#Local_News
Published 5 September 2024


▪️ ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့် Special EPS စာမေးပွဲ ‌အောက်တိုဘာလ အတွင်းကျင်းပသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)မှ သိရသည်။

 

▪️ တောင်ကိုရီးယားနိုင်ငံမှာ သုံးနှစ်နှင့်အထက်လုပ်ကိုင်ခဲ့ကာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသူများအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း  သိရသည်။

 

▪️ အဆိုပါ Special EPS စာမေးပွဲဖြေဆိုခွင့်ရှိသူများ၏  ဝင်ခွင့်စာရင်းကို စက်တင်ဘာလ ၉ ရက်နှင့် ၁၀ ရက်မှာ လက်ခံသွားမည်ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်မှ ၄ ရက်အထိစာမေးပွဲကို ကျင်းပပေးသွားမည်ဖြစ်ကာ ၈ ရက်တွင် အောင်စာရင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ လတ်တလောတွင် ကိုရီးယားနိုင်ငံတွင် နောက်တစ်ကြိမ်သွားရောက် အလုပ်လုပ်ကိုင်နိုင်စေရန် သီးသန့်ပြုလုပ်ပေးခဲ့သည့်  အရည်အချင်းစစ် အထူးသီးသန့် စာမေးပွဲ‌တွင်  ဝင်ရောက်ဖြေဆိုခွင့်ရှိသူ  ၆,၀၁၁ ဦးရှိ ကြောင်း POEAမှ ထုတ်ပြန်ထားသည်။

 

#YMG/NN #Yangon_Times