#World_Health
Published 28 August 2024


▪️ သုတေသနအသစ်အရ အသက်ကြီးလာတာနဲ့အမျှ အယ်လ်ကိုဟော မသောက်ခြင်းဖြင့် ကျန်းမာရေးအကျိုးရှိစေတယ်လို့ သိရပါတယ်။

 

▪️ ဗြိတိန်ပြည်ထောင်စုမှာ ၁၂ နှစ်ကြာအောင် လေ့လာမှုပြုလုပ်ရာ အသက် ၆၀ နဲ့အထက် လူပေါင်း ၁၃၅၀၀၀ ကို စောင့်ကြည့်ခဲ့ကြပြီး အနည်းငယ်မျှ သောက်သုံးရင်တောင် ကင်ဆာကြောင့် သေဆုံးမှုနှုန်း မြင့်မားတာကို တွေ့ရှိရပါတယ်။

 

▪️ ယခင်လေ့လာချက်တွေမှာတော့ ဝိုင်နီ အနည်းငယ်သောက်သုံးရင် နှလုံးအတွက် ကောင်းမွန်တယ်လို့ ယူဆထားကြပါတယ်။

 

▪️ ယခုလေ့လာချက်မှာတော့ ကျန်းမာရေးနဲ့ လူမှုစီးပွားရေး ဘယ်လိုအနေအထားပဲဖြစ်ဖြစ် အနည်းငယ်မျှ သောက်သုံးသူနဲ့ အတော်အသင့် သောက်သုံးသူတွေမှာ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ လျော့ကျသွားခြင်း မရှိပါဘူး။

 

▪️ အယ်လ်ကိုဟောက ကျန်းမာရေးအတွက် ကောင်းဖို့နေနေသာသာ ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေတယ်လို့ အော်တိုနိုမာဒီမက်ဒရစ်တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေး လက်ထောက်ပရော်ဖက်ဆာ ရိုဆယ်ရီယိုအော်တိုလာက ဆိုပါတယ်။

 

▪️ လေ့လာချက်အရ အမျိုးသားများ တစ်နေ့ကို ၄၀ ဂရမ်အထက်၊ အမျိုးသမီးများ ၂၀ ဂရမ်အထက် အများအပြား သောက်သူများဟာ သေဆုံးနိုင်ခြေ ပိုများပါတယ်။

 

▪️ နောက်ထပ် လေ့လာချက်တစ်ခုမှာ တစ်နေ့ကို အရက်ဘီယာတစ်ခွက် သောက်သုံးရုံမျှဖြင့် လူ့သက်တမ်းကို ၂ လခွဲတိုစေနိုင်တယ်လို့ ဆိုပါတယ်။

 

▪️ အရက်ရှောင်ရှားခြင်း၊ လျှော့သောက်ခြင်းဖြင့် ခံတွင်းနဲ့ လည်ချောင်းကင်ဆာ ဖြစ်နိုင်ခြေ အတော်လေး လျှော့ချနိုင်ပါတယ်။

 

▪️ ဝိုင်နဲ့ စားသောက်စရာများ တွဲဖက်သောက်စားခြင်းက အသက်အန္တရာယ် လျှော့ချနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

 

▪️ WHO ဖော်ပြချက်အရ အယ်လ်ကိုဟောဟာ ကင်ဆာဖြစ်စေတဲ့ အရာဖြစ်ပြီး အယ်လ်ကိုဟော သောက်ခြင်းဖြင့် ကင်ဆာရောဂါ အများအပြား ဖြစ်နိုင်ခြေများစေတယ်လို့ ဖော်ပြထားပါတယ်။

 

#Source: New York Post