#World_Health
Published 28 August 2024


▪️ ကော်ဖီမှာ သကြား၊ နို့ဆီဘာမှ မထည့်တဲ့ ဘလက်ခ်ကော်ဖီဟာ လူကြိုက်များသလို ကယ်လိုရီနည်းပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ကျန်းမာရေးအတွက်လည်း ကောင်းပြီး နှလုံးရောဂါ၊ ဆီးချိုစတဲ့ နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေ လျှော့ချပေးပါတယ်။

 

▪️ ဒါပေမဲ့ အလွန်အကျွံ သောက်သုံးရင်တော့ သွေးပေါင်ချိန် များနိုင်ကာ စိတ်လှုပ်ရှားခြင်း၊ အိပ်မပျော်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
ဘလက်ကော်ဖီ နေ့စဉ်သောက်သုံးခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့..

 

(၁) ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝခြင်း
▪️ ကလိုရိုဂျန်နစ်အက်ဆစ်လို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့် ကင်ဆာနဲ့ နှလုံးရောဂါတို့လို နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။

 

(၂) ဦးနှောက်အသိဉာဏ်လုပ်ဆောင်ချက် တိုးတက်ခြင်း
▪️ ကဖင်းဓာတ်က ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးသဖြင့် အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်ပိုင်း၊ နိုးကြားမှုတို့ မြှင့်တင်ပေးကာ အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန်ရောဂါတို့ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။

 

(၃) ကိုယ်အလေးချိန် လျော့ကျရန်ထောက်ကူခြင်း
▪️ ဘလက်ကော်ဖီက ကယ်လိုရီနည်းပြီး ဇီဝကမ္မဖြစ်စဉ် မြန်စေတာကြောင့် အဆီလောင်ကျွမ်းကာ ကိုယ်အလေးချိန် ထိန်းနိုင်ပါတယ်။

 

(၄) ဆီးချိုဖြစ်နိုင်ခြေ နည်းစေခြင်း
▪️ ပုံမှန်သောက်သုံးပါက အင်ဆူလင် အလုပ်လုပ်စေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးပါတယ်။

 

(၅) အသည်းကျန်းမာရေး ကောင်းစေခြင်း
▪️ အသည်းအဆီဖုံးခြင်းမှ ကာကွယ်ပေးကာ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာတို့ ဖြစ်နိုင်ခြေလည်း လျှော့ချပေးပါတယ်။

 

ဘလက်ကော်ဖီကို ကျန်းမာရေးနဲ့မညီစွာ သောက်သုံးမိပါက ဘေးအန္တရာယ်အနေနဲ့..
(၁) အစာအိမ်အက်ဆစ်လျှံတက်ခြင်း
▪️ အစာရေမျိုအောက်ပိုင်း ကြွက်သားလျော့စေကာ အက်ဆစ်လျှံတက်နိုင်ပြီး ရင်ပူခြင်း၊ အစာရေမျို လျှံတက်ခြင်းရောဂါတို့ ဖြစ်စေနိုင်ပါတယ်။

 

(၂) ကဖင်းဓာတ်စွဲလမ်းခြင်း
▪️ ကဖင်းဓာတ် ပုံမှန်သောက်ပါက စွဲလမ်းလာနိုင်ပြီး မသောက်ဖြစ်ပါက ခေါင်းကိုက်ခြင်း၊ နွမ်းနယ်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

 

(၃) အိပ်စက်မှုပြဿနာ
▪️ ကဖင်းဓာတ်က အာနိသင်ပြချိန် ၆ နာရီခန့်ကြာမြင့်တာကြောင့် ညနေပိုင်းလောက် ကော်ဖီသောက်မယ်ဆိုရင် အိပ်စက်မှုကို ထိခိုက်စေနိုင်ပါတယ်။

 

(၄) အရိုးကျန်းမာရေးပြဿနာ
▪️ ကော်ဖီအသောက်များပါက ကယ်လ်စီယံ လျော့နည်းနိုင်ပြီး အရိုးပွရောဂါ၊ အရိုးပြဿနာများ ဖြစ်နိုင်ပါတယ်။

 

(၅) သွေးပေါင်ချိန်တိုးခြင်း
▪️ သွေးပေါင်ချိန် ခဏတာ မြင့်တက်နိုင်ပြီး နှလုံးရောဂါအခံ ရှိသူတွေမှာ ကျန်းမာရေးပြဿနာ ဖြစ်စေနိုင်ပါတယ်။

 

#Source: DoctorNDTV