Published_ 30 April 2024
(၁၄)လတာကာလအတွင်း ဧရာဝတီတိုင်းရှိအလုပ် သမားအာမခံအကျုံးဝင် လူနာဦးရေ(၁၁၀၉) ဦးအတွက်ဆေးဖိုးကျပ်သန်း (၂၄၀)ကျော်ပေးအမ်းခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ လူနာဦးရေ ၁၁၀၉ ဦးကို ဆေးဖိုးငွေကျပ်သန်း ၂၄၄ ဒသမ ၅၆၄ သန်း ပေးအမ်းခဲ့သည်ဟုဆိုသည်။
ယင်းအပြင် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်ရှိ မြို့နယ်လူမှုဖူလုံရေးရုံးနှင့် ဆေးခန်းအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကျင်းပပေး ခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့ကရုံးနှင့် ဆေးခန်းတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ မြို့နယ်ရုံးနှင့် ဆေးခန်းအဆောက်အဦသစ်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို အလွယ်တကူ လက်လှမ်းမီရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း ၁၅ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၄၉ ခန်း၊ Specialist OG OPD ပြသနိုင်သောဆေးခန်း ၃၈ ခန်း၊ မီးဖွား ခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ/ သားဖွားခန်း ၁၅ ခန်းတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်း အကျုံးဝင်အာမခံ အလုပ်သမားပေါင်း ၂၇၁၅၇ ဦးအတွက် လူမှုဖူလုံရေးဆေးခန်း ၁၀ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်းသုံးခန်း၊ Capitation Payment စာချုပ်ဆေးခန်းတစ်ခန်းနှင့် Specialist OG OPD ပြသနိုင်သော ဆေးခန်းတစ်ခန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
#World_Health
Published 30 April 2024
▪️ အချို့သော အစားအစာတွေက စိတ်ဖိစီးခြင်း၊ စိုးရိမ်သောကရောက်ခြင်း၊ ဖိအားများခြင်းတို့ကို ပိုမိုဆိုးရွားစေတတ်ပါတယ်။
ဒါကြောင့် စိတ်ဖိစီးမှုဖြစ်တဲ့အချိန်မှာ ရှောင်ရှားသင့်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။
(၁) ကဖင်း
▪️ ကဖင်းဓာတ်ဟာ နှလုံးခုန်နှုန်း မြန်စေပြီး ပူပန်စိတ် ဖြစ်စေတဲ့အပြင် အိပ်ပျော်ဖို့ကိုလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။
(၂) သကြား
▪️ သကြားများများစားမိတဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်စေပြီး စိတ်အခြေအနေကို ထိခိုက်စေတဲ့အပြင် အာဟာရတန်ဖိုး နည်းပါးကာ ကိုယ်အလေးချိန် တက်စေပါတယ်။
(၃) အဆင့်ဆင့်ထုတ်လုပ်ထားသော အစားအစာများ
▪️ အသင့်စားမုန့်များ၊ အေးခဲထားသော အစားအစာများ၊ မုန့်ထုပ်များမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီများ၊ ဆိုဒီယမ်နဲ့ စွဲလမ်းစေသာအရာများ မြင့်မားစွာ ပါဝင်ပါတယ်။
(၄) အယ်လ်ကိုဟော
▪️ အရက်က ခဏတာတော့ စိတ်ပြေလျော့စေပေမယ့် ရေရှည်မှာ ဖိစီးမှုဖြစ်စေကာ အိပ်စက်မှုပုံစံကို နှောင့်ယှက်ပါတယ်။
(၅) အကြော်အလှော်များ
▪️ အာလူးကြော်၊ ကြက်သားကြော်လိုမျိုး ဆီကြော်စားစရာတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆီများနဲ့ ကယ်လိုရီများ အများအပြား ပါဝင်ကာ နှလုံးကျန်းမာရေး ပြဿနာများ ဖြစ်စေနိုင်ပါတယ်။
(၆) အဆင့်ဆင့်ထုတ်လုပ်ထားသောအသားများ
▪️ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းတို့လို အသားတွေဟာ ဆိုဒီယမ်၊ ပြည့်ဝဆီ၊ တာရှည်ခံဆေးများ ပါဝင်တာကြောင့် ကျန်းမာရေးကို ထိခိုက်စေပါတယ်။
(၇) သကြားအစားထိုးအချိုဓာတ်များ
▪️ ဒီလိုအမှုန့်တွေက အူလမ်းကြောင်း ကျန်းမာရေးနဲ့ ဇီဝကမ္မဖြစ်စဥ်တို့အပေါ် ထိခိုက်စေပါတယ်။
(၈) ဆားများလွန်းခြင်း
▪️ ဆားအလွန်အကျွံ စားသုံးခြင်းဟာ ဖောရောင်ခြင်း၊ သွေးဖိအားများခြင်းတို့ ဖြစ်စေနိုင်ကာ ဖိစီးမှုဖြစ်စေပါတယ်။
▪️ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ လုံလောက်စွာ အိပ်စက်ခြင်းတို့ဖြင့် ဖိစီးမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
#Source: DoctorNDTV
#World_Health
Published 30 April 2024
▪️ ခေတ်ကာလ ကြာမြင့်လာတာနဲ့အမျှ လူသားတွေရဲ့ ဦးနှောက် ပိုမိုကြီးထွားလာတာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ မကြာသေးမီက လေ့လာချက်မှာ တွေ့ရှိခဲ့ပါတယ်။
▪️ ၁၉၇၀ ဝန်းကျင် မွေးဖွားခဲ့သူတွေရဲ့ ဦးနှောက်ဟာ ၁၉၃၀ ဝန်းကျင် မွေးဖွားခဲ့သူတွေရဲ့ ဦးနှောက်တွေထက် ထုထည် ၆.၆ ရာခိုင်နှုန်း၊ မျက်နှာပြင်ဧရိယာ ၁၅ ရာခိုင်နှုန်း ပိုမိုကြီးမားကျယ်ပြန့်လာတယ်လို့ UC Davis Health မှ သိပ္ပံပညာရှင်များ ထုတ်ဖော်ခဲ့ကြပါတယ်။
▪️ ဦးနှောက်အရွယ်အစားနဲ့ ပတ်သက်လို့ မျိုးဗီဇပိုင်းက အရေးကြီးပေမယ့် ကျန်းမာရေး၊ လူမှုရေး၊ ယဥ်ကျေးမှုနဲ့ ပညာရေးစတဲ့ ပြင်ပသက်ရောက်မှုတွေကလည်း ပါဝင်ပတ်သက်နေကြောင်း သုတေသနပြုစုသူ ပရော်ဖက်ဆာ ချားလ်စ်ဒီကာလီက ပြောပြပါတယ်။
▪️ သက်တမ်း ၇၅ နှစ်ခန့်ကြာမြင့်ပြီး ဒုတိယမျိုးဆက်နဲ့ တတိယမျိုးဆက်တို့ကိုပါ စမ်းသပ်စောင့်ကြည့်ခဲ့တဲ့ ဖရိမ်မင်ဂမ် နှလုံးလေ့လာချက်ကနေ သုတေသီတွေက အချက်အလက်တွေကို ပိုက်စိပ်တိုက် ရှာဖွေခဲ့တာ ဖြစ်ပါတယ်။
▪️ ပါဝင်စမ်းသပ်ခံသူတွေက ၁၉၂၅ မှ ၁၉၆၈ အတွင်း မွေးဖွားခဲ့သူတွေဖြစ်ကာ ပျမ်းမျှအသက် ၅၇ နှစ်ရှိကြပြီး ဦးနှောက် ဓာတ်မှန်ရိုက်ခဲ့ပါတယ်။
▪️ ထိုထဲမှာ လူပေါင်း ၃၂၂၆ ဦးပါဝင်ကာ အမျိုးသမီး ၅၃ ရာခိုင်နှုန်း၊ အမျိုးသား ၄၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။
▪️ ၁၉၃၀ ဝန်းကျင် မွေးဖွားသူတွေမှာ ပျမ်းမျှဦးနှောက်ထုထည်က ၁၂၃၄ မီလီမီတာရှိပြီး ၁၉၇၀ ဝန်းကျင် မွေးဖွားသူတွေမှာတော့ ပျမ်းမျှ ၁၃၂၁ မီလီမီတာရှိကာ ၆.၆ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။
▪️ ဦးနှောက်အစိတ်အပိိုင်းတွေ ဖြစ်တဲ့ မီးခိုးရောင်သား၊ အဖြူသား၊ ဟစ်ပိုကမ်းပတ်စ်တို့မှာလည်း အရွယ်အစား ကြီးလာတာကို မြင်တွေ့ခဲ့ကြပါတယ်။
▪️ ဒီလိုသာဆိုရင် အယ်လ်ဇိုင်းမားလိုမျိုး အသက်အရွယ်နဲ့ ဆိုင်တဲ့ ဦးနှောက်ယိုယွင်းရောဂါများ ဖြစ်ပွားမှု နည်းပါးလာနိုင်ပါတယ်။
▪️ စမ်းသပ်ချက်ထဲမှာလိုမျိုး ဦးနှောက်အရွယ်အစား ကြီးမားလာတာဟာ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ကျန်းမာရေး တိုးတက်လာတဲ့ သဘောဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဒီကာလီက ရှင်းပြသွားပါတယ်။
#Source: New York Post
၂၉ ဧပြီ ၂၀၂၄
တည်ငြိမ်အေးချမ်းမှု ရှိပြီးဖြစ်သည့် မြို့/ရွာများအတွင်း အကြမ်းဖက်သောင်းကျန်းသူများ စိမ့်ဝင်ခိုအောင်းမှု မရှိစေရေး လုံခြုံရေး အသိ၊ လုံခြုံရေးသတိရှိစွာဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်များမှ ဝန်ကြီးချုပ်များကို မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဧပြီလ ၂၉ရက်နေ့လယ်ပိုင်းက နစက ဒုတိယဥက္ကဋ္ဌ၊ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်ကရင်ပြည်နယ် နှင့် မွန်ပြည် နယ်တို့မှ ဝန်ကြီးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား မော်လမြိုင်မြို့၌ တွေ့ဆုံအမှာစကားပြောကြားရာမှာ ယင်းကို ထည့်သွင်းမှာကြားခဲ့တာဖြစ်ပါတယ်။
ကရင်ပြည်နယ် နှင့်မွန်ပြည်နယ်တို့သည် နယ်စပ်ဒေသများဖြစ်ပြီး အရေးပါသော နယ်စပ်ကုန်သွယ်ရေး ဝင်ပေါက်များရှိသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင် ရွက်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးကဏ္ဍ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန် ဒုတိယဗိုလ်ချုပ်မှူးကြီးက မှာကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းအပြင်လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူ သုံးဦးသုံးဖလှယ် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည် ဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည်သူများကို နားလည်သဘောပေါက်အောင် ရှင်းလင်းဆွေးနွေးစည်းရုံး ဆောင်ရွက်သွားရန်လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
ကရင်ပြည်နယ်နှင့် မွန်ပြည်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်ရေး နှင့် ဒေသခံပြည်သူများ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက် မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးရန်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက မှာကြားခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှစ်ဦးနှင့်တာဝန်ရှိသူတွေက နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ ယာယီနေရပ် စွန့်ခွာပြည်သူများနေထိုင်နိုင်ရန် ယာယီတိုက်ပွဲရှောင်စခန်းများ ဖွင့်လှစ်ထား ရှိမှုနှင့် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများ၊ အကြမ်းဖက် သမားများ ဖျက်စီးခဲ့မှုကြောင့် ပျက်စီးခဲ့သည့်မြို့၊ ရွာများတွင်ပြန်လည်ထူထောင်ရေးနှင့် မိုင်ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး စီမံဆောင်ရွက်နေမှုများကို ပြန်လည်တင်ပြခဲ့တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
မွန်းလွဲပိုင်းတွင် ဒုတိယဗိုလ်ချုပ်မှူးကြီဂသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ တပ်နယ်များမှ တပ်မှူးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ စစ်ဆင်ရေး၊ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်းဆိုင်ရာ များအား ညှိနှိုင်းဆွေးနွေးမှာကြားခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးဟာ မနက်ပိုင်းကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေး နှင့်လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရပါ တယ်။
@ymg/knl


အီတလီမှ နာမည်ကြီး ဗင်းနစ်မြို့ဟာ ကြာသပတေးနေ့က အငြင်းပွားဖွယ်စနစ်တစ်ခုကို စတင်လိုက်ပြီး မြို့သို့နေ့တစ်ပိုင်းသာ လာရောက်လည်ပတ်သူတွေကို ၅ ယူရိုငွေ အခကြေး ကောက်ခံသွားမှာ ဖြစ်ပါတယ်။
#World_News
Published 29 April 2024
#ဝင်ကြေးကို ၅ယူရိုကောက်ခံ #အီတလီမှနာမည်ကြီးဗင်းနစ်မြို့
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 29 April 2024
၁။ မေလ ၂ရက်ကစပြီးတိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် Online Appointment System ဖြင့် ကြိုတင်ရက်ချိန်းယူနိုင်ပြီဟုဆို
၂။ ဂျပန်စာသင်တန်းကျောင်းများ အပိတ်မခံရအောင် မှတ်ပုံတင်ကြရန်လို
၃။ ပြည်တွင်း သကြားဈေး မြင့်တက်လာ
၄။ ဗင်းနစ်မြို့သို့ လာရောက်လည်ပတ်သည့် ဝင်ကြေးကို ၅ယူရိုကောက်ခံသွားမည်ဆို၍ တုန့်ပြန်မှုတွေများနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မီးလာရမယ့်အချိန်တွေ ပုံမှန်မလာတော့တဲ့အတွက် ထမင်း၊ ဟင်းမကျက်တော့သလို ရေတင်ဖို့လည်း အခက်အခဲတွေကြုံနေရတယ်။ မီးမလာလို့ပန်ကာ၊ အဲကွန်းမရဘဲ ညဘက်အိပ်ရေးမဝတာ ဆက်တိုက်ဖြစ်လာတယ်။
#Local_News
Published_ 29 April 2024
#အများပြည်သူအခက်တွေ့နေ #လျှပ်စစ်မီးရရှိမှု
#tthl #Yangon_Times
#Local_News
Published 29 April 2924
▪️ ထိုင်းနိုင်ငံသို့ MOU မြန်မာအလုပ်သမား ၂၄၆ဦးကို ယနေ့ဧပြီ ၂၉ရက် မနက်ပိုင်းက ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့လေကြောင်းဖြင့် စတင်စေလွှတ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
▪️ ယခင်ကထိုင်းနိုင်ငံသို့ MOU အလုပ်သမားများကို မြဝတီ-မဲဆောက်နှင့်ကော့သောင်း-ရနောင်းတို့ မှ ကားဖြင့်သာစေလွှတ်ခဲ့ကာ ယခုမှစတင်ပြီး လေကြောင်းဖြင့် ပထမ ဆုံးစေလွတ်ခြင်းဖြစ်သည်။
▪️ အဆိုပါ စေလွှတ်မှုတွင် လိုင်စင်ရ အေဂျင်စီ ၇ ခု မှ အမျိုးသားအလုပ်သမား ၁၁၆ဦး ၊အမျိုးသမီး အလုပ်သမား ၁၃၀ဦးတို့ကို MAIနှင့် Air Asia လေကြောင်းလိုင်းတို့ဖြင့် စေလွှတ်ခဲ့ကြောင်း သိရသည်။
▪️ ယင်းအလုပ်သမားများကို ဒွန်မောင်းလေဆိပ်တွင် မြန်မာအလုပ်သမား သံရုံး မှ တာဝန်ရှိသူများ၊ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်က တာဝန်ရှိသူများ၊ထိုင်းအလုပ်အကိုင်ဌာန DOE မှ တာဝန်ရှိသူများနှင့်ထိုင်းနိုင်ငံ ဘတ်ငါးသန်းအေဂျင်စီ ၊မြန်မာအေဂျင်စီတို့ မှ လေဆိပ်တွင် လာရောက်ကြိုဆိုပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ အလုပ်သမားများကို ဆေးစစ်မှုဆောင်ရွက်ခြင်း၊ ဗီဇာဆောင်ရွက်ခြင်း၊ work permit ဆောင်ရွင်ခြင်းနှင့် လုပ်ငန်းခွင်အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး သက်ဆိုင်ရာလုပ်ငန်းခွင်ကို သွားရောက်ရန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်၏ အခန်းပေါင်း ၇၆၈ ခန်းအတွက် မီတာတွေကို အခန်းတွေမှာလာမယ့် မေလအတွင်းတပ်ဆင်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)က သိရပါတယ်။
#Local_News
Published_ 29 April 2024
#သုခဒဂုံပြည်သူ့အငှားအိမ်ရာ #မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
#YMG/NN #Yangon-Times
ဂျပန်စာသင်တန်းကျောင်းတွေ အပိတ်မခံရအောင်မှတ်ပုံတင်ထားဖို့လိုတယ်။ ချယ်ရီပင်ကဲ့သို့ ဂျပန်လူမျိုးတွေ တန်ဖိုးထားရတဲ့အရာတွေ ဆွတ်ခူးမိတာမျိုးတွေမဖြစ်အောင် ဂျပန်ယဉ်ကျေးမှုတွေ ပါသင်ပေးထားသင့်တယ်။
#Local_News
Published_ 29 April 2024
#ဂျပန်ယဉ်ကျေးမှုပါသင်ပေးသင့် #ဂျပန်စာသင်တန်းကျောင်းများမှတ်ပုံတင်ရန်
#tthl #Yangon_Times
ကြံကြိတ်ခွဲရာသီဖြစ်ပေမယ့်လည်း ပြည်တွင်းကထွက်ရှိတဲ့သကြားတွေ ဝယ်လိုအားများနေတာကြောင့် သကြားဈေး မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံကြံနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း သိရပါတယ်။
#Local_News
Published_ 29 April 2024
#သကြားဈေးမြင့်တက်လာ #ကြံနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း
#YMG/NN #Yangon_Times
လာမယ့် မေလ ၂ရက်ကစပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာ နိုင်ငံကူးလက်မှတ် (passport)အသစ်လျှောက်ခြင်း၊ သက်တမ်းတိုးခြင်း ပျောက်ဆုံးပျက်စီးစတဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့အတွက် လူကိုယ်တိုင်ရက်ချိန်း လာမယူရတော့ဘဲ Online Appointment System စနစ်ဖြင့် ကြိုတင်ရက်ချိန်း ရယူနိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
#Local_News
Published_ 29 April 2024
#Online_Appointment_System #ရက်ချိန်းစတင်ယူနိုင်ပြီ
#YMG/LW #Yangon_Times
Page 757 of 2005