#Local_News
Published 10 September 2024

▪️ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကမ္ဘာအေးဘုရားလမ်းမတွင် ယနေ့တွင် သစ်ပင်လဲကျမှုဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ စက်တင်ဘာ ၁၀ရက်နေ့၊ နေ့လယ်  ၁၂ နာရီခွဲ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမတွင် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း
သိရသည်။

 

▪️ အဆိုပါ  သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကားလမ်းကြပ်တည်းမှုယာယီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times