#World_News
Published 03 September 2024


▪️ အမေရိကန်တို့က ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မက်ဒူရိုရဲ့ လေယာဉ်ကို ဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံထဲမှာ သိမ်းယူလိုက်ပြီး ဖလော်ရီဒါသို့ ပျံသန်းသွားခဲ့ပါတယ်။

 

▪️ ဒါဟာ ဓားပြတိုက်တာပဲလို့ ဗင်နီဇွဲလားသမ္မတက ရှုတ်ချလိုက်ပေမယ့် အမေရိကန်ကတော့ ထိုလေယာဉ်ဟာ ဒဏ်ခတ်ပိတ်ဆို့မှု ချိုးဖောက်တဲ့အတွက် လုပ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

 

▪️ အမေရိကန်အရာရှိများ သွားရောက်သိမ်းဆည်းခဲ့တဲ့ လေယာဉ်ဟာ Dassault Falcon 900EX ကိုယ်ပိုင်လေယာဉ်ဖြစ်ပြီး မက်ဒူရိုနဲ့ အစိုးရအဖွဲ့ဝင်များ အသုံးပြုကြကြောင်း၊ ဒီလေယာဉ်ဟာ တရားမဝင် ဝယ်ယူထားတာ ဖြစ်ကြောင်း အမေရိကန် တရားရေးဌာနက ပြောပါတယ်။

 

▪️ "တရားရေးဌာနက သိမ်းဆည်းလိုက်တဲ့ လေယာဉ်ဟာ အကာပစ္စည်းကုမ္ပဏီတစ်ခုကနေ ဒေါ်လာ ၁၃ သန်းဖြင့် တရားမဝင် ဝယ်ယူပြီး အမေရိကန်ကနေ ခိုးထုတ်သွားခဲ့ကာ နီကိုလတ်စ်မက်ဒူရိုနဲ့ ခရိုနီတွေ အသုံးပြုနေတာ ဖြစ်တယ်" လို့ အစိုးရှေ့နေ မာရစ်ခ်ဂါးလန်းက ထုတ်ပြန်သွားပါတယ်။

 

▪️ ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးဌာနက လေယာဉ်သိမ်းဆည်းခြင်းကို ရှုတ်ချကြောင်း တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

 

▪️ အမေရိကန် ပြည်ထောင်စုမှ အာဏာပိုင်များက ဓားပြမှုလို့ဆိုရမယ့် လုပ်ရပ်မျိုး ထပ်မံပြုလုပ်ပြန်ပြီလို့ ဖော်ပြထားပါတယ်။

 

▪️ လေယာဉ်ခြေရာခံ ဝက်ဘ်ဆိုက် Flightradar24 ရဲ့ဖော်ပြချက်အရ ထိုလေယာဉ်ဟာ ဆန်တိုဒိုမင်ဂိုမှ ဖို့လော်ဒါဒေးလ်သို့ တနင်္လာနံနက်ပိုင်းမှာ ပျံသန်းသွားတာ ဖြစ်ပါတယ်။

 

▪️ ဒိုမီနီကန်နိုင်ငံကတော့ အမေရိကန်တွေ လေယာဉ်အကြောင်း စုံစမ်းရာမှာ ပတ်သက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

 

▪️ "ဒိုမီနီကန် အစိုးရရော အစိုးရရုံးကရော အမေရိကန်တွေ စစ်ဆေးရာမှာ ပါဝင်ခြင်းမရှိပါဘူး။ လေယာဉ်ဟာ ပြုပြင်ထိန်းသိမ်းဖို့အတွက် ဒိုမီနီကန်နယ်မြေထဲမှာ ရောက်ရှိနေတာ ဖြစ်တယ်" လို့ ဒိုမီနီကန် နိုင်ငံခြားရေးဝန်ကြီး ရော်ဘတ်တိုအယ်ဗာရက်ဇ်က သတင်းထောက်တွေကို ပြောပြပါတယ်။

 

▪️ ၂၀၂၂ နဲ့ ၂၀၂၃ တို့မှာ မက်ဒူရိုနဲ့ ပတ်သက်သူတွေက လေယာဉ်ကို တရားမဝင်ဝယ်ယူရာမှာ ယင်းတို့ပါဝင်မှုကို ဖုံးကွယ်ဖို့အတွက် ကာရစ်ဘီယန်အခြေစိုက် အကာပစ္စည်းကုမ္ပဏီတစ်ခုကို အသုံးပြုခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။

 

▪️ ဒီနောက် ၂၀၂၃ ဧပြီလမှာ အမေရိကန်မှ ဗင်နီဇွဲလားသို့ ကာရစ်ဘီယန်မှတဆင့် တရားမဝင်တင်ပို့လိုက်ပါတယ်။

 

▪️ ၂၀၂၃ မေလနောက်ပိုင်း ဗင်နီဇွဲလားရှိ စစ်အခြေစိုက်စခန်းတစ်ခုကနေပဲ လေယာဉ်က အသွားအပြန် ပြုလုပ်နေခဲ့ပါတယ်။

 

▪️ နီကိုလတ်စ်မက်ဒူရို ခရီးစဉ်သွားတဲ့အခါ အများဆုံးအသုံးပြုဖြစ်တယ်လို့ မိုင်ယာမီလုံခြုံရေးရုံးမှ တာဝန်ရှိသူအထူးအေးဂျင့် အန်သိုနီဆာလစ်ဘူရီက ပြောပါတယ်။

 

▪️ ဇူလိုင် ၂၈ ရွေးကောက်ပွဲမှာ မက်ဒူရိုက အနိုင်ရသူအဖြစ် အငြင်းပွားဖွယ် ကြေညာပြီးနောက် ဗင်နီဇွဲလားမှာ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး လူဒါဇင်ခန့်သေဆုံးခဲ့ကာ ၂၄၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

 

▪️ အတိုက်အခံပါတီက တဖက်သတ် အနိုင်ရခဲ့တာကို မဲမှတ်တမ်းများဖြင့် သက်သေပြနိုင်တယ်လို့ ဆိုထားပါတယ်။

 

▪️ မက်ဒူရိုနဲ့ ကိုယ်စားလှယ်လောင်းတွေက ရွေးကောက်ပွဲရလဒ်ကို ကျေနပ်မှုမရှိဘဲ အင်အားအသုံးပြုကာ ဆက်လက်ဖိနှိပ်ခဲ့တယ်လို့ အမေရိကန် လုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

 

▪️ လေယာဉ်ကို သိမ်းဆည်းတာဟာ ဗင်နီဇွဲလားမှ လွဲမှားတဲ့ အစိုးရလုပ်ရပ်တွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို မက်ဒူရိုဆက်လက်ခံစားရစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

 

#Source: Barrons