#Local_News
Published_ 21 November 2023
နိုဝင်ဘာလကုန်ပိုင်းအထိမိုးမပြတ်သေးသလို လေဖိအားနည်းရပ်ဝန်းနှင့် အားကောင်းလာပါကမုန်တိုင်းငယ် ဖြစ်ပေါ်လာနိုင်သေးကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယင်းကဲ့သို့ မိုးမပြတ်သေးကြောင်းကို နိုဝင်ဘာလ(တတိယ)ဆယ်ရက်ပတ်နိုဝင်ဘာလ(၂၀ရက်မှ၃၀ရက်)အထိ )အတွက် မိုးလေဝသခန့်မှန်းချက်အရသိရခြင်းဖြစ်သည်။
နိုဝင်ဘာလ(၂၀)ရက်မှ(၃၀)ရက်အထိမိုးရွာသွန်းရက်များအဖြစ် ပဲခူးတိုင်း (အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၃)ရက်မှ (၅)ရက်ခန့်ရွာသွန်းနိုင်ကြောင်းနှင့်နေပြည်တော်၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ ဧရာဝတီတိုင်း ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၁)ရက်မှ (၂)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ညအပူချိန်အနေဖြင့် မန္တလေးတိုင်း၊ မကွေးတိုင်း ၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း နှင့်တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နိုဝင်ဘာလ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့် အထက်(သို့မဟုတ်) (၃၅)ဒီဂရီဖာရင်ဟိုက်နှင့်အထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နိုဝင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်သည်ဟုဆိုသည်။
မြူကျဆင်းမှုအခြေအနေအဖြစ် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်(၄)ရက်မှ(၈)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း ၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁)ရက်မှ (၃)ရက်ခန့်နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်းသိရသည်။
#Local_News #လေဖိအားနည်းရပ်ဝန်း #မနက်ပိုင်းမြူထပ်ဦးမည် #tthl #Yangon_Times
'စစ်ရှောင်တစ်ချို့ကျတော့ရွာတွေကို မပြန်ရဲသေးတဲ့သူတွေလေး၊ ငါး၊ ၁၀ဦးလောက်ကျန်သေးတယ်၊ ပြန်တဲ့သူလည်းပြန်ကြပြီ၊ တစ်ချို့ကျတော့လည်းမြို့ထဲမှာ ငှားနေကြတယ်၊နည်းနည်းပဲကျန်တော့တယ် 'ပရဟိတအသင်းတာဝန်ရှိသူတစ်ဦး
#Local_News
Published 21 November 2023
#စစ်ရှောင်တစ်ချို့ #နောင်ချို-ဂုတ်တွင်းလမ်းပိုင်း
#YMG/ NN #Yangon_Times
‘မြန်မာလက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ မြောက်ကိုရီးယားနဲ့တွေ့တဲ့အခါတိုင်းသရေတောင် မကစားနိုင်ခဲ့ပေမယ့်လည်း အခုပွဲမှာတော့အမှတ်ရအောင် ကစားသွားမှာဖြစ်ပါတယ်၊ မြန်မာဘောလုံးပရိတ်သတ်တွေ အနေနဲ့ မကာအိုနဲ့ကစားခဲ့တဲ့ပွဲကလိုမျိုးကွင်းအတွင်းလာအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်’
မြန်မာ့လက်ရွေးစင်နည်းပြချုပ်
#Local_News
Published 21 November 2023
#မြန်မာ-မြောက်ကိုးရီးယား
#tthl #Yangon_Times
#Local_News
Published_ 21 November 2023
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ သက်ကြီးလူနာနှင့်ဆေးကုသမှုခံယူရန် လိုအပ်သူများကို အမြန်ရေယာဉ်Speed Boat ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ပေးနေရကြောင်း စစ်တွေမြို့အခြေစိုက်မေတ္တာ ရောင်ခြည်ဖောင်ဒေးရှင်းမှ သိရသည်။
နိုဝင်ဘာလ၂၁ ရက်တွင် ဆေးကုသမှုခံယူရန်လိုအပ်ပြီး အစာရေစာပြတ်လပ်နေသော လူနာများအား ပေါက်တောမြို့နယ်မှ ထပ်ဆင့်သယ်ထုတ်ပေးပါရန်မိသားစုဝင်များမှ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းကို အကူညီတောင်းခံခဲ့သည့်အတွက် အမြန်ရေယာဉ်Speed Boatဖြင့်စစ်တွေကိုပို့ဆောင်ပေးနေခြင်းဖြစ်သည်။
နိုဝင်ဘာလ၂၀ရက်ကလည်း ဆေးကုသမှုခံယူရန် လိုအပ်လျက်ရှိသော သက်ကြီးလူနာများ သယ်ထုတ်ပေးရန် မိသားစုဝင်များမှအကူညီတောင်းခံမှုကြောင့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းကို အကူညီတောင်းခံခဲ့သည့်အတွက် အမြန်ရေယာဉ်Speed Boatဖြင့်စစ်တွေကိုပို့ဆောင်ပေးနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိပြည်သူများ၊ လူနာများအတွက် လိုအပ်သည့်အကူအညီများကို စစ်တွေမြို့ အခြေစိုက်မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ဆောင်ရွက်ပေးလျက်ရှိပြီး အများပြည်သူပါဝင်လှူဒါန်း နိုင်ကြောင်း သိရသည်။
#Local_News #Speed Boat #သက်ကြီးလူနာ #tthl #Yangon_Times
#Local_News
Published 21 November 2023
ရန်ကုန်မြို့၊ တာမွေမြို့နယ်နတ်မောက်လမ်း၊ ရန်ကုန်မျက်စိအထူးကုဆေးရုံးကြီးတွင်နေ့စဉ်လူနာ ၅၀၀ခန့် ကုသပေးလျက်ရှိပြီး Online Booking စနစ်ဖြင့် ရက်ချိန်းရယူနိုင်ကြောင်းသတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဆေးရုံကြီးတွင်အထွေထွေမျက်စိရောဂါနှင့် မျက်စိဘာသာရပ်ဆိုင်ရာဌာနတို့ထားရှိပြီး နေ့စဉ်အတွင်း တိမ်လူနာ ၅၀ ခန့်၊ ပြင်ပလူနာ ၄၅၀ ခန့်တို့ကို မျက်စိရောဂါ အထူးကုဆရာဝန်ကြီးများကကုသပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်မျက်စိအထူး ကုဆေးရုံကြီး၏ ပြင်ပလူနာဌာန နှင့် အထူးကုပြင်ပလူနာဌာနသို့ Online Booking စနစ်ဖြင့် Viber (သို့) massenger Search Box တို့တွင် Caremebot ရိုက်နှိပ်ပြီး Viber (သို့) massenger သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ယင်းဆေးရုံကြီးသည် တနိုင်ငံလုံးရှိ မျက်စိကုသမှု ခက်ခဲသည့် လူနာ များကို နောက်ဆုံးအဆင့်လွဲပြောင်း ကုသပေးရသည့် ဆေးရုံကြီး ဖြစ်ပြီး ယခင်က မျက်စိ အတွင်းတိမ်လူနာ၊ အထွေထွေ မျက်စိလူနာ၊ ရေတိမ်လူနာတွေကို ကုသပေးကာ၂၀၁၄-၂၀၁၅ နောက်ပိုင်းတွင် ကလေးမျက်စိ သီးသန့်ဌာန ဖွင့်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မျက်စိအထူး ကုဆေးရုံကြီးတွင် အရေးပေါ် လူနာများကို ပိတ်ရက်မရှိ နေ့စဉ် ၂၄ နာရီ ကုသပေးလျက်ရှိပြီး ပြင်ပလူနာများအတွက် အစိုးရရုံး ပိတ်ရက်များတွင် နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီ အထိ ကုသပေးလျက်ရှိကြောင်း သိရသည်။
#Local_News #ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး #Online_Booking
#YMG/LW #Yangon_Times
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO အခြေပြုဒေသသို့ကယားပြည်နယ်မှ စစ်ဘေးရှောင်လာတဲ့ ပြည်သူ ၈၀၀၀ကျော်ရှိပြီဖြစ်တယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဆီဆိုင်မြို့ရှိ ဆက်ဆံရေးရုံးမှ သိရပါတယ်။
#Local_News
Published 21 November 2023
#ကယားပြည်နယ် #PNLO
#YMG/LW #Yangon_Times
"ဆီလီကွန်ရုပ်တု၆၀လက်ခံထားပါတယ်။ ထိုင်းကမှာယူတဲ့ ဗမာဘီလူးစတိုင် ရုပ်တုကြီးတွေ ပြုလုပ်နိုင်ဖို့ ပုံစံငယ်နမူနာထုလုပ်မှုတွေပြီးသွားပြီဖြစ်ပြီး ထိုင်းနိုင်ငံမှာ ပေ ၅၀ လောက်ရှိတဲ့ မတ်ရပ်ဘီလူးရုပ်ကြီး နှစ်ခုကိုဦးစွာ သွားရောက်ထုလုပ်ဖန်တီးပေးဖို့ရှိတယ်" မြန်မာ့လက်မှုပညာရှင် Artist ကိုအောင်ကျော်ထွန်း
#Local_News
Published 21 November 2023
#tthl #Yangon_Times
#Local_News
Published_ 21 November 2023
ရန်ကုန်တိုင်းဒေသကြီး၌ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် သီလဝါအထူးစီးပွားရေးနယ်မြေအတွင်း ၂၃၀ ကေဗွီပင်မဓာတ်အားခွဲရုံ အသစ်ထပ်မံ တည်ဆောက်မှာဖြစ်ကြောင်း သိရပါတယ်။
ဓာတ်အားပေးစက်ရုံများ ပြန်လည်ပြုပြင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မယ့်အခြေအနေကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၀ ရက်တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ထို့ပြင် ကျောက်တန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ သီလဝါ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ သာကေတသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံနှင့် ရွာမသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတို့အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
စက်ရုံများ အဆင့်မြှင့်တင်ပြီးပါက ထပ်မံလိုအပ်မည့် ဓာတ်အားလိုင်းအဝင်/ အထွက်များကိုလည်း ကြိုတင်လျာထားဆောင်ရွက်ရန်၊ ဆက်လက်သုံးစွဲရန် မသင့်တော့သည့် ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ဖို့ပြောဆိုခဲ့ပါတယ်။
ထို့အပြင် ဓာတ်အားပေးစက်များကို အချိန်မရွေးမောင်းနှင်နိုင်ရန်အတွက် အရန်စက်သုံးဆီများ ကြိုတင်စုဆောင်း ထားရှိရေးနှင့် အရေးပေါ် ဓာတ်အားဖြန့်ဖြူးပေးရမည့်အချိန်များတွင် ဓာတ်အားပေးစက်များမောင်းနှင်၍ စက်စွမ်းအားပြည့် ဓာတ်အား ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်ထားရန် မှာကြားခဲ့တယ်လို့ သိရပါတယ်။
#Local_News #သီလဝါအထူးစီးပွားရေးနယ်မြေ #ပင်မဓာတ်အားခွဲရုံအသစ် #ymg_mnn #Yangon_Media_Group
#World_News
Published 21 November 2023
တနင်္လာနေ့မှာ အသက် ၈၁ နှစ်ပြည့်ခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သမ္မတရာထူး ထမ်းဆောင်ခဲ့သူတွေထဲမှာ အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ထားပြီး ဒီအချက်ကြောင့်ပဲ ဘိုင်ဒင်ဟာ သမ္မတရွေးကောက်ပွဲ ထပ်မံယှဥ်ပြိုင်ဖို့အတွက် အသက်ကြီးရင့်လွန်းနေပြီလို့ အမေရိကန်ပြည်သူတွေက စိုးရိမ်နေကြကြောင်း စစ်တမ်းများအရ သိရှိရပါတယ်။
အိမ်ဖြူတော် သတင်းမီဒီယာ အတွင်းရေးမှူး ကာရင်ရှောင်ပီယာရီက သတင်းထောက်တွေကို ပြောကြားရာမှာ ဘိုင်ဒင်နဲ့ မိသားစုဟာ နန်တက်ကက်ကျွန်းမှာ ကျေးဇူးတော်နေ့ အားလပ်ရက် စုဝေးပြီး သူ့မွေးနေ့ကို အုန်းသီးကိတ်မုန့်နဲ့ အောင်ပွဲခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်ရန် အိုလွန်းနေပြီလို့ စိုးရိမ်နေကြတဲ့သူတွေကို ဘိုင်ဒင်က တက်ကြွရွှင်လန်းစွာဖြင့် ဖြေကြားသွားခဲ့ပြီး သူ့ရဲ့အသက်အရွယ်နဲ့ အတွေ့အကြုံတွေက အမေရိကရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အသုံးဝင်နိုင်တယ်လို့ မဲဆန္ဒရှင်တွေကို ဆွဲဆောင်ခဲ့ပါတယ်။
ဘိုင်ဒင်သာ သမ္မတအဖြစ် ထပ်မံရွေးကောက်ခံရပါက အသက် ၈၆ နှစ်အရွယ်မှာ ဒုတိယအကြိမ်မြောက် သမ္မတသက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။
အမေရိကန်သမ္မတတွေထဲမှာ ယခင်က အသက်အကြီးဆုံးအဖြစ် မှတ်တမ်းဝင်ထားသူက ရော်နယ်ရီဂန်ဖြစ်ပြီး ၁၉၈၉ ခုနှစ် အသက် ၇၇ နှစ်အရွယ်မှာ ဒုတိယ ၄ နှစ်မြောက်သက်တမ်း ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ရွေးကောက်ပွဲမှာ ဘိုင်ဒင်နဲ့ ယှဥ်ပြိုင်မယ့် ရီပတ်ဘလစ်ကန် ရှေ့ပြေးဦးဆောင်သူ ဒေါ်နယ်ထရမ့်ကတော့ အသက် ၇၇ နှစ်ရှိပြီ ဖြစ်ပါတယ်။
စက်တင်ဘာလလယ်က စစ်တမ်းကောက်ယူချက်တစ်ခုမှာ ဖြေကြားသူ ၇၇ ရာခိုင်နှုန်းက ဘိုင်ဒင်ဟာ သမ္မတရာထူးအတွက် အသက်ကြီးလွန်းပြီလို့ ဆိုခဲ့ကြပြီး ၃၉ ရာခိုင်နှုန်းကတောာ့ ဘိုင်ဒင်ဟာ စိတ်ပိုင်းဆိုင်ရာ ထက်မြက်နေသေးတယ်လို့ ဆိုပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ နှိုင်းယှဥ်ရာမှာတော့ ဖြေကြားသူ ၅၆ ရာခိုင်နှုန်းက သူ့ကိုအိုလွန်းပြီလို့ ထင်မြင်ခဲ့ကြကာ ၅၄ ရာခိုင်နှုန်းကတော့ သူ့ကိုထက်မြက်နေသေးတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်တမ်းရလဒ်များနဲ့ ပတ်သက်ပြီး ရှောင်ပီယာရီက ဘိုင်ဒင်ဟာ အဓိက အောင်မြင်မှုမှတ်တမ်းများ ရရှိထားကာ သူ့အသက်အရွယ်ကို အကဲမဖြတ်ဘဲ သူ့ရဲ့မှတ်တမ်းများအပေါ် ဆုံးဖြတ်သင့်တယ်လို့ ပြောကြားသွားပါတယ်။
အိမ်ဖြူတော်က ကြည့်တဲ့ရှုထောင့်က အသက်အရွယ် မဟုတ်ဘဲ သမ္မတရဲ့ အတွေ့အကြုံသာ ဖြစ်ပြီး သူဆောင်ရွက်ခဲ့တာတွေကို အကဲဖြတ်ရမှာဖြစ်ကြောင်း ဆိုသွားပါတယ်။
#World_News #ဂျိုးဘိုင်ဒင် #အမေရိကန်ပြည်သူများစိုးရိမ်
#Source: Reuters
#Local_News
Published 21 November 2023
ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီးနှင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲကို နိုဝင်ဘာ ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံ က သိရသည်။
မသိုးသင်္ကန်း ရက်လုပ်ပူဇော်ခြင်းကို နိုဝင်ဘာ ၂၆ ရက်ညတွင် ရွှေမော်ဓောစေတီရင်ပြင်တော်တွင် ယက္ကန်းစင် ၅စင်ဖြင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းကို နိုဝင်ဘာ ၂၆ ရက်မှ၂၇ ရက်အထိ စိန်နားပန်မီးပုံးများ၊ ညမီးကြီးများ၊ မီးပုံးပျံအသေးနှင့်နေ့အရုပ်မီးပုံးပျံတို့ လွှတ်တင်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
တေးဂီတဖျော်ဖြေမှုများကို နိုဝင်ဘာ ၂၆ ရက်မှ ၂၇ ရက် ညပိုင်းတွင် ရွှေမောဓောစေတီတော်၏ ယာဉ်ရပ်နားကွင်းတွင် ပြုလုပ်မည်ဖြစ်ပြီး စတုဒီသာကျွေးမွေးလှူဒါန်းခြင်းကို နိုဝင်ဘာ ၂၇ရက်နံနက်ပိုင်းတွင် ဗုဒ္ဓအသံဓမ္မဗိမာန်ရှေ့စတုဒီမဏ္ဍာပ်တွင် ကျွေးမွေးလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ပဲခူးရွှေမော်ဓောစေတီ #တန်ဆောင်တိုင်မီးထွန်းပွဲ #YMG/LW #Yangon Times
Published 21 November 2023
အိုမီဂါ၃ ဖြည့်စွက်ဆေးတွေက သွေးအဆီဓာတ် များတဲ့သူတွေမှာ စည်းချက်မမှန် နှလုံးခုန်မြန်ခြင်းဝေဒနာ ဖြစ်နိုင်ခြေများခြင်းနဲ့ ဆက်စပ်နေတယ်လို့ ဥရောပနှလုံးဗေဒအဖွဲ့အစည်းက လေ့လာသုံးသပ်ထားပါတယ်။
လက်ရှိမှာ သွေးတွင်း ထရိုင်ဂလစ်ဆရိုက် များတဲ့သူတွေ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေလျှော့ချဖို့အတွက် ငါးကြီးဆီဖြည့်စွက်စာတွေကို ညွှန်းထားကြကြောင်း၊ ပမာဏနည်းပါးတဲ့ အိုမီဂါ၃ ဖက်တီးအက်ဆစ်ဆေးတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ကြောင်း ဗာဂျီးနီးယား ကွန်မန်းဝဲ့လ်တက္ကသိုလ်မှ သုတေသနပြုစုသူ ဒေါက်တာ ဆယ်လ်ဗေတိုကာဘိုနေးက ပြောပြသွားပါတယ်။
အချို့သော လက်တွေ့စမ်းသပ်ချက်များအရ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တဲ့ ရောဂါတွေထဲမှာ အဖြစ်အများဆုံးဖြစ်တဲ့ စည်းချက်မမှန် နှလုံးခုန်မြန်ခြင်းဝေဒနာ ဖြစ်နိုင်ခြေများခြင်းနဲ့ ဆက်စပ်နေနိုင်ပြီး ဝေဒနာရှင်တွေဟာ လေဖြတ်ခြင်းအန္တရာယ် ဖြစ်နိုင်ခြေ ငါးဆပိုများနေတယ်လို့ ယူဆထားပါတယ်။
ဒီလိုဖြစ်နိုင်ခြေအကြောင်း သိရှိရန်အတွက် အိုမီဂါ၃ ဖက်တီးအက်ဆစ် ပမာဏအမျိုးမျိုး ပါဝင်တဲ့ စမ်းသပ်ချက်များ ပြုလုပ်ခဲ့ပါတယ်။
စမ်းသပ်ခံသူတွေထဲမှာ ထရိုင်ဂလစ်ဆရိုက် ပမာဏများနေပြီး နှလုံးသွေးကြောရောဂါများ ရှိထားသူတွေနဲ့ ဖြစ်နိုင်ခြေရှိသူတွေ ပါဝင်ကြပါတယ်။
လူနာပေါင်း ငါးသောင်းကျော်ပါဝင်ကာ ငါးကြီးဆီဆေးနဲ့ အာနိသင်မရှိတဲ့ ဆေးတွေကို အသုံးပြုစေပြီး အချိန် ၂ နှစ်မှ ၇ နှစ်ကျော်အထိ စောင့်ကြည့်ခဲ့ကာ ငါးကြီးဆီပမာဏက တစ်နေ့ကို ၀.၈၄ ဂရမ်မှ ၄ ဂရမ်အထိ စမ်းသပ်ခဲ့ပါတယ်။
ထိုအခါမှာ အာနိသင်မရှိတဲ့ဆေး သုံးစွဲသူတွေထက် အိုမီဂါ၃ ဖက်တီးအက်ဆစ်ဖြင့် စမ်းသပ်သူတွေက နှလုံးခုန်မမှန်ခြင်း ဖြစ်နိုင်ခြေ သိသိသာသာ များနေတာကို တွေ့ရှိခဲ့ကြပါတယ်။
ငါးကြီးဆီက နှလုံးသွေးကြောရောဂါအတွက် အထောက်အကူဖြစ်စေတယ်လို့ တွေ့ရှိထားပေမယ့် နှလုံးခုန်မမှန်တဲ့လူတွေမှာ ပိုမိုဆိုးရွားစေနိုင်တာကို သတိပြုသင့်တယ်လို့ ကာဘိုနေးက ဖော်ပြခဲ့ပါတယ်။
Source: DoctorNDTV
#World_Health
#Published_ 21 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
#Local_News
Published_ 21 November 2023
ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ် ဖျက်ဆီးပိတ်ဆို့ထားသည့် နေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပြုပြင်ခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်မှစ၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ကာ အတားအဆီးများကို တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ရှားရှင်းလင်း၍ အများပြည်သူ အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုသွားလာနိုင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယမန်နေ့နိုဝင်ဘာလ ၁၉ ရက် ညပိုင်းတွင် ပိတ်ဆို့ဖျက်ဆီးထားသည့် နေရာ ၁၂ နေရာကို ပြန်လည်ဖယ်ရှားရှင်းလင်း ပေးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းကြောင့် ယခုအခါ ကျောက်မဲမြို့အထိ ပုံမှန်အတိုင်းသွားလာနိုင်ပြီးဖြစ်ကာ အဆိုပါ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် ကျန်ရှိသည့် နေရာများကိုလည်း ပုံမှန်အတိုင်း ပြန်လည်အသုံးပြု သွားလာနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
TNLA အဖွဲ့နှင့် PDF တို့က ပြင်ဦးလွင် - နောင်ချို - ကျောက်မဲ - လားရှိုး ပြည်ထောင်စုကား လမ်းမကြီးတစ်လျှောက်ရှိ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်အနီးတွင် ၁ နေရာ၊ လယ်ကျင်းကွေ့ကျေးရွာအနီးတွင် ၁ နေရာ၊ အုမ္မခါးကျေးရွာအနီးတွင် ၁ နေရာ၊ ဂုတ်တွင်းရှုခင်းသာ အနီးတစ်ဝိုက်တွင် ၁ နေရာ၊ နောင်ပစ်လမ်းခွဲ နေရာတွင် ၁ နေရာ၊ နောင်ပစ်နှင့်နောင်ပိန်းကျေးရွာ ကြားနေရာတစ်ဝိုက်တွင် ၇ နေရာတို့တွင် မြေဖြတ်ကျင်းများတူး၍ လမ်းကိုဖြတ်တောက်ပိတ်ဆို့ခြင်း၊ အချို့နေရာများတွင် သစ်ပင်ကြီးများအား ခုတ်လှဲပိတ်ဆို့ခြင်းနှင့် မြေကြီးများ စုပုံပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ သွားလာမှု ရပ်တန့်ခဲ့ရခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
လမ်းကို ပိတ်ဆို့ဖျက်ဆီးထားသောကြောင့် အရေးပေါ် ကျန်းမာရေး ကိစ္စများအတွက် သွားလာရန် အခက်အခဲဖြစ်ပေါ်ခဲ့ရပြီး ဆုံးရှုံးနစ်နာမှုများစွာ တွေ့ကြုံခဲ့ရကြောင်းလည်း သိရသည်။
#Local_News #ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-လားရှိုး #ပြည်ထောင်စုလမ်းမကြီး #လုံခြုံရေးတပ်ဖွဲ့ဝင် #Yangon_Times/PP
Page 748 of 1775