#Published_ 8 August 2023
အခုရက်ပိုင်းအတွင်း သံလွင်မြစ်၊သောင်ရင်းမြစ်၊ဘီးလင်းမြစ်၊နန့်ယင်းမြစ်ရေများကြီးနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၂)ပေခွဲကျော်ခန့်ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း စိုးရိမ်ရေအမှတ်အထက်ဆက်လက်တည်ရှိမည်ဖြစ်သည်ဟုဆိုသည်။
သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် စိုးရိမ်ရေအမှတ်အထက်သို့(၂)ပေခန့်ကျော်လွန်ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း စိုးရိမ်ရေအမှတ်အောက်သို့ပြန်လည်ကျဆင်းနိုင်မည်ဟုခန့်မှန်းထားသည်။
ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်သို့(၂)ပေခန်းကျော်လွန်ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း စိုးရိမ်ရေအမှတ်အထက်ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
နန့်ယင်းမြစ်ရေသည် မိုးကောင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်သို့(၁)ပေခန့်ရောက်ရှိနေပြီး နောက်(၁)ရက်အတွင်းနောက်ထပ်(၁)ပေခန့်တက်နိုင်ကာစိုးရိမ်ရေအမှတ်အထက်တွင်ဆက်လက်တည်ရှိမည်ဖြစ်သည်။
ယင်းကဲ့သို့မြစ်ရေများကြီးမည်ဖြစ်၍ ဘားအံမြို့နယ်၊မြဝတီမြို့နယ်၊ဘီးလင်းမြို့နယ်နှင့်မိုးကောင်းမြို့နယ်များ အတွင်းရှိမြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဩဂုတ်လ၈ရက်နေ့လည်ပိုင်းတွင်သတိပေးချက်ထုတ်ပြန်ထား ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#Published_ 8 August 2023
#YMG #Yangon_Times
Published-8 August 2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ပင် လယ်ပြင်တွင် စက်လှေတိမ်းမှောက် မှုဖြစ်စဥ်ကြောင့် ပျောက်ဆုံးနေသူ လူဦးရေ ၅၀ ကျော်မှ မွတ်ဆလင်အမျိုးသမီး ၃ဦး အလောင်းနှင့် မွတ်ဆလင် အမျိုးသား ၈ ဦးကို ပြန်လည်တွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်မှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရွှေရောင် မေတ္တာဖောင်ဒေးရှင်းကသိရသည်။
ရေသ့တောင်မြို့နယ်၊မွတ်ဆလင်ကျေးရွာမှ လူပေါင်း၅၀ ကျော်ခန့်တင မလေးရှားသို့သွားရန်စက်လှေဖြင့်ထွက်ခွာစဥ် စစ်တွေအနီး ပင်လယ်ပြင်တွင် လှိုင်းကြီး၍စက်လှေနစ်မြုပ်မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စက်လှေနစ်မြုပ်မှုဖြစ်စဥ်ကြောင့် ပျောက်ဆုံးနေသူ လူဦးရေ ၅၀ ကျော်အနက် မှ ြသဂုတ်လ ၇ရက် ညနေ ၄နာရီခန့်က စစ်တွေမြို့၊ ဘာဆာရွာအနောက်ဘက်ကမ်းခြေအနီး သောင်တင်နေသည့် မွတ်ဆလင် အမျိုးသမီး၂ဦး၏ရုပ်အလောင်းနှင့် အသက်ရှင်လျက် မွတ်ဆလင်အမျိုးသား ၈ ဦးကို တွေ့ရှိခဲ့ကြောင်းပြီး ြသဂုတ်လ ၈ရက် ၃နာရီဝန်းကျင်က အမျိုးသမီး၁ဦး၏ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။
"ရသေ့တောင်က မွတ်ဆလင် ၅၀ ကျော်တင်လာတဲ့ စက်လှေတိမ်းမှောက်တာလို့ပဲသိထားပါတယ်။ ပျောက်နေတဲ့ထဲမှာ အမျိုးသမီး အလောင်း ၂လောင်းနဲ့ အသင်ရှင်တဲ့အမျိုးသား ၈ဦးကို မနေ့က တွေ့ပါတယ်။ ဒီနေ့ ညနေ ၃နာရီဝန်းကျင်မှာ အမျိုးသမီး ၁ဦးအလောင်းကို ထပ်တွေ့ပါတယ်။ကျန် ၄၀ ကျော်ပျောက်ဆုံးနေတာကြောင့် ရှာဖွေတာတွေဆောင်ရွက်နေပါတယ်"ဟု ရွှေရောင် မေတ္တာဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦးကဆိုသည်။
သေဆုံးခဲ့သူ အမျိုးသမီးများ၏ရုပ်အလောင်းကို ရွှေရောင် မေတ္တာဖောင်ဒေးရှင်းမှ စစ်တွေပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#local_news
#Published_ 8 August 2023
#YMG #Yangon_Times
ဈေးကွက်တွင် ဆီဈေးအနည်းငယ်ပြန်ကျ
‘အခုအပတ်မှာတော့ ဈေးကွက်ထဲမှာ ကျပ် ၆၀၀၀ ကျော် မှ ၈၀၀၀ ကျော် အထိ ရောင်းနေပြီး ရည်ညွှန်းဈေးကကျပ်(၄၃၀၀)ဈေးရှိပါတယ်။ကျွန်တော်တို့အသင်းကတော့ ရည်ညွှန်းဈေးကျပ်(၄၃၀၀)နဲ့ ဈေးတွေမှာ ကားနဲ့လိုက်ရောင်းပေးနေပါတယ်’ ဦးရဲသူအောင်၊ ဒုဥက္ကဌ(ရန်ကုန်တိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း))
Yangon_Times / tthl
#Local_News
#Published_ 8 August 2023
#YMG #Yangon_Times
အာဆီယံအနေဖြင့် ပထဝီနိုင်ငံရေး အားပြိုင်မှုများ၏ ဖိအားနှင့်စိန်ခေါ်မှုတွေကို ညီညီညွတ်ညွတ် ရင်ဆိုင်ဖြေရှင်း ကြရလိမ့်မယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပါတယ်။
ဩဂုတ်လ(၈)ရက် ယနေ့တွင်ကျရောက်တဲ့ (၅၆)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့သို့ ပေးပိုတဲ့ နစက ဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာ ယင်းကဲ့သို့ဖော်ပြထားခြင်းဖြစ်ပါတယ်။
အာဆီယံပဋိညာဉ် စာတမ်းပါအခြေခံမူများနှင့်အညီ အာဆီယံ၏ အချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို အလေးအနက်ထားကိုင်စွဲကြရန် သတိပြုကြရမည် ဖြစ်တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။
အာဆီယံ၏ အချက်အချာကျမှုနှင့် အာဆီယံဦးဆောင်သော အခန်းကဏ္ဍများအပေါ် ခြိမ်းခြောက်လာနိုင်သည့် အခြေအနေများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ယခုထက်ပို၍ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်မှုရှိပြီး စည်းမျဉ်းအခြေပြုသည့် ဒေသဆိုင်ရာ ဖွဲစည်းတည်ဆောက်မှုပုံစံကို ဖော်ဆောင် ကြရန် လိုအပ်ကြောင်း ဗိုလ်ချူပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။
မြန်မာနိုင်ငံသည် ဥပဒေကြောင်းအရနှင့် ဘဏ္ဍာရေးအပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာများ၌ အဖွဲဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ဖြည့်ဆည်းရမည့် ဝတ္တရားများကို မပျက်မကွက် ထမ်းဆောင်လျက်ရှိနေပြီး အထူးသဖြင့် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိင်းရေး တာဝန်ခံနိုင်ငံအဖြစ် ဆောင်ရွက်နေပြီး အာဆီယံမဏ္ဍိုင်(၃)ရပ်နှင့် ၎င်းအောက်ရှိ နယ်ပယ်ကဏ္ဍများတွင် အသိုက်အဝန်း ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက် ရှိတယ်လို့လည်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။
အာဆီယံအဖွဲ့ကြီးကို ၁၉၆၇ ခုနှစ် ဩဂုတ်လ (၈)ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အဆိုပါနေ့ကို အာဆီယံနေ့အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
-ymg/knl
Published_ 8 August 2023
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းတစ်လျောက် ဒေသများတွင် သြဂုတ်လ၈ ရက် မှ ၁၁ရက်အတွင်း မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသပညာလေ့လာသုံးသပ်သူဦးဝင်းနိုင်က ပြောကြားထားသည်။
ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်တွင် အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းနေဆဲဖြစ်ပြီးဩဂုတ်လ ၁၀ ရက်၊ ၁၁ ရက်တွင် အားအနည်းငယ်ပြန်လျော့ကျကာ ၁၂ ရက်တွင် အားပြန်ကောင်းလာနိုင်ကြောင်းလည်း ကြိုတင်ခန့်မှန်းချက် များအရ တွေ့ရှိရကြောင်း ဆိုသည်။
ထို့ကြောင့်အထက်ဖော်ပြပါဒေသများ၌ သြဂုတ်လ ၈ရက် နံနက် ၂နာရီခွဲမှသြဂုတ်လ ၁၁ရက် နံနက် ၂နာရီခွဲအထိ ကာလအတွင်း မိုးသည်းထန်နိုင်ပြီး ကျန်ပြည်နယ်နှင့်တိုင်းဒေသများတွင် နေရာအနှံ့မိုးအသင့်အတင့်ရွာနိုင်ကြောင်းဆိုသည်။
ယင်းအပြင်ရခိုင်ပြည်နယ် ကုလားတန်မြစ်တစ်လျှောက်၊ မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်အတွင်း လာမည့် ၇၂ နာရီအတွင်း မိုးအလွန်သည်းထန်နိုင်ကြောင်း ပြောကြားထားသည်။
ယင်းအပြင်နောက်လာမည့် ၃ ရက် မှ ၅ ရက် အထိလည်း ယင်းအခြေအနေအတိုင်းဆက်ပြီး ရှိနေနိုင်ပါသေးကြောင်းလည်း ခန့်မှန်းထားသည်။
Yangon-Times / PP
#Local_News
#YMG #Yangon_Times
ယခုလ ပထမပတ်အတွင်း တောင်ကိုရီးယားသို့ မြန်မာလုပ်သား (၄၀၀) ကျော် စေလွှတ်
ဩဂုတ် (၈) ရက်မှာ မြန်မာကုန်ထုတ်လုပ်သား(၁၄၂)ဦးဟာ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းလေဆိပ်ကို ရောက်ရှိ
Yangon_Times / my
#Local_News
#Published_ 8 August 2023
#YMG #Yangon_Times
ကချင်ယူနိုက်တက်ကို ရန်ကုန်ယူနိုက်တက်က သွင်းဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိ
ရန်ကုန်ယူနိုက်တက်အသင်းက ပထမပိုင်း ပွဲချိန် ၁၅ မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့
Yangon_Times / my
#Local_News
#Published_ 8 August 2023
#YMG #Yangon_Times
ဘဂ်လားပင်လယ်အော်တွင် မုတ်သုံလေအား အလွန်ကောင်းနေပြီး၊ မြန်မာပင်လယ်ပြင်တွင် လှိုင်း ၁၂ ပေအထိ မြင့်တက်နိုင်
ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးမှာ လှိုင်းအမြင့် (၉)ပေ ကနေ (၁၂)ပေခန့်အထိ ရှိနိုင်
Yangon_Times / my
#Local_News
#Published_ 8 August 2023
#YMG #Yangon_Times
ထိုင်းနိုင်ငံက အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေအကြား လဲလှယ်မှုတန်ဖိုး အပြောင်းအလဲကြမ်းလွန်းတဲ့အတွက် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံရေးတွေမှာ အမေရိကန်ဒေါ်လာအစား ယွမ်ငွေနှင့် အခြားအာရှငွေကြေးတွေကို တိုးမြှင့် သုံးစွဲဖို့ စီစဉ်နေတယ်လို့ ထိုင်းဗဟိုဘဏ်ကပြောပါတယ်။
ထိုင်းဘဏ်(ဘီအိုတီ)ဟာ ငွေကြေးလဲလှယ်နှုန်းအန္တရာယ်လျှော့ချရာတွင် အထောက်အကူဖြစ်စေဖို့ ဒေသတွင်းငွေကြေး တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲဖို မျှော်လင့်ထားတဲ့အကြောင်းနှင့် ဘာဖြစ်လို့လဲဆိုတော့ အဲဒီငွေကြေးတွေဟာ ထိုင်းဘတ်နှင့် အတွဲညီတဲ့အတွက်ကြောင့်လို့ ထိုင်းဗဟိုဘဏ်ရဲ့ လက်ထောက် ဥက္ကဋ္ဌ အလီဆာရာ မဟာဆန်ဒါနာကို ဘန်ကောက်ပို့စ်သတင်းစာနှင့်အင်တာဗျူးမှာပြောခဲ့ပါတယ်။
ဒေါ်လာထက် အဲဒီငွေကြေးတွေကို တိုးမြှင့်အသုံးပြုဖို့ ထိုင်းက အားထုတ်နေတာ ဆယ်စုနှစ်တစ်စုရှိပါပြီ။ အခုဆို အဟုန်တစ်ခုရလာပြီဖြစ်ပြီး နှစ်နိုင်ငံ ဗဟိုဘဏ်အချင်းချင်း စီစဉ်ဆောင်ရွက်မှုတွေနှင့် ဘဏ္ဍာရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုတွေကလည်း တစ်ပုံတစ်ခေါင်းကြီးရှိနေပြီလို့ သူမက ပြောပါတယ်။
ကုန်သွယ်ရေးနှင့် ခရီးသွားအားထားနေရတဲ့ ထိုင်းနိုင်ငံဟာ ပြည်တွင်းငွေကြေးကို တန်ဖိုးကျစေပြီး စီးပွားရေး နိုင်ငံရေးပရိယာယ် လက်နက်သွယ်ဖြစ်လာနေတဲ့ ဒေါ်လာရဲ့တန်ဖိုးဆက်မြင့်နေတဲ့ အန္တရာယ်ကို လျော့ပါးသက်သာစေဖို့ ကြိုးစားနေကြတဲ့ အခြားသောနိုင်ငံများနှင့်အတူ ပါဝင်လာတာဖြစ်ပါတယ်။ ထိုင်းဗဟိုဘဏ်ဟာ တရုတ်၊မလေးရှား၊ အင်ဒိုနီးရှားတို့နှင့် ပြည်တွင်းငွေကြေးတိုးမြှင့်သုံးစွဲရေး ပူးပေါင်း လုပ်ဆောင်နေပါပြီး လာမယ့် ဒုတိယနှစ်ဝက်မှာ တိုးတက်မှုတွေမြင်တွေ့ရမယ်လို့ အလီဆာရာကဆက်ပြောပါတယ်။
ကမ္ဘာအနှံ့ အမေရိကန်ဒေါ်လာ ဗိလ်ကျစိုးမိုးမှုကို တိုက်ဖျက်ဖို့တုန့်ပြန်မှုတွေ ကြီးထွားလာနေတဲ့အချိန်မှာ ထိုင်းနိုင်ငံက ယခုလိုလုပ်ဆောင်လာတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က ရေးသားပါတယ်။ တရုတ်နိုင်ငံဟာ ယွမ်နှင့်ကုန်သွယ်ဖို့ သဘောတူညီချက်တွေ အများအပြားရရှိထားပြီး အိန္ဒိယနိုင်ငံကလည်း ရူပီးကိုတိုးမြှင့်အသုံပြုရေးလုပ်ဆောင်နေပါတယ်။ ဘရာဇီးမှသည် အာဂျင်တီးနားအထိ နိုင်ငံတွေဟာ ငွေစက္ကူစိမ်း(အမေရိကန်ဒေါ်လာ) အစာထိုးအသုံးပြနိုင်ရေး နည်းလမ်းတွေ ရှာဖွေနေပါတယ်။
“ ဒေါ်လာနှင့်ဘတ်လဲလှယ်မှု မတည်ငြိမ်တာဟာ ပြီးခဲ့တဲ့နှစ်ကတည်းက မြင့်တက်လာနေတယ်။ အဲဒါကြောင့် ဒါကို ဖြေရှင်းဖို့ ကိရိယာတွေအများကြီးပိုလိုအပ်လာတယ်” လို့ အလီဆာရာက ဆက်ပြောပါတယ်။
Source BangkokPost
#Dedollarization
#ThailandCentralBank
မြို့နယ်(၁၁)ခုနေပြည်သူများကို ဆန်ဈေးသက်သာစွာ လာရောင်းပေးမည်
‘လှိင်သာယာ၊ရွှေပြည်သာ၊အင်းစိန်၊တောင်ဥက္ကလာ၊မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊မြောက်ဒဂုံ စတဲ့ဆင်ခြေဖုန်းမြို့နယ် တွေမှာသွားရောင်းပေးဖို့ နေရာတွေရွေးချယ်စီစဉ်နေသလို ။ သွားလာရခက်ခဲတဲ့ ဒလ၊တွံတေး၊မှော်ဘီ၊မင်္ဂလာဒုံစတဲ့မြို့နယ်တွေကိုလည်း ကားနဲ့တိုက်ရိုက်သွားရောက်လှည့်လည်ပြီး ဆန်တွေကို ဈေးသက်သာစွာရောင်းချပေးသွားမှာဖြစ်ပါတယ်’’
Yangon_Times / tthl
#Local_News
#Published_ 8 August 2023
#YMG #Yangon_Times
Published_ 8 August 2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းသောကြောင့် ရေဘေးသင့်ပြည်သူ(၁၅၈)ဦးကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
ကော့ကရိတ်မြို့နယ်ရှိ အမှတ်(၅)ရပ်ကွက်တွင်ရေဝင်ရောက်မှုဖြစ်ခဲ့ပြီး ရေဘေးသင့်အိမ်ထောင်စု(၃၅)စုမှ ကျား(၇၀)ဦး၊မ(၈၈)ဦးစုစုပေါင်း(၁၅၈)ဦးတို့အား ရေဘေးလွတ်ရာ အဆိုပါရပ်ကွက်ရှိ ဇိနပ်မာရ်အောင်ဓမ္မရုံ၊ သတိပဌာန်ကျောင်းသစ်နှင့် အ.မ.က(၆)စာသင်ကျောင်းသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကူညီရွှေ့ပြောင်းပေးခဲ့သည်ဟုဆိုသည်။
ရေဘေးသင့်ပြည်သူများကို ကော့ကရိတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊Speed Boad(၁)စီး၊ စက်လှေငယ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းကူညီခဲ့ကြောင်းသိရ သည်။
ကော့ကရိတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံဖြစ်ပွားပြီး မြေနိမ့်ပိုင်းရှိ စာသင်ကျောင်းများပိတ်ခဲ့ရပြီး လက်ရှိတွင် စာသင်ကျောင်း(၄၁)ကျောင်းယာယီပိတ်ထားရကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_ 8 August 2023
၂၀၂၃ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာမန်စီးတီးအသင်းကို အနိုင်ရခဲ့တာဟာ ယခုအချိန်အထိသူ့ရဲ့ နည်းပြဘဝမှာ အမြင့်ဆုံးမှတ်တိုင်တစ်ခုဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ဝမ်းမြောက်ဝမ်းသာ ပြောကြားခဲ့ပါတယ်။
သြဂုတ် ၆ ရက်ကယှဉ်ပြိုင်ခဲ့တဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မှာဒုတိယပိုင်းထပ်ဆောင်း အချိန်ပို ၁၁မိနစ်အရောက်မှ အာဆင်နယ်က ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရကာကွန်မြူနတီဒိုင်းကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
အခုလိုအနိုင်ရခဲ့တာဟာပြီးခဲ့တဲ့ ၂ ကြိမ်ဝင်ဘလေမှာအနိုင်ရခဲ့တာထက်ပိုကောင်းကြောင်း၊ အနိုင်ရပြီးနောက် အာဆင်နယ်ပရိသတ်၊ မိတ်ဆွေတွေနဲ့ မိသားစုတွေရဲ့ပျော်ရွှင်နေတဲ့ မျက်နှာတွေကို ကြည့်ရတာ အလွန်ကြီးကျယ်ခမ်းနားကြောင်း၊ဝင်ဘလေမှာ ကမ္ဘာ့အကောင်းဆုံးအသင်းကိုအနိုင်ရခဲ့ထက်ပိုကောင်းတာ မရှိနိုင်ကြောင်း အာတီတာကဖွင့်ဟခဲ့ပါတယ်။
ဒါအပြင် ဖိအားပြင်းထန်တဲ့ အခြေအနေတွေမှာအသင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ခံနိုင်ရင်ရှိမှုကိုလဲသူကချီးကျူးပြောကြားခဲ့ပါတယ်။
ဆက်လက် အလုပ်လုပ်ဖို့နဲ့ ခြေစွမ်းကောင်းကိုဆက်လက်ထိန်းသိမ်းဖို့လိုကြောင်း၊ လာမယ့်စနေနေ့မှာ အလွန်ခက်ခဲပြီး ပြင်းထန်တဲ့ပွဲစဉ်တစ်ပွဲကိုယှဉ်ပြိုင်ရဦးမှာဖြစ်ကြောင်း အာတီတာက ပြောကြားခဲ့ပါတယ်။
သြဂုတ် ၁၂ ရက် စနေနေ့မှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ်နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာလက်ခံယှဉ်ပြိုင်ကစားရမှာပါ။
ဆက်စပ်သတင်းတစ်ရပ်မှာတော့အာဆင်နယ် အသင်းဟာဒီရာသီပရီးမီးယားလိဂ်ဖလားကိုအနိုင်ရဗိုလ်စွဲနိုင်တယ်လို့ အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူး ဂယ်ရီလိုင်နီကာက တစ်ကြိုခန့်မှန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
Ref; Daily Cannon
#YMG #Yangon_Times
Page 759 of 1639