(သတင်းနှင့်အမြင် ကဏ္ဍသစ်ကို ယနေ့မှစ၍ တင်ဆက်လိုက်ပါတယ်။ ကမ္ဘာ့သတင်း မြန်မာ့သတင်းများနှင့် ယင်းတို့အပေါ် အမြင်များကို ပေါင်းစပ်သည့်ပုံစံဖြင့် ယခုကဏ္ဍကို အခါအားလျော်စွာ ဖော်ပြပေးပါမည်။ အယ်ဒီတာ)

၁ စက်တင်ဘာ ၂၀၂၄

အစ္စရေးနိုင်ငံ ဟိုင်ဖာကမ်းလွန်မှာရှိတဲ့ လီဗီယက်သန် Leviathan သဘာဝဓာတ်ငွေ့တွင်းမှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းများက ဖော်ပြထားပါတယ်။  ကနဦးသတင်းများအရ အဲဒီ သဘာဝ ဓာတ်ငွေ့    တွင်း ပေါက်ကွဲမှုဖြစ်ရတာဟာ ချို့ယွင်းမှုတစ်ခုခုကြောင့်ဖြစ်တယ်လို့ အစ္စရေး သတင်းအရင်း အမြစ်တွေက ပြောပါတယ်။

ဒါပေမယ့် အခြား မီဒီယာတွေကတော့ လီဗီယက်သန်ဓာတ်ငွေ့တွင်းဟာ ဒရုန်းတိုက်ခိုက်မှုခံရတာလို့ပြောကြပါတယ်။ အဲဒီ   တိုက်ခိုက်မှုမှာ အီရတ်နှင့် ယီမင်ဟောက်သီ ဆန့်ကျင်ရေးအုပ်စုတွေ ပါဝင်ပတ်သက်ဖွယ်ရှိတယ်လို့ သံသယရှိနေကြပါတယ်။  ဒါပေမယ့် မည်သည့် တရားဝင် အတည်ပြုချက်မှာတော့ မရှိသေးပါဘူး။

လီဗီယက်သန် ဓာတ်ငွေ့တွင်းဟာ ဟိုင်ဖာ ကမ်းခြေမှ ၁၃၀ကီလိုမီတာအကွာခန့် အစ္စရေးနိုင်ငံရဲ့ သီးသန့် စီးပွားရေးဇုန် Exclusive Economic Zone (EEZ) မှာ တည်ရှိတာဖြစ်ပါတယ်။

ပင်လယ်ရေအောက်တွင်း  (၄)တွင်းကို မန်နီဖိုးလ် manifold (ဖြာဝင်ပေါက်)ကြီးတစ်ခုနှင့်ချိတ်ဆက်ထားပါတယ်။ အဲဒီကမှ ကမ်းလွန်ပလက်မောင်းသို့ ၁၂၀ ကီလိုမီတာရှည်လျားတဲ့ ပိုက်လိုင်းနှင့်ဆက်သွယ်ထားတာဖြစ်ပါတယ်။ အဲဒီပလက်ဖောင်းမှာ ဓာတ်ငွေ့တွေလုပ်ငန်းစဉ်လုပ်ဆောင်ပေးပါတယ်။

01

နိုင်ငံတွေရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်တွေဖြစ်လာနေခဲ့ပါတယ်။ ကမ္ဘာအနှံ့မှာ စွမ်းအင် အရင်းအမြစ်တွေနှင့် အခြေခံအဆောက်အဦတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့ကြရာမှာ ၂၀၂၂ခုနှစ် စက်တင်ဘာ ၂၆ ရက်က  ရုရှားကနေ ဥရောပကို ဘောလ်တစ်ပင်လယ်မှတစ်ဆင့် ဆက်သွယ်ထားတဲ့  Nord Stream  ဓာတ်ငွေ့ပိုက်လိုင်း အကြမ်းဖက်ဖောက်ခွဲခံခဲ့ရတာဟာ အထင်ကရဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ရုရှားနှင့် ယူကရိန်းရဲ့ ပဋိပက္ခ   များအတွင်း ဖြစ်ပွားခဲ့တဲ့ အဆိုပါ အကြမ်းဖက်မှုကို ဘယ်သူလဲဆိုတာကို ခန့်မှန်းနိုင်ကြပေမယ့် လုပ်ခဲ့တဲ့သူတွေက ဝန်မခံ  ကြပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအကြမ်းဖက်မှုဟာ မကောင်းဘူးဆိုတာ လုပ်တဲ့သူတွေကိုယ်တိုင်သိနေလို့ပဲဖြစ်ပါတယ်။

စီးပွားရေးတွေကူးလူးဆက်သွယ်နေတဲ့ ယနေ့ကမ္ဘာကြီးမှာ စွမ်းအင်အခြေခံအဆောက်အအုံတွေဟာ ပြည်တွင်းထဲမှာပဲ တည်  ဆောက်ထားတာတွေရှိသလို နိုင်ငံတွေဖြတ်ကျော်တည်ဆောက်တာတွေလည်းရှိပါတယ်။ အကြမ်းဖက်သူတွေရဲ့ ပစ်မှတ် တွေ  ဖြစ်လာနေတဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေအတွက် လုံခြုံရေးဆိုင်ရာ အစီအမံတွေ စနစ်တကျရှိလာဖို့လိုအပ်လာ  နေပါတယ်။ အဲဒီစွမ်းအင်အခြေခံအဆောက်အအုံတွေကိုလည်း အကြမ်းဖက်မှုအန္တရာယ်မှ ကာကွယ်နိုင်မယ့် နည်းပညာတွေ  နှင့် အခြားသော ဗျူဟာမြောက်တုန့်ပြန်မှုတွေကို သက်ဆိုင်ရာနိုင်ငံတွေက စီစဉ်ထားရှိဖို့လိုပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အကယ်၍ အတိုက်အခိုက်ခံရရင် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှု၊ စီးပွားရေးဆုံးရှုံးမှုနှင့် သဘာဝ    ပတ်ဝန်းကျင်ထိခိုက်စေနိုင်မှုစတဲ့ အန္တရာယ်တွေ ရှိနေလို့ဖြစ်ပါတယ်။

အဲဒါကြောင့် တိုက်ခိုက်ခံရခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့လိုအပ်လာပါတယ်။ အဲဒီအထဲမှာ အရေးအကြီးဆုံးကတော့ အတားအဆီးများထားရှိခြင်း၊ကြိုတင်ထောက်လှမ်းကိရိယာများတပ်ဆင်ခြင်း၊လုံခြုံရေးတင်းကြပ်ခြင်းစတဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအစီအမံတွေပဲဖြစ်ပါတယ်။

နောက်အရေးကြီးတာက ထောက်လှမ်းရေးအဖွဲ့များနှင့်ချိတ်ဆက်ပြီး သတင်းတွေလက်ဦးမှုရအောင်စုံစမ်းထောက်လှမ်းရပါ  မယ်။ အရေးပေါ်စီမံခန့်ခွဲခြင်းနှင့် အကျပ်အတည်းဖြေရှင်းခြင်းတွေကိုလည်း ကြိုတင်ဇာတ်တိုက်လေ့ကျင့်သင့်ပါတယ်။   နောက်တစ်ခုကတော့ လူမှုအသိုက်အဝန်းတွေကပါ သိရှိနားလည်အောင်လုပ်ပြီး ပြည်သူတွေကပါ အသိနှင့်ပါဝင် ကာကွယ် လာဖို့ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် အကြမ်းဖက်မှုတွေပြွမ်းတီးလာနေတဲ့ ကမ္ဘာကြီးမှာ ပစ်မှတ်တွေဖြစ်လာနိုင်တဲ့ စွမ်းအင်အခြေခံ အဆောက်အအုံတွေလုံခြုံရေးကို ဦးစားပေးလုံခြုံရေးအဆင့်ထားရှိခြင်း၊ လုံခြုံရေးအသိ အမြဲနိုးကြားနေခြင်းနှင့် ကြိုတင်     ကာကွယ်နိုင်မည့် လက်တွေ့ကျသော အစီအမံများ ထားရှိဆောင်ရွက်ခြင်းတို့ လုပ်ဆောင်သင့်ပါကြောင်း။

-ကောင်းမြတ်ကျော်