၂၆ ဩဂုတ် ၂၀၂၄

ပါကစ္စတန်နိုင်ငံမှာ စစ်သွေးကြွ ဘလော့ချ်လွတ်မြောက်ရေးတပ်(ဘီအယ်အေ)အဖွဲ့က အမြန်လမ်းမကြီးတစ်ခုပေါ်မှာ ကားများကိုရပ်တန့်ပြီး ခရီးသည်များတစ်ဦးချင်းစစ်ဆေးကာ အနည်းဆုံး လူ ၂၂ဦးကိုပစ်သတ်ခဲ့ကြပါတယ်။

အဆိုပါဖြစ်ရပ်မှာ ဩဂုတ် ၂၆ ရက် တနင်္လာနေ့စောစောပိုင်းမှာ ပါကစ္စတန်နိုင်ငံ ဘလော့ချ်ချစ်စတန်ပြည်နယ် မူဆာဟေးလ် ခရိုင်မှာ ဖြစ်ပွားခဲ့တာပါ။

အဲဒီ ဆင်းရဲမွဲတေလှတဲ့ ပြည်နယ်ဟာ ပါကစ္စတန်စစ်တပ်နှင့် ဂိုဏ်းဂဏစွဲကြီးတဲ့ လူမျိုးစုတွေနှင့်ခွဲထွက်ရေးအကြမ်းဖက်တွေ နှင့် တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာဖြစ်ပါတယ်။

ဘတ်စ်ကားတွေ၊ဗန်ကားတွေနှင့် ထရပ်ကားတွေဟာ ပန်ဂျပ်နှင့် အဲဒီပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမြန်လမ်းမ  တစ်နေရာမှာ တန်းစီရပ်ခဲ့ကြရပါတယ်။

စစ်သွေးကြွတွေအရေအတွက်က ၃၀ နှင့် ၄၀ ဦးအကြားရှိပြီး သူတို့က ကား ၂၂စီးကိုရပ်တန့်ခဲ့ကြတယ် လို့ အကြီးတန်းအရာရှိ နာဂျစ်ဘူလာကာကာ က အေအက်ဖ်ပီကိုပြောပါတယ်။

ကားတွေပေါ်ပါလာတဲ့ ပန်ဂျပ်က သူတွေကို ပစ်သခတ်ခဲ့တာလို့ သူကဖြည့်ပြောပါတယ်။

သေဆုံးသူ  ၂၂ဦးရှိပြီး အများစုဟာ ပန်ဂျပ်က အလုပ်ကြမ်းသမားတွေနှင့် ပြည်သူ့စစ် နှစ်ဦးတို့ဖြစ်ကြတယ်လို့ သူကပြော ပါတယ်။

သူတို့ဟာ လူတွေကိုပစ်သတ်ပြီးတဲ့အခါ ကား အနည်းဆုံး ၁၀စီးကို မီးရှို့ပြီး ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။

ဘီအယ်လ်အေကတော့ သူတို့ဟာ အရပ်သားလိုဝတ်ဆင်ထားတဲ့ စစ်သားတွေကို သတ်ပစ်လိုက်တာဖြစ်တယ်လို့ ကြေညာထားပြီး ဘာအထောက်အထားတစ်ခုကိုမှ ထုတ်ပြန်ပေးထားခြင်းမရှိပါဘူး။

ဘလော့ချ်ချစ်စတန်ပြည်နယ်ဟာ  ထုတ်မသုံးရသေးတဲ့ သဘာဝ အရင်းအမြစ်တွေ အလျံပယ်ရှိနေပေမယ့် ပါကစ္စတန်မှာ အကြီးဆုံးနှင့် အဆင်းရဲဆုံးပြည်နယ်ဖြစ်နေပါတယ်။