကြက်ခြံဖမ်းဈေးကလက်ရှိတစ်ပိဿာကို ၆၈၀၀ ကျပ်အထိ ကျနေတယ်။ အရင်လကတော့ ကြက်တပိဿာကို ၈၀၀၀ အထိ တက်လာတယ်၊ တခြားဆီမီး ကြက်နီမလည်းနဲ့ ဗမာကြက်ကတော့ပုံမှန်ပါပဲ"ဟု မင်္ဂလာတောင်ညွှန်ကြက်ဘဲဈေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်မြို့မင်္ဂလာတောင်ညွှန့်ကြက်ဘဲဈေးသို့ ယနေ့တွင် အသားတိုးကြက်ပိဿာချိန်ငါးသောင်းခန့်ဝင်ရောက်နေပြီး မြန်မာနိုင်ငံတွင် လူအများဆုံးမွေးမြူသည်မှာ ကြက်မွေးမြူရေးဖြစ်ပြီး စီပီကြက်ဟု အလွယ်ခေါ်ကြသည့် အသားတိုးကြက်၊ ဆီမီးဟုခေါ်သည့် ဒံပေါက်ကြက်နှင့် ဥစားကြက်များ အသက်ကြီးပြီး ဥနှုန်းကျလာ၍ ရောင်းထုတ်ကြသည့် ဥတုံးကြက် ခေါ် ကြက်နီမတို့ဖြစ်ကြသည်။
အဆိုပါကြက်များသည် မွေးမြူပုံနှင့် ဈေးကွက်အနေအထား မတူသည့်တိုင်းရင်းကြက်ခေါ် မြန်မာကြက်လည်းရှိသေးကြောင်း သိရသည်။
မင်္ဂလာတောင်ညွှန့်ကြက်ဘဲဈေးသို့ ရန်ကုန်တိုင်း ဧရာဝတီတိုင်းနှင့်ပဲခူးတိုင်းတို့မှ ကြက်များဝင်ရောက်ပြီး ရန်ကုန်တိုင်းရှိမြို့နယ်အချို့သို့ ပြန်လည်ဖြန့်ဖြူးရောင်းချကြောင်း သိရသည်။
#Local_News #အသားတိုးကြက်ခြံဖမ်းဈေး #ယခုလအတွင်းဈေးပြန်ကျလာ #YMG/ NN #Yangon_Times
#Local_News
Published 16 March 2024
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၉၇/၆) တွင် Suzuki Swift အမျိုးအစားယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိကာရံထားသော ဘယ်ရီယာတုံးများအား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်စခန်းမှ သိရသည်။
မတ်လ၁၅ရက် ည ၇နာရီ ၂၀မိနစ်ခန့်က ဖြစ်ပွားခဲ့ကာ ယာဉ်တိုက်မှုကြောင့်ယာဉ်ပေါ်ပါ အမျိုးသား(၁)ဦး၊ အမျိုးသမီး (၂)ဦး၊ စုစုပေါင်း(၃)ဦးအနက် အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပလွေးအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ပလွေးအမြန်လမ်းမီးသတ်စခန်းပိုင် သူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
#ယာဉ်အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းကိုဝင်တိုက် #၂ဦးထိခိုက်ဒဏ်ရာရ #Local_News #YMG/LW #Yangon_Times
#Local_News
Published_ 16 March 2024
၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုကို ပိုက်ကျော်ခြင်းအားကစားသမားမောင်ဇင်ကိုကိုနှင့်မသန်စွမ်း ပြေးခုန်ပစ်အားကစားသမားမစိန်ဖော့တို့ရရှိခဲ့ကြောင်းသိရသည်။
တစ်နှစ်တာအတွင်း အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု စုစု ပေါင်း ရွှေ(၂)ဆု၊ငွေ(၁)ဆု၊ကြေး(၁)ဆုရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားနည်းမှ မောင်ဇင်ကိုကို ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုရရှိခဲ့ခြင်းဖြစ်သည်။
ယင်းအပြင်အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၂)ခု ဆွတ်ခူးရရှိခဲ့သည့် မသန်စွမ်းအားကစားအဖွဲ့ချုပ် ပြေးခုန်ပစ်အားကစားနည်းမှ မစိန်ဖော့ကိုလည်း ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုချီးမြှင့်ခဲ့သည်။
၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသား/ အမျိုးသမီးအားကစားသမားဆုများကိုပေးအပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခုရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားနည်းမှ မောင်ဇင်ကိုကိုနှင့် အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ် နှစ်ခု ဆွတ်ခူးရရှိခဲ့သည့် မသန်စွမ်းအားကစားအဖွဲ့ချုပ် ပြေးခုန်ပစ်အားကစားနည်းမှ မစိန်ဖော့တို့ကို ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၂၀ စီ ပေးအပ်ချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multi-purpose Hall ၌ ကျင်းပခဲ့ကြောင်း သိရသည်။
#Local_News #'အကောင်းဆုံးအားကစားသမားဆု' #ပြေးခုန်ပစ်ကစားသမားမစိန်ဖော့ #tthl #Yangon_Times
#World_News
Published 16 March 2024
ရုရှားသမ္မတ ဗလာဒီမာပူတင် ပေးတဲ့မော်တော်ကားကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက လူမြင်ကွင်းမှာ စီးပြလိုက်ပြီး နှစ်နိုင်ငံကြား ရင်းနှီးချစ်ကြည်မှု အားကောင်းလာတယ်ဆိုတဲ့ အထောက်အထားကို ထင်ထင်ရှားရှား ဖော်ပြလိုက်တာဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက စနေနေ့မှာ တင်ပြလိုက်ပါတယ်။
စက်တင်ဘာလက ကင်မ်ဂျုံအန်းနဲ့ ပူတင်တို့ ရုရှားမှာ တွေ့ဆုံကာ စစ်ရေးဆက်ဆံမှု မြှင့်တင်ရန် ကတိပြုခဲ့ပြီးနောက် မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်လာပါတယ်။
ယူကရိန်းကို ကျူးကျော်တဲ့ရုရှားအတွက် မြောက်ကိုရီးယားမှ အမြှောက်ဆံတွေ ဒုံးကျည်တွေ ထောက်ပံ့နေတယ်ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ စွပ်စွဲချက်တွေကို နှစ်ဖက်စလုံးမှ ငြင်းပယ်ထားပါတယ်။
ရုရှားရဲ့ Aurus Limousine ကားကို ကင်မ်ဂျုံအန်း စီးပြလိုက်တာဟာ မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ ချစ်ကြည်ရင်းနှီးမှု သိသာထင်ရှားစေကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးက အရင်ကထက် အဆင့်မြင့်မားလာကြောင်း ကင်မ်ဂျုံအန်းရဲ့ညီမ ကင်မ်ယိုဂျုံက ပြောပြသွားတယ်လို့ KCNA သတင်းဌာနက ဖော်ပြထားပါတယ်။
ကင်မ်ဂျုံအန်းဟာ သောကြာနေ့က လေကြောင်းစစ်ဆင်ရေး လေ့ကျင့်မှုများကို ကြီးကြပ်စောင့်ကြည့်ခဲ့ပြီး တကယ်လက်တွေ့အတိုင်း တိုက်ခိုက်ရေးတွေ ပြင်ဆင်ထားဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။
ယခုရက်သတ္တပတ်အတွင်း တောင်ကိုရီးယားနဲ့ အမေရိကန်တို့ နှစ်စဥ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင်က အခုလို တိုက်တွန်းလာတာ ဖြစ်ပါတယ်။
စစ်ရေးနဲ့ တိုက်ရိုက်ပတ်သက်တဲ့ လက်တွေ့လေ့ကျင့်ရေးတွေကသာ တိုက်ခိုက်ရေးသမားစစ်စစ်တွေ ဖြစ်လာအောင် ပြင်ဆင်ပေးနိုင်မှာဖြစ်ကြောင်း ကင်မ်ဂျုံအန်းက ဆိုပါတယ်။
တင်းမာမှုများ လျော့ကျရန် ရည်ရွယ်ကာ ၂၀၁၈ ခုနှစ် ကိုရီးယားနှစ်နိုင်ငံကြား စစ်ရေးသဘောတူညီချက်ကို နိုဝင်ဘာလမှာ မြောက်ကိုရီးယားက ဖျက်သိမ်းပြီးနောက် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပထမဆုံးအနေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သောကြာနေ့က ဖန်လုံအိမ်ခြံတစ်ခု ဖွင့်ပွဲကိုလည်း ကင်မ်ဂျုံအန်း တက်ရောက်ခဲ့ပြီး KCNA မှဖော်ပြတဲ့ ပုံတွေထဲမှာ ခေါင်းဆောင်ရဲ့သမီးဖြစ်သူဟာ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။


#World_News ##ပူတင်လက်ဆောင်ပေးသည့်မော်တော်ကား #ကင်မ်ဂျုံအန်းစီးနင်း #Source: Reuters
#World_Science
Published 16 March 2024
ဩစတြေးလျမှ သုတေသီတွေဟာ မီးလောင်လွယ်တဲ့ လျှပ်စီးရည်ပေါ် မှီခိုစရာမလိုဘဲ ရေဘက်ထရီတစ်မျိုးကို ဖန်တီးနေကြပါတယ်။
ဒီနည်းပညာဟာ ပြန်လည်ပြည့်ဖြိုး စွမ်းအင် သိုလှောင်နိုင်မယ့် အစားထိုးနည်းလမ်း ဖြစ်ရုံမက သိပ်ပြီးဘေးမကင်းဘူးလို့ ယူဆရတဲ့ သမားရိုးကျ လီသီယံအိုင်းယွန်း ဘက်ထရီတွေကို အစားထိုးနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ ဆန်းသစ်ဘက်ထရီတွေမှာ အစိတ်အပိုင်း ၃ ပိုင်းပါဝင်ပြီး လျှပ်စစ်အဖိုလျှပ်တိုင်၊ အမလျှပ်တိုင်နဲ့ အဆိုပါလျှပ်တိုင်များကြား အိုင်းယွန်းများကို ရွေ့လျားပေးတဲ့ လျှပ်စီးရည်တို့ ပါဝင်ပါတယ်။
သမားရိုးကျ လျှပ်စီးရည်နေရာမှာ ရေနဲ့ သာမန်ဆားတို့ကို အစားထိုးလိုက်တာ ဖြစ်ပါတယ်။
မဂ္ဂနီဆီယံနဲ့ ဇင့်တို့လို သတ္တုတွေကို သုံးထားပြီး လီသီယံနဲ့ ခဲအက်ဆစ်ဘက်ထရီတို့နဲ့ နှိုင်းယှဥ်ပါက ပိုမိုဈေးသက်သာကာ ဘေးအန္တရာယ် ပိုမိုစိတ်ချရပါတယ်။
ဓာတ်တိုးတဲ့အခါ သံချေးတက်ခြင်းမှ ကာကွယ်ပေးတဲ့ သတ္တုလွှာတစ်မျိုးဖြင့် ဖုံးအုပ်ထားတာကြောင့် ဘက်ထရီသက်တမ်းကို ပိုမိုကြာရှည်ခံစေကာ ကြိမ်ဖန်များစွာ အားသွင်းအားဖြုတ် လုပ်ပြီးသည့်တိုင်အောင် ဘက်ထရီစွမ်းရည် ၈၅ ရာခိုင်နှုန်းလောက် ကျန်ရှိနေနိုင်ပါတယ်။
ရေဘက်ထရီ ရှေ့ပြေးပုံစံအများအပြားကို သုတေသီများ ဖန်တီထားပြီး နာရီတွေမှာ အသုံးပြုတဲ့ အကြွေစေ့ အရွယ်အစား ဘက်ထရီတွေကစလို့ သာမန်ဓာတ်ခဲ အရွယ်အစားလောက်အထိ ပါဝင်ပါတယ်။
နောက်ထပ်ခြေလှမ်းကတော့ လျှပ်တိုင်တွေကို ပိုမိုသေးငယ်တဲ့ အရာဝတ္ထုများဖြင့် ပြုလုပ်ပြီး ရေဓာတ်ခဲတွေရဲ့ စွမ်းအင်သိပ်သည်းဆများလာအောင် ပြုလုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
#World_Science #ဩစတြေးလျသုတေသီ #ရေဘက်ထရီ #Source: WION
Page 737 of 1931