#World_Health
Published 17 August 2024


▪️ ဆေးခြောက်ကို အလွန်အမင်း သုံးစွဲသူများဟာ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာများ ဖြစ်နိုင်ခြေ များစေတယ်လို့ ကယ်လီဖိုးနီးယားတောင်ပိုင်း တက္ကသိုလ်မှ လေ့လာတွေ့ရှိထားပါတယ်။

 

▪️ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာတို့ ဘယ်လိုဖြစ်စေတယ်ဆိုတာ သိရှိမယ်ဆိုပါက ကာကွယ်နိုင်မှာ ဖြစ်တဲ့အတွက် ဒီလိုတွေ့ရှိခြင်းက အရေးကြီးကြောင်း ဦးခေါင်းနဲ့ လည်ပင်းခွဲစိတ်ဆရာဝန် ဒေါက်တာ နိုင်ယယ်စ်ကိုကော့က ပြောပါတယ်။

 

▪️ ထိုကင်ဆာထဲမှာ ပါးစပ်၊ နှာခေါင်းပေါက်၊ လည်မျို၊ အသံအိုး၊ တံတွေးဂလင်း၊ သိုင်းရွိုက်တို့ ပါဝင်ပြီး အမေရိကန်မှာ ကင်ဆာဖြစ်ပွားမှုတွေရဲ့ ၃ ရာခိုင်နှုန်းနီးပါးရှိကာ ကင်ဆာကြောင့် သေဆုံးမှုတွေရဲ့ ၁.၅ ရာခိုင်နှုန်းကျော် ရှိပါတယ်။

 

▪️ ဆေးခြောက်က ကမ္ဘာပေါ်မှာ အသုံးအများဆုံး တရားမဝင်ပစ္စည်းဖြစ်နေပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အသုံးပြုသူတွေ ပိုများလာပါတယ်။

 

▪️ ဆေးလိပ်၊ အရက်သုံးစွဲသူတွေမှာလည်း ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ ဖြစ်နိုင်ခြေများတယ်လို့ တွေ့ရှိထားပြီး ဖြစ်ပါတယ်။

 

▪️ ဆေးခြောက်သုံးစွဲသူတွေနဲ့ မသုံးစွဲသူတွေပါဝင်တဲ့ လူပေါင်း ၁၁၆၀၀၀ ရဲ့ ကျန်းမာရေး အချက်အလက်တွေကို နှစ် ၂၀ ကြာအောင် နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။

 

▪️ ဆေးခြောက်ရော ဆေးရွက်ကြီးမှာပါ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်ကြပေမယ့် ဆေးခြောက်သုံးစွဲခြင်းက ပိုပြီးကင်ဆာဖြစ်နိုင်ခြေ များစေတယ်လို့ တွေ့ရှိကြပါတယ်။

 

▪️ ဆေးခြောက်သောက်ခြင်းက ရောင်ရမ်းခြင်း ပိုဖြစ်စေနိုင်သလို ပိုမိုရှိုက်သွင်းရပြီး အပူချိန်ပိုများတာကြောင့် ထိခိုက်ရောင်ရမ်းခြင်း ပိုဖြစ်နိုင်တယ်လို့ သုတေသနပြုစုသူများ ဖော်ပြထားပါတယ်။

 

▪️ ဒါပေမဲ့ သုံးစွဲသူတွေရဲ့ သုံးစွဲမှုပမာဏ၊ အကြိမ်ရေ၊ အသုံးပြုပုံနည်းလမ်းတို့နဲ့ ပတ်သက်ပြီး အချက်အလက် မစုံသေးတာကြောင့် လေ့လာချက်ကို ပုံသေယူဆလို့ မရပါဘူး။



▪️ ဘယ်လောက်အတိုင်းအတာက ဘေးကင်းသလဲ၊ ဘယ်လိုအသုံးပြုရင် ဘေးကင်းမလဲဆိုတာ မသိရဘူးလို့ စတေတင်အိုင်လန် တက္ကသိုလ်ဆေးရုံမှ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ ညွှန်ကြားရေးမှူး ဒေါက်တာ မိုက်ကယ်ဘလက်စ်ကိုက ပြောပါတယ်။

 

#Source: New York Post