မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)အနေနဲ့ရန်ကုန်မှာ သင်တန်းသားဦးရေ(၅၀၀)၊ မန္တလေးမှာဦးရေ (၅၀၀)စုစုပေါင်း လူငယ်ဦးရေ(၁၀၀၀)ခန့်ကို ဘောလုံးကစားနည်းတွေ သင်ကြားပေးသွားဖို့ရှိတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၊ လူငယ်ဖွံ့ဖြိုးရေးတာဝန်ခံ ဦးရဲဝင်းသူ
Yangon Times/tthl
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
အိပ်စပို့ဆန်များ အဝင်နည်းနေသော်လည်း ဈေးချဝယ်ယူနေ
' ငွေဈေးကြောင့် ဆန်ဈေးက ၃၀၀၀ လောက် ချဝယ်မှ သဘော်တင်လို့ရမှာဖြစ်တဲ့အတွက် ဈေးချဝယ်လို့ အိပ်စပိုဆန်ဈေးကျတာပါ '
Yangon Times/NN
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 5 March 2024
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ လာရောက်လည်ပတ်သူများ စိတ်ပျော်ရွှင်ကြည်နူးစေရန် Summer Party Event ကို ယခုလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Summer Party Event ပွဲတွင် မျက်လှည့်ပြပွဲ၊ ငှက်လိမ္မာလေးများနှင့် ဓာတ်ပုံရိုက်ကူးခြင်း၊ တေးဂီတ ဖျော်ဖြေပွဲနှင့် K-pop Random Dance များပါဝင်မည့်အပြင် အလှဓာတ်ပုံများရိုက်ကူးနိုင်ပြီး Photo Booth အစီအစဉ်များ၊ ကလေးငယ်များပါဝင်ယှဉ်ပြိုင်နိုင်မည့် ဂိမ်းအစီအစဉ်နှင့် ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး ပွဲတော် ကို မတ်လ ၈ ရက်မှ ၁၀ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့ အပြင် လာရောက်လည်ပတ် ကြသော ပြည်သူများအတွက် ဈေးရောင်းပွဲတော်ကိုလည်း ဖွင့်လှစ်ထားပေးသွားမည် ဖြစ်ပြီး စာအုပ်အရာင်းဆိုင်များနှင့် လူသုံးကုန်ပစ္စည်းများ ခင်းကျင်းပြသရောင်းချပေးခြင်းများအပါအဝင် စားသောက်ဖွယ်ရာများ ရောင်းချမည့် ဈေးဆိုင်ခန်းများ ကိုလည်း ထည့်သွင်းဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သိရသည် ။
တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)သည် ၁၉ဝ၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ၁၈၈ နှစ် သက်တမ်းရှိပြီဖြစ်သည့် အရှေ့တောင်အာရှတွင် သက်တမ်းအရင့်ဆုံးဖြစ်သော တိရစ္ဆာန်ဥယျာဉ်လည်းဖြစ် ကြောင်းသိရသည်။
ထို့အပြင် တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်)အတွင်း အရိပ်ရသစ်ပင်ကြီးများ၊ နို့တိုက်သတ္တဝါမျိုးစိတ် ၄၅ မျိုး၊ ငှက်မျိုးစိတ် ၇၂ မျိုးနှင့် တွားသွား သတ္တဝါမျိုးစိတ် ၁၉ မျိုးတို့ဖြင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၃၆ မျိုးတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းပြုစုစောင့်ရှောက် ပြသ ထားပြီး မျိုးဆက်ပျက်သုဉ်းလုနီးပါး အန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့နေရသော မျိုးစိတ်များဖြစ်သည့် ဘင်္ဂလားကျားများ၊ အာရှဆင်များ၊ ကျားသစ်များနှင့် ဌက်မျိုးစိတ်များကို ပြုစုစောင့်ရှောက်ပြသထားလျက်ရှိရာ ခရီးသွားဝါသနာပါသူများနှင့် မြို့တွင်း အပန်းဖြေအနားယူကြသူများဖြင့် နှစ်စဉ် လာရောက်လည်ပတ်သူဦးရေမှာ ၁ ဒသမ ၅ သန်းခန့် ရှိကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 05 March 2024
အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်က တနင်္လာနေ့မှာ ဒေါ်နယ်ထရမ့်အတွက် အဓိကနိုင်ပွဲကြီးတစ်ခု ဆုံးဖြတ်ပေးလိုက်ပါတယ်။
တော်လှန်ပုန်ကန်မှုနဲ့ ပတ်သက်တဲ့ အခြေခံဖွဲ့စည်းပုံဥပဒေပါ ပြဌာန်းချက်တစ်ရပ်အရ ဖက်ဒရယ်ရုံးအတွက် ရွေးကောက်ခံကိုယ်စားလှယ်များအား အရည်အချင်းမပြည့်မီဘူးလို့ ပိတ်ပင်ခြင်းမှ ပြည်နယ်များကို တားမြစ်လိုက်ပြီး ထရမ့်ကို ကိုလိုရာဒိုမဲစာရင်းမှ ထုတ်ပယ်ခြင်းကို ပြန်ပြောင်းစေခဲ့ပါတယ်။
အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ချက် ၁၄ အရ ဒေါ်နယ်ထရမ့်ကို အစိုးရရုံးမှာ တာဝန်ယူခွင့် ထပ်မံမရရှိစေဘူးလို့ တွေ့ရှိပြီးနောက် ကိုလိုရာဒိုပြည်နယ် အထက်တရားရုံးက သမ္မတဟောင်းထရမ့်ကို ရီပတ်ဘလစ်ကန် အဓိကမဲပေးပွဲကြီးကနေ ထုတ်ပယ်ရန် ဒီဇင်ဘာ ၁၉ ရက်နေ့က ဆုံးဖြတ်ခဲ့တာကို ယခုအခါ တရားသူကြီးတွေက တညီတညွတ်တည်း ပြန်ပြောင်းခဲ့တာ ဖြစ်ပါတယ်။
ပုန်ကန်မှုကို လှုံ့ဆော်ပေးခြင်းနဲ့ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့မှာ အမေရိကန် ကပ်ပီတိုလ် လွှတ်တော်အဆောက်အအုံအပေါ် တိုက်ခိုက်မှုကို အားပေးထောက်ခံခြင်းတို့မှာ ထရမ့်ပါဝင်နေကြောင်း ကိုလိုရာဒိုတရားရုံးက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဖက်ဒရယ်ရုံး တာဝန်ထမ်းဆောင်သူများနဲ့ ကိုယ်စားလှယ်လောင်းများအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်ကို ကွန်ဂရက်လွှတ်တော်ကသာ ပြဌာန်းဆုံးဖြတ်နိုင်တယ်လို့ တရားသူကြီးတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်ကို ယှဥ်ပြိုင်မယ့် ရီပတ်ဘလစ်ကန်စာရင်းမှာ ထရမ့်က ရှေ့ဆုံးက ဦးဆောင်နေသူ ဖြစ်ပါတယ်။
ယင်းပါတီမှာ ကျန်နေတဲ့ တစ်ဦးတည်းသော ပြိုင်ဘက်ကတော့ တေင်ကာရိုလိုင်းနား အုပ်ချုပ်ရေးမှူးဟောင်း နစ်ကီဟာလေပဲ ဖြစ်ပါတယ်။
အမေရိကန်ပြည်နယ်အများစုက ပါတီပဏာမယှဥ်ပြိုင်ပွဲတွေ ကျင်းပမယ့် အင်္ဂါနေ့ မတိုင်မီ တစ်ရက်အလိုမှာ အခုလို တရားရုံးမှ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ထရမ့်တောင်းဆိုထားတဲ့ တရားစွဲဆိုချက်များမှ ကင်းလွတ်ခွင့်ကို တရားသူကြီးများက သဘောတူညီပြီးနောက် ၅ ရက်အကြာမှာပဲ အခုလိုဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ဥပဒေပြင်ဆင်ချက် ၁၄ အပိုဒ် ၃ အရ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံလိုက်နာကြောင်း သစ္စာဆိုထားပြီး ပုန်ကန်မှုဖြစ်စေရန် ပါဝင်လှုံ့ဆော်တဲ့ မည်သည့်အရာရှိမဆို အမှုထမ်းဆောင်ခြင်းမှ တားမြစ်ထားတာ ဖြစ်ပါတယ်။
ပြည်နယ်တွေဟာ ပုဂ္ဂိုလ်တွေကို ပြည်နယ်ရုံးတွေမှာ တာဝန်ထမ်းဆောင်ခွင့် မရအောင် ပြုလုပ်နိုင်ဖွယ်ရှိပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖက်ဒရယ်ရုံးတွေနဲ့ ပတ်သက်ပြီး ပုဒ်မ ၃ ဖြင့် ဆုံးဖြတ်နိုင်စွမ်းမရှိဘူးလို့ တရားရုံးက ရှင်းပြထားပါတယ်။
ကိုလိုရာဒိုပြည်နယ်ဟာ သစ္စာချိုးဖောက်ပြီး ပုန်ကန်မှုမှာ ပါဝင်သူတွေကို မဲစာရင်းကနေ ထုတ်ပယ်သင့်တယ်လို့ ကိုလိုရာဒိုအတွင်းရေးမှူးချုပ် ဂျီနာဂရစ်ဝိုလ်က ပြောပြလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 5 March 2024
မဲခေါင် - လန်ချန်းစီမံကိန်းဖြင့် တိရစ္ဆာန်ကာကွယ် ဆေးများ စမ်းသပ်စစ်ဆေးနိုင်မည့် "ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံ"ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယ ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံကို ဖွင့်လှစ်ပေးကြပြီး ဆေးစမ်းတိရစ္ဆာန်များမွေးမြူထားရှိမှု၊ ကာကွယ် ဆေးများ စမ်းသပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံကို မဲခေါင် - လန်ချန်းနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း(၂၀၂၁) အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး
တိရစ္ဆာန် ရောဂါကာကွယ်ဆေးထုတ်လုပ်ခြင်းနှင့်ထုတ်လုပ်ပြီး ကာကွယ်ဆေးများ၏ အရည်အသွေးနှင့်အာနိသင်အား စမ်းသပ်စစ်ဆေးနိုင်ရေးအတွက် တည်ဆောက်ခဲ့သည့် ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံများဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ရောဂါကာကွယ် ဆေးထုတ်လုပ်ရေးဓာတ်ခွဲခန်း အဆောက်အအုံရှေ့၌ မတ်လ(၃)ရက်က ကျင်းပခဲ့သည်။
အခမ်းအနားတွင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးက "မွေးမြူထုတ်လုပ်မှုလုပ်ငန်းများစနစ်တကျ ဖွံ့ဖြိုးလာခြင်းဖြင့် ပြည်တွင်းအသားစားသုံးမှုလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်နှင့်ပို့ကုန် ကဏ္ဍမြှင့်တင်ရန်အပြင် မွေးမြူသူများနှင့်ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် မွေးမြူရေးဆိုင်ရာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ခြင်း၊ လက်တွေ့အသုံးချ မွေးမြူရေးနည်းပညာ ပြန့်ပွားရေးလုပ်ငန်းများတိုးချဲ့ ဆောင်ရွက်ခြင်းကို သုတေသီများ၊ ပညာရှင်များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း" ပြောကြားခဲ့သည်။
ယင်းအခမ်းအနားသို့စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတာဝန်ရှိသူများ၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေးထုတ်လုပ်ရေး ဓာတ်ခွဲခန်းပညာရှင်များ၊ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းပညာရှင်များ၊ တိရစ္ဆာန်အစာနှင့် ဆေးဝါးအရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်းပညာရှင်များတက်ရောက်ခဲ့ ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 5 March 2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ ရာစုသစ်စက္ကူစက်ရုံ ဝန်း အတွင်း မီးလောင်မှု ဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ ထံ ကသိရသည်။
မတ်လ ၅ရက် နေ့လည် ၁၂နာရီ ၂၉မိနစ် ခန့်က မီးလောင်ခဲ့ ခြင်းဖြစ်ကာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၈)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးနှင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လည် ၁၂ နာရီ ၄၉ မိနစ် အချိန်၌ မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်သည့် ဖြစ်စဥ်မှာအဆိုပါ ရာစုသစ်စက္ကူစက်ရုံဝန်းအတွင်း စုပုံထားသော ဂတ်ထူစက္ကူပုံးအဟောင်းများ မီးလောင်ခြင်းဖြစ် ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group


ရှမ်းမြောက် လမ်းကြောင်းမကောင်းသည့်အတွက် သရက်သီးအကင်းဈေးရရှိမှု ယခင်နှစ်ထက်ကျဆင်း
' လောက်ကိုင်တို့ လားရှိးတို့ ပွင့်တယ်ဆိုရင် သရက်သီးအကင်းက ခုဈေးတွေထက် ကျပ် ၃၀၀၀ လောက်ပိုရတယ်၊ ခုအဲ့ဘက်ကို မပိုကြတော့လို့ အရင်နှစ်ထက်ဈေးရတာနည်းတယ် '
Yangon Times/NN
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာသံရုံး၊ တိုကျိုမြို့အနေ နဲ့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့အကျိုးစီးပွားနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်တွေကို ဆောင်ရွက်ပေးလျက်ရှိရာ သံရုံးကို လစဉ်လာရောက်သူ နိုင်ငံသားဦးရေဟာ ထောင်နှင့်ချီရှိပြီး စာတိုက်မှတစ်ဆင့် ပေးပို့သက်တမ်းတိုး လျှောက်ထားမှုတွေလည်း နေ့စဉ်အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး အချို့ရက်တွေမှာ သံရုံးကို လာရောက်သူအရေအတွက်ဟာ ကောင်စစ်အဆောက်အဦးအတွင်း လက်ခံနိုင်တဲ့ လူဦးရေထက်များစွာကျော်လွန်နေတဲ့အတွက် တန်းစီစောင့်ဆိုင်းရတာတွေရှိပါတယ်။
Yangon Times/LW
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးတက်လို့ မြန်မာ့ရွှေဈေး လိုက်တက်နိုင်ပေမယ့်လည်း ဝယ်နိုင်တဲ့သူတွေနဲ့ ဝယ်လိုအားသိပ်မရှိတာက တစ်ကြောင်း၊ မတ်လမှာ ရွှေတွင်းတွေကနေ ရွှေပေါပေါများများ ထွက်လာမှာကတစ်ကြောင်း ဈေးသိပ်တက်နိုင်ဘူး။
Yangon Times/tthl
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 5 March 2024
ရှမ်းပြည်နယ်အတွင်းရှိ မန်တုံ၊ နမ့်ဆန်နှင့်နမ္မတူ မြို့နယ် (၃) မြို့နယ်တို့ကို မတ်လ (၄) ရက်တွင် စစ်အုပ်ချုပ်ရေး (Martial Law)အဖြစ် နစကမှထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာချုပ်၏တိုင်းမှူးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ ရှမ်းပြည်နယ်အတွင်းရှိမန်တုံ၊ နမ့်ဆန်နှင့်နမ္မတူ မြို့နယ် (၃) မြို့နယ်တို့ကို အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉အရ အပ်နှင်းလိုက်သည်ဟု နစက၏ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ဖြစ်ပေါ် ပြောင်းလဲလာသည့်အခြေအနေအရပ်ရပ်အပေါ်မူတည်ပြီး မိမိကိုယ်တိုင်သော်လည်းကောင်း၊စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law)အာဏာကိုကျင့်သုံးနိုင်သည်ဟု ဖော်ပြပါရှိသည်။
၂၀၂၄ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းကမိုးမိတ်မြို့နယ်နဲ့မဘိမ်း မြို့နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေး (Martial Law)အာဏာကျင့်သုံးရန်ထုတ်ပြန်ခဲ့ပြီး မတ်လ(၄)ရက်အထိ မြန်မာနိုင်ငံထဲက မြို့နယ်ပေါင်း ၆၁ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာထားကြောင်း အချက်အလက်ဆိုင်ရာစုဆောင်းဖော်ပြသည့်Page၌ ဖော်ပြထားကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 5 March 2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဉပုသ်တော်ရပ်ကွက်၊ (၇၆)လမ်း၊ (၃x၄)လမ်းကြား တွင် ယနေ့နံနက် ပိုင်းက မီးလောင်မှု ဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ ထံ ကသိရသည်။
မတ်လ ၅ ရက် နံနက် ၄နာရီ ၃၅မိနစ် ခန့်က လောင်ကျွမ်းခဲ့ ခြင်း ဖြစ်ကာမီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၄နာရီ ၅၅မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်သည့်အကြောင်းရာနှင့်ဆုံးရှုံးသည့် တန်ဖိုး ကို သက်ဆိုင်ရာကစစ်ဆေးလျက်ရှိကြောင်း သိရသည်။ မတ်လ ၄ရက် ညနေ ၄နာရီ ခန့်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (၄၈) လမ်း၊ မနော်ဟရီလမ်းရှိ စက်သုံးဆီ ဆိုင် တွင် မီးလောင်မှု ဖြစ်ပွားခဲ့သေးသည်။
Yangon Times/LW
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#World_Health
Published 05 March 2024
အီတလီ၊ ဂျပန်၊ ဂရိနိုင်ငံတို့ဟာ ကမ္ဘာ့ Blue Zones လို့ခေါ်တဲ့ နေရာတွေထဲမှာ ပါဝင်ပြီး ထိုနေရာမှ လူတွေရဲ့ အသက် ၁၀၀ အထိ အသက်ရှည်နိုင်ခြေဟာ အမေရိကန်လူမျိုးတွေထက် ၁၀ ဆလောက် ပိုများနေပါတယ်။
သက်ရှည်ကျန်းမာဖို့အတွက် အစားအသောက်နဲ့ နေထိုင်စားသောက်မှုပုံစံတွေက အရေးပါသလို ရာစုနှစ်သက်တမ်းရှိ သက်ကြီးရွယ်အိုတွေရဲ့ နည်းလမ်းတွေကလည်း မှတ်သားစရာ ဖြစ်နေပါတယ်။
(၁) ဝိုင်သောက်သုံးခြင်း
အယ်လ်ကိုဟောက မကောင်းပေမယ့် ဝိုင်အနည်းငယ်ကို အပေါင်းအသင်းတွေနဲ့ သောက်သုံးခြင်းကတော့ လူမှုဆက်ဆံရေး ကောင်းမွန်စေကာ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားချက်များ တိုးတက်စေပါတယ်။
(၂) ဖိစီးမှုလျှော့ချခြင်း
ဖိစီးမှုများခြင်းက ကျန်းမာရေးကို ထိခိုက်စေရုံမက အိုမင်းခြင်းကို မြန်ဆန်စေပြီး ရောဂါများ ဝင်ရောက်စေနိုင်ပါတယ်။
ဖိစီးမှုများလာတိုင်း အသက်ပြင်းပြင်းရှူခြင်း အလေ့အထက စိတ်ပြေလျော့စေနိုင်ပါတယ်။
(၃) အသီးအရွက်များစားသုံးခြင်း
သုတေသီတွေက အသားများလျှော့စားရန်၊ အသီးအရွက် အခြေပြုပရိုတိန်းများ ပိုမိုစားသုံးရန် အကြံပြုထားကြပါတယ်။
(၄) ၈၀ ရာခိုင်နှုန်းသာပြည့်ဝအောင်စားခြင်း
သက်တော်ရှည်သူတွေဟာ ညနေခင်းမှာ အနည်းငယ်သာစားပြီးနောက် ဆက်လက်စားသုံးခြင်း မရှိသလို စားတဲ့အခါမှာ ၈၀ ရာခိုင်နှုန်းသာ ပြည့်ဝအောင် ကျင့်ကြံစားသုံးကြပါတယ်။
(၅) ပိုမိုလှုပ်ရှားသွားလာခြင်း
လှုပ်ရှားမှုပြုလုပ်ခြင်းနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့က ပိုမိုကျန်းမာစေတယ်ဆိုတာ သိရှိထားပြီးဖြစ်သလို လှုပ်ရှားဖို့ အချိန်မရသူတွေကတော့ အကြောလျှော့ခြင်း၊ ဓာတ်လှေကားအစား လှေကားဖြင့် ခြေကျင်ဆင်းတက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
(၆) မိတ်ဆွေအပေါင်းအသင်း ရှာဖွေခြင်း
ချစ်ခင်ရင်းနှီးပြီး အကျိုးပြုတဲ့ လှုမှုဆက်ဆံရေးတွေဟာ အောက်ဆီတိုစင်ဟော်မုန်း ထွက်စေပြီး ဖိစီးမှုကို လျှော့ချပေးကာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေပါတယ်။
(၇) ချစ်ခင်ရသူများကိုဦးစားပေးပါ
အသက်ရှည်ဖို့အတွက် မိသားစုတွေ၊ ချစ်ရသူတွေနဲ့ ရှိနေခြင်းက အဓိကကျပါတယ်။
မိဘတွေ၊ အဖိုးအဖွားတွေ၊ ဘဝလက်တွဲဖော်၊ ကလေးတွေရှိတဲ့သူတွေဟာ အသက်အရှည်ဆုံးလူတွေ ဖြစ်နေတတ်ပါတယ်။
(၈) အပေါင်းအသင်းထားခြင်း
တစ်ကိုယ်ရည် ကျန်းမာရေး စောင့်ရှောက်သူတွေ၊ အဖွဲ့အစည်း အသင်းကလပ်တွေထဲ ပါဝင်သူတွေ၊ ဘာသာရေးပွဲတွေမှာ ပါဝင်သူတွေဟာ ၁၄ နှစ်လောက် ပိုမိုအသက်ရှည်စေပါတယ်။
(၉) ဦးတည်ချက်ထားရှိခြင်း
ဒီအချက်က အချိန်တချို့ ပေးဆပ်စဥ်းစားရမှာဖြစ်ပေမယ့် ဘဝမှာ ဦးတည်ချက်ရှာဖွေခြင်းက အသက်ရှည်ဖို့ အရေးကြီးပါတယ်။
#World_Health #အသက်ရှည်ရှည်နေချင် #Source: New York Post
Page 752 of 1931