Published_25 August 2024
တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင်ခိုင်မာစွာဖြင့် ဆက် လက် ရပ်တည်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် နိုင်ငံအားမူလအခြေ အနေအတိုင်းပြန် လည် ရောက်ရှိရန်အတွက် လုပ်ဆောင်သင့် သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဌ က ပြောသည်။
ယနေ့ သြဂုတ်လ ၂၅ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများအား မန္တလေးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြော ကြားစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်နှင့်လူမျိုးအပေါ် အမှန်တကယ်နားလည်သူများရှိပြီး ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများရှိရန်လိုကြောင်း၊ ထို့ကြောင့်ပြည်သူ့လုံခြုံရေးနှင့်ပတ်သက်၍ ပြည်သူပါသည့် လုံခြုံ ရေးစနစ်ကိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေး စနစ်တွင်ပြည်သူများပါဝင်ပါက တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုများ ကောင်းမွန်လာပြီး မိမိတို့နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် စစ်မှန်၍ စည်း ကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ယင်း က ပြောကြားခဲ့သည်။
နစကဥက္ကဌကမန္တလေးတိုင်း ဒေသကြီး၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ကြိုးပမ်းဆောင်ရွက် လျက်ရှိကြကြောင်းလည်း ပြောကြားခဲ့သည်။
ယင်းအပြင်မကြာမီကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကိုလည်း တိုင်းဒေသ ကြီးနှင့်ပြည်နယ်အလိုက် အနှစ်သာရရှိစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ပြည်သူပါဝင်သည့် ပြည်သူ့ လုံခြုံရေးစနစ်နှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုံခြုံရေးနှင့်ပတ် သက်၍ ဒေသအလိုက် လူတစ်ဦးတစ်ယောက်ချင်းစီမှ လုံခြုံ ရေးအသိစိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ကြရန် လိုကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်သူ့လုံခြုံရေး People Security ၊ Public Security နှင့်ပတ်သက်၍ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေး ရွာ အလိုက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နေထိုင် သည့်ဒေသ ရပ် ကွက်၊ ကျေးရွာများအလိုက်၊ လမ်းများအလိုက် လုံခြုံရေးစနစ်များ တည်ဆောက်၍ ဆောင်ရွက်မည်ဆိုပါက နယ်မြေဒေသလုံခြုံရေးအတွက် များစွာ အကျိုးရှိထိရောက်စေမည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေးလုပ်ငန်းများ နှင့်ပတ်သက်၍ Check, Recheck, Counter Check များပြုလုပ်၍ အပြန်ပြန်အလှန်လှန် စစ်ဆေးရန် လိုအပ် မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
၎င်းအပြင် လုံခြုံရေးပိုင်းဆိုင်ရာများ နည်းလမ်းမျိုးစုံဖြင့် ထိခိုက် ခြင်းကြောင့် ဒေသအလိုက်ထိခိုက်မှုများကို ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်လိုပြီး လုံခြုံရေး အမြင်ဖြင့် ဆောင်ရွက်ရန်လိုကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ လာမည့် အောက်တိုဘာလ တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို စတင် ကောက်ယူသွား မည်ဖြစ်ကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှု ရလာဒ်များ နိုင်ငံတော်ကို ကြေညာပြီးချိန်တွင် မဲစာရင်းပြုစုပြီး ရွေးကောက်ပွဲကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မဲစာရင်းများမှားယွင်းမှုမရှိစေရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ဆန္ဒမဲပေးချိန်တွင် လည်း မှန်မှန်ကန်ကန်ဖြစ် စေရေး ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများအနေဖြင့်ဝိုင်းဝန်း ဆောင်ရွက် ပေးသွားကြစေလိုကြောင်း နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။
Yangon_Times/PP