#Local_News
Published 10 September 2024


▪️ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ "ချောင်ချောင်"ရွှေဆိုင်ပိုင်ရှင်၏နေအိမ်၌ ဓားပြတိုက်လုယက်ခံရမှု ယနေ့စက်တင်ဘာ ၁၀ ရက် နံနက် ၈ နာရီခန့်တွင်ဖြစ်ပွားခဲ့ရာ ရွှေ ၁၀ ပိဿာ‌ကျော်ပါသွားကြောင်း ဒေသခံများထံမှ သိရသည်။

 

▪️ အဆိုပါ ဓားပြတိုက်ခံရသည့်နေအိမ်မှာ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၌ရှိပြီး ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၌ဖွင့်လှစ်ထားသော"ချောင်ချောင်" ရွှေဆိုင်သို့သွားရောက်ရန်ပြင်ဆင်နေချိန် အမည်မသိအမျိုးသားများရောက်ရှိလာကာ ရွှေ ၁၀ ပိဿာ‌ကျော်နှင့် ငွေသားသိန်း ၁၀၀၀ ခန့် ဓားပြတိုက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိဘဲ လက်ရှိတွင် အမှုဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရသည်။

 

▪️ ဖြစ်စဉ်မှာ ယင်းရွှေဆိုင်ပိုင်ရှင်နေအိမ်သို့ အမည်မသိအမျိုးသားခုနစ်ဦးမှ 3J/8313၊ ADVAN(ခဲရောင်) ကားဖြင့်ရောက်ရှိလာပြီး ဓားပြတိုက်လုယက်ကာ ၇၁ လမ်းအတိုင်း‌ မြောက်ဘက်မှတောင်ဘက်သို့မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ရှိတွင်  ဓားပြတိုက်သွားသည့် ကျူးလွန်သူများကိုဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ  သိရသည်။

 

▪️ မန္တလေးမြို့တွင် ယခုနှစ်ပိုင်းအတွင်း ပေါ်ဦး"ရွှေဆိုင်၊ "အောင်"ရွှေဆိုင်တို့အပါအဝင် ရွှေဆိုင်အချို့ ဓ-ားပြတိုက် လုယက်ခံရမှုများဖြစ်ပွားခဲ့သည့်အပြင် ပြီးခဲ့သည့် မေ ၃၁ ရက် မွန်းလွဲပိုင်းတွင်လည်း မဟာအောင်မြေမြို့နယ်၊  မြို့မဈေးအတွင်းဖွင့်လှစ်ထားသည့် ဆယ်သန်းရွှေဆိုင်ဓားပြတိုက်ခံခဲ့ရပြီး ရွှေလက်ကောက်၊ ရွှေဆွဲပြားများနှင့် ရွှေဆွဲကြိုး စုစုပေါင်းအလေးချိန် ရွှေနှစ်ပိဿာခန့်လုယက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times