ဖားအောက်ဆရာတော်ကြီး စင်ကာပူ၌ နှလုံးအထူးကုသမှုအောင်မြင် ၊ရန်ကုန်သို့ ပြန်ရောက်ပြီဖြစ်
‘’ဆရာတော်ဘုရားကြီးက နှလုံးစက်နဲ့နှလုံးစတန့်ထည့်ထားရပြီး အဲဒီ့နှလုံးစက်နဲ့နှလုံးစတန့် အခြေအနေတွေကို ပြန်လည်စစ်ဆေးပြီး ဆေးကုသမှုတွေ၊ အသေးစားခွဲစိတ်ကုသမှုတွေ ခံယူခဲ့တယ်’’ မော်လမြိုင်ဖားအောက်တောရမှ တာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 16 November 2023
ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာသူဌေးချောင်းပေါ်တွင်ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ် (၄)တည်ဆောက်ရေးမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း မှာ၇၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
ရခိုင်ရိုးမပေါ်မှ အစပြုပြီး ပင်လယ်ဝအထိ မိုင် ၇၀ ခန့်ရှည်လျားစွာ စီးဆင်းနေသော သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နိုင်ရန်အတွက် ၂၀၀၃-၂၀၀၄ ခုနှစ်ခန့်က ဂျပန်နိုင်ငံအခြေစိုက် TheKansaiအတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့နှင့်ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှအင်ဂျင်နီယာများနှင့်ပူးပေါင်းကာကနဦးစူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ လေ့လာမှုပြုလုပ်ပြီး ဂျပန်နိုင်ငံအခြေစိုက် The Kansai အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့နှင့်ဌာနမှအင်ဂျင်နီယာများသည်အသေးစိတ်ဒီဇိုင်းပုံစံများ ရေးဆွဲခဲ့ကြကာ အကြိုတည်ဆောက်မှုလုပ်ငန်းများကို ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှစတင်ဆောင်ရွက်ခဲ့ကြကြောင်းရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် စီမံကိန်း အနေဖြင့် ရေယူအဆောက်အအုံမှာ ၂၀၂၃ ခုနှစ် ဩဂုတ်၂၃ရက်ကရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း၊ပင်မတမံလုပ်ငန်းအနေဖြင့့် ၇၉ ဒသမ ၁၉ ရာခိုင်နှုန်း၊ ရေပိုလွှဲလုပ်ငန်းအနေဖြင့် ၇၈ ဒသမ ၉၇ ရာခိုင်နှုန်း၊ ရေလွှဲဥမင်လိုဏ်လုပ်ငန်းအနေဖြင့် ၉၆ ဒသမ၇၉ ရာခိုင်နှုန်း၊ ရေထိန်းတံခါးပြွန်လုပ်ငန်းအနေဖြင့် ၉၇ ဒသမ ၇၅ ရာခိုင်နှုန်း၊ ရေလွှဲဥမင်လိုဏ်အထွက်မြောင်းလုပ်ငန်းအနေဖြင့် ၉၈ ဒသမ ၀၀ ရာခိုင်နှုန်း၊ ဓာတ်အားပေးစက်ရုံလုပ်ငန်းအနေဖြင့်၇၇ ဒသမ ၂၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
စီမံကိန်း အားလုံး ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရာခိုင်နှုန်း အပြည့် ပြီးစီးမည် ဖြစ်ပြီးအဆိုပါ စီမံကိန်းမှ စက်တပ်ဆင်အင်အား ၃၇ မဂ္ဂါဝပ် ဓာတ်အားပေးစက်သုံးလုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၁၁၁ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်းထုတ်လုပ်ကာ ရခိုင်ပြည်နယ်အတွင်း ဒေသများသို့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
စီမံကိန်းအကောင်အထည်ဖော်တည်ဆောက်ရာတွင် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းနှင့် ရေအား အဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းဟူ၍ လုပ်ငန်းအပိုင်းနှစ်ပိုင်းရှိပြီး စီမံကိန်းချဉ်းကပ်လမ်း ဖောက်လုပ်ခြင်း၊ စီမံကိန်းစခန်း တည်ဆောက်ခြင်း၊ ရေ၊ မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စူးစမ်းလေ့လာတိုင်းတာခြင်းများသည် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများတွင် ပါဝင်ကြောင်း၊ စိမ့်ရေတားနံရံ၊ ရေလွှဲဥမင်လိုဏ်၊ ရေယူအဆောက်အအုံ၊ ပင်မတမံ၊ ရေပိုလွှဲ၊ အကူရေပိုလွှဲ၊ ရေထိန်းတံခါးပြွန်၊ ဖိအားမြှင့် သံမဏိပိုက်လိုင်း၊ ဆွစ်ယာ့ဒ်နှင့် ဓာတ်အားပေးစက်ရုံစသည်တို့သည် ရေအားအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းတွင် ပါဝင်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
၁၆ နိုဝင်ဘာ ၂၀၂၃
ကိုးကန့်ဒေသအတွင်း Onllne လိမ်လည်မှုများနှင့် ဆက်စပ်အမှုများ ကျူးလွန်နေသည့် ပယ်ရင်ချန်ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း နစကသတင်း ထုတ်ပြန်ချက် အရသိရပါတယ်။
“ရှမ်းးပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ ယင်း အမှုများနှင့် ဆက်စပ် ကျူးလွန်သည့် လူကိုသွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင် ချုပ်နှောင်မှုများ၊ ခြောက်လှန့် တောင်းယူမှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေး ကူညီခြင်းများကို ကျူးလွန်နေသော ပယ်ရင်ချန်(ဘ) ဦးပယ်စောက်ချိန် (ပန်ဆော့ချိန်)ကို ဥပဒေအရ အရေးယူရန်အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း “ သတင်းထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။
-ymg/knl
၁၆ နိုဝင်ဘာ ၂၀၂၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ကာလီဖိုနီးယားက ဖီလိုလီခြံဝင်းမှာတွေ့ဆုံကြပြီးနောက် ဆန်ဖရန်စစ္စကိုက ကျေးလက်အိမ် ဥယျဉ်ထဲ အတူတကွလမ်းလျှောက်ခဲ့ကြပါတယ်။ အဲဒီနောက် ဘိုင်ဒင်က ရှီကို ကားစီလိုက်ပို့ပေးရင်း စကားစမြည်ပြောကြပါတယ်။
Source CCTV+
16 November 2023
ရန်ကုန်တိုင်းအတွင်းရှိ စိတ်ကျန်းမာရေးဝေဒနာရှင်များအတွက် အသုံးပြုရန် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးသို့ အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုလှူဒါန်းငွေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့မှလှူဒါန်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေရသည့် ဝေဒနာရှင်များအတွက်ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
အလှူငွေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းစစ်ဌာန ချုပ်မှတိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့မှပေးအပ်လှူဒါန်းခဲ့ပြီးစိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)မှ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်းသိရသည်။
ယင်းကဲ့သို့အလှူငွေများပေးအပ်ခြင်းအပြင် မိုးတွင်းကာလတွင် စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်) ဆေးရုံဝန်း အတွင်းမိုးရေလျှံမှုများဖြစ်ပွားခဲ့သည့်အတွက် ယခုချိန်မှာ ရေကြီးနစ်မြုပ်မှုနှင့်ရေကြီးရေ လျှံမှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းဆယ်ယူရှင်းလင်းရေး၊ ဆေးရုံပတ်လမ်းရှိတာအောင် များမြှင့်တင်ရေးများဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဆောင်ရွက်နေမှုများကိုလည်းရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းမှ ကြည့်ရူစစ်ဆေးခဲ့ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 16 November 2023
အီဂျစ်နိုင်ငံနှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနတို့အကြား ဝါသီးနှံဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် အွန်လိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက်တွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။
အဆိုပါဆွေးနွေးပွဲသို့ အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့၊ အီဂျစ်နိုင်ငံ၊ စိုက်ပျိုးရေးဆိုင်ရာ ပြည်ပဆက်ဆံရေးဌာန၊ အာရှဒေသ ညွှန်ကြားရေးမှူး Ms. Marwa Fouda ၊ Cotton and Fiber Council of Egypt ၏ ဌာနအကြီးအကဲ Dr. Mohamed Abdelmegeed ၊ Cotton Research Institute မှ ဒုတိယညွှန်ကြားရေးမှူးများ ဖြစ်ကြသော Dr. Abeer Samir နှင့် Dr. Walid Yehia ၊ Plant Breeding သုတေသန ဌာန အကြီးအကဲဖြစ်သူ Dr. Ahmed Abdelghani တို့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲ၌နှစ်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနတို့အကြား ဝါဂွမ်းသီးနှံနှင့်ပတ်သက်ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းများ၊ ကျွမ်းကျင်သူများ အပြန်အလှန် စေလွှတ်လေ့လာနိုင်မယ့် အစီအစဉ်များ၊ နည်းပညာအကူအညီများ ရရှိရေးနှင့် သင်တန်းသားများ စေလွှတ်လေ့ကျင့်သင်ကြားနိုင်ရေး ကိစ္စရပ်များကို စီစဉ်သွားနိုင်ရေး တို့ကိုဆွေးနွေးခဲ့ကြပါတယ်။
အီဂျစ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် စိုက်ပျိုးရေးဆိုင်ရာနယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား တည်ရှိနေသော ချစ်ကြည်ရင်းနီးမှု တိုးမြင့်လာစေရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၁၉၉၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ymg_mnn
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 16 November 2023
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ် ရွှေညောင်ပင် ကုန်းထိပ် အနီး တွင် ယာဉ်တိုက်မှု ဖြစ်ပြီး လူညှပ် နေသဖြင့် ကယ်ထုတ်ပေးခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
နိုဝင်ဘာ ၁၆ ရက် နံနက် ၆နာရီ ၁၃ မိနစ် ခန့် က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယာဉ်တိုက်မှု ဖြစ်ကာ လူညှပ်နေကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံ မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး့ဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ် တိုက်မှု ဖြစ်ပြီး ယာဉ်ထဲတွင် ညှပ် နေသည့် အမျိုးသား ကို ၆နာရီ ၂၁ မိနစ် ခန့်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး မဇ္ဇိုမပရဟိတ အသင်း သူနာတင်ယာဉ် ဖြင့် အင်းစိန် မြို့နယ် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယင်း လူနာ အမျိုးသားမှာ မစိုးရိမ်ရ ဒဏ်ရာ အနေထား တွင် သာ ရှိကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 16 November 2023
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်နှစ်ခုရှိ နိုင်ငံဝန်ထမ်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွက် မူရင်းလစာ၏နှစ်ဆကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဆက်လက်ခံစားခွင့်ပြုကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။
ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်း ရှိ မောင်တောမြို့နယ်နှင့်ဘူးသီးတောင်မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ အား အဆိုပါ ဒေသ၏ လက်ရှိ အခြေနေအရ၂၀၂၃ခုနှစ် အောက်တိုဘာလ၊နိုဝင်ဘာလ၊ဒီဇင်ဘာလ များ အတွက် မူရင်းလစာ၏ ၂ ဆကို အထူးကိစ္စရပ်အဖြစ် ခံစားပြုကာ၊မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ် တို့တွင် တာ
ဝန်ထမ်းဆောင်လျက်ရှိသော နေ့စားအလုပ်သမား များ အား အဆိုပါဒေသ၏ လက်ရှိ အခြေနေအရ ယခုနှစ် အောက်တိုဘာလ၊နိုဝင်ဘာလ၊ဒီဇင်ဘာလ တို့ အတွက် တစ်ရက်လုပ်ခလစာကို ကျပ်၆၅၀၀နှုန်းဖြင့် အထူးကိစ္စရပ်အဖြင့် ခံစာခွင့်ပြုကြောင်း သိရသည်။
အလားတူ ချင်းပြည်နယ် ပလက်၀ မြို့နယ် အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံဝန်ထမ်းများ အား အဆိုပါ ဒေသ၏ လက်ရှိ အခြေနေအရ၂၀၂၃ခုနှစ် အောက်တိုဘာလ၊နိုဝင်ဘာလ၊ဒီဇင်ဘာလ များ အတွက် မူရင်းလစာ၏ ၂ ဆကို အထူးကိစ္စရပ်အဖြစ် ခံစားပြုကြောင်းပါရှိသည်။
ယင်းသို့ နိုင်ငံ့ဝန်ထမ်းများ မူရင်းလစာ၏နှစ်ဆ ခံစားခွင့်ပြုခြင်းအတွက် စီမံကိန်းနှင့်ဘဏ္ဘာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၇၂/၂၀၂၃)ဖြင့် အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
#Yangon_Times/LW
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 16 November 2023
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖင်တို့ဟာ နှစ်နိုင်ငံစစ်ရေး ဆက်ဆံမှု ပြန်လည်ဆောင်ရွက်ရန်၊ ဖန်တနိုင်းထုတ်လုပ်မှု လျှော့ချကန့်သတ်ရန် ကိစ္စများအကြောင်း ဗုဒ္ဓဟူးနေ့က သဘောတူညီခဲ့ကြကာ ယင်းတို့နှစ်ယောက် တစ်နှစ်အတွင်း ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုကနေ အဓိကအကျိုးရလဒ်ကြီး ၂ ခု ရရှိခဲ့ပါတယ်။
ဘိုင်ဒင်နဲ့ ရှီတို့ဟာ ဆန်ဖရန်ဆစ္စကို မြို့အစွန်ဘက်မှာ ၄ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးကို တင်းမာစေတဲ့ ကိစ္စရပ်များအကြောင်း ပြောကြားခဲ့ကြကာ ပိုမိုရင်းနှီးစွာ ဆက်ဆံနေထိုင်ရန် သဘောတူညီခဲ့ကြပါတယ်။
၂၀၂၂ ဩဂုတ်လက အမေရိကန် အောက်လွှတ်တော် ဥက္ကဌဟောင်း နန်စီပယ်လိုစီ ထိုင်ဝမ်သို့ သွားရောက်ခဲ့စဥ် တရုတ်အမျက်ထွက်စရာ ဖြစ်ခဲ့သဖြင့် စစ်ရေးပတ်သက်မှု ပြန်လည်ဆောင်ရွက်ရန်လည်း သဘောတူညီခဲ့ကြပါတယ်။
ပွင့်လင်းမြင်သာတဲ့ တိုက်ရိုက်ဆက်ဆံရေးကို ပြန်လည်ဖော်ဆောင်ခဲ့ကြတယ်လို့ ဘိုင်ဒင်က ဆိုပါတယ်။
အမေရိကန်နဲ့ တရုတ်စစ်တပ်တို့ဟာ ယမန်နှစ်အတွင်း မကျေနပ်မှုများ အပြန်အလှန် ထုတ်ဖော်ခဲ့ကြပါတယ်။
အမေရိကန်မှာ ဆေးအလွန်အကျွံ စွဲလမ်းမှုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတစ်ခုဖြစ်တဲ့ ဖန်တနိုင်း ထုတ်လုပ်တင်ပို့မှုကို တရုတ်အနေနဲ့ ရပ်တန့်ပေးဖို့ ဘိုင်ဒင်နဲ့ရှီတို့ သဘောတူခဲ့ကြပါတယ်။
အဆိုပါ သဘောတူညီချက်အရ တရုတ်ဟာ ဖန်တနိုင်းထုတ်လုပ်နေတဲ့ ဓာတုကုမ္ပဏီများထံ တိုက်ရိုက်သွားရောက်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပညာရှင်တွေစုစည်းပြီး လူလုပ်အသိဉာဏ်စနစ်(AI)ရဲ့ ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေအကြောင်း ဆွေးနွေးရန်လည်း သဘောတူညီခဲ့ကြပါတယ်။
ယခုတွေ့ဆုံမှုဟာ ပွင့်ပွင့်လင်းလင်းနဲ့ တိုက်ရိုက်ပြောဆိုတာ ဖြစ်သဖြင့် နားလည်မှုလွဲခြင်းမျိုး မရှိဘဲ အောင်မြင်မှုရှိခဲ့တယ်လို့ ဘိုင်ဒင်က သတ်မှတ်လိုက်ပါတယ်။
ဒီမိုကရက်တစ်နည်းလမ်းအရ သွားနေတဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်က ယင်းအပိုင်နယ်မြေအဖြစ် သတ်မှတ်ချင်တဲ့ ကိစ္စကိုလည်း တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးသွားပါတယ်။
တရုတ်က ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာ ပေါင်းစည်းချင်တယ်လို့ ရှီကဆိုပေမယ့် အင်အားသုံးသိမ်းပိုက်မယ့် အရိပ်အယောင်လည်း မြင်နေရတယ်လို့ အမေရိကန်အရာရှိတစ်ဦးက ဆိုပါတယ်။
အမေရိကန်အနေနဲ့ ထိုင်ဝမ်ကို လက်နက်ထောက်ပံ့တာတွေ မပြုလုပ်ဘဲ ငြိမ်းချမ်းစွာ ပေါင်းစည်းရေးကို ထောက်ခံအားပေးသင့်ကြောင်း ရှီက တိုက်တွန်းလိုက်ပါတယ်။
ဂါဇာမှာ အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ ပဋိပက္ခဖြစ်နေစဥ် အရှေ့အလယ်ပိုင်းရှိ အမေရိကန်တွေကို အီရန်တွေ မတိုက်ခိုက်ခိုင်းဖို့ ဘိုင်ဒင်က တရုတ်ကို ဩဇာသုံးစေချင်နေပါတယ်။
ဆန်ဖရန်ဆစ္စကို တောင်ပိုင်း မိုင် ၃၀ အကွာရှိ ကျေးလက်ခြံအိမ်ကြီးမှာ ဘိုင်ဒင်က ရှီကျင့်ဖင်ကို ကြိုဆိုခဲ့ပြီး အာရှ-ပစိဖိတ် စီးပွားရေးကော်ပိုရေးရှင်း (APEC)ဖိုရမ်ကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ယခုကဲ့သို့ တွေ့ဆုံရန် အချိန်အတော်ကြာ မျှော်လင့်နေခဲ့တဲ့ ဘိုင်ဒင်က တလေးတစားဖြင့် ကြိုဆိုခဲ့ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံတွေထဲမှာ အဓိကပုဂ္ဂိုလ်အနေဖြင့် ဆက်ဆံခဲ့ပါတယ်။
ခေါင်းဆောင် ၂ ဦးက နှစ်နိုင်ငံရေးရာနဲ့ ကမ္ဘာ့ရေးရာ ကိစ္စတွေမှာ အပြုသဘောဆောင်စွာဖြင့် ဆွေးနွေးခဲ့ကြပြီး သဘောထားကွဲလွဲမှုများကို ဖလှယ်ခဲ့ကြတယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။
အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးက ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး နှစ်နိုင်ငံဆက်ဆံရေးဖြစ်ကြောင်း၊ အင်အားကြီး ၂ နိုင်ငံဖြစ်သည့်အလျောက် တစ်ယောက်နဲ့ တစ်ယောက် ဒုက္ခပေးတာမျိုး မပြုလုပ်သင့်ကြောင်း ရှီကျင့်ဖင်က ဘိုင်ဒင်ကို ပြောပြခဲ့ပါတယ်။
၂၁ နိုင်ငံပါဝင်တဲ့ APEC အဖွဲ့မှ ခေါင်းဆောင်များနဲ့ စီအီးအိုရာဂဏန်းခန့်ဟာ ဆန်ဖရန်ဆစ္စကိုမှာ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Source: Reuters
#World_Politics
#အမေရိကန်သမ္မတဂျိုးဘိုင်ဒင် #တရုတ်သမ္မတရှီကျင့်ဖင် #ပထမဆုံးအကြိမ်လူချင်းတွေ့ဆုံမှု
#YMG #Yangon_Times #Yangon_Media_Group
Published 16 November 2023
DNA ၂ စုံပါဝင်တဲ့ ကိုင်မီးရားမျောက် မွေးဖွားနိုင်ခဲ့ကြောင်း သိပ္ပံပညာရှင်များ ကြေညာလိုက်ပါတယ်။
ထင်သာတဲ့ ပုံစံတွေကတော့ အစိမ်းရောင်တောက်တောက် မျက်လုံးတွေနဲ့ အဝါရောင်တောက်တောက် လက်ချောင်းထိပ်တွေ ဖြစ်ပါတယ်။
တရုတ်မှ သိပ္ပံပညာရှင်များ ဖန်တီးလိုက်တာ ဖြစ်ပြီး ယင်းတို့ရဲ့ မျိုးရိုးဗီဇတွေနဲ့ အရေပြားအောက်က အရာတွေက ပိုပြီးစိတ်ဝင်စားစရာ ကောင်းနေပါတယ်။
သုတေသနရဲ့ ရည်ရွယ်ချက်က အာရုံကြောချို့ယွင်းရောဂါများ ကုသမှုကို ပိုမိုလေ့လာနိုင်ရန် မျောက်များမှာ စမ်းသပ်တာဖြစ်ပါတယ်။
ထိုမျောက်ကို ဓာတ်ခွဲခန်းမှာ ဖန်တီးခဲ့တာဖြစ်ပြီး ၁၀ ရက်တာ အသက်ရှင်နိုင်ခဲ့ကာ တဖြည်းဖြည်းနဲ့ ညင်သာစွာ သေဆုံးစေခဲ့ပါတယ်။
မျောက်မျိုးစိတ်တစ်ခုမှ ပင်မစတမ်းဆဲလ်နဲ့ ထိုမျိုးစိတ်မှပဲ မျိုးဗီဇအရ ကွဲပြားတဲ့ သန္ဓေသားတို့ကို ပေါင်းစပ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အသက်ရှင်လျက် မွေးခဲ့တဲ့ ကိုင်မီးရားမျောက်က ဦးနှောက်မှာ များစွာသက်ရောက်နေပြီး အာရုံကြောချို့ယွင်းရောဂါများ လေ့လာရန်အတွက် နည်းလမ်းဖြစ်နိုင်တယ်လို့ ကွမ်ကျိုးဇီဝဆေးပညာနဲ့ ကျန်းမာရေးအဖွဲ့အစည်းမှ လေ့လာချက်ပြုစုသူ မီဂွယ်အက်စ်တယ်ဘန်က ဆိုလိုက်ပါတယ်။
ဒါ့အပြင် ကိုင်မီးရားမျောက်ဟာ မျိုးသုဥ်းလုနီးပါးဖြစ်နေတဲ့ မျောက်မျိုးစိတ်တွေကို ထိန်းသိမ်းရာမှာလည်း အရေးပါနေနိုင်ပါတယ်။
မျိုးဥအမျိုးမျိုးကနေ ပေါင်းစပ်ပြီး မျောက်ကိုဖန်တီးတာဟာ ပထမဆုံးမဟုတ်ပေမယ့် စိတ်ကူးယဥ်အဆန်ဆုံး ပေါင်းစပ်မှုဖြစ်နေပါတယ်။
ကိုင်မီးရားဆိုတဲ့ သတ္တဝါဟာ ဂရိပုံပြင်များအရ မီးမှုတ်နိုင်တဲ့ ပေါင်းစပ်သတ္တဝါဆိုး ဖြစ်ပါတယ်။
တိရိစ္ဆာန် အမျိုးမျိုးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားပြီး သိပ္ပံနည်းပညာအရ နှစ်ကောင်ထက်ပိုတဲ့ တိရိစ္ဆာန်မိဘတွေဆီက ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
Source: WION
#World_Health
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 16 November 2023
ကလေးတွေရဲ့ အိပ်စက်ချိန်အပေါ်မှာ မိဘတွေ ထောက်ပံ့တဲ့ ပုံစံအမျိုးမျိုးရဲ့ သက်ရောက်မှုတွေကို BMC ပြည်သူ့ကျန်းမာရေးအဖွဲ့က လတ်တလော လေ့လာခဲ့ပါတယ်။
ကလေးတွေအတွက် အိပ်ချိန်စည်းမျဥ်းစည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ် သတ်မှတ်ပေးတဲ့ မိဘတွေက ကလေးတွေ အိပ်ချိန်အလုံအလောက် ရစေနိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
အိပ်ရေးမဝပါက အာရုံမစူးစိုက်နိုင်ခြင်း၊ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းခြင်း၊ အထိမခံနိုင်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ပင် ဖြစ်စေနိုင်ပါတယ်။
အသက် ၁၈ နှစ်အောက် ကလေးရှိတဲ့ မိဘ ၁,၆၀၀ ကျော်ထံမှ တင်ပြချက်များကို သုတေသီများ လေ့လာခဲ့ကြပါတယ်။
ထိုထဲက မိဘ ၉၄ ရာခိုင်နှုန်းလောက်က သူတို့ကလေးတွေကို သတ်မှတ်ထားတဲ့ အိပ်ချိန်မှာ အိပ်စက်ဖို့ မှာကြားကြပြီး ၈၄ ရာခိုင်နှုန်းကျော်ကတော့ အိပ်ချိန်စည်းမျဥ်းများကို တင်းကြပ်စွာ သတ်မှတ်ထားရှိကြောင်း တင်ပြခဲ့ကြပါတယ်။
အိပ်ချိန်ကို စည်းမျဥ်းသတ်မှတ်ထားကြတဲ့ မိဘတွေက ကြားရက်တွေမှာ ကလေးတွေ အိပ်ချိန်လုံလောက်ဖို့ ၅၉ ရာခိုင်နှုန်း ပိုသေချာစေကြောင်း မှတ်ချက်ပြုခဲ့ကြပါတယ်။
အသက် ၅ နှစ်မှ ၉ နှစ်ကြားကလေးတွေမှာ လုံလောက်တဲ့အိပ်ချိန် ပြည့်မီမှု ပိုများပြီး အသက် ၁၀ နှစ်မှ ၁၇ နှစ်ကြား ကလေးတွေမှာ ပိုနည်းနေပါတယ်။
သတ်မှတ်ထားတဲ့အတိုင်း အိပ်စက်ရန် ကလေးတွေကို မှာကြားရုံသာ ပြုလုပ်ပါက ကြားရက်တွေမှာ အိပ်ချိန်လုံလောက်မှု သိပ်မရှိဘဲ အိပ်ချိန်စည်းမျဥ်းများဖြင့် ကြပ်ကြပ်မတ်မတ် အိပ်စေတဲ့အခါမှာတော့ ကြားရက်တွေမှာ ကလေးတွေ အိပ်ရေးပြည့်ဝနိုင်ခြေ ပိုများပါတယ်။
ပညာရှင်များရဲ့ သတ်မှတ်များအရ အသက် ၃ နှစ်မှ ၅ နှစ်ကြားကလေးတွေဟာ ညအိပ်ချိန် အနည်းဆုံး ၁၀ နာရီမှ ၁၃ နာရီအတွင်း ရှိသင့်ပြီး အသက် ၆ နှစ်မှ ၁၃ နှစ်အတွင်း ကလေးတွေကတော့ ၉ နာရီမှ ၁၁ နာရီကြား၊ ၁၄ နှစ်မှ ၁၇ နှစကြား ကလေးတွေက ၈ နာရီမှ ၁၀ နာရီခန့် အိပ်ချိန်ရှိသင့်ပါတယ်။
၁၈ နှစ်ကျော်အရွယ်တွေကတော့ ၇ နာရီမှ ၉ နာရီကြား ရှိသင့်ပါတယ်။
အိပ်ရေးဝမှသာ နိုးနေတဲ့အခါ နိုးကြားနေပြီး အကောင်းဆုံး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ကလေးတွေအနေနဲ့လည်း အာရုံစူးစိုက်မှု၊ ကြီးထွားဖွံ့ဖြိုးမှု၊ နှလုံးအလုပ်လုပ်ပုံနဲ့ ရုပ်ပိုင်းဆိုင်ရာ အလုံးစုံကျန်းမာရေးတို့ ကောင်းမွန်နေမှာ ဖြစ်ပါတယ်။
Source: DoctorNDTV
#World_Health
#YMG #Yangon_Times #Yangon_Media_Group
၁၆ နိုဝင်ဘာ ၂၀၂၃
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဃ နေရာကို အပြောင်းအလဲလုပ်ခဲ့ကြောင်း နိုဝင်ဘာလ ၁၅ ရက် ရက်စွဲဖြင့်ထုတ်ပြန်တဲ့ နစကရဲ့ အမိန့်ကြေညာချက်များ အရ သိရပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ ဦးစီးအဖွဲ့ရဲ့လက်ရှိဥက္ကဋ္ဌ ဦးမြင့်ဆွေအား နစက အမိန့်အမှတ် ၁၀၁/၂၀၂၃ အရ တာဝန်မှရပ်စဲလိုက်ပြီး ဦးမြင့်ဆွေ၏နေရာတွင် ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အား ခေတ္တဥက္ကဋ္ဌ အဖြစ် အမိန့်အမှတ် ၁၀၂/၂၀၂၃ အရ ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ပါတယ်။
-ymg/knl
Page 756 of 1775