#World_News
Published 06 September 2024


▪️ ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ရွေးချယ်ခံရပါက အစိုးရအသုံးစရိတ် စာရင်းစစ်ခြင်းကို ဦးဆောင်ဖို့နဲ့ ပြုပြင်ပြောင်းလဲရေးကြီး အကောင်အထည်ဖော်ဖို့ ဘီလျံနာသူဌေး အီလွန်မက်စ်ကို ခန့်အပ်သွားမယ်လို့ ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

 

▪️ ဖန်တီးသွားမယ့် အစိုးရရဲ့စွမ်းဆောင်ရေးကော်မရှင်ကို ဖက်ဒရယ်အစိုးရ တစ်ခုလုံးရဲ့ ဘဏ္ဍာရေးနဲ့ စွမ်းဆောင်ရည် စာရင်းစစ်တာဝန်များ ပေးအပ်သွားမှာဖြစ်ကာ တက်စ်လာစီအီးအို မက်စ်ကိုတော့ အကြီးအကဲအဖြစ် ခန့်အပ်သွားမယ်လို့ ထရမ့်က ပြောပါတယ်။

 

▪️ တစ်ခါတရံမှာ စိတ်ကူးယဉ်ဆန်လွန်းတဲ့ ထရမ့်က ဒီလိုနည်းလမ်းဟာ ဒေါ်လာ ထရီလီယံနဲ့ချီပြီး သက်သာစေနိုင်တယ်လို့ နယူးယော့ခ်စီးပွားရေးကလပ်ကို ပြောပြခဲ့ပါတယ်။

 

▪️ ဒီကော်မရှင်ဟာ လိမ်လည်မှုနဲ့ ငွေပေးချေမှု မမှန်မကန်ခြင်းများကို ၆ လအတွင်း လုံးဝဖယ်ရှားနိုင်မယ့် အစီအစဉ် ဖန်တီးနိုင်လိမ့်မယ်လို့ ပြောသွားပါတယ်။

 

▪️ ယခင်က ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းတွေကို မဲပေးခဲ့တဲ့ မက်စ်က ပြီးခဲ့တဲ့ဇူလိုင်လ စည်းရုံးရေးပွဲတစ်ခုမှာ ထရမ့်ကို သေနတ်သမားတစ်ဦး လုပ်ကြံရန် ကြိုးပမ်းခဲ့ပြီးနောက်မှာ ထရမ့်ကို ထောက်ပံ့လာခဲ့ပါတယ်။

 

▪️ အီလွန်မက်စ်ကတော့ စည်းကမ်းထိန်းသိမ်းရေးများနဲ့ ငြိဖူးတဲ့ သမိုင်းကြောင်း ရှိထားပါတယ်။
ယင်းရဲ့ အလိုအလျောက် မောင်းနှင်နည်းပညာ အစီအစဉ်တွေကို အစိုးရအေဂျင်စီတွေက စောင့်ကြည့်နေကြပါတယ်။

 

▪️ မက်စ်ကို ရာထူးခန့်အပ်ဖို့ ထရမ့်ကမ်းလှမ်းနေတာဟာ အကျိုးစီးပွား ပဋိပက္ခရှိနိုင်လားဆိုတာ သိရဖို့ စောနေသေးတယ်လို့ ပြည်သူ့တာဝန်နှင့် ကျင့်ဝတ်အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ဂျော်ဒန်လီဘိုဝစ်ဇ်က ပြောသွားပါတယ်။

 

▪️ ဒါပေမဲ့ မက်စ်အနေနဲ့ သူ့စီးပွားရေးတွေကို တိုက်ရိုက်သက်ရောက်လာနိုင်မယ့် နိုင်ငံရေးလွှမ်းမိုးမှုတွေကနေ ရှောင်ရှားသင့်တယ်လို့ ပြောပါတယ်။

 

▪️ ဒါ့အပြင် အမေရိကန် စည်းမျဉ်းများအရ မက်စ်ဟာ သူ့ရဲ့ဘဏ္ဍာရေး ပိုင်ဆိုင်မှုများကို ချပြဖို့လိုနိုင်တယ်လို့လည်း လီဘိုဝစ်ဇ်က ထင်မြင်နေပါတယ်။

 

#Source: Barron's