#World_News
Published 22 August 2024


▪️ အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒစ်ရှ်ပြည်နယ်ရှိ ဆေးဝါးထုတ်လုပ်ရေးစက်ရုံတစ်ခုမှာ ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အနည်းဆုံးလူ ၁၅ ဦးသေဆုံးခဲ့ကြောင်း ခရိုင်အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။

 

▪️ "သေဆုံးသူအရေအတွက်က အခုထိ ၁၅ ဦးဖြစ်နေပြီး ဒီထက်များလာနိုင်ဖွယ် ရှိပါတယ်။ အယောက် ၄၀ နီးပါးကတော့ ဒဏ်ရာရရှိထားပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေပါတယ်" လို့ ခရိုင်ရဲမှူး အမ်ဒီပီကာက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။

 

▪️ အန်နာကာပယ်လီခရိုင်မှာ ၂၀၁၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ ပုဂ္ဂလိကပိုင် Escientia Advanced Sciences ကုမ္ပဏီရဲ့ ဧက ၄၀ ရှိ ဆေးဝါးထုတ်လုပ်ရေးစက်ရုံမှာ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းက မီးလောင်ကျွမ်းခဲ့တယ်လို့ ခရိုင်အခွန်ကောက် ဗီဂျေယာခရစ်ရှ်နန်က ဆိုပါတယ်။



▪️ ဒဏ်ရာရသူတွေကို အနီးနားဆေးရုံးတွေသို့ ပြောင်းရွှေ့ထားကြောင်း၊ ဓာတုဓာတ်ပေါင်းဖိုမှာ ပေါက်ကွဲမှုဖြစ်တဲ့ပုံပေါ်ကြောင်း ရိုက်တာကို ပြောပြခဲ့ကာ နေ့လယ်စာစားချိန်မှာ ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

 

▪️ Escientia က ဒီကိစ္စနဲ့ပတ်သက်ပြီး မပြောကြားသေးသလို ပြည်နယ်အစိုးရက စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထားပါတယ်။

 

▪️ ယမန်နှစ်ကလည်း အန်နာကာပယ်လီခရိုင်ရှိ ဆာဟီထီဖာမာစက်ရုံရှိ ပျော်ရည်ဓာတ်ပေါင်းဖိုတစ်ခုမှာလည်း အလားတူ မီးလောင်ကျွမ်းခဲ့ပြီး ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

 

#Source: Reuters