#Local_News
Published 24 June 2024
▪️ တွံတေးမွေးမြူရေးဇုန်၌ လုပ်ငန်းရှင် (၆၈) ဦးမှ ကြက်၊ ဝက်၊ ဘဲများ အပါအဝင်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်ရေးကော်မတီမှ သိရသည်။
▪️ အဆိုပါ တွံတေးမွေးမြူရေးဇုန်အတွင်းလုပ်ငန်းရှင် (၆၈) ဦးက အသားတိုးကြက် ၄၂၇၀၀ ကောင်၊ အသားတိုးဘဲ ၃၉၀၀ ကောင်၊ အသားတိုးနွား ၁၁၃ ကောင်၊ ဆိတ်အကောင်ရေ ၃၄၃၅ ၊ ဒေသကြက်၂၀၄၁၆ ကောင်၊ ဥစားကြက် ၇၉၀၀ ကောင်၊ ဥစားဘဲ ၄၀၆၈ ကောင်၊ နို့စားနွား ၂၂၁ ကောင်၊ ငုံးအကောင်ရေ ၁၄၃၇၀ ကောင်မွေးမြူထား ကြောင်းသိရသည်။
▪️ ထိုသို့မွေးမြူမှုများမှ ဇွန်လ ၂၃ ရက်အထိ ကြက်ပိဿာချိန် ၁၃၄၉၀၀ ပိဿာ၊ ဝက်ပိဿာချိန် ၉၄၃၆ ပိဿာ၊ ဘဲပိဿာချိန် ၉၅၇၀ ပိဿာ၊ အမဲသားပိဿာချိန် ၃၂၀၀ ပိဿာ၊ ဆိတ်သားပိဿာချိန် ၅၉၈၃ ပိဿာ၊ ဘဲဥအလုံးရေ ၄၄၃၇၉၈ လုံး၊ ကြက်ဥအလုံးရေ ၃၉၄၈၈၅ လုံး၊ ငုံးဥအလုံးရေ ၄၀၄၂၆၂ လုံးနှင့် နွားနို့ပိဿာချိန် ၄၅၃၈၈၅ ပိဿာထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 25 June 2024
▪️ ယူကရိန်းက အမေရိကန်မှ ထောက်ပံ့တဲ့ ATACMS ဒုံးကျည်များဖြင့် ခရိုင်းမီးယားကို တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး ၁၅၁ ဦးဒဏ်ရာရခဲ့သဖြင့် ရုရှားတို့က အမေရိကန်ကို တနင်္လာနေ့မှာ အပြစ်တင်လိုက်ကာ တုန့်ပြန်လက်စားပြန်ချေရလိမ့်မယ်လို့ အမေရိကန်သံအမတ်ကို တရားဝင်သတိပေးလိုက်ပါတယ်။
▪️ ယူကရိန်းစစ်ပွဲကြောင့် ရုရှားနဲ့ အနောက်တိုင်းကြား ဆက်ဆံရေး အလွန်ဆိုးရွားနေပြီး ပဋိပက္ခက အတင်းမာဆုံး အခြေအနေအဖြစ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ရုရှားအရာရှိများက ပြောပါတယ်။
▪️ ၂၀၁၄ ခုနှစ်က ရုရှားတို့ တဖက်သတ် သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ် တိုက်ခိုက်ခံရတဲ့အပေါ် ရုရှားတို့က အမေရိကန်ကို တိုက်ရိုက်အပြစ်တင်လိုက်တာ ဖြစ်ပါတယ်။
▪️ ရုရှားတို့ ပြောကြားချက်အရ တနင်္ဂနွေနေ့က ဆယ်ဗာစတိုပိုလ်ကို တိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး ကလေး ၂ ဦးသေဆုံးခဲ့ပြီး ကမ်းခြေမှာ ဒဏ်ရာရတဲ့လူတွေကို သယ်ဆောင်နေခဲ့ကြတယ်လို့ သိရပါတယ်။
▪️ အမေရိကန်ဟာ သွယ်ဝိုက်တဲ့နည်းဖြင့် ရုရှားနဲ့ စစ်ဖြစ်နေပြီး စစ်ပွဲမှာ ပါဝင်ပတ်သက်နေကာ လက်စားချေမှုတွေ ဆက်ဖြစ်လာမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန် သံအမတ် လိုင်းထရေစီကို ခေါ်ဆောင်ကာ ပြောကြားခဲ့ပါတယ်။
▪️ အရပ်သားများ ထိခိုက်ပျက်စီးရတဲ့အတွက် ဝမ်းနည်းမိကြောင်း ထရေစီက ပြောကာ အမေရိကန်က ယူကရိန်းကို လက်နက်ထောက်ပံ့တယ်ဆိုတာ ယင်းအချုပ်အခြာ အာဏာပိုင်နယ်မြေများကို ကာကွယ်နိုင်ရန်အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချာလီဒီယက်ဇ်က ပြောရာမှာ ယူကရိန်းဟာ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချနေတာဖြစ်ပြီး ယင်းတို့ဘာသာ စစ်ဆင်ရေးတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
▪️ ရုရှားဟာ အမေရိကန်ဦးဆောင်တဲ့ နေတိုး(NATO)အဖွဲ့နဲ့ ပဋိပက္ခမဖြစ်ချင်ပေမယ့် ကမ္ဘာ့အင်အားကြီး နျူကလီးယားနိုင်ငံများ ပါဝင်လာပါက စစ်ပွဲပိုမိုကြီးမားလာနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်။
▪️ အမေရိကန်တွေ ပါဝင်လာပြီး အပြစ်မဲ့တဲ့ ရုရှားပြည်သူတွေ သေကြေရတာဟာ နောက်ဆက်တွဲအကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့ ခရင်မ်လင်မှ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က ပြောသွားပါတယ်။

#Source: Reuters
#Local_News
Published_ 25 June 2024
▪️ အာရှပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲအဖွဲ့(အေစီဒီ) အစည်းအဝေး၌ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါတယ်။
▪️ ဝန်ကြီး ဦးသန်းဆွေသည် ဇွန် ၂၄ ရက်တွင် အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ ကျင်းပပြုလုပ်ခဲ့တဲ့ (၁၉) ကြိမ်မြောက် အာရှပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ)၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
▪️ အေစီဒီလက်ရှိဥက္ကဋ္ဌ အီရန်နိုင်ငံက သတ်မှတ်ထားသည့် “ဆန်းသစ်စနည်းပညာ များမှတစ်ဆင့် ပိုမိုချိတ်ဆက်ပြီး၊ စွမ်းဆောင်ရည် ပြည့်ဝသည့် အာရှဒေသ ဆီသို့” ခေါင်းစဉ်ဖြင့် ကိုယ်စားလှယ်အဖွဲ့အသီးသီးက သက်ဆိုင်ရာနိုင်ငံအလိုက် မိန့်ခွန်းများ ပြောကြားခဲ့ကြပါတယ်။
▪️ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက အေစီဒီ လက်ရှိဥက္ကဋ္ဌ အီရန်နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များနှင့် အေစီဒီဥက္ကဋ္ဌတာဝန် အောင်မြင်စွာ ထမ်းဆောင်ခဲ့သည့် ဘာရိန်းနိုင်ငံတို့အပေါ် ချီးကျူးခဲ့ပြီး အေစီဒီဥက္ကဋ္ဌသစ်အဖြစ် လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်မည့် ထိုင်းနိုင်ငံအား ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါတယ်။
▪️ အီရန်သမ္မတ မစ္စတာဆေးယက်ဒ်အီဘရာဟင်ရိုင်စီနှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟိုစိန်အမီယာ အက်ဘ်ဒိုလာဟီယံတို့ မကြာသေးမီက ကွယ်လွန်သွားခဲ့မှု အပေါ် မြန်မာနိုင်ငံက ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ၎င်းတို့၏ အာရှပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်အပေါ် ကြိုးပမ်းမှုများအား အောက်မေ့သတိရ တန်ဖိုးထား ပါကြောင်း ပြောကြားခဲ့ပါတယ်။
▪️ အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ကို ၂၀၀၂ ခုနှစ်၊ ဇွန်လက ထိုင်းနိုင်ငံ၊ ချာအမ်းမြို့၌ စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး ဒေသတွင်း အုပ်စုကြီး (၅) ခုဖြစ်သည့် အရှေ့တောင်အာရှအုပ်စု၊ တောင်အာရှအုပ်စု၊ အနောက်အာရှအုပ်စု၊ ဗဟိုအာရှအုပ်စုနှင့် အရှေ့အာရှအုပ်စုတို့ကို အသီးသီး ကိုယ်စားပြုသည့် အဖွဲ့ဝင်နိုင်ငံ (၃၅) နိုင်ငံ ပါဝင်ပါတယ်။
▪️ အီရန်နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အေစီဒီအဖွဲ့ဝင်နိုင်ငံ (၃၁) နိုင်ငံနှင့် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း (၈) ခုမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။



#Ymg_mnn #Yangon_Media_Group
#World_Health
Published 25 June 2024
▪️ အသီးအနှံ၊ ဟင်းရွက်၊ အခွံမာသီး၊ အစေ့အဆန်၊ ဂျုံတို့မှရတဲ့ အပင်အခြေပြု အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်များ ပေးစွမ်းနိုင်ပြီး ဆဲလ်များပျက်စီးခြင်းမှ ကာကွယ်ပေးကြောင်း အာဟာရပညာရှင် မယ်လာနီမာဖီရစ်ချ်တာက ပြောပြခဲ့ပါတယ်။
▪️ အပင်အခြေပြု အာဟာရဓာတ်တွေဟာ ကိုယ်ပိုင်အကျိုးကျေးဇူးများရှိပြီး ရောင်ရမ်းဆန့်ကျင် အာနိသင်များ၊ ကိုယ်ခံအားတက်စေခြင်း၊ နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း၊ ကင်ဆာဆန့်ကျင်စွမ်းရည်များစသဖြင့် ပေးစွမ်းနိုင်ပါတယ်။
▪️ အပင်အခြေပြု အာဟာရဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို တစ်နေ့ဘယ်လောက် စားသုံရမယ်လို့ သတ်မှတ်ချက်မရှိပေမယ့် အမျိုးမျိုးစားသုံးလေ ကျန်းမာရေးအတွက် အကျိုးရှိလေ ဖြစ်ပါတယ်။
- ကယ်ရိုတီနွိုက်
▪️ ဖရုံသီး၊ ခရမ်းချဥ်သီး၊ မုန်လာဥနီ၊ ငရုတ်ပွသီးတို့မှာ ပါဝင်တဲ့ ကယ်ရိုတီနွိုက်က မျက်လုံးကျန်းမာရေးကို ထောက်ပံ့ပေးပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
- ဖလေဗိုနွိုက်
▪️ သံပယိုသီးမျိုးနွယ်များ၊ လက်ဖက်စိမ်း၊ ဘယ်ရီသီး၊ ပန်းသီး၊ ကြက်သွန်နီ၊ ကိုကိုးတို့မှာ တွေ့ရတဲ့ ဖလေဗိုနွိုက်က သွေးဖိအားနဲ့ ကိုလက်စ်ထရောလ်တို့ကို လျှော့ချပေးကာ နှလုံးနဲ့ အလုံးစုံကျန်းမာရေးကို အကျိုးဖြစ်စေပါတယ်။
- ဂလူကိုဆိုင်နိုလိတ်စ်
▪️ ပန်းဂေါ်ဖီ၊ ကိုက်လံတို့မှာပါဝင်တဲ့ ထိုပစ္စည်းတွေက ခန္ဓာကိုယ်မှ အဆိပ်သင့်အရာများကို ဖယ်ရှားပေးပါတယ်။
- ဖိုင်တိုအီစထရိုဂျင်
▪️ လျှော်စေ့၊ တိုဖူး၊ ဘာလီတို့မှာပါတဲ့ ဖိုင်တိုအီစထရိုဂျင်က အမျိုးသမီးတွေမှာ ရာသီစက်ဝန်းမှန်ကန်စွာ လည်ပတ်ဖို့ရာ ထောက်ပံ့ပေးပါတယ်။
- ဖိုင်တိုစတီရောလ်
▪️ အခွံမာသီး၊ အစေ့အဆန်၊ ပဲအမျိုးမျိုးတို့မှာပါတဲ့ ဖိုင်တိုစတီရောလ်က မကောင်းတဲ့ ကိုလက်စ်ထရောလ်တွေကို လျှော့ချပေးကာ နှလုံးကို အကျိုးပြုပါတယ်။
- ပိုလီဖီနောလ်
▪️ ချောကလက်မည်း၊ ဘယ်ရီသီး၊ သစ်တော်သီး၊ စပျစ်သီး၊ ဝိုင်နီတို့မှာပါတဲ့ ပိုလီဖီနောလ်က ဓာတ်တိုးခြင်းမှ ကာကွယ်ပေးကာ အာရုံကြောဆုတ်ယုတ် ရောဂါများဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
#Source: New York Post
#World_Health
Published 25June 2024
▪️ စားပြီးသောက်ပြီး လဲလျောင်းခြင်းက ဇိမ်ကျပေမယ့် ကျန်းမာရေးအတွက်တော့ မသင့်လျော်ပါဘူး။ အစာကြေပြီး ကျန်းမာဖို့အတွက် စားသောက်ပြီးရင် ခဏတဖြုတ် လမ်းလျှောက်ပေးသင့်ပါတယ်။ စားသောက်ပြီးနောက် လမ်းလျှောက်သင့်တဲ့ အကြောင်းအရင်းတွေကို ဖော်ပြလိုက်ပါတယ်။
(၁) အစာကြေခြင်း
▪️ လမ်းလျှောက်ခြင်းဖြင့် အစာအိမ်ကြွက်သားများနဲ့ အူများကို လှုံ့ဆော်ပေးပြီး အစာများ လျင်မြန်စွာရွေ့စေကာ အစာကြေစေပါတယ်။
(၂) သွေးတွင်းသကြားဓာတ်ထိန်းပေးခြင်း
▪️ စားပြီးနောက် လမ်းလျှောက်ခြင်းက သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို ကာကွယ်ပေးပါတယ်။
(၃) ကိုယ်အလေးချိန်ထိန်းပေးခြင်း
▪️ လမ်းလျှောက်ခြင်းဖြင့် ကယ်လိုရီလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် ကျစေရန် အထောက်အကူ ပေးပါတယ်။
(၄) သွေးပေါင်ချိန်ထိန်းပေးခြင်း
▪️ စားသောက်ပြီးနောက် လမ်းလျှောက်ပေးပါက သွေးပေါင်ချိန် မှန်ကန်စေပြီး သွေးဖိအားများသူများအနေဖြင့် သွေးပေါင်ချိန် ထိန်းသိမ်းဖို့ အကူအညီ ဖြစ်စေပါတယ်။
(၅) ကောင်းစွာအိပ်စက်စေခြင်း
▪️ လမ်းလျှောက်ခြင်းဖြင့် အိပ်စက်နိုးကြားခြင်းစက်ဝန်း ပုံမှန်ဖြစ်စေပြီး နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။
#Source: DoctorNDTV
မက္ကဆီကိုနိုင်ငံအနှံ အစွန်းရောက်ခြင်းကြောင့် ကောက်ပဲသီးနှံ စိုက်ပျိုးမှုများ ပျက်စီးနေပြီး စားနပ်ရိက္ခာ ပြတ်လပ်ခြင်း ပြဿနာနဲ့ စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာခြင်း ပြဿနာတို ကြုံတွေ့နေရပါတယ်။
#World_Crisis
Published_ 24 June 2024
#မိုးခေါင်ရေရှား #စားသောက်ကုန်ဈေးနှုန်းများမြင့်တက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 24 June 2024
၁။ သင်္ဘောလိုက်မည့်အမျိုးသား၊ အမျိုးသမီးများအတွက် ဇူလိုင်လ၌လုပ်ငန်းသုံး အင်္ဂလိပ်စာသင်တန်းအခမဲ့ပေးမည်
၂။ စားအုန်းဆီတင်သင်္ဘောများပုံမှန်ဆိုက်ကပ်၊ သိုလှောင်ကန်ကြီးများမှ စားအုန်းဆီများအား ပြည်တွင်းဖူလုံရေးအတွက် စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ပေးနေ
၃။ ဝယ်လိုအားများပြီး ကုန်အဝင်နည်းသောကြောင့် ဂေါ်ဖီထုပ်ဈေးအဆမတန်မြင့်တက်
၄။ ရာသီဥတုအစွန်းရောက်ခြင်းကြောင့် မက္ကဆီကိုတွင် မိုးခေါင်ရေရှားကာ စားသောက်ကုန်ဈေးနှုန်းများမြင့်တက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးနှုန်းနဲ့အတူ ရန်ကုန်ရွှေဈေးကျပ် လေးသောင်းကျော်အထိမြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA က သိရပါတယ်။
#Local_News
#Published_ 24 June 2024
#ကမ္ဘာ့ရွှေဈေးနှုန်း #ရွှေဈေးလေးသောင်းကျော်မြင့်တက်
#YMG NN #Yangon_Times
ရှမ်းပဲပုပ်၊ ပဲမျိုးစုံ၊ ပြောင်းဖူးကြော်၊ ခရမ်းချဉ်သီးစတဲ့ အင်းလေးဒေသထွက် စားသောက်ကုန်တွေဈေးအနည်းငယ်တက်လို့ အရောင်းပါးနေတယ်လို့ သိရပါတယ်။ ရှမ်းပဲပုပ်ကိုစင်ကာပူကလည်းစိတ်ဝင်စားပြီးမှာယူလာ။
#Local_News
#Published_ 24 June 2024
#ရှမ်းပဲပုပ်နှင့်အင်းလေးဒေသထွက် #စားသောက်ကုန်များအရောင်းပါး
#tthl #Yangon_Times
ကုန်စိမ်းဈေးကွက်မှာ ဂေါ်ဖီထုပ်ကို အနယ်နယ်အရပ်ရပ်က ဝယ်လိုအား ရှိနေပေမယ့် ရာသီပေါ်ချိန်မဟုတ်တဲ့ အတွက် ကုန်အဝင်နည်းပြီး ဈေးအဆမတန် မြင့်တက်လာတယ်လို့ ရှမ်းပြည်အောင်ပန်းရှိ ကုန်စိမ်းပွဲရုံတွေထံမှ သိရပါတယ်။
#Local_News
#Published_ 24 June 2024
#ဂေါ်ဖီထုပ်ဝယ်လိုအားများ #ဈေးအဆမတန်မြင့်တက်
#YMG/LW #Yangon_Times
ရန်ကုန်မြို့ရှိဆိပ်ကမ်းများသို့ စားအုန်းဆီတင်သင်္ဘောတွေ ပုံမှန်ဆိုက်ကပ်နေပြီး ဆီသိုလှောင်ကန်ကြီးတွေကနေ စားအုန်းဆီတွေကို ပြည်တွင်းဖူလုံရေးအတွက်စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
#Published_ 24 June 2024
#စားအုန်းဆီသိုလှောင်ကန်ကြီး #ပြည်တွင်းဖူလုံရေး
#YMG/NN #Yangon_Times
သင်္ဘောလိုက်မယ့် မြန်မာအမျိုးသား၊ အမျိုးသမီးသင်္ဘောသားတွေအနေနဲ့ ရိုးရိုးအင်္ဂလိပ်စာမျိုးတတ်ကျွမ်းရုံမလုံလောက်ဘူး၊ လုပ်ငန်းသုံး အင်္ဂလိပ်စာတတ်ကျွမ်းဖို့လိုလို့ အခုလိုလုပ်ငန်းခွင်သုံးအင်္ဂလိပ်စာသင်တန်းကို MSF ကအခမဲ့ဖွင့်လှစ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
#Published_ 24 June 2024
#သင်္ဘောလုပ်ငန်းသုံး #အင်္ဂလိပ်စာသင်တန်းအခမဲ့
#tthl #Yangon_Times
Page 738 of 2058