ဂျပန်-အမေရိကန် မဟာမိတ် ပိုမိုပတ်သက်လာခြင်းအပြင် စစ်ရေးကိရိယာများနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်လာခြင်းက ဒေသတွင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်လာစေလိမ့်မယ်လို့ ဂျပန်လူမျိုး ကျွမ်းကျင်သူတစ်ဦးက ပြောပြလိုက်ပါတယ်။
ဂျပန်နဲ့ အမေရိကန် အစိုးရတို့မှ ကျင်းပတဲ့ ကာကွယ်ရေး စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ မှီငြမ်းတတ်မြောက်ရေးနဲ့ ရေရှည်တည်တံ့ရေး (DICAS)ဖိုရမ်ကို အင်္ဂါနေ့မှာ နိဂုံးချုပ်ခဲ့ပါတယ်။
#World_News
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 15 June 2024
၁။ "အပြည်ပြည်ဆိုင်ရာသင်္ဘောသားနေ့" အခမ်းအနား ကျင်းပမည်၊ စုပေါင်းသွေးလှူဒါန်းပွဲပါပါဝင်
၂။ လယ်ယာသုံးစက်ကိရိယာဝယ်ယူမည့် တောင်သူလယ်သမား တစ်ဦးလျှင် ကျပ်သိန်း ၇၀၀ အထိ ချေးငွေချထားပေးရန် စီစဉ်နေ
၃။ ဧရာဝတီတိုင်းမှ အုန်းသီးများ ဈေးကွက်အတွင်း ဝယ်လိုအား ကောင်းနေ
၄။ ဂျပန်နှင့် အမေရိကန်စစ်ရေးပူးပေါင်းမှု မြှင့်တင်ဆောင်ရွက်လာခြင်းသည် ဒေသတွင်း တည်ငြိမ်မှုပျက်ပြားရေးဆီ ဦးတည်နေဟု ဂျပန်ပညာရှင်သုံးသပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
Published-15 June 2024
ရန်ကုန်နယ်နမိတ်အတွင်းရှိ ရေမြောင်းနှင့်မြစ် ၊ချောင်းထွက်ပေါက်များသို့အမှိုက်စွန့်ပစ်ပါက ငွေဒဏ်အပြင် ထောင်ဒဏ် များပါချမှတ်နိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ရေမြောင်းများ၊ ချောင်းများ အတွင်းသို့ အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် ရေမြောင်းများ ပိတ်ဆို့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ(၂၀၁၈ ခုနှစ်) အခန်း (၂၉) တားမြစ်ချက် ပုဒ်မ ၃၁၇ ပုဒ်မခွဲ (ခ) တွင် ပြဌာန်းထားသည့် “ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်းဘေးရေမြောင်းငယ်၊ ရေမြောင်းကြီး၊ မြစ်နှင့်မြစ်ထွက်ပေါက်များ၊ ချောင်းများအတွင်းသို့ စွန့်ပစ်ပစ္စည်းများ၊ ရေဆိုးများ စီးဝင်စေခြင်း၊ စွန့်ပစ်ခြင်း၊ ပိတ်ဆို့စေခြင်းမပြုရ” ဟူသည့် တားမြစ်ချက်ရှိကြောင်းသိရသည်။
ထို့ကြောင့် မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်းဘေးရေမြောင်းငယ်၊ ရေမြောင်းကြီး၊ မြစ်နှင့်မြစ်ထွက်ပေါက်များ၊ ချောင်းများအတွင်းသို့ စွန့်ပစ်ပစ္စည်းများ၊ ရေဆိုးများ စီးဝင်စေခြင်း၊ စွန့်ပစ်ခြင်း၊ ပိတ်ဆို့စေခြင်းမပြုရ” ဟူသည့် တားမြစ်ချက်ကို ကျူးလွန်ပါက “ငွေဒဏ်ကျပ် ၅ သောင်းမှ ကျပ်(၃) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ်(၃)လ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟူသော ပြစ်ဒဏ်သတ်မှတ်ချက် ရှိကြောင်း
သိရသည် ။
အဆိုပါ သတ်မှတ်ချက်ကို ပြည်သူများ သိရှိလိုက်နာပြီး မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးတို့ အတွက် ရန်ကုန်မြို့ရှိ ချောင်း၊ မြောင်းများအနီး တားမြစ်အသိပေးနှိုးဆော် ဆိုင်းဘုတ်များအား စိုက်ထူခြင်း၊ စာတန်းများ ချိတ်ဆွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ် (၇) ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်တွင် အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု)က ရေစီးရေလာကောင်းမွန်စေရေးအတွက် မြောင်းအတွင်း အမှိုက်နှင့် နုန်းများ ဆယ်ယူ ရှင်းလင်းနေမှု၊ “ရေမြောင်းထဲသို့ အမှိုက်ပစ်ပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်” စာသားပါ အသိပေးဆိုင်းဘုတ် စိုက်ထူနေခဲ့ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နဲ့ သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ်(၃) တံတားသစ်ဖွင့်ပြီးနောက် မှာသန်လျင်မြို့မှာ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ပိုဖြစ်လာတယ်လို့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group
ယားနာတွေ ပေါက်နေတဲ့ဘိုးဘွားတွေ သဘာဝတရားရိပ်သာမှာများနေတယ်။ ရိပ်သာမှာ သက်ကြီးဘိုးဘွားဦးရေချည်းပဲ စုစုပေါင်း (၂၀၀၀) ကျော်ရှိပြီး ဆေးဝါးဈေးနှုန်းတွေတက်နေတဲ့အတွက် ရိပ်သာအနေနဲ့ ဆေးဝါးတွေမဝယ်ယူနိုင်တော့လို့ အလှူရှင်တွေကို စောင့်ဆိုင်းနေရတယ်။
Yangon_Times/tthl
#Local_News
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်းဒေသကြီးမှ အုန်းသီးများ ဈေးကွက်အတွင်း ဝယ်လိုအား ကောင်းနေတယ်လို့ အုန်းသီးအရောင်းဝယ်ပြုလုပ်သူတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group
လယ်ယာသုံးစက်ကိရိယာဝယ်ယူမယ့် တောင်သူလယ်သမား တစ်ဦးကိုအများဆုံး ကျပ်သိန်း ၇၀၀ အထိ ချေးငွေချထားပေးသွားဖို့ စီစဉ်နေတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group
'အပြည်ပြည်ဆိုင်ရာသင်္ဘောသားနေ့ 'အခမ်းအနားကို သင်္ဘောသားတွေနဲ့ သင်္ဘောသားမိသားစုဝင်တွေကြား မိတ်ဆွေဖွဲခြင်း၊ ဗဟုသုတနဲ့ အတွေ့ အကြုံဖလှယ်ခြင်းစတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပမှာဖြစ်တယ်။ဇွန်(၂၄)ရက်မှာသွေးလှူဒါန်းပွဲ ကျင်းပမယ်။
Yangon_Times/tthl
#Local_News
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 15 June2024
ရှမ်းပြည်နယ်၊ ရွာငံမြို့နယ် ရှိ ဧက ၁၂၀၀ကျော် ရှိသည့် ကေလာသတောင် ကြိုးပြင်ကာကွယ်တောသတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့် များကိုကျင့်သုံးကာ ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာ အကျယ်အဝန်း(၁,၂၁၆)ဧကရှိသော နယ်မြေကို ကေလာသတောင် ကြိုးပြင်ကာကွယ်တောအဖြစ် အမိန့်ကြော်ငြာစာ အမှတ် (၄၆/၂ဝ၂၄)အရ ယခုလဆန်းပိုင်း၌ သတ်မှတ်လိုက် ကြောင်းသိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ပေါကြွယ်ဝမှုကိုထိန်းသိမ်းရန်၊ တားမြစ်သစ်ပင်များနှင့် အခြားသစ်မျိုးများ ရေရှည်တည်တံ့အောင် ထိန်းသိမ်း ကာကွယ်ရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန်နှင့် ရာသီဥတုသာယာမျှတစေပြီး စိမ့်စမ်းရေထွက်များ အားထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်
ကြောင်း သိရသည်။
ကေလာသတောင် ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းအားရခြင်းကြောင့် တန်ဖိုးရှိသစ်မျိုးများဖြစ်သည့် အင်ကြင်း၊ ပျဉ်းကတိုး၊ ထောက်ကြံ့၊ ပိတောက်၊ တမလန်းပင်များနှင့် အခြားဒေသမျိုးရင်း သစ်မျိုးများဖြစ်သည့် ယမနေ၊ ဒဟတ်၊ မျောက်ချော၊ သပြေ စသည်တို့အား ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ခြင်း၊ ရှားပါးမျိုးစိတ်ဖြစ်သော မျောက်ညိုနှင့် နေထိုင်ကျက်စားလျက်ရှိသော ချေ၊ ဆတ်၊ ဝက်၊ မျောက်နီ၊ တောကြောင်၊ တောကြက်၊ ဒေါင်းနှင့် ငှက်အမျိုးမျိုးစသည့် တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းနိုင်ခြင်း၊ အဆိုပါ တိရစ္ဆာန်များ၏ နေရင်းဒေသများတိုးပွား လာခြင်းနှင့် မြို့ကြီးတောရကျောင်းရှိ သာသနာပြုရဟန်း/သံဃာများနှင့် မြို့ကြီးကျေးရွာသူ၊ ရွာသားများအတွက် အသုံးပြုသည့်ရေထွက်ဧရိယာများအား ထာဝစဉ်တည်တံ့စေရန် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း စသည့် အကျိုးကျေးဇူး များ ရရှိနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Yangon_Times/NN
#Local_News
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 15 June 2024
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၃၄/၇)နှင့်(၃၃၅/၀)ကြားတွင် Hino အမျိုးအစား(အဖြူရောင်)ယာဉ်နှင့်Scania အမျိုးအစား(အနီရောင်) ခရီးသယ်ယာဉ် တို့တိုက်မိသဖြင့် အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရသိရသည်။
ဇွန်လ ၁၅ရက် မနက် ၄နာရီ ၄၅မိနစ် ခန့်က Hino အမျိုးအစား(အဖြူရောင်) ခရီးသယ်ယာဉ်အား လားရာတူ မောင်းနှင်းလာသော Scania အမျိုးအစား(အနီရောင်) ခရီးသယ်ယာဉ်သည် နောက်မှ ဝင်ရောက်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် Hino အမျိုးအစား(အဖြူရောင်) ခရီးသယ်ယာဉ်ပေါ်ပါ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) နှင့် အမျိုးသား(၃)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ရာသို့ စကားအင်း အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ ဒဏ်ရာရရှိသူ များ ကို သူနာတင်ယာဉ်ဖြင့် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 15 June 2024
ရန်ကုန်မြို့ ဒဂုံမြို့နယ်ပြည်လမ်းမပေါ် ပြည်သူ့ရင်ပြင်အရှေ့ တွင် YBS၊TAXIနှင့် အိမ်စီးကားတစ်စီးစုစုပေါင်းယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၄ရက် ည ၈နာရီ ခွဲ ခန့် က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ကာခရီးသည်များ၊ယာဉ်မောင်းများလူထိခိုက်မှုမရှိခဲ့ဘဲ ကားလမ်းပိတ်ဆို့မူအနည်းငယ်သာဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုနေရာသို့ အနာဂတ်အလင်းတန်းပရဟိတအသင်းမှအရေးပေါ်လူနာတင်ယာဉ်(04)တစ်စီးထွက်ခွါ၍ကူညီခဲ့ကာ ယာဉ်တိုက်မှုဖြစ်စဉ်နေရာတွင်ခရီးသည်များ၊ယာဉ်မောင်းများနှင့်လူများထိခိုက်မှုမရှိသဖြင့် ကားလမ်းရှင်းပေးခြင်းနှင့်လိုအပ်သည်များအားကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 15 June 2024
ကျောင်းသုံးပစ္စည်းလိုအပ်ချက်များကို တင်ပြဖြည့်ဆည်းရန်နှင့်နေရပ်စွန့်ခွာဒေသမှ ကလေးများကျောင်းအပ်ရာ၌အဆင်ပြေအောင်ဆောင်ရွက်ပေးရန် ပညာရေးဝန်ကြီးဌာနမှ လမ်းညွှန်ထားကြောင်း သိရသည်။
ယင်းလိုအပ်ချက်များဖြည့်ဆည်းပေးရန် ညွှန်ကြား ချက်ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ဒုတိယဝန်ကြီးနှင့် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် အွန်လိုင်းမှတွေ့ဆုံစဉ် ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ကျောင်းများအားလုံးဖွင့်လှစ်ခဲ့သည်မှာ ရက်သတ္တနှစ်ပတ်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာကျောင်းများ၊ ဌာနများအလိုက် ဆရာ ဆရာမ၊ ကျောင်းသားဦးရေစာရင်း များမှအစ ရုံးလုပ်ငန်းဆိုင်ရာ စာရင်းဇယားများ ဆောင်ရွက်ရာတွင် အချက်အလက်များကို တိကျမှန်ကန်မြန်ဆန်ရေးအတွက် စနစ်တကျအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းများတွင်ရှိသည့် သုတေသနစက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများစာရင်းနှင့် ထပ်မံလိုအပ်သည့်ပစ္စည်းစာရင်းများ စနစ်တကျတင်ပြရန်လိုကြောင်း၊ သုတေသနပစ္စည်းများကို အကျိုးရှိထိရောက်အောင် စနစ်တကျသုံးစွဲဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းအပြင် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယာယီနေရပ်စွန့်ခွာဒေသမှ ကလေးများ ကျောင်းလာအပ်ပါက အဆင်ပြေချောမွေ့စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိစေရေး အားလုံးလက်တွဲဆောင်ရွက်ပေးကြရန်တို့ကို မှာကြားခဲ့သည်။
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ကလည်း e-government အောင်မြင်စွာအကောင်အထည် ဖော် တည်ဆောက်နိုင်ရေးအတွက် အားလုံးပါဝင်ဆောင်ရွက်ကြရန်၊ Project Based Learning အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ အရည်အသွေးများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ရန်တို့ကို ပြောကြားခဲ့ ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 746 of 2058