၂၈ ဧပြီ ၂၀၂၄
မြန်မာလှေသား (၇)ဦးပါဝင်တဲ့ ထိုင်းငါးဖမ်းစက်လှေတစ်စီး ယနေ့ ဧပြီ ၂၈ ရက် တနင်္ဂနွေနေ့ မနက်စောစောပိုင်းမှာ ကပ္ပလီ ပင်လယ်အတွင်း မီးလောင်မှုဖြစ်ခဲ့လို့ ထိုင်းရေကြောင်းတပ်တစ်ခုက သွားရောက်ကယ်တင်ပေးနိုင်ခဲ့တယ်လို့ ထိုင်းမီဒီယာ တွေက သတင်းဖော်ပြကြပါတယ်။ အဆိုပါ ငါးဖမ်လှေမှာ မြန်မာ ၇ဦးနှင့်အတူ ထိုင်းလူမျိုး (၂)ဦးလည်း အတူတူ လိုက်ပါလာခဲ့ တာဖြစ်ပြီး အားလုံးကို ဘေးကင်းစွာကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ယနေ့ မနက် ၃နာရီခွဲခန့်မှာ ဆရီသွန်းပေ-၇ အမည်ရှိ ထိုင်းငါးဖမ်းစက်လှေတစ်စီးဟာ ဖန်ငါးအနီး ခိုဆူရင်းကျွန်းများရဲ့ အနောက်တောင်ဘက် ရေမိုင် ၁၅ မိုင်အကွာခန့်မှာ ဆီပြန်ဖြည့်ရင်း မီးလောင်နေတယ်လို့ ထိုင်းပင်လယ်ရေကြောင်းစိုးမိုးရေး ဒေသ၃ စစ်တိုင်းက သတင်းအချက်အလက်ရရှိခဲ့တာလို့ သတင်းများမှာဖော်ပြထားပါတယ်။
မနက် ၄နာရီခန့်မှာ အခြားသော ငါးဖမ်းစက်လှေတစ်စီးဖြစ်တဲ့ ချန်ယူဒွမ်ဆွမ်ဘက်-၁ ပေါ်က လှေသားတွေဟာ အဆိုပါ စက်လှေမီးလောင်နေတာကို မြင်တွေ့လို့ မီးလောင်နေတဲ့ စက်လှေပေါ်က တစ်ဦးတစ်ယောက်မကျန် လှေသားအားလုံးကို သူတို့စက်လှေထဲ ကယ်ထုတ်တင်ဆောင်ပေး ခဲ့ကြတာဖြစ်ပါတယ်။
ရေတပ်ရဲ့ လေကြောင်းနှင့် ကမ်းခြေကာကွယ်ရေးတပ်ဟာ အဲဒီနေရာကို စပိတ်ဘုတ်ခ်တစ်စီး လွှတ်ပေးခဲ့ပြီး ချန်ယူ ဒွမ်ဆွမ်ဘက်-၁ပေါ်မှာကယ်တင်ထားတဲ့ မြန်မာ(၇)ဦးနှင့်ထိုင်း(၂)ဦး တို့ကို သွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်သူတို့ကို ခုရာပူရီခရိုက် ငါးဖမ်းဆိပ်တစ်ခုကို ပို့ဆောင်ပေးခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရရှိထားသူတွေကိုတော့ ဆေးရုံတင်ပေးခဲ့ပါတယ်လို့သိရပါတယ်။
မီးလောင်မှုကြာင့် လှေသား(၅)ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီထဲက တစ်ဦးကတော့ အသက် ၅၄နှစ်အရွယ်ရှိ ထိုင်းလူမျိုး စက်ပြင်ဆရာ ပိုင်ရိုက်ပါလာဖြစ်ပြီး သူဟာ မီးလောင်ဒဏ်ရရရှိထားတယ်လို့သိရှိရပါတယ်။
@ymg/knl
#Local_News
Publicshed 28 April 2024
▪️ ညစ်ညမ်းသော တေးသီချင်းဗီဒီယိုများထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းဧပြီ၂၇ရက်ကပြန်ကြားရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်လိုက်သည်။
▪️ အဆိုပါသတိပေးချက်၌ အချို့သောတေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်းအတူ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပ တရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်နေကြသည်ကို တွေ့ရှိရကြောင်းဖော်ပြထားသည်။
▪️ ထို့ပြင် သက်ဆိုင်ရာအလိုက် ဖွဲ့စည်းထားသော အစည်းအရုံးများအနေဖြင့်လည်းလိုအပ်သလို ထိန်းကျောင်းတည့်မတ်ပေးနိုင်ရန်နှင့် လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့်ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon-Times
#Local_News
Published 28 April 2024
▪️ ယာယီဆိပ်ကမ်းအဖြစ် သတ်မှတ်လိုက်သည့် ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများနှင့်ကုန်သွယ်နိုင်ပြီဖြစ်ကြောင်းအကောက်ခွန်ဦးစီးဌာနမှ သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ တည်ဆောက်ထားသော ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့ကိုအိမ်နီးချင်းနိုင်ငံများနှင့်ကုန်သွယ်ရန် ယာယီဆိပ်ကမ်းအဖြစ်သတ်မှတ် လိုက်ပြီဖြစ်သည်။
▪️ ယင်းဆိပ်ကမ်းများအား အိမ်နီးချင်းနိုင်ငံများသို့ ကုန်တင်ပို့နိုင်သည့် အပြည်ပြည်ဆိုင်ရာကုန်တင်ကုန်ချ ယာယီဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီး ဌာနမှ ၂၀၂၄ ခုနှစ် ဧပြီ (၂၄) ရက်မှစ၍ စတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊၎င်း ဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို့ border trade ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ (OSS) များက ဧပြီ (၂၄) ရက်မှစ၍ တာဝန်ချထားစစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပို့ကုန်လုပ်ငန်းများဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိအချိန်ထိ နယ်စပ်ဒေသ အခြေအနေများကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် အဓိကကုန်သွယ်မှု ဆောင်ရွက်နေသည့် မူဆယ်ကုန်သွယ်ရေးစခန်း၊ မြဝတီကုန်သွယ်ရေးစခန်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးစခန်းများလည်း ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်မဆောင်ရွက်နိုင်သည့်အပြင် ယာယီရပ်ဆိုင်းထားရမှုများလည်း ဖြစ်ပေါ်လျှက်ရှိရာ ယခုကဲ့သို့ ယာယီဆိပ်ကမ်းများမှတဆင့်တင်ပို့နိုင်ရန် ထပ်မံခွင့်ပြုလိုက်သည့်အတွက် အဆင်ပြေကြောင်းပို့ကုန်လုပ်ငန်းရှင်များက ပြောသည်။
#YMG/ NN #Yangon-Times
#World_Health
Published 28 April 2024
▪️ ကမ္ဘာမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားတာ ၄ နှစ်ကျော်လာပြီဖြစ်ပြီး ထိုဗိုင်းရပ်စ်ရဲ့ အကျိုးဆက်တွေကို သိပ္ပံပညာရှင်တွေ စူးစမ်းလေ့လာနေဆဲ ဖြစ်ပါတယ်။
▪️ ကိုဗစ်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပေမယ့် အခြားအင်္ဂါများကိုလည်း ထိခိုက်စေနိုင်တယ်လို့ အထောက်အထားများ တွေ့ရှိထားပါတယ်။
▪️ ကိုဗစ်-၁၉ က အသည်းဆဲလ်တွေကိုလည်း ထိုးဖောက်ဝင်ရောက်ကာ ထိခိုက်စေနိုင်တယ်လို့ အစာအိမ်အူလမ်းကြောင်းပညာရှင် ဒေါက်တာ ရှာရက်ဒ်မယ်လ်ဟိုထရာက ရှင်းပြသွားပါတယ်။
▪️ ကိုဗစ်လူနာတွေမှာ အသည်းအင်မ်ဇိုင်းများ မြင့်တက်နေတာကို တွေ့ရှိခဲ့ပြီး အသည်းမှာ ဒဏ်ရာဖြစ်တဲ့သဘော ဖြစ်ပါတယ်။
ယခင်ကတည်းက အသည်းပြဿနာရှိသူတွေမှာ ထိုဗိုင်းရပ်စ်ကြောင့် ပိုမိုဆိုးရွားစေပြီး ရောဂါထိန်းချုပ်မှုကို ရှုပ်ထွေးစေတယ်လို့ ဆိုပါတယ်။
▪️ အသည်းရောဂါတွေ ဖြစ်တဲ့အခါ ကိုယ်ခံအားကျဆင်းပြီး ကိုဗစ်ကို ပိုမိုဆိုးရွားစေပါတယ်။
▪️ ကိုဗစ်ဖြစ်နေတဲ့ အသည်းအစားထိုးလူနာတွေမှာ အသက်အန္တရာယ်နဲ့ အင်္ဂါလက်မခံခြင်းမျိုး ဖြစ်နိုင်ခြေများတယ်လို့ လေ့လာချက်တွေမှာ တွေ့ရှိထားပါတယ်။
▪️ ယခင်က အသည်းပြဿနာ မရှိဖူးရင်တောင် ကိုဗစ်-၁၉ကြောင့် ရေရှည်မှာ အသည်းထိခိုက်နိုင်တယ်လို့ အာရှဆေးရုံမှ အာမစ်မစ်ဂ်လာနီက ပြောပြပါတယ်။
▪️ ဒါကြောင့် အသည်းအခြေအနေကို စောင့်ကြည့်တိုင်းတာသင့်ပြီး ရောဂါရှိသူတွေကို ကုသဖို့က အရေးကြီးပါတယ်။
#Source: India Today
သင်္ကြန်ပြီးချိန်ကစလို့ မန္တလေးမှာအပူဒဏ်ကြောင့် သတိလစ်တဲ့ Heat Stroke လူနာတွေ (၈)ဦးလောက် ဆေးရုံပို့ခဲ့ရပြီး (၅)ဦး အသက်ဆုံးရှုံးသွားတယ်။
#Local_News
Published_ 28 April 2024
#အပူဒဏ်ကြောင့်သေဆုံး #Heat_Strokeလူနာတွေ
#tthl #Yangon_Times
#World_Health
Published 28 April 2024
▪️ ဖရဲသီးက ရေဓာတ်ကြွယ်ဝတဲ့အပြင် အာဟာရဓာတ်များနဲ့ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိနေပါတယ်။
ယခုလို နွေရာသီမှာ ဖရဲသီးစားသုံးခြင်းရဲ့ အကျိုးကျေးဇူးများကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်တာကြောင့် လုံလောက်စွာ ရေဓာတ်ပြည့်ဝစေပြီး ခန္ဓာကိုယ်လုပ်ဆောင်ချက်များကို ထိန်းညှိပေးပါတယ်။
▪️ (၂) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် နာတာရှည်ရောဂါများ ကင်းဝေးစေပါတယ်။
▪️ (၃) လိုင်ကိုပင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ကိုလက်စ်ထရောလ် လျှော့ချပေးတာကြောင့် နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။
▪️ (၄) အမျှင်ဓာတ်ပါဝင်တာကြောင့် အစာကြေလွယ်ပြီး ပုံမှန်ဝမ်းသွားစေပါတယ်။
▪️ (၅) ဆစ်ထရူလင်း အမိုင်နိုအက်ဆစ်က လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သားရောင်ရမ်းခြင်းကို သက်သာစေကာ သွေးလည်ပတ်မှု ကောင်းစေပါတယ်။
▪️ (၆) အရေပြားကို ရေဓာတ်ဖြည့်ပေးတာကြောင့် စိုစွတ်မှုကို ထိန်းသိမ်းပေးတဲ့အပြင် နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါတယ်။
▪️ (၇) ဖရဲသီးက ချိုပေမယ့် ကယ်လိုရီနည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ အထောက်အကူ ဖြစ်စေပါတယ်။
▪️ (၈) သူ့မှာပါတဲ့ ဗိုက်တာမင်-စီက ကိုယ်ခံအားမြှင့်တင်ပေးပြီး ရောဂါကူးစက်မှုများမှ ကာကွယ်ပေးပါတယ်။
▪️ (၉) လိုင်ကိုပင်းဓာတ်နဲ့ ကူကာဘီတာစင်ဓာတ်တို့က ရောင်ရမ်းခြင်းကို သက်သာစေကာ နာတာရှည်ရောဂါများမှ ကာကွယ်ပေးပါတယ်။
▪️ (၁၀) အသားအရေကို ရေဓာတ်ဖြည့်ပေးတာကြောင့် အရေပြားစိုစွတ်ဝင်းပစေပါတယ်။
#Source: DoctorNDTV
ယမန်နှစ်က နိုင်ငံနဲ့ဒေသ ၅၉ နေရာမှ လူပေါင်း ၂၈၁.၆ သန်းဟာ ငတ်မွတ်ဘေးအန္တရာယ် ကျရောက်နေခဲ့ပြီး စားနပ်ရိက္ခာ မလုံလောက်တဲ့ ပြဿနာက ၅ နှစ်ဆက်တိုက် ပိုမိုဆိုးရွားလာကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းများက ဗုဒ္ဓဟူးနေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။
#World_Crisis
Published 27 April 2024
#ကမ္ဘာတဝှမ်းငတ်မွတ်ခေါင်းပါးမှု #ဘေးအန္တရာယ်(၅)နှစ်ဆက်တိုက်ဖြစ်
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 27 April 2024
၁။ ပျူ၊ပုဂံ၊မြောက်ဦး ကမ္ဘာ့အမွေအနှစ်ဝင်အောင် ကူညီဆောင်ရွက်ပေးခဲ့သော အီတလီပညာရှင်ကွယ်လွန်
၂။ လုပ်သားရှားပါးမှုကြောင့် ရန်ကုန်ဆန်အဝင်နည်းပါးပြီး ဈေးမြင့်တက်
၃။ ၂၄နာရီ မီးရရှိသည့် ကွန်ဒိုအခန်းများ အငှားနှင့်အရောင်းဝယ်ဈေးကွက် ပိုဖြစ်ထွန်းလာဟုဆို
၄။ ကမ္ဘာတဝှမ်းငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ် (၅)နှစ်ဆက်တိုက်ပိုမိုဆိုးရွားလာနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရန်ကုန်တိုင်းအတွင်းက ၂၄နာရီ မီးရရှိတဲ့ ကွန်ဒိုအခန်းတွေ အငှားဈေးကွက်သာမက အရောင်းဝယ်ဈေးကွက်ပိုဖြစ်ထွန်းလာတယ်လို့မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းထံက သိရပါတယ်။
#Local_News
Published_ 27 April 2024
#ကွန်ဒိုအခန်း #အငှားနှင့်အရောင်းဝယ်ဈေးကွက်
#YMG/LW #Yangon_Times
#Local_News
Published 27 April 2024
▪️ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ အကောက်တောင်ခြေ၊ သောကြာဒူးကျေးရွာအနီး ဧရာဝတီမြစ်အတွင်းရေဆင်းချိုးရာမှ အမျိုးသားလေးဦး ရေနစ်ေ-သဆုံးမှု ဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံ မှ သိရသည်။
▪️ ဧပြီ ၂၇ ရက် မနက် ၉နာရီခွဲ အချိန်ခန့်က ကြံခင်းမြို့နယ်၊ အကောက်တောင်ခြေ၊ သောကြာဒူးကျေးရွာအနီး ဧရာဝတီမြစ်အတွင်းသို့ အမျိုးသား(၅)ဦးရေဆင်းကူးရာမှ အမျိုးသား လေးဦးရေနစ်မှု ေ-သဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ရေနစ်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ကြံခင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေတောင်ပရဟိတလူမှုကူညီရေးအသင်းဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပေးခဲ့ကြောင်း သိရသည်။
▪️ ရေနစ်သေဆုံးသူ အမျိုးသား(၄)ဦးအား ရွှေဆိပ်သာလူမှုကူညီရေးအသင်းနှင့် မေတ္တာမွန်လူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် အင်ပင်မြို့တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_ 27 April 2024
▪️ ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့နယ်၊ အလုံလမ်းရှိ လွှတ်တော်ဝင်းအဆောက်အဦ အမိုးစလပ် (Slab) များရေယို၍ ပြုပြင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန လွှတ်တော်နှင့်နေအိမ်အဆောက်အဦများ ထိန်းသိမ်းရေးအဖွဲ့(ရန်ကုန်)မှ အိတ်ဖွင့်တင်ဒါလျှောက်လွှာများခေါ်ယူနေကြောင်း သိရသည်။
▪️ ယခု ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းအသုံးစရိတ်၊ မြန်မာကျပ်ငွေဖြင့် ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် လုပ်ကိုင်လိုသူများကို အိတ်ဖွင့်တင်ဒါခေါ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ လွှတ်တော်ဝင်းအဆောက်အဦ အမိုးမလုံခြင်းကို Water Proofing Membrane ကပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရမည် ဖြစ်သည့် အတွက် စိတ်ပါဝင်စားလုပ်ကိုင်လိုသူများကို တင်ဒါလျှောက်လွှာပုံစံတစ်စောင် ငွေကျပ် ၃၆,၀၀၀ နှုန်းဖြင့် ရောင်းချခေါ်ယူနေခြင်းဖြစ်ပြီး တင်ဒါလျှောက်လွှာများကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်းရှိ လွှတ်တော်နှင့်နေအိမ်အဆောက်အဦများ ထိန်းသိမ်းရေးအဖွဲ့(ရန်ကုန်)၊ မြို့ပြဌာနခွဲ၌လာမည့် ဧပြီလ ၂၉ ရက်မှ စတင်ကာ မေလ ၁၃ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ရောင်းချပေးသွားမည် ဖြစ်ကာ မေလ ၁၄ ရက်၌ တင်ဒါတင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။
▪️ အထက်ပါ သတ်မှတ်ရက်ထက် ကျော်လွန်တင်သွင်းလာသည့် လျှောက်လွှာပုံစံများကို လက်ခံဆောင်ရွက်ပေးမည် မဟုတ်ဘဲ တင်ဒါဖွင့်ဖောက်ရက်ကိုမူ ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/ NN #Yangon_Times
ရန်ကုန်တိုင်းအတွင်းက ၂၄နာရီ မီးရရှိတဲ့ ကွန်ဒိုအခန်းတွေ အငှားဈေးကွက်သာမက အရောင်းဝယ်ဈေးကွက်ပိုဖြစ်ထွန်းလာတယ်လို့မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းထံက သိရပါတယ်။
#Local_News
Published_ 27 April 2024
#ကွန်ဒိုအခန်း #အငှားနှင့်အရောင်းဝယ်ဈေးကွက်
#YMG/LW #Yangon_Times
Page 760 of 2005