#Local_News
Published_26 August


▪️ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရား၊ စေတီများအား ဖူးမြော်ကြည်ညိုကာရှေးဟောင်းသမိုင်းဝင် သာသနိက ယဉ်ကျေးမှုအမွေအနှစ်များကို နစကဥက္ကဌစစ်ဆေးခဲ့ကြောင်း သိရသည်။

 

▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးအတွင်းရှိ စူဠာမုနိရုပ်ရှင်တော် ဘွဲ့အမည်ခံရုပ်ပွားဆင်းတုတော်ကြီး၊ ရွှေနန်းတော်ကျောင်း(ရွှေကျောင်း) တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်၊ ပဉ္စမသင်္ဂါယနာတင်၊ ဘဝရှင်မင်းတုန်း မင်းတရားကြီး တည်ထားကိုးကွယ်တော်မူသော မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား ၊ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီးသို့ ရောက်ရှိကြပြီး ဦးစီးပဓာနနာယ ဆရာတော်အဂ္ဂမဟာပန္တိတဘဒန္တထုတိဝရ၊ သက်တမ်း ၁၆၂ နှစ်ကျော်သက်တမ်းရှိ ကျွန်းကျောင်းတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။

 

▪️ ယင်းနောက် မန္တလေးနန်းမြို့တွင်း၊နန်းမြို့အနောက်ဘက်ရှိ မြို့ရိုးထိန်းသိမ်းထားရှိမှုနှင့် စည်ရှည်တံတား ကိုပြန်လည်တည်ဆောက်ရာတွင် ရှေးမူမပျက် မူလပုံစံအတိုင်းတည်ဆောက်သွားရန်နှင့် တံတားနှင့်ဆက်စပ်လျက်ရှိသည့် လမ်းများကိုလည်း စနစ်တကျဆောင်ရွက်ရန် နစက ဥက္ကဌက မှာကြားခဲ့ကြောင်း သိရသည်။

 

▪️ အလားတူ စူဠာမုနိရုပ်ရှင်တော် ဘွဲ့အမည်ခံရုပ်ပွားတော် မြတ်ကြီး ပင့်ဆောင်ထားရှိမှုအခြေ အနေကို ကြည့်ရှု၍ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကြည်ညိုသပ္ပါယ်စွာရှိစေရေး လိုအပ်သည်များကို ဆောင်ရွက်သွားရန်၊ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေး၊ နဂိုမူလရှေးဟောင်းအမွေအနှစ်လက်ရာများအတိုင်း လက်ရာမပြတ်ထိန်းသိမ်းစောင့်ရှောက်ရေး မှတ်တမ်းများကို ပြန်လည်ကြည့်ရှုလေ့လာ၍ ဆောင်ရွက်သွားရန်၊ ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)တော်အတွင်းရှိ မြန်မာမှုသစ်သားပန်းပုအခြေခံ ခြူးပန်း၊ ခြူး နွယ်အပြောက်အမွမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက်တိရစ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွ များ၊ အတွင်းမာရ ဘင်အရှေ့ပိုင်းကွန်းစင်တိုင်အခြေတွင် ထုဆစ်ပူဇော်ထားသည့် ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာ ပဒုမဇတ်၊ ဥတေနဇာတ်တော်တို့ကို အနုစိတ်ထုဆစ်ပူဇော်ထားရှိမှုများ ကို ကြည့်ရှုပြီး တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်လက်ရာများဖြစ်သည့်အတွက် စနစ်တကျဖြင့် လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် ကျောင်းတော်ကြီးအတွင်းရှိ တိုင်လုံးများ သပ်ရပ်မှုနှင့် ကြံ့ခိုင်မှုရှိအောင် စဉ်ဆက်မပြတ်မွမ်းမံထိန်းသိမ်းဆောင်ရွက်သွားရန်၊ အမွေအနှစ်လက်ရာများကို ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် မှန်ကာရံခြင်းများ၊ ကန့်သတ်ဧရိယာထားရှိခြင်းများ ဆောင်ရွက်ထားရှိရန်၊ရှေးဟောင်းအမွေအနှစ် လက်ရာ များဖြစ်သည့်အတွက် အထူးဂရုပြု ထိန်းသိမ်းစောင့် ရှောက်သွားရန်၊ ရွှေကျောင်းတော်ကြီး၏ အောက်ခြေတိုင်များ ခိုင်ခံ့နေစေရေးထိန်းသိမ်းဆောင်ရွက်သွားရန်တို့ကိုမှာကြားခဲ့ကြောင်း သိရသည်။

 

▪️ ထို့နောက် ပဉ္စမသင်္ဂါယနာတင်၊ ဘဝရှင်မင်းတုန်းမင်းတရားကြီး တည်ထားကိုးကွယ်တော်မူသော မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ သက်တမ်း ၁၆၂ နှစ်ကျော်သက်တမ်းရှိ ကျွန်းကျောင်းတော်ကြီးအတွင်းရှိ ပြန်လည်ပြုပြင်ထိန်းသိမ်းထားရှိမှုများနှင့် ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးများ၏ ပုံတူရုပ်တုတော်များကို ဖူးမြော်ကြည့်ရှုပြီး ကျောင်းတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းလည်း သိရသည်။

 

ယင်းအပြင် နစသဥက္ကဌက မြနန်းစံကျော် ရွှေနန်းတော်ကြီးထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးကာသမိုင်းမှတ်တမ်းဓာတ်ပုံများနှင့် နန်းတွင်းအသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

#Yangon_Times/PP