Published 15 November 2023
ဂျပန်နိုင်ငံ ရှိ ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာလုပ်သား ၈၀၀ ကျော် ကိုထပ်မံခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ဒီနေ့ အသိပေးထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ ဂျပန် ကုမ္ပဏီများ က မြန်မာလုပ်သား ခေါ်ယူရန် အတွက် အလုပ်ကမ်းလှမ်းစာ ၃၁၃ ခု ပေးပို့ခဲ့ကာ အမျိုးသား ၃၆၀ ကျော်နဲ့ အမျိုးသမီး ၄၆၀ ကျော်ကို ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ သံရုံးအနေဖြင့် ဂျပန်ကုမ္ပဏီများက ပေးပို့သည့် အလုပ်ကမ်းလှမ်းစာများ ကို နိုဝင်ဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၁၅ ရက်နေ့အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့ခြင်ူ ဖြစ်ကြောင်း သိရသည်။
ယင်းအလုပ်ကမ်းလှမ်းစာများ ကို စိစစ်ရာမှာ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိ စာရွက်စာတမ်းအထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များနှင့်သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ထားသည် ကိုဗစ်ကာလ အတွင်း ဂျပန် နိုင်ငံ မှာ အလုပ်လုပ်ကိုင်နေသည့် ပြည်ပအလုပ်သမားများနေရပ်ကို ပြန်သွားကျခြင်းကြောင့် ကိုဗစ်ကာလပြီးနောက်ပိုင်းတွင် လုပ်သားလိုအပ်ချက်ပိုများလာသည့်အတွက် မြန်မာအလုပ်သမား များ ကို ခေါ်ယူမှု မှာလည်း ယခင် ထက် ငါးဆကျော် များလာကြောင်းဂျပန် နိုင်ငံသို့ လုပ်သားပို့ဆောင်ပေးနေသည့်လိုင်စင်ရအေဂျင်စီများထံကသိရသည်။
#Yangon_Times/LW
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
ငပလီကမ်းခြေတွင် အိမ်စီးကားဖြင့်လာရင်း ပိတ်မိနေသည့် ခရီးသွားဧည့်သည်များ ပြန်ခွင့်ရပြီဟုဆို
ရခိုင်ပြည်နယ်မှာရှိတဲ့ ငပလီကမ်းခြေကို လာရောက်အပန်းဖြေရင်း ပိတ်မိနေတဲ့ ခရီးသွားဧည့် သည်တွေ နေရပ်ကို နိုဝင်ဘာ၁၅ရက်မှာ ပြန်ခွင့်ရပြီဖြစ်တယ်လို့ ငပလီကမ်းခြေရှိ ဒေခံများထံ က သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
မင်္ဂလာကား စင်းလုံးငှားရမ်းသည့် ဈေးကွက် ပိုမိုတွင်ကျယ်လာ
"မင်္ဂလာသတိုသား၊ သတိုသမီးအတွက် ကားအမျိုးအစားအနေနဲ့ crownတို့၊ ရွှေငါးတို့ ၊မာလီပူးတို့၊ ချက်ဗလက်တို့အငှားများပြီး မိဘနဲ့ဆွေမျိုးတို့ အတွက် Arphardတို့ အငှားများတယ်"
Ma phyo car rental လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published-15 November 2023
နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော် ကျင်းပမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ တန်ဆောင်တိုင် မီးထွန်းပွဲတော်အား နိုဝင်ဘာ ၂၅၊ ၂၆ နှင့် ၂၇ ရက်များတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပူဇော်သွားမည်ဖြစ်ပြီး တန်ဆောင်တိုင် မီးထွန်းပွဲတော်ကာလအတွင်း ဆီမီး(၉၀၀၀) ကပ်လှူ ပူဇော်ခြင်း၊ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ် များဖြင့်ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှ ညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်းများလုပ်ဆောင်သွားမည် ဖြစ်သည်။
ထို့အပြင် ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရိြှခင်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်းကျင်းပြသရောင်း
ချသွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 15 November 2023
ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင် မြန်မာအက်ဂရိုအိတ်စ်ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX) က စိုက်ပျိုးရေးထုတ်ကုန်များ စုဆောင်းသိုလှောင် ရောင်းချမည့်ဈေးရုံ (Collector Market) စီမံကိန်းကို လာမည့် ၂၀၂၄ ခုနှစ် စတင်နိုင်ရေး မျှော်မှန်းထားကြောင်း MAEX၏ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါစီမံကိန်းကို ရှမ်းပြည်တောင်ပိုင်း ကလောခရိုင်နှင့်ပင်းတယခရိုင်အတွင်းက ဟဲဟိုး၊ ဟဲဟိုးနှင့် ဘော်နင်းအကြား၊ ဟဲဟိုးနှင့် ကျုံးအကြား ပတ်ဝန်းကျင်ရှိ မြေယာများ ဝယ်ယူပြီး ဈေးရုံများ တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း၊စီမံကိန်းအတွင်း စိုက်ပျိုးရေးထုတ်ကုန်များကို အရည်အသွေး စံချိန်စံညွှန်းများအလိုက် ရွေးချယ်ပြီး အမျိုးအစားခွဲခြားခြင်း၊ သန့်စင်ထုတ်ပိုးခြင်းဈေးရုံများ၊ သီးနှံတွေ သိုလှောင်ထားနိုင်ရန်၊ ထွက်ကုန်ပစ္စည်းများ စနစ်တကျထားရှိနိုင်ရန် အအေးခန်းများ၊ အခြောက်ခံ သိုလှောင်ရုံများ၊ ပွဲရုံများနှင့် တောင်သူများ တိုက်ရိုက်ရောင်းချနိုင်သည့် ဈေးရုံများ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည် ။
ထို့အပြင်စီမံကိန်းမြေယာများအားဒေသခံများမှ သင့်တော်သည့် မြေတန်ဖိုးပေးချေဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာများနှင့် အစုရှယ်ယာရှင်များမှ အရောင်းအဝယ်လုပ်ဆောင်ချက်မှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ အခြားအကျိုးစီးပွားတစ်စုံတစ်ရာ ပါဝင်ပတ်သတ်မှု မရှိကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြပါရှိသည်။
ထို့အပြင်စီမံကိန်းဆောင်ရွက်မည့် တည်နေရာများရှိ စိုက်ပျိုးရေးလုပ်ငန်းအတွက် မဟာဗျူဟာအရ အချက်အချာကျသည့် နေရာဖြစ်ပြီး တောင်သူများ ဝင်ငွေပိုမိုတိုးတက်လာပြီး နေထိုင်မှုအဆင့်အတန်း ပိုမိုမြင့်မားလာခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ခြင်းကြောင့် ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့်စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍအတွက် အကျိုးဖြစ်ထွန်းစေရန် မူအားဖြင့် ဆောင်ရွက်သင့်ကြောင်း သုံးသပ်ပြီး မြေယာဝယ်ယူခြင်းနှင့် လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်ရန် ဒါရိုက်တာဘုတ်အဖွဲ့မှသဘောတူ ဆုံးဖြတ်ထားကြောင်းသိရသည် ။
လတ်တလောအချိန်သည် စီမံကိန်း၏ ကနဦးအချိန်ကာလဖြစ်ပြီး MIC Permit ရရှိရန် စီမံကိန်းလုပ်ကိုင်ခွင့်ရရှိရေးအတွက်လုပ်ငန်းစဉ်များစတင်လုပ်ဆောင်လျက်ရှိကာ စီမံကိန်းကို ၂၀၂၄ ခုနှစ် ပွင့်လင်းရာသီ၌ စတင်အကောင်အထည်ဖော်နိုင်ရန် မျှော်မှန်းထားသည့်အပြင် မျှော်မှန်းထားသည့် အချိန်ထက် စောလျင်စွာ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ၊ စီမံကိန်းမှာကနဦးအဆင့်တွင် ရှိနေသေးသည့်အတွက် အသေးစိတ်တွက်ချက်မှုများ ပြီးစီးချိန်၌ စီမံကိန်းတန်ဖိုးခန့်မှန်းခြေနှင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများအား ဆက်လက်ကြေညာသွားမည်ဖြစ် ကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
" GIနဲ့ပတ်သက်တဲ့ လိုအပ်တဲ့အချက်အလက်တွေကိုအဆင်သင့်ပြင်ဆင်ထားပြီးပါပြီ၊ မူပိုင်ခွင့်ဌာနကလျောက်လို့ရပြီဆိုတာနဲ့စလျောက်နိုင်ပါပြီ "
ရွှေဘိုပေါ်ဆန်းကို မြန်မာနိုင်ငံထွက်ကုန်တွေရဲ့ ပထဝီဆိုင်ရာအညွှန်း (Geographical Indentification-GI) စာရင်းမှာ ပါဝင်ခွင့်ရရှိရေးနဲ့ မူပိုင်ခွင့်ရရှိရေးအတွက် ဆောင်ရွက်မှုအခြေအနေ ၉၀ရာခိုင်နှုန်းအထိ ပြီးစီးနေပြီလို့ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
#Yangon_Times/NN
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
ကချင်၊ရှမ်းနှင့် တရုတ်နယ်စပ်ရှိ တိုက်ပွဲရှောင်များ စားနပ်ရိက္ခာဝယ်ရန်ခက်ပြီး စားနပ်ရိက္ခာ ပိုလိုအပ်လာ
"လမ်းတွေပိတ်ထားတာတွေ ရှိတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ စားနပ်ရိက္ခာသွားဝယ်လို့မရဘဲ စားနပ်ရိက္ခာတွေ ပိုလိုအပ်လာတာ ဖြစ်တယ်"လက်ဖက်ညွှန့်အသင်းမှ တာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
ကျင်သီတံတားပျက်စီးမှုကြောင့် ဆေးကုသမည့်လူနာများနဲ့ မွေးလူနာများ သွားလာရေး အခက်ခဲ ဖြစ်ပေါ်နေ
သီပေါ နဲ့ကျောက်မဲကြား ဆက်သွယ်ထားတဲ့ ကျင်သီတံတား ပျက်စီးနေတာကြောင့် မြို့နယ် အတွင်းမှာရှိတဲ့ ဆေးကုသရမယ့်လူနာတွေနဲ့ မွေးလူနာတွေ သွားလာရေး အခက်ခဲဖြစ်ပေါ်နေတယ်လို့ ပရဟိတအသင်းတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 15 November 2023
အစ္စရေးလ်တို့က ဗုဒ္ဓဟူးနေ့မှာ ပါလက်စ်တိုင်း အရပ်သား ထောင်ပေါင်းများစွာ ခိုလှုံနေတဲ့ ဂါဇာကမ်းမြောင်ရှိ အကြီးဆုံးအယ်ရှီဖာဆေးရုံကို ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ပြီး ဟားမတ်စ်စစ်သွေးကြွများကို လက်နက်ချအညံ့ခံရန် တိုက်တွန်းလိုက်ကြောင်း အစ္စရေးလ်စစ်တပ်က ပြောကြားလိုက်ပါတယ်။
အစ္စရေးလ်တပ်များက ဆေးရုံဝန်းအနောက်ဘက်ခြမ်းကို ကျူးကျော်စီးနင်းလိုက်ပြီလို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနမှ အထွေထွေ ညွှန်ကြားရေးမှူး ဒေါက်တာ မူနီယာအယ်ဘာ့ရှ်က အယ်လ်ဂျာဇီရာ ရုပ်သံကို ပြောကြားခဲ့ပါတယ်။
ပေါက်ကွဲမှုကြီးတွေ ဖြစ်ပွားခဲ့ပြီး လူတွေရှိနေတဲ့ နေရာတွေကို ဖုန်မှုန့်တွေ ဝင်ရောက်လာကြောင်း၊ ဆေးရုံအထဲမှာ ပေါက်ကွဲသွားတယ်လို့ ယူဆထားကြောင်း ဆိုပါတယ်။
အစ္စရေးလ်တပ်တွေက မိနစ်အနည်းငယ်အတွင်း ဆေးရုံကိုဝင်စီးတော့မယ်လို့ ဂါဇာကမ်းမြောင်မှ အရာရှိများကို သတိပေးခဲ့ကြောင်း ဒေသစံတော်ချိန် သန်းခေါင်ယံ ၁ နာရီမတိုင်ခင်မှာ ဂါဇာကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။
ဂါဇာကို အစ္စရေးလ်တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေ၊ လူနာတွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ထောင်ပေါင်းများစွာ ပိတ်မိနေတဲ့ အယ်ရှီဖာဆေးရုံမှာ အခြေအနေတွေ ပိုဆိုးလာပြီး နိုင်ငံတကာမှ အဓိကအာရုံစိုက်ရာကိစ္စ ဖြစ်လာကာ လူသားချင်းစာနာ ထောက်ထားမှုဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် တစ်ကမ္ဘာလုံးမှ တောင်းဆိုမှုများ မြင့်တက်လာပါတယ်။
ဟားမတ်စ်တို့က အယ်ရှီဖာဆေးရုံအောက်မှာ ဗဟိုစစ်ဌာနချုပ် အခြေချထားကာ ယင်းတို့ရဲ့ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများကို ဖုံးကွယ်ရန်နဲ့ ဓားစာခံများကို ထိန်းသိမ်းထားဖို့ ဆေးရုံနဲ့ မြေအောက်လှိုဏ်ခေါင်းတွေကို အသုံးချနေတယ်လို့ အစ္စရေးလ်တို့က စွပ်စွဲထားကာ ဒါကို ဟားမတ်စ်တို့က ငြင်းချက်ထုတ်ထားပါတယ်။
အစ္စရေးလ်ကာကွယ်ရေးတပ် (IDF)မှ ထုတ်ပြန်ထားရာမှာ ထောက်လှမ်းရေးနဲ့ စစ်ဆင်ရေး အချက်အလက်များအပေါ် အခြေခံပြီး ရှီဖာဆေးရုံရှိ ဟားမတ်စ်တို့တည်ရှိရာ နေရာတွေကို တိကျစွာ ပစ်မှတ်ထား စစ်ဆင်ရေးပြုလုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
IDF တွေက အရပ်သားတွေကို မထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်ဖြင့် ဒီဆေးရုံဝန်းကြီးနဲ့ အရေးပါတဲ့နေရာတွေအတွက် အထူးလေ့ကျင့်ထားတဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့တွေနဲ့ အာရေးဗီးယားစကား တတ်မြောက်သူတွေကို တပ်ဖွဲ့ထဲမှာ ထည့်သွင်းထားကြောင်း စစ်တပ်က ဆိုပါတယ်။
အဆိုပါ ဆေးရုံဝန်းကြီးဟာ ဟားမတ်စ်တို့ရဲ့ စစ်ရေးလှုပ်ရှားမှု အချက်အခြာနေရာကြီး ဖြစ်နေနိုင်ပြီး ယင်းတို့ရဲ့ ဗဟိုဌာနချုပ်တောင် ဖြစ်နိုင်ဖွယ်ရှိတယ်လို့ အစ္စရေးလ် ဒုဗိုလ်မှူးကြီး ပီတာလာနာက CNN ကို ပြောကြားသွားပါတယ်။
အစ္စရေးလ်ရဲ့ သုံးသပ်ချက်ကို အမေရိကန် ထောက်လှမ်းရေးကလည်း ထောက်ခံထားပါတယ်။
အမေရိကန်ရဲ့ ကြေညာချက်ကြောင့် ဆေးရုံကို ဝင်ရောက်စီးနင်းဖို့ အစ္စရေးလ်ကို မီးစိမ်းပြသလို ဖြစ်သွားပြီး အဆိုပါကျူးကျော်မှုအတွက် အစ္စရေးလ်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့မှာ အပြည့်အဝ တာဝန်ရှိကြောင်း ဟားမတ်စ်တို့က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
လွန်ခဲ့တဲ့ရက်တွေက အစ္စရေးလ်တပ်များဟာ ဟားမတ်စ်တို့နဲ့ အပြင်းအထန် တိုက်ခိုက်နေခဲ့ပြီးနောက် ဂါဇာမြို့လယ်သို့ ချီတက်ကာ အယ်ရှီဖာဆေးရုံကို ဝန်းရံထားလိုက်ပါတယ်။
အနောက်ဘက်ကမ်းရိုးတန်းမှ ပါလက်စ်တိုင်း ကျန်းမာရေးဝန်ကြီး မိုင်အယ်ကေလာက အစ္စရေးလ်တို့ဟာ အရပ်သားများ၊ ဆေးဝန်ထမ်းများ၊ လူနာများအပေါ် ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ ပြောပြခဲ့ပါတယ်။
နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေအရ ဆေးရုံတွေဟာ ကာကွယ်မှုရထားတဲ့ အဆောက်အအုံတွေ ဖြစ်ပါတယ်။
ဒါပေမဲ့ အယ်ရှီဖာဆေးရုံမှာ စစ်ရေးဆောင်ရွက်မှုများ ပြုလုပ်နေတယ်လို့လည်း စွပ်စွဲချက်များ ပေါ်ထွက်နေတာကြောင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်နိုင်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူများက ဆိုပါတယ်။
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက ရန်သူတွေကို အန္တရာယ်ပြုတဲ့ လုပ်ရပ်တွေ ပြုလုပ်စေတာကလည်း နိုင်ငံတကာဥပဒေ ကာကွယ်မှုကနေ သွေဖီနိုင်ပါတယ်။
ဆေးရုံထဲရှိ စစ်ရေးလှုပ်ရှားမှုတွေကို ၁၂ နာရီအတွင်း ရပ်ဆိုင်းရန် ဂါဇာအာဏာပိုင်များကို သတိပေးခဲ့ပေမယ့် ရပ်ဆိုင်းခြင်းမရှိခဲ့ဘူးလို့ အစ္စရေးလ်စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters
#World_News
#Yangon_Times
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 15 November 2023
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအဖြစ်ထုတ်ပေးထားသည့် သက်သေခံလက်မှတ် (CI) စာအုပ်၊ ပျောက် ဆုံး ခဲ့ပါက သတ်မှတ်ထားသည့် အထောက်အထား စာရွက်စာတမ်းယူဆောင်၍ သာမန်- မြန်မာနိုင်ငံကူး(PJ)စာအုပ် လာရောက်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သံရုံး ဘန်ကောက်မှ ထုတ်ပြန်ကြေညာထားသည်။
CIပျောက်ဆုံးသွားသည့် မြန်မာအလုပ်သမားများအနေဖြင့် အခက်ခဲမဖြစ်စေရေးနှင့်အထောက်အထားခိုင်လုံစွာ ဖြင့် နေထိုင်အလုပ်လုပ်ကိုင်နိုင်စေရေးအတွက် သာမာန်
နိုင်ငံကူးလက်မှတ် ကို စိစစ်ထုတ်ပေးရန်လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၄ ရက်မှစတင်ကာ လျှောက်ထားနိုင်ပြီဖြစ်ပြီး လျှောက်ထားရာတွင် (CI)စာအုပ်မိတ္တူ၊ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာနယ်မြေရဲစခန်းမှ (CI)စာအုပ်ပျောက်ဆုံးကြောင်း ထောက်ခံစာနှင့်၊ ၎င်း ထောက်ခံစာအား အင်္ဂလိပ်ဘာသာသို့ နိုတြီပြန်ဆိုချက်၊ ထိုင်းနိုင်ငံဆိုင်ရာ- မြန်မာသံရုံးမှ (CI)စာအုပ်ပျောက်ဆုံးကြောင်း ထောက်ခံစာမူရင်း၊ Work Permit ၊ နိုင်ငံသားစီစစ်ရေးကဒ်(မူရင်း)၊ အိမ်ထောင်စုစာရင်းမိတ္တူတို့အား ယူဆောင်၍ ထိုင်းနိုင်ငံ၊မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက်အလက်ကောက်ယူရေးစင်တာသို့ သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 15 November 2023
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၁၇/၀)နှင့်(၁၁၇/၁)တွင် ယာဉ်တစ်စီးသည် ရှေ့ဘီးပေါက်ပြီး အရှိန်မထိမ်းနိုင်ဘဲလမ်းလယ်ကျွန်း အုတ်တန်းအား ဝင် တိုက်မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်စခန်း၏သတင်းထုတ်ပြန် ချက်အရ သိရသည်။
နိုဝင်ဘာ ၁၅ရက် နံနက် ၈နာရီ ၄၅ မိနစ် ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယာဉ်ပေါ်ပါသူ ၅ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်(၁)စီးသည် ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအုတ်တန်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် (၁၁၅)မိုင် အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာ ရရှိသူ များကို ကြက်ခြေနီအသင်းမှသူနာတင်ယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
15 November 2023
မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခ နောက်ဆုံးအခြေ အနေနှင့်စပ်လျဉ်း၍တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၁၄ ရက်တွင်သဘောထား ထုတ်ဖော်ပြောကြားလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ထုတ်ပြန်ချက်အရသိရသည်။
ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်က" တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခအခြေအနေကို အလွန်ဂရုပြုလျက်ရှိကြောင်း၊
သက်ဆိုင်ရာဘက်အသီးသီးအမြန်ဆုံး အပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှုညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းကာ အခြေအနေပို၍ပြင်းထန်လာခြင်းမှရှောင်ကြဉ်ရန်တိုက်တွန်းကြောင်း၊
မြန်မာနိုင်ငံဘက်က လက်တွေ့ကျ၍ထိရောက်သောအစီအမံဖြင့် တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံတည်ငြိမ်အေးချမ်းမှုကို အာမခံပေးရန် တရုတ်ဘက်ကတောင်းဆိုကြောင်း "ပြောကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 757 of 1775