#Local_News
Published 6 September 2024


ရန်ကုန်ရွှေ ရည်ညွှန်းဈေးတစ်ရက်အတွင်း ကျပ်ခြောက်သောင်းကျော်အထိမြင့်တက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

ကမ္ဘာ့ရွှေဈေးကလည်း တစ်ရက်တာအတွင်း တစ်အောင်စကို ၃၁,ဒေါ်လာအထိမြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၆၂,၅၃၂အထိမြင့်တက်လာကြောင်း သိရသည်။

 

ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေရည်ညွန်းဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၅,၀၇၇,၁၇၁ အထိ ဈေးနှုန်းရှိနေပြီး ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၂၅၁၇ ဒေါ်လာအထိဈေးနှုန်း မြင့်တက်နေကြောင်း သိရသည်။

 

#YMG/NN #Yangon_Times