#Local_News
Published_2 Sept 2024


▪️ လူမှုကရုဏာလုပ်ငန်းများတွင် အသုံးပြုရန် အမေရိကန်ဒေါ်လာ ၄ သိန်း ၂ သောင်းကျော်တန်ဖိုးရှိ ဆေးဝါးသုံး ပစ္စည်းများကို စက်တင်ဘာလ ၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

 

▪️ ယင်းကို ဂျပန်နိုင်ငံရှိ ingo PEACE က မြန်မာနိုင်ငံကြက်ခြေနီ အသင်းသို့ ရန်ကုန်မြို့ရှိ Chatrium Hotel ၌ အခမ်းအနားဖြင့် လှူဒါန်းခဲ့ခြင်းလည်းဖြစ်ပြီး အဆိုပါ ဆေးဝါးများကို မြန်မာနိုင်ငံဒေသအသီးသီးရှိ လိုအပ် သောနေရာဒေသများသို့ ဖြန့်ဖြူးပေးဝေသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

 

▪️ "ingo PEACE က ပေ ၂၀ ကွန်တိန်နာတစ်လုံးစာ ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၄ သိန်း ၂ သောင်းကျော် တန်ဖိုးရှိဆေးပစ္စည်းနဲ့ ဆေးဘက်ဆိုင်ရာသုံးပစ္စည်းတွေကို ပထမဦးဆုံးအကြိမ်လှူဒါန်းတာပါ။အခုလှူဒါန်းတာ ကမြန်မာနိုင်ငံကြက်ခြေနီအသင်းကတစ်ဆင့် မြန်မာ နိုင်ငံပြည်သူ၊ပြည်သားတွေ အကျိုးရှိတာပဲဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း၏တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

▪️ အခမ်းအနားတွင် လှူဒါန်းခြင်းအထိမ်းအမှတ်လက်မှတ်ရေးထိုးကြပြီး ingo PEACE. မှ S.M. NAZRUL ISLAM က USD 470,307 ဒသမ 23 တန်ဖိုးရှိ ဆေးဝါးများနှင့် ဆေးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများကို လွှဲပြောင်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

#Yangon_Times/PP