#World_News
Published 28 August 2024


▪️ ယူကရိန်းကို အနောက်တိုင်းဒုံးကျည်များ အသုံးပြုစေပြီး ရုရှားဘက်ကို တိုက်ခိုက်ခွင့်ပေးလိုက်တဲ့ အမေရိကန်ဟာ မီးမွှေးနေတာဖြစ်ပြီး ပဋိပက္ခက ဥရောပမှာတင်မဟုတ်ဘဲ တတိယကမ္ဘာစစ်အထိ ဖြစ်လာနိုင်တယ်လို့ ရုရှားတို့က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။

 

▪️ ဩဂုတ် ၆ ရက်နေ့က ယူကရိန်းဟာ ရုရှားအနောက်ပိုင်းရှိ ခါ့စ်ဒေသကို တိုက်ခိုက်ခဲ့ကာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း တိုင်းတစ်ပါးကနေ ရုရှားကို အကြီးမားဆုံး တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး နယ်မြေအပိုင်းလေးတစ်ခု ပေးလိုက်ရပါတယ်။

 

▪️ ဒီအတွက် ထိုက်တန်တဲ့တုန့်ပြန်မှု ပြုလုပ်ရလိမ့်မယ်လို့ သမ္မတဗလာဒီမာပူတင်က ဆိုလိုက်ပါတယ်။

 

▪️ ပူတင်အတွက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လာတာ နှစ် ၂၀‌ ကျော်ကြာလာပြီဖြစ်တဲ့ ဆာဂျေးလက်ဗ်ရော့ဗ်က ပြောကြားရာမှာ အနောက်တိုင်းဟာ ယူကရိန်းစစ်ပွဲကို တင်းမာမှုမြင့်တက်လာအောင် ကြံရွယ်နေပြီး ယူကရိန်းကို နိုင်ငံခြားထောက်ပံ့ လက်နက်များ အသုံးပြုခွင့် တင်းကြပ်မှုများကို လျှော့ပေါ့ရန် ကြံစည်နေပါတယ်။

 

▪️ ၂၀၂၂ ခုနှစ် ယူကရိန်းကို ကျူးကျော်စဉ်ကတည်းက ပူတင်ဟာ ကမ္ဘာ့နျူကလီးယား လက်နက်ပိုင် အင်အားကြီးနိုင်ငံတွေ စစ်ပွဲမှာပါဝင်လာမှာကို အကြိမ်ကြိမ် သတိပေးခဲ့ကာ ရုရှားအနေဖြင့် အမေရိကန်ဦးဆောင်တဲ့ နေတိုး(NATO) မဟာမိတ်အဖွဲ့ကြီးနဲ့ ပဋိပက္ခမဖြစ်ချင်ဘူးလို့ ပြောခဲ့ပါတယ်။



▪️ နျူကလီးယားလက်နက် ပိုင်ဆိုင်တယ်ဆိုပြီး ယုံကြည်နေကြတဲ့ အနောက်တိုင်းနိုင်ငံတွေအနေနဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးမနေသင့်ကြောင်း၊ တတိယကမ္ဘာစစ်ဖြစ်လာရင် ဥရောပဟာ အထိခိုက်ခံရဆုံး ဖြစ်လာမှာဖြစ်ကြောင်း လက်ဗ်ရော့ဗ်က ပြောပါတယ်။

 

▪️ အနောက်တိုင်းမဟာမိတ်တွေက ကန့်သတ်ချုပ်ခြယ်မှုတွေကြောင့် ရုရှားဘက်က စစ်ရေးပစ်မှတ်အချို့ကို မတိုက်ခိုက်နိုင်ဘူးလို့ ယူကရိန်းသမ္မတ ဇယ်လန်စကီက ပြောထားပြီး ယူကရိန်းကို ကူညီဖို့ရာ ထိုကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

 

▪️ ရုရှားဘက်က ခါ့စ်ဒေသကို ယူကရိန်းတိုက်ခိုက်ရာမှာ အမေရိကန်က ယင်းတို့မပါဝင်ဘူးလို့ ဆိုထားပါတယ်။ အမေရိကန်နဲ့ ဗြိတိန်တို့က ခါ့စ်ဒေသရဲ့ ဂြိုဟ်တုပုံရိပ်နဲ့ အချက်အလက်များကို ယူကရိန်းထံ ပေးပို့ခဲ့တယ်လို့ The New York Times က ဖော်ပြခဲ့ပါတယ်။

 

#Source: Reuters