#Local_News
Published 3 September 2024

▪️ ဂျပန်ဘာသာအရည်အချင်းစစ်(Nat-Test) စာမေးပွဲ၏ Certificate Level အလိုက်နှင့် အမှတ်စာရင်းများကို ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း  Nat-Test Center Yangon မှ အသိပေးကြေညာထားကြောင်း သိရသည်။

 

▪️ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်က ဖြေဆိုခဲ့သည့် အဆိုပါ Nat-Test စာမေးပွဲ၏ Certificate များနှင့် အမှတ်စာရင်းများကိုထုတ်ပေးနေခြင်းဖြစ်ပြီး N2 Level နှင့် N4 Level ကို ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၁ ရက်၊ N3 Level ကို စက်တင်ဘာလ ၂ ရက်နှင့် ၃ ရက်၊ N5 Level အတွက် စက်တင်ဘာလ ၄ ရက်နှင့် ၅ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲအထိ လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် Level အလိုက် Certificate ထုတ်ယူရန် သတ်မှတ်ထားသောရက်ပြီးပါက စက်တင်ဘာလ ၆ ရက်မှစတင်၍  Level အားလုံး၏ Certificate များကို ခြောက်လအတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း ၊ ထုတ်ယူလိုသူများအနေဖြင့် ကိုယ်တိုင်လာရောက်ထုတ်ယူပါက  မှတ်ပုံတင် မိတ္တူ တစ်စောင် (သို့မဟုတ်) မူရင်းယူဆောင်လာရမည်ဖြစ်သည်။

 

▪️ ၎င်းအပြင် ကိုယ်စားလာရောက်ထုတ်ယူ သူများအနေဖြင့်မှတ်ပုံတင် မိတ္တူ တစ်စောင် ယူဆောင်လာရမည်ဖြစ်ပြီး ခုံနံပါတ်မှန်ကန်စွာသိရှိရန်လိုအပ်ကြောင်းနှင့် လူ‌ဦးရေ နှစ်ယောက်ထက်ပို၍ ကိုယ်စားထုတ်ပေး၍ မရကြောင်း သိရသည်။

 

▪️ သင်တန်းကျောင်းများအနေဖြင့် မိမိတို့၏ ကျောင်းသားလူဦးရေ List ကို letter head ဖြင့် ခုံနံပါတ်များ အတိအကျဖြင့်တစ်ရက်ကြိုတင်ပေးပို့ရန်လိုအပ်ကြောင်း သိရသည်။

 

▪️ ယင်းအပြင် ထုတ်ယူလိုသူများအနေဖြင့် လိုအပ်သည့်အချက်အလက်များပြည့်စုံပါက အမှတ်-B-11မြေညီထပ်၊ အနော်ရထာအိမ်ရာ၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင်ထုတ်ယူနိုင်ပြီး လိုအပ်သည့်အချက်အလက်များမပြည့်စုံပါက အောင်လက်မှတ်နှင့်အမှတ်စာရင်းများကိုမည်သည့်အကြောင်းကြောင့်မျှ ထုတ်ပေးမည်မဟုတ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times