၂၅ ဩဂုတ် ၂၀၂၄

ထိုင်းနိုင်ငံ ဖူးကက်ကျွန်းတွင် သောကြာနေ့က မြေပြိုကျမှုကြောင့်  မြန်မာ ရွှေ့ပြောင်းအလုပ်သမား (၉)ဦးအပါအဝင်  ၁၃ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။

အခြားသေဆုံးသူတွေက ထိုင်းနှစ်ဦးနှင့်  ရုရှားစုံတွဲ နှစ်ဦးတို့ဖြစ်ကြတယ်လို့ ရှာဖွေရေးလုပ်ငန်းတွေဆောင်ရွက်အပြီးမှာ အာဏာပိုင်တွေက ယနေ့ တနင်္ဂနွေနေ့ ဩဂုတ် ၂၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သည်းထန်လွန်းတဲ့မိုးကြေင့် ထိုင်းနိုင်ငံတောင်ပိုင်း နာမည်ကျော် ခရီးသွားနေရာဖြစ်တဲ့ ဖူးကက်ကျွန်း Big Buddha (ဘုရားကြီး) အနီးမှာ မြေတွေပြိုကျခဲ့တာဖြစ်ပါတယ်လို့ ဖူးကက်အုပ်ချုပ်ရေးမှူး ဆိုဖွန်ဆူဝါနာရက်က ပြောပါတယ်။

မြေပြိုမှုကြောင့် အိမ်ခြေပေါင်း ၂၀၉ လုံးပျက်စီးခဲ့ရပြီး လူ၂၀ဦးလည် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ယခုအခါ ပျက်စီးတဲ့နေရာကို ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။

သေဆုံးသူ မြန်မာအလုပ်သမား ၉ ဦးအတွက် ဘန်ကောက်က မြန်မာသံရုံးနှင့် ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း ဖူးကက် ဒေသအာဏာပိုင်တွေကပြောပါတယ်။