သင်္ကြန်ကာလ အပြီး မှာ အခြေခံစားသောက်ကုန် အချို ဈေးကျလာတာ ရှိပေမယ့် ကြက်သွန်နီ ဈေးကွက်ကတော့ အဝယ် ပုံမှန် ရှိနေတဲ့ အတွက် ဈေးအနည်းငယ်မြင့် တတ်လာတယ် လို ကြက်သွန်ပွဲရုံ တွေ ထံ က သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဒလတံတား စီမံကိန်း ၇၀ရာခိုင်နူန်းခန့် ပြီးစီးလာတဲ့အတွက် ဒလမြို့နယ်ဘက်က အိမ်ခြံမြေ ဈေးကွက်ဝယ်ယူမှု များပြားလာတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ထိုင်းနိုင်ငံသို့ လက်ရှိ အချိန်အထိ မြဝတီလမ်းကြောင်းမှ ပြောင်းတင်ပို့မှုမရှိသေးဘဲ ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေကိုတော့ ရေကြောင်းမှသာ သဘ်ောဝမ်းပုံစနစ်ဖြင့် အဓိကတင်ပို့နေတဲ့ အတွက်မိုးရာသီမတိုင်မီ ပိုမြန်ဆန်စွာတင်ပို့နိုင်ဖို့ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကျောင်းအိပ်ကျောင်းစားနဲ့ အတန်းပညာရော၊ ဘောလုံးပညာပါ အထက်တန်းအောင်တဲ့အထိ အခမဲ့သင်နိုင်မယ်။
Yangon_Times/tthl
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 30 April 2024
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး တစ်ဘဝ တစ်ခန္ဓာချုပ်ငြိမ်းသွားကြောင်း သာသနာ့နွယ်ဖောင်ဒေးရှင်းမှ သိရသည်။
ဆရာတော်ဘုရားကြီးသည် ခန္ဓာချုပ်ငြိမ်းသွားချိန်မှာသက်တော် (၈၂)၊ သိက္ခာတော် (၄၅)ဝါရှိပြီဖြစ်ပြီး ၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၇)ရက်၊ဧပြီ(၃၀)ရက် (အင်္ဂါနေ့)၊မွန်းလွဲ ၁:၁၀ အချိန်၌တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းတော်မူသည်ဟုဆိုသည်။
"ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး တစ်ဘဝ တစ်ခန္ဓာချုပ်ငြိမ်းသွားတယ်ဆိုတာဟုတ်ပါတယ်။ ဆရာတော်ကြီးရဲ့တပည့် ဒါယကာတွေထံမှသိရတာပါ။ဆေးရုံမှာလား ဆရာတော်ကြီးသီတင်းသုံးတဲ့ ဝောာရမှာလား မသိရသေးပါဘူး"ဟု သာသနာ့နွယ်ဖောင်ဒေးရှင်းမှ ဆရာတော်က အတည်ပြုဖြေကြားသည်။
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးသည် စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဉေယျဓမ်တောရ ကျောင်း၌ သီတင်းသုံးလေ့ရှိပြီး ဆရာတော်ဘုရားကြီးခန္ဓာချုပ်ငြိမ်းသွားသည့်အတွက် တစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာဝင်သူတော်စင် တပည့် ဒါယကာ ၊ဒါယကာမအပေါင်းမှ အထူးဝမ်းနည်းကြေကွဲလျက်ရှိကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 30 April 2024
အမေရိကန် မြောက်ကယ်ရိုလိုင်းနား ချာလော့မှာ တနင်္လာက ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားနေစဥ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် အမေရိကန် ဥပဒေစိုးမိုးရေး ထိပ်သီးအရာရှိ မာရှယ်လ်တစ်ဦးနဲ့ ရဲအရာရှိ ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ချာလော့-မက်ခ်လင်ဘာ့ဂ် ရဲတပ်ဖွဲ့အကြီးအကဲ ဂျန်နီဂျင်နင်းစ်က သူ့တာဝန်ထမ်းဆောင်ခဲ့တဲ့ ၃၂ နှစ်တာ ကာလအတွင်း တရားဥပဒေစိုးမိုးရေးအတွက်တော့ အထိအခိုက် အများဆုံးနေ့ဖြစ်တယ်လို့ ပြောပြလိုက်ပါတယ်။
ပြည်သူတွေဘေးကင်းစေဖို့ တာဝန်ထမ်းဆောင်နေတဲ့ သူရဲကောင်းအချို့ကို ယနေ့ဆုံးရှုံးလိုက်ရတယ်လို့ ဂျင်နင်းစ်က မီဒီယာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
လက်နက်ကိုင်ဆောင်မှုဖြင့် စီရင်ချက်ထားတဲ့ ရာဇဝတ်သားတစ်ယောက်ကို ရဲအရာရှိတွေက ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းစဥ် ချာလော့မြို့လယ် အနောက်ဘက် မိနစ် ၂၀ ခန့်အကွာရှိ လူနေလမ်းတစ်ခုမှာ နေ့လယ်တစ်နာရီခွဲခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဂယ်လ်ဝေးဒရိုက်ဗ်ရှိ နေအိမ်တစ်ခုကို ရောက်တဲ့အခါမှာ အိမ်ထဲကနေ သေနတ်ပစ်ခတ်သဖြင့် အမေရိကန်မာရှယ်လ်များမှ ပြန်လည်ပစ်ခတ်ခဲ့ရပါတယ်။
ပစ်ခတ်မှုပြီးဆုံးချိန်မှာ ခြံရှေ့နားပဲ ဝရမ်းပြေးတရားခံ သေဆုံးနေခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။
အိမ်နားကို ထပ်ပြီးကပ်သွားတဲ့အခါ အထဲကနေ ထပ်မံပစ်ခတ်ခဲ့ပါတယ်။
CMPD မှ SWAT အဖွဲ့နဲ့ ကင်းလှည့်အဖွဲ့များ လာရောက်ကူညီခဲ့ပြီး အိမ်ကိုရှင်းလင်းရှာဖွေနိုင်ခဲ့ရာ နောက်ထပ်တရားခံ ၂ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
အိမ်ထဲမှာ ဆယ်ကျော်သက်အရွယ် ကလေး အနည်းဆုံး ၁ ယောက်ရှိနေခဲ့တယ်လို့ CMPD က ပြောပါတယ်။
ပစ်ခတ်စဥ်အတွင်း အရာရှိတွေ ဘယ်လိုထိခိုက်သေဆုံးသွားလဲ ဆိုတာကိုတော့ သေချာမသိရပါဘူး။
သေဆုံးသူများအပြင် အမေရိကန် ဥပဒေစိုးမိုးရေးအရာရှိ တစ်ဦးနဲ့ CMPD မှ အရာရှိ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အရာရှိတစ်ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။
ဘယ်လိုသေနတ် အမျိုးအစားတွေနဲ့ ပစ်ခတ်သလဲဆိုတာ သေချာမသိရသေးပေမယ့် တစ်ဦးကတော့ ပြင်းအားမြင့်ရိုင်ဖယ်ဖြင့် ပစ်ခတ်ခဲ့တယ်လို့ ဂျင်နင်းစ်က ဆိုပါတယ်။
ဒီမြို့ကို ဘေးကင်းအောင် ကြိုးပမ်းပေးကြတဲ့ အရာရှိတွေကို ဂုဏ်ပြုလေးစားအပ်ကြောင်း ချာလော့မြို့တော်ဝန် ဗီလိုင်းစ်က ဝမ်းနည်းစွာပြောကြားသွားပါတယ်။
Source: New York Post
#World_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group


Published 30 April 2024
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အမှတ် ၂ ချစ်ကြည်ရေးတံတားကိုဧပြီ ၃၀ရက် မနက် ပိုင်း က ပြန်လည် ဖွင့်လှစ် လိုက်ကြောင်း ထိုင်းသတင်းများ မှ သိရသည်။
အဆိုပါ တံတား မှာ ကုန်ကားများ အဓိက ဖြတ်သန်းသွားလာနေသည့်တံတား ဖြစ်ကာ တိုက်ပွဲများကြောင့် ယာယီပိတ်ထားရာမှ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်သည်။
ထိုသို့ ပြန်လည်ဖွင့်လှစ်ခဲ့သည့်အမှတ် ၂ချစ်ကြည်ရေးတံတား တွင် ကုန်ကားများ ဝင်ထွက်သွားလာခွင့်ပြုထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၇ ရက်ကလည်းယာယီဖြတ်သန်းခွင့် ပိတ်ထားသည့်မဲဆောက်-မြဝတီအမှတ်(၁)ချစ်ကြည်ရေးတံတား ပြန်လည် ဖွင့်လှစ် ပေးခဲ့ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 30 April 2024
ရခိုင်ပြည်နယ်၊ဂွမြို့အနီး ဗဟိုပြု၍အင်အား ရစ်(ခ်) တာစကေး (၄.၆) အဆင့်ရှိငလျင်တစ်ခု ဧပြီလ(၃၀)ရက်တွင် လှုပ်ခတ်ခဲ့ ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၃၈)မိနစ်၊ (၃၃) စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင် (၂၀) ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ဂွမြို့၏ အနောက်တောင်ဘက် မိုင် (၂၀) ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၄၆)ဒီဂရီ၊ အရှေ့ လောင်ဂျီ တွဒ် (၉၄.၃၁)ဒီဂရီ၊ အနက်(၄၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟုဆိုသည်။
မြေငလျင်သည် ကြိုတင်ခန့်မှန်း၍မရသော သဘာဝဘေးအန္တရာယ်ဖြစ်ပြီး ကချင်ပြည်နယ်မှ စစ်ကိုင်းပြတ်ရွေ့ကြော တစ်လျှောက်ရှိ ရန်ကုန်၊မန္တလေး၊ပဲခူးစသည့်မြို့များတွင်လည်း တစ်ကျော့ပြန်ငလျင်ကြီးများလှုပ်ခတ်နိုင်သလို ရခိုင်နှင့်အခြား ပြတ် ရွေ့ကြောငယ်များပေါ်ရှိ ဒေသများ၌လည်း လှုပ်ခတ်နိုင်၍ သတိပြုနေထိုင်ကြဖို့ လိုအပ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 30 April 2024
ရန်ကုန်တိုင်းဒေသကြီး ၊လှည်းကူး မြို့နယ်တွင်မျိုးစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးထားသည် စပါးစိုက် ဧကပေါင်း ၁၅၇၆၀ စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
အဆိုပါ (Seeder)ဖြင့် စိုက်ပျိုးခြင်းသည် ကြဲပက် စိုက်ပျိုးခြင်း၊ ကောက်စိုက်သမ များဖြင့် စိုက်ပျိုးခြင်းထက် အကုန်အကျ သက်သာခြင်း၊ တစ်ဦးတည်းဆောင်ရွက်၍ ရခြင်း၊ တစ်ဧကအထွက်နှုန်း တိုးခြင်း၊ ဝင်ငွေရလမ်းပိုမို တိုးပွားခြင်းနှင့် အခြားသော အကျိုးကျေးဇူးများကိုရရှိနိုင်ကြောင်းသိရသည်။
အဆိုပါ လှည်းကူးမြို့နယ်၌မျိုးစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးထားသည့် စံပြစိုက်ကွက်များ၌ စိုက်ပျိုးရိတ်သိမ်း ရာတွင် တစ်ဧကလျှင် ၁၁၇ တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group

Publicshed 30 April 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ နေအိမ်ရေစည်ပေါ် ရေတက်ထည့်စဉ် ဓာတ်လိုက်ေ-သဆုံးမှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
မော်လမြိုင်မြို့ ၊ မြိုင်သာယာရပ်ကွက်၊ ၁၀လမ်းရှိ နေအိမ်တွင် ဧပြီလ ၂၉ရက်ညနေ၄နာရီ ၅၀ မိနစ်အချိန် က
ရေကားသမားမှ ရေစည်ပေါ် ရေတက်ထဲရန် အိမ်ခေါင်းပေါ်တက်စဉ် ဓါတ်လိုက်ပြီ တန်းလန်းအနေအထားဖြစ်နေသဖြင့် အိမ်ခေါင်မိုးပေါ်မှာ တဆင့်အောက်သို့ပြန်ချ၍ လူနာအားကြိုးစားCPRပြုစုပေးသောလဲ ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှမော်လမြိုင်ဆေးရုံကြီး OPD မှတဆင့် ရင်ခွဲရုံသို့
ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 30 April2024
တောင်ဒဂုံမြို့နယ်၌ ဆောင်ရွက်နေသည့် သုခဒဂုံ အိမ်ရာ စီမံကိန်း၌ပါဝင်သည့် သုခဒဂုံဈေး အား ဈေးရုံခုနှစ်ရုံဖြင့်တည်ဆောက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ဆောက်လုပ် ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင် အထည်ဖော် တည်ဆောက်ခဲ့သည့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ၌ တည်ဆောက်လျှက်ရှိခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် (၇) မြို့ပတ်လမ်းရှိ သုခဒဂုံပြည်သူ့ အငှားအိမ်ရာ အဝင်မုခ်ဦးနှင့် သုခဒဂုံဈေး တည်ဆောက်မည့် မြေ နေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင် အထည်ဖော် တည်ဆောက်ခဲ့သည့် သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ အဝင်မုခ်ဦးကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သုခဒဂုံဈေး တည်ဆောက်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ က ၃၉၂ ခန်းပါ ဈေးရုံ ခုနစ်ရုံ၊ လဟာပြင်ဈေး၊ စီမံခန့်ခွဲရေးရုံး၊ အများသုံး သန့်စင်ခန်း၊ ယာဉ်ရပ်နားနေရာ၊ ကုန်တင်ကုန်ချနေရာ၊ အမှိုက် စွန့်ပစ်နေရာ၊ ရေလှောင်ကန်၊ ရေစင်၊ Box Culvert တည်ဆောက် မည့်နေရာတို့ကိုလည်းကောင်း၊ သဲဖို့ခြင်းနှင့် ခြံစည်းရိုးကာရံခြင်း၊ ဈေးရုံ တစ်ရုံ၊ အများသုံးသန့်စင်ခန်းနှင့် မိလ္လာကန်၊ အမှိုက်စွန့်ပစ် နေရာ၊ လျှပ်စစ်လုပ်ငန်းနှင့် အတွင်းပိုင်းလျှပ်စစ်မီး၊ သန့်စင်ခန်းနှင့် ရေစက်မော်တာ Wire သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group

Published 30 April 2024
ရန်ကုန်မန္တလေးလမ်းဟောင်းဒိုက်ဦးမြို့နယ် လက်ခုပ်ကွင်းကျေးရွာအနီး ၁၂ဘီးယာဉ် တစ်စီးမှာ အရှိန်လွန်ပြီး ရေမြောင်း အတွင်း သို့ ပြုတ်ကျမှု ဖြစ်ပွားခဲ့ကြောင်းဘုရားကြီးမြို့အရန်မီးသတ်တပ်ဖွဲ့ ထံ မှ သိရသည်။
ဧပြီ လ ၃၀ ရက် နေ့လည် ၂နာရီ၅၀မိနစ်ကမန္တလေးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် ဖြူပြာရောင် FUSOအမျိုးအစား(၁၂)ဘီးယာဉ်သည် လမ်းညာဘက်ဘေး ရေမြောင်းအတွင်းပြုတ်ကြခဲ့ကြောင်း သိရသည်။
ထိုသို့ရေမြောင်းအတွင်း ပြုတ်ကျရာ ယာဉ်အတွင်း ယာဉ်မောင်းသူညပ်နေသဖြင့် ဘုရားကြီးမြို့အရန်မီးသတ်တပ်ဖွဲ့နှင့်ဒိုက်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့တို့ ချိတ်ဆက်ပူးပေါင်း၍ကူညီကယ်ဆယ်ကြရာအနီးရှိဘက်ဖိုးယာဉ်တို့မှလည်း ပူးပေါင်းကူညီသဖြင့် အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါယာဉ်မောင်းမှာ အသက် ၄၅နှစ် ရှိ ပြီ ဖြစ်ကာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group


Page 756 of 2005