#Local_News
Published 2 September 2024

▪️ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၌  မီးလောင်မှုတစ်ခု ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားခဲ့ရာ တစ်နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ စက်တင်ဘာ ၂ ရက်နေ့၊ မနက်၄ နာရီ  ၄၀ မိနစ် အချိန်ခန့်က  ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကုန်သည်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 

▪️ အဆိုပါ သတင်းရရှိသဖြင့် လပွတ္တာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၅ နာရီ ၁၅မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times