#World_Health
Published 18 August 2024


▪️ မာဒရက်စ်ဆီးချိုသုတေသန ဖောင်ဒေးရှင်း(MDRF)က သကြားအစားထိုးပစ္စည်း ဆူခရယ်လို့စ်ဟာ ဆီးချိုရောဂါ ဒုတိယအမျိုးအစား ရှိသူတွေမှာ နှလုံးနဲ့ ဇီဝကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်လဲဆိုတာကို လေ့လာဖော်ပြခဲ့ပါတယ်။

 

▪️ ဆီးချိုဝေဒနာရှင်များ ကော်ဖီ လက်ဖက်ရည်သောက်တဲ့အခါ သကြားအစား ဆူခရယ်လို့စ်ဖြင့် အစားထိုးအသုံးပြုတဲ့အခါ ဘာဖြစ်လာလဲဆိုတာကို သုတေသီများ သိချင်ခဲ့ကြပါတယ်။

 

▪️ အိန္ဒိယမှ ဆီးချိုရောဂါသည် ၁၇၉ ဦးကို ၁၂ ပတ်ကြာအောင် လေ့လာခဲ့ပြီး သကြားမသုံးဘဲ သကြားအစားထိုးပစ္စည်းများဖြင့် စမ်းသပ်ခဲ့ပါတယ်။

 

▪️ ကော်ဖီ လက်ဖက်ရည်တို့ သောက်ရာမှာ ဆူခရယ်လို့စ် အနည်းငယ်ထည့်သောက်ပါက သွေးတွင်းသကြားဓာတ်ကို မဆိုးရွားစေဘူးလို့ တွေ့ရှိလာပါတယ်။

 

▪️ အိန္ဒိယမှာ ဆီးချိုရှိသူအများစုက သကြားထည့်သောက်နေကြပြီး ကာဗိုဟိုက်ဒရိတ် စားစရာတွေလည်း အစားများတာကြောင့် ဆီးချိုအဖြစ်များကြပါတယ်။

 

▪️ သကြားအစားထိုးပစ္စည်းထဲမှာမှ ဆူခရယ်လို့စ်လို ပစ္စည်းက ကယ်လိုရီမပါတာကြောင့် သကြားနေရာမှာ အစားထိုးသုံးနိုင်ပါတယ်။

 

▪️ သကြားတုပစ္စည်းတွေကို အချိုရည်တွေ၊ မုန့်တွေမှာလည်း အများအပြား သုံးလာကြပြီး သကြားထက်စာရင် ထည့်ရတဲ့ပမာဏကလည်း နည်းပါးပါတယ်။

 

▪️ လေ့လာမှုပြုဖို့အတွက် အဖွဲ့တစ်ဖွဲ့ကို သကြားထည့်သွင်း အသုံးပြုစေကာ နောက်တစ်ဖွဲ့ကိုတော့ ဆူခရယ်လို့စ် အသုံးပြုစေပါတယ်။

 

▪️ ထိုအခါမှာ ဆူခရယ်လို့စ်လိုမျိုး သကြားအစားထိုးပစ္စည်း အသုံးပြုသူတွေက ကိုယ်အလေးချိန်၊ BMI ၊ ခါးအရွယ်အစား ကျဆင်းသွားတာကို တွေ့ရပါတယ်။

 

▪️ ဒါကြောင့် သကြားတုပစ္စည်း အနည်းငယ်မျှ အသုံးပြုခြင်းက ဆိုးရွားမှုမဖြစ်စေဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

 

#Source: India Today