#World_Health
Published 28 June 2024
▪️ ဗိုက်တာမင် အားဖြည့်ဆေးတွေ သုံးစွဲခြင်းဖြင့် ပျမ်းမျှနေထိုင်သက်တမ်း မြင့်မားလာစေမှာ မဟုတ်ဘူးလို့ လေ့လာချက်တွေမှာ တွေ့ရှိထားကြပါတယ်။
▪️ ဗိုက်တာမင်အားဆေးများ ပုံမှန်သောက်သုံးနေသူတွေဟာ မသောက်တဲ့သူတွေနဲ့ ယှဥ်ရင် အသက်သေဆုံးနိုင်ခြေ ဘာမှမထူးခြားဘူးလို့ ဖော်ပြထားကြပါတယ်။
▪️ ဗိုက်တာမင်မျိုးစုံ ဖြည့်စွက်ဆေးတွေမှာ မရှိမဖြစ်လိုအပ်တဲ့ ဗိုက်တာမင်ဓာတ်များနဲ့ သတ္တုဓာတ်များ ပါဝင်ပြီး ဗိုက်တာမင်-အေ၊ စီ၊ ဒီ၊ အီး၊ ကေ၊ ဘီအမျိုးမျိုး၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဇင့်၊ မန်းဂနိစ်တို့ ပါဝင်လေ့ရှိပါတယ်။
▪️ ဗိုက်တာမင်အားဆေးများ အသုံးပြုဖြစ်တဲ့ အကြောင်းအရင်းတွေထဲမှာ ကျန်းမာရေး တိုးတက်စေခြင်း၊ နာတာရှည်ရောဂါ ကာကွယ်ပေးနိုင်ခြင်း၊ အထူးသဖြင့် အသက်အန္တရာယ် လျော့ပါးခြင်း စတာတွေကို ယုံကြည်ကြလို့ ဖြစ်ပါတယ်။
▪️ သုတေသီတွေက ကျန်းမာပြီး ကင်ဆာမဖြစ်ဖူးတဲ့ အမေရိကန်လူမျိုး ၄ သိန်းကို နှစ် ၂၀ လောက်လေ့လာခဲ့ရာမှာ ဗိုက်တာမင် ဖြည့်စွက်ဆေးများ အသုံးပြုခြင်းနဲ့ အသက်အန္တရာယ် သေဆုံးမှုနှုန်း နည်းပါးခြင်းတို့ကြား ဆက်စပ်မှုမရှိတာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ ဒါပေမဲ့ အသက်အရွယ်ကြီးတဲ့သူတွေက ဗိုက်တာမင်ဓာတ်တွေ လိုအပ်လာသဖြင့် ဖြည့်စွက်ဆေး စတင်သုံးစွဲဖို့ လိုအပ်လာနိုင်ပါတယ်။
#Source: WION
#World_Health
Published 28 June 2024
▪️ ကမ္ဘာအနှံ့ အမျိုးသားများကြား လိင်တံကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်တက်လာပြီး လာမယ့် ၂၆ နှစ်အတွင်း ၇၇ ရာခိုင်နှုန်း မြင့်တက်လာဦးမယ်လို့ ခန့်မှန်းနေကြပါတယ်။
▪️ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လိင်တံကင်ဆာ ဖြစ်ပွားမှုနှုန်းနဲ့ အသက်သေဆုံးမှုနှုန်း မြင့်မားသလို ဥရောပနိုင်ငံအများစုမှာ အဖြစ်များကြောင်း တရုတ်ပြည် စွန်းယက်ဆင်တက္ကသိုလ်မှ သုတေသီများက ထုတ်ပြန်ထားပါတယ်။
▪️ ဘရာဇီးလ်က ကမ္ဘာပေါ်မှာ လိင်တံကင်ဆာ အဖြစ်အများဆုံး ဖြစ်နေပြီး သူ့နောက်မှာတော့ ယူဂန်ဒါနိုင်ငံ ရှိနေပါတယ်။
▪️ ၂၀၁၂ မှ ၂၀၂၂ အတွင်း ဘရာဇီးလ်မှာ လိင်တံကင်ဆာ ဖြစ်ပွားသူပေါင်း ၂၁၀၀၀ ဦးခန့်ရှိခဲ့ပြီး အယောက် ၄၀၀၀ ခန့်သေဆုံးခဲ့ကာ ၆၅၀၀ လောက်က လိင်တံဖြတ်တောက်ခဲ့ရပါတယ်။
▪️ HPV ကာကွယ်ဆေး ထိုးနှံမှုနှုန်း နည်းပါးခြင်းက ဒီလိုမျိုးကင်ဆာ အဖြစ်များစေတာ ဖြစ်တယ်လို့ ဘရာဇီးလ်ဆရာဝန်များ ယုံကြည်နေကြပါတယ်။
▪️ ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ ကွန်ဒုံးသေချာ အသုံးမပြုခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းတို့ ပါဝင်တယ်လို့ ဆီးလမ်းကြောင်းဆိုင်ရာ ဆရာဝန် နေးလ်ဘာဘားက ပြောပြပါတယ်။
▪️ လိင်တံထိပ် အရေပြားမဖြတ်ထားတဲ့လူတွေမှာ အဓိကဖြစ်ပွားတာကိုလည်း တွေ့ရပါတယ်။
▪️ အသက်အရွယ်နဲ့လည်းဆိုင်ပြီး အသက် ၆၀ ဝန်းကျင် အမျိုးသားတွေမှာ အဖြစ်အများဆုံး ဖြစ်နေပါတယ်။
အမျိုးသားများအနေဖြင့် လိင်တံမှ အရည်ထွက်ခြင်း၊ အရောင်အသွေး ပြောင်းလဲခြင်း၊ လိင်စိတ်ဆန္ဒ ပြောင်းလဲခြင်းတို့ ခံစားရပါက ဆရာဝန်နှင့် ပြသသင့်ပြီး စောစီးစွာ ရောဂါတွေ့ရှိမှ အဖြတ်မခံရမှာ ဖြစ်ပါတယ်။
#Source: New York Post
မိုးရေကြီးခြင်းကြောင့်ကင်ညာစာသင်ကျောင်းများပျက်စီးကာ ကလေးများကျောင်းမတက်နိုင်ဖြစ်နေ
ကင်ညာနိုင်ငံမှာ ဧပြီလနဲ့ မေလအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ရပ်စဲသွားပြီဖြစ်ပေမယ့် ရေကြီးခဲ့စဉ်က စာသင်ကျောင်း အဆောက်အအုံတွေ ပျက်စီးပြီး စီးပွားရေးဆုံးရှုးမှုများ ဖြစ်ခဲ့တာကြောင့် ကျောင်းသားတွေ အတန်းပြန်မတက်နိုင်သေးပါဘူး။
#World_Crisis
Published_ 27 June 2024
#စာသင်ကျောင်းများပျက်စီး #ကလေးများကျောင်းမတက်နိုင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 27 June 2024
၁။ Online Trading Platform မှတစ်ဆင့် ထိုင်းဘတ်သန်း (၄၀) ဗဟိုဘဏ်ထပ်မံရောင်းချ၊ ငါးလအတွင်း ဘတ်သန်းပေါင်း၂၃၆သန်းအထိရောင်းချပေးပြီးဖြစ်
၂။ မြန်မာကျောင်းသားများ EU ၏ ထောက်ပံ့မှုဖြင့် အာဆီယံတက္ကသိုလ်များ၌စရိတ်ငြိမ်းပညာသင်ယူနိုင်
၃။ ကုန်အဝင်နည်းနေပြီး ဝယ်လိုအားရှိနေတဲ့အတွက် အာလူးဈေးမြင့်နေ
၄။ မိုးရေကြီးခြင်းကြောင့် ကင်ညာစာသင်ကျောင်းများပျက်စီးကာ ကလေးများကျောင်းမတက်နိုင်ဖြစ်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဆောင်းခိုငှက်တွေကို လာရောက်လေ့လာကြည့်ရှုနိုင်တဲ့ ပဲခူးတိုင်းဒေသကြီး ပဲခူးမြိုနယ်နှင့်ဝေါမြို့နယ်အတွင်းမှာရှိတဲ့ မိုးယွန်းကြီးအင်းဘေးမဲ့တောမှာ မိုးတွင်းကာလ ရောက်ရှိလာတဲ့အတွက် ဧည့်ဝင်ရောက်မှုနည်းနေတယ်လို့ moeyungyi wetland resort မှ တာဝန်ရှိသူတွေထံက သိရပါတယ်။
#Local_News
Published_ 27 June 2024
#မိုးယွန်းကြီးအင်းဘေးမဲ့တော #ဧည့်ဝင်ရောက်မှု၁၀၀ကျော်ရှိ
#YMG/LW #Yangon_Times
ကျေးဇူးတော်ရှင် ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီးရဲ့ အန္တိမစျာပနအခမ်းအနားကို အစီအစဉ်(၄)ပိုင်းနဲ့ ကျင်းပပြီး ဇွန်(၂၈)ရက်မှာ ကရဝိတ်ဖောင်တော်နဲ့ သိမ်ဇရပ်စစ်တောင်းမြစ်အတွင်းသို့ အရိုးပြာတွေမျှောပြီး ပူဇော်သွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published_ 27 June 2024
#tthl #Yangon_Times
ပြည်တွင်းဝယ်လိုအားရှိနေပေမယ့် ဈေးကွက်ထဲကုန်အဝင်နည်းနေတာကြောင့် အာလူးတစ်ပိဿာကျပ် ၃၀၀၀ ကျော်အထိ ဈေးမြင့်နေတယ်လို့ အောင်ပန်းရှိကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_ 27 June 2024
#မိုးအာလူး #အောင်ပန်းရှိကုန်စိမ်းပွဲရုံ
#YMG/LW #Yangon_Times
ဥရောပသမ္မဂEU ရဲ့ထောက်ပံ့မှုဖြင့် အာဆီယံတက္ကသိုလ်တွေမှာ စရိတ်ငြိမ်းပညာသင်လိုတဲ့ မြန်မာကျောင်းသား၊ကျောင်းသူတွေကို ဗီဇာ/ပါမစ်၊ နိုင်ငံတကာခရီးသွားစရိတ်တွေ၊ သင်တန်းကြေး၊ တက္ကသိုလ်ဝင်ကြေးနှင့် အာမခံကြေးအပြင် လစဉ်ပညာသင်ဆုယူရိုငွေ€ 500 ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published_ 27 June 2024
#အာဆီယံတက္ကသိုလ် #စရိတ်ငြိမ်းပညာသင်ယူနိုင်
#tthl #Yangon_Times
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအတွက် Online Trading Platform က တစ်ဆင့် ထိုင်းဘတ်သန်း ၄၀ ထပ်မံထုတ်ရောင်းပေးခဲ့ပြီး၊ ငါးလအတွင်း ဘတ်သန်းပေါင်း၂၃၆ အထိ ရောင်းချပေးပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်တွေအရ သိရပါတယ်။
#Local_News
Published_ 27 June 2024
#ဗဟိုဘဏ်ရောင်းချပေး #ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်
#YMG NN #Yangon_Times
#Local_News
Published_ 27 June 2024
▪️ မနေ့က ဇွန်လ(၂၆)ရက်တွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စကို USD2325 ရှိခဲ့ရာမှ ယနေ့ဇွန်လ(၂၇)ရက်တွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စကို USD2299 ပဲရှိပြီး ရွှေဈေးအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရသည်။
▪️ ယနေ့ကမ္ဘာ့ရွှေဈေးကျ၍ ဇွန်လ(၂၇)ရက်တွင် မြန်မာ့ရွှေဈေးYGEA သတ်မှတ်စျေး သောင်းဂဏန်းကျသွားသည်ဟုဆိုသည်။
▪️ ဇွန်လ (၂၆)ရက်တွင် မြန်မာ့ရွှေဈေးYGEA သတ်မှတ်စျေးအကယ်ဒမီ မီးလင်းရွှေစျေးကွက်ဈေးနှုန်း 4,526,508/-(ကျပ် လေးဆယ့် ငါးသိန်း နှစ်သောင်း ခြောက်ထောင့် ငါးရာ့ ရှစ်ကျပ်)သတ်မှတ်ခဲ့ပြီး ယနေ့ဇွန်လ (၂၇) ရက်၌4,479,899/-(ကျပ် လေးဆယ့် လေးသိန်း ခုနှစ်သောင်း ကိုးထောင့် ရှစ်ရာ့ ကိုးဆယ့် ကိုးကျပ်)ဖြင့်သာ ရွှေဆိုင်များ ရွှေလုပ်ငန်းရှင်များအားလုံးရောင်းဝယ်ကြရန် သတ်မှတ်လိုက်ကြောင်း သိရသည်။
▪️ လက်ရှိအချိန်တွင် ရွှေဈေးကွက်အတွင်း၌ YGEA သတ်မှတ်စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြသူများရှိသလို ပြင်ပဈေးနှင့်ရောင်းဝယ်နေကြသူများလည်းရှိကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 27 June 2024
▪️ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ကမာကြည်တံတား အမှတ်(၁) ပေါ်မှ အမျိုးသားတစ်ဦးခုန်ချမှုဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမူကူညီရေးအဖွဲ့ထံမှ သိရသည်။
▪️ အဆိုပါ အမျိုးသားမှာ ဇွန်လ ၂၇ရက် မနက်၁ နာရီ ခန့် က တံတားပေါ်သို့ ကားဖြင့်မောင်းနှင်လာပြီး ကားကိုရပ်ကာ တံတားပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ တံတားပေါ်မှ ခုန်ချသွားကြောင်း သတင်းရရှိသည်နှင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ အချိန်နှင့်တပြေးညီ ထွက်ခွာပြီး မီးစလိုက်အကူပေးခြင်းဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
▪️ လက်ရှိမှာ တံတားပေါ်မှခုန်ချခဲ့သည့် အမျိုးသား၏ မိသားစုဝင်များနှင့်ချိတ်ဆက်မိပြီဖြစ်သော်လည်း ယင်းအမျိုးသားကိုတော့ ပြန်လည်တွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published 27 June 2024
▪️ တစ်နိုင်ငံလုံး၌ ယခု၂၀၂၄ ခုနှစ်အတွင်း မိုးနှင့်ဆောင်းစိုက်ရာသီများအတွက် ဆီထွက်သီးနှံ စုစုပေါင်း ဧက ရှစ်သန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
▪️ ထိုသို့စိုက်ပျိုးရာတွင် မြေပဲဧက ၃ သန်းကျော်၊ နှမ်းဧက ၃ ဒသမ ၈ သန်း၊ နေကြာဧက ၁ သန်းကျော်၊ ဆီမုန်ညင်းဧက ၉၃,၀၀၀ နှင့် ပန်းနှမ်းဧက ၃ သိန်း ဝန်းကျင်၊ စုစုပေါင်း ဧက ၈ ဒသမ ၂ သန်းကျော်ကို စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေနှမ်းဧက ၃၆၀,၀၀၀ ခန့် စိုက်ပျိုးရန်လျာထားကြောင်း၊ ပြည်တွင်း၌ ဆီထွက်သီးနှံများကို မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိကာ စားသုံးဆီဖူလုံရေးအတွက် စီမံကိန်းများချမှတ်၍ တိုးချဲ့စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 734 of 2058