#World_Science
Published 1Sept 2024


▪️ သက်ရှိတွေ ရှင်သန်နိုင်ဖို့ လိုအပ်တဲ့ ရေရှည်တည်မြဲ ရင်းမြစ်များတည်ရှိရာ လကမ္ဘာမှာ လူသားတွေ နေထိုင်လို့ရနိုင်မယ့် နည်းလမ်းတွေကို သိပ္ပံပညာရှင်များ ကြိုးစားရှာဖွေနေကြပါတယ်။

 

▪️ အခုအခါ တရုတ်သိပ္ပံပညာရှင်တွေက လကမ္ဘာမြေကြီးကို အသုံးပြုပြီး လပေါ်မှာ ရေထုတ်လုပ်နိုင်ဖို့ လမ်းစဉ်ကို ကြိုးပမ်းနေကြပါတယ်။

 

▪️ အသက်ရှင်နေထိုင်ဖို့အတွက်ရာ ရေက အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်နေပါတယ်။

 

▪️ လပေါ်မှာ ရေရနိုင်တဲ့ အရိပ်အယောင်အချို့ တွေ့ရှိပြီးနောက် လူသားတွေ အသက်ရှင်ဖို့ အထောက်အကူပြုနိုင်မယ့် ရေကို ထုတ်လုပ်ရန် ကြိုးပမ်းလာပါတယ်။

 

▪️ ဒီလုပ်ငန်းစဉ်အတွက် နင်ဘိုနည်းပညာနဲ့ အင်ဂျင်နီယာ တရုတ်သိပ္ပံအကယ်ဒမီမှ ပရော်ဖက်ဆာ ဝမ်ကျွန်ချန်းဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့က နည်းလမ်းရှာဖွေနေကြပါတယ်။

 

▪️ သုတေသီအဖွဲ့က ဟိုက်ဒရိုဂျင်နဲ့ ရီဂိုလစ်လို့ခေါ်တဲ့ ဂြိုဟ်အုတ်မြစ် အစိုင်အခဲလွှာတို့ရဲ့ ထူးခြားဓာတုဓာတ်ပြုမှုကို အသုံးပြုပြီး ရေထုတ်လုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

 

▪️ ဒီဓာတ်ပြုမှုဖြင့် သောက်သုံးရေ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

 

▪️ ချန်အီ-၅ လကမ္ဘာမစ်ရှင်ကနေ ရယူလာတဲ့ ရီဂိုလစ်နမူနာများကို အသုံးပြုကာ လကမ္ဘာပေါ်မှာ ရေထုတ်လုပ်နိုင်ဖို့ နည်းလမ်းရှာဖွေနေကြောင်း၊ စမ်းသပ်ချက် စိတ်ချမှုရှိဖို့ လကမ္ဘာမှ တရားဝင်ပစ္စည်းများ အသုံးပြုခြင်းက ဘယ်လောက်အရေးကြီးကြောင်း ပရော်ဖက်ဆာက ပြောသွားပါတယ်။

 

▪️ စမ်းသပ်ချက်ပြုလုပ်ရာမှာ အထူးဖန်တီးထားတဲ့ မှန်ခွက်များကို အသုံးပြုကာ ရီဂိုလစ်ကို ၁၂၀၀ ကယ်လ်ဗင်အထက် အပူပေးလိုက်ရင် အရည်ကျိုရီဂိုလစ် ၁ ဂရမ်ဖန်တီးနိုင်ကာ ရေ ၅၁ မှ ၇၆ မီလီဂရမ်ခန့် ထုတ်လုပ်နိုင်ပါတယ်။

 

▪️ ရီဂိုလစ် ၁ တန်ကနေ ရေ ၅၀ ကီလိုဂရမ်ကျော် ထုတ်လုပ်နိုင်ကာ ၅၀၀ မီလီလီတာ ရေသန့်ဗူးပေါင်း ၁၀၀ နဲ့ ညီမျှပါတယ်။

 

▪️ ဒီလောက်ရေသန့်ဗူးဆိုရင် လူ ၅၀ စာအတွက် တစ်နေ့တာ လုံလောက်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် လကမ္ဘာမှ အီလ်မင်နိုက်ဟာလည်း ရေထုတ်ယူဖို့အတွက် အရေးကြီးတဲ့ သတ္တုဓာတ် ဖြစ်ပါတယ်။

 

#Source: WION