၂၆ ဧပြီ ၂၀၂၄
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် တပ်မတော်က တိုက်ခိုက်ချေမှုန်းရေး၊ မိုင်းရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေကြောင်း ဓမ္မသတ်ကျေးရွာကိုဧပြီလ ၂၂ ရက်တွင်လည်းကောင်း၊ ကော့ဘိန်း ကျေးရွာကို ဧပြီလ ၂၅ ရက်တွင်လည်းကောင်းပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် တပ်မတော်က တိုက်ခိုက်ချေမှုန်းရေး၊ မိုင်းရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေတယ်လို့လည်း အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်မှစ၍ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ မွန်ပြည်နယ်၊ ကျိုက်မ ရောမြို့နယ်၊ ဓမ္မသတ် ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် အကြမ်းဖက်အ ဖျက် အမှောင့် လုပ်ရပ်များကို ကျူးလွန်လာခဲ့သည့် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ NMSP AD (မွန်ခွဲ ထွက်အဖွဲ့)နှင့် PDF များကအင်အား အလွန်အကျွံ အသုံး ပြုလျက် ဌာနဆိုင်ရာ အဆောက်အဦများ၊ ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း လည်းသိရပါတယ်။
အဲဒါကြောင့် ကြောင့် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့များ၊ ရဲစခန်းများမှ အင်အားစုစည်း၍ ခုခံခဲ့သော်လည်း မတ်လ ၂၅ ရက်တွင် ကော့ဘိန်းကျေးရွာမှလည်းကောင်း၊ မတ်လ ၂၇ ရက်တွင် ဓမ္မသတ် ကျေးရွာမှ လည်းကောင်း၊ အသီးသီးခေတ္တခွာခဲ့ရပြီး တရနာကျေးရွာ၌ ပြန်လည်စုဖွဲ့ခဲ့ကြကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်၊
ထို့နောက် ဧပြီလ ၁၁ ရက်မှစတင်၍ တပ်မတော်စစ်ကြောင်း များက အကြမ်းဖက်ချေမှုန်းရေးစစ် ဆင်ရေး (Counter - Terrorism Operation) ကို စနစ်တကျဖြင့် အဆင့်ဆင့်ခြေကုတ်ယူ၍ ဆောင်ရွက်ခဲ့ရာ အကြမ်း ဖက် သမား များနှင့် စုစုပေါင်းထိတွေ့တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွား ခဲ့ကြောင်း သတင်းအရသိရပါတယ်။
တိုက်ပွဲအတွက် တပ်မတော်၏ အရာရှိ၊ စစ်သည်အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူ များ ထံမှ အလောင်းအချို့နှင့် လက်နက်၊ ခဲယမ်းများ နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းလည်း အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းနောက် ဓမ္မသတ်ကျေးရွာကိုဧပြီလ ၂၂ ရက်တွင်လည်းကောင်း၊ ကော့ဘိန်း ကျေးရွာကို ဧပြီလ ၂၅ ရက်တွင်လည်းကောင်းပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ တို့ကလည်း ကော့ဘိန်း ကျေးရွာ၊ ဓမ္မသတ် ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ နေရပ်စွန့်ခွာဒေသခံ ပြည်သူများ ပြန်လည်ဝင်ရောက်နေ ထိုင်နိုင် ရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက်ဆောင် ရွက်ပေး နိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
Yangon_Times/PP






ရွှေသောင်ယံကမ်းခြေသို့ မဟာသင်္ကြန်ကာလအတွင်း ခရီးသွားဧည့်သည် ၁၁,၅၅၇ ဦးအထိ လာရောက်လည်ပတ်ခဲ့ကြတာဖြစ်ပြီး လက်ရှိမှာပြန်လည်နည်းသွားပေမယ့် လာမယ့် မေလ၁ရက်မှာကျရောက်မယ့် အလုပ်သမားနေ့ ရုံးပိတ်ရက်ကာလမှာလည်း ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားနိုင်တယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
#Local_News
Published_ 26 April 2024
#ရွှေသောင်ယံကမ်းခြေ #ခရီးသွားဝန်ဆောင်မှုလုပ်ငန်း
#YMG/NN #Yangon-Times
Myanmar၊ Thailand၊ Malaysia၊Indonesia စတဲ့ပိုက်ကျော်ခြင်း ထိပ်တန်းနိုင်ငံတွေရဲ့အကောင်းဆုံးလက်ရွေးစင်အသင်းတွေက Premier တန်းမှာ ယှဥ်ပြိုင်ကြရမယ်။
#Local_News
Published_ 26 April 2024
#ပိုက်ကျော်ခြင်းWorld Cupပြိုင်ပွဲ #ကမ္ဘာ့အဆင့်Rankသတ်မှတ်ပေး
#tthl #Yangon_Times
#Local_News
Published_ 26 April 2024
▪️ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ မြန်မာ ငွေကျပ် သန်းလေးထောင်နှင့်ကန်ဒေါ်လာလေးသန်းကျော်တန်ဖိုးရှိ ပြည်တွင်း၊ပြည်ပရင်းနှီးမြှုပ်နှံမှုငါးခုအား ခွင့်ပြုခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/ ၂ဝ၂၄) ကြိမ်မြောက် အစည်း အဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပခဲ့ရာ ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများသည် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်းနမူနာ ပြသထားရှိမှုများကို ကြည့်ရူခဲ့ကြကြောင်း သိရသည်။
▪️ ထို့နောက် အစည်းအဝေး တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် က အမှာစကားပြောကြားခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခု၊ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုတို့ကို အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ ပဲအမျိုးမျိုး၊ နှမ်းနှင့်ပြောင်း ကြိတ်ခွဲသန့်စင်ထုပ်ပိုး၍ ၁၀ဝ ရာခိုင်နှုန်း ပြည်ပတင်ပို့ ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် စက္ကူအိတ်အမျိုးမျိုး ထုတ်လုပ် ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ် လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် သတို့သမီးဝတ်စုံများ ချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ မြန်မာ ငွေကျပ် သန်းလေးထောင်နှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၀၃ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း (၁,၉၅၂) ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
▪️ ယင်းနောက် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီငါးခု ၏တင်ပြချက်များကို ဆွေးနွေး ဆုံးဖြတ်ကြကြောင်း သိရသည်။
#YMG/NN #Yangon-Times
#Local_News
Published_ 26 April 2024
▪️ ရန်ကုန်တွင် မနက်ဖြန်ဧပြီ(၂၇)ရက်တွင် ၄၀ ဒီဂရီဆဲလ်ဆီးယပ်ရှိပြီး ပူမည်ဖြစ်ပြီး စစ်ကိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေးနှင့်ပဲခူးတို့တွင်လည်း အပူချိန်တိုးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရသည်။
▪️ ဧပြီ ၂၅ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၅.၄ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံမြို့တွင် ၄၄.၄ ဒီဂရီဆဲလ်စီးယပ်၊ အောင်လံမြို့တွင် ၄၃.၆ ဒီဂရီဆဲလ်စီးယပ်၊ ညောင်ဦးမြို့နှင့် ပခုက္ကူမြို့တို့တွင် ၄၃.၅ ဒီဂရီဆဲလ်စီးယပ်စီ၊ စစ်ကိုင်းမြို့တွင် ၄၃.၃ ဒီဂရီဆဲလ်စီးယပ်၊ ဆင်ဖြူကျွန်းမြို့တွင် ၄၃.၂ ဒီဂရီဆဲလ်စီးယပ်၊ မြင်းမူမြို့နှင့် မကွေးမြို့တို့တွင် ၄၃.၁ ဒီဂရီဆဲလ်စီးယပ်စီ၊ ကျောက်ဆည်(လွန်ကျော်)တွင် ၄၃.၀ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်ကြသည်။
▪️ နောက်(၂)ရက်အတွက် ဧပြီ(၂၇)ရက်နှင့်(၂၈)ရက်အတွက်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်သည်ဟုဆိုသည်။
▪️ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာရန်တော့ရှိကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 26 April 2024
▪️ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များမှ ထုတ်လုပ်ရောင်းချမည့်ကုန်ပစ္စည်းများကို ဓာတ်ခွဲ စမ်းသပ်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
▪️ အဆိုပါကဲ့သို့ဆောင်ရွက်ရာတွင် ဓာတုဗေဒဓာတ်ခွဲစမ်းသပ်ပေးခြင်းနှင့် အဏုဇီဝဓာတ်ခွဲစမ်းသပ်ခြင်းများတို့ဖြင့် လုပ်ငန်းရှင်များ ထုတ်လုပ်မည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း အမည် ၆၅၀ ကို ဓာတ်ခွဲစမ်းသပ်ပေးသွားမည် ဖြစ် ကြောင်းသိရသည်။
▪️ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း ပြုလုပ်နေသူများကို ဘဏ္ဍာနှစ်အလိုက် ဓာတ်ခွဲစမ်းသပ်ပေးနေခြင်းသည် လုပ်ငန်းရှင်များ ထုတ်လုပ်သည့်ကုန်ပစ္စည်းများတွင် အန္တရာယ်ဖြစ်စေနိုင်သော ဓာတုဆေးဝါးများ ပါဝင်မှုမရှိစေရန် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ၊အဆိုပါ တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များပေါ်ထွက်ရေးကို ဘဏ္ဍာနှစ်အလိုက် သင်တန်းများပေးခြင်း၊ နည်းပညာများ ပေးခြင်းတို့ဖြင့် မွေးထုတ်ပေးလျက်ရှိနေပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း လုပ်ငန်းရှင်များထုတ်လုပ်သည့် ကုန်ပစ္စည်း များကို ဓာတုဗေဒဓာတ်ခွဲစမ်းသပ်ခြင်းနှင့် အဏုဇီဝဓာတ်ခွဲစမ်းသပ်ခြင်းဖြင့် လုပ်ငန်းရှင်များပေါ်ထွက်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon-Times
#Local_News
Published 26 April 2024
▪️ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းဂုံးကျော်တံတားပေါ် မှ အမျိုးသမီးတစ်ဦးခုန်ချမှုဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီပေးသည့် လူမှုကူညီရေးအသင်းထံကသိရသည်။
▪️ ဧပြီ ၂၆ရက် မွန်းတည့်၁၂နာရီဝန်းကျင်က ခုန်ချမှုဖြစ်ပွားခဲ့ကာ တံတားပေါ်မှ အောက်သို့ ပြုတ်ကျခြင်းကြောင့် ခြေထောက်နှင့်ဦးခေါင်းပိုင်း ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
▪️ "သူက လှည်းတန်းတံတား မြို့ထဲကိုသွားတဲ့ဘက်ကခုန်ချတာ အတော်တော့မြင့်တယ် ဦးခေါင်းထိတယ် ညာဘက်ခြေထောက်ကလည်ထွက်သွားတယ် လက်တလော အခြေနေကတော့ အသက်အန္တရာယ် စိုးရိမ်စရာတော့မရှိဘူး ဒါပေမယ့် ဦးခေါင်းထိထားတာဆိုတော့ ဆေးရုံရောက်မှ ဓါတ်မှန်ရိုက်ကြည့်မှ စိတ်ချရတဲ့အခြေနေရှိမရှိ သိရမှာပဲ"ဟု သွားရောက်ကူညီပေးခဲ့သည့် အနာဂတ်အလင်းတန်းပရဟိတအသင်းက အဖွဲ့ဝင်တစ်ဦးက ပြောသည်။
▪️ အဆိုပါ တံတားပေါ်မှ ခုန်ချသည့် အမျိုးသမီးမှာ အသက်၁၉ နှစ်ဝန်းကျင်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်တွင် ပါရှိသည့် နေရပ်လိပ်စာအရ သန်လျင်မြို့နယ်မှဖြစ်ကြောင်း သိရသည်။
▪️ ယင်းအမျိုးသမီး၏ မိသားစုဝင်များနှင့်လည်း အဆက်သွယ်ရရှိပြီးဖြစ်ကာ အခင်းဖြစ်ပွားရာနေရာမှဒဏ်ရာများရရှိထားသည့်အမျိုးသမီးကို အနာဂတ်အလင်းတန်းပရဟိတအသင်းမှ လူနာတင်ယာဉ်အမှတ်(04)ဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon Times
ပြည်ပကိုတင်ပို့မှုများသလို ဈေးကွက်ထဲဂျင်း(ချင်း)ကုန်ဝင်နည်းလာတဲ့အတွက် ဂျင်းတစ်ပိဿာကို ထွက်ရှိ တဲ့ ဒေသမှာတင်ကျပ်တစ်သောင်းဝန်းကျင်ထိ ဈေးမြင့်လာတယ်လို့ အောင်ပန်းရှိပွဲရုံတွေထံမှ သိရပါတယ်။
#Local_News
Published_ 26 April 2024
#ဂျင်းစျေးမြင့်တက် #အောင်ပန်းရှိပွဲရုံ
#YMG/LW #Yangon_Times
ယခု ၂၀၂၃-၂၀၂၄ကြံကြိတ်ခွဲရာသီအတွက် သကြားစက်တွေရဲ့ကြိတ်ခွဲကြတာလက်ရှိမှာ ၉၀ ရာခိုင်နှုန်းခန့် အထိပြီးစီးနေပြီလို့ မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published_ 26 April 2024
#ကြံကြိတ်ခွဲရာသီ #သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်း
#YMG/NN #Yangon-Times
၂၆ ဧပြီ ၂၀၂၄
အမေရိကန်အနေနှင့် တားထားတဲ့အနီရောင် အန္တရာယ်အချက်ပေးလိုင်းတွေကို ဖြတ်မကျော်မိစေဖို့ တရုတ်နိုင်ငံက သတိပေးလိုက်ပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကို တရုတ်နှင့်အမေရိကန်အကြား အပြန်အလှန်လေးစားမှုရှိဖို့နှင့် အမေရိကန်အနေနှင့် အနီလိုင်းတွေကို မဖြတ်ကျော်မိစေဖို့ တရုတ်ကွန်မြုနစ်ပါတီဗဟိုကော်မတီ၊ပေါလစ်ဗျုရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောကြားခဲ့တာဖြစ်တယ်လို့ တရုတ်စီစီတီဗွီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
Source: CCTV/Reuters
ဘွဲ့ကြိုကျောင်းသားတွေ၊ နည်းပညာကောလိပ် ကျောင်းသားတွေနှင့် အထူးပြုလေ့ကျင့်ရေးကောလိပ်ကျောင်းသားတွေလည်းလျှောက်ထားနိုင်တယ်။
#Local_News
Published_ 26 April 2024
#ဂျပန်ပညာသင်ဆု #MEXTဝင်ခွင့်လျှောက်လွှာ
#tthl #Yangon_Times
#Local_News
Published_ 26 April 2024
▪️ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းဖြင့် ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ရောဂါပေါင်း ၂၀ ကျော်ကို ကာကွယ်ဟန့်တားနိုင်ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၄ခုနှစ်တွင် တစ်နိုင်ငံလုံးအမီလိုက်ကာကွယ်ဆေးထိုးနှံခြင်းလှုပ်ရှား ဆောင်ရွက်မှုဖြင့် အသက်(၅)နှစ်အောက်ကလေးများကိုသတ်မှတ်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးရန် စီစဉ် ဆောင်ရွက်နေသည်ဟုဆိုသည်။
▪️ ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်နေကြောင်းကို ဧပြီ(၂၅)ရက်ကကျင်းပသည့်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက် သတ္တပတ်” (World Immunization Week) အခမ်းအနားတွင်ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၏ပြောကြားချက်အရ သိရခြင်းဖြစ်သည်။
▪️ အခမ်းအနားတွင်" ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံး အမီလိုက်ကာကွယ် ဆေးထိုးနှံခြင်း လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် အသက် (၅)နှစ်အောက် ကလေးများကို သတ်မှတ်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရန် စီစဉ်လျက်ရှိသည်"ဟု ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံတွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ်ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်းရောဂါ ၁၃ မျိုးကိုကာကွယ်နိုင်မည့်ကာကွယ်ဆေးများကို ကလေးငယ်များအားထိုးနှံတိုက်ကျွေးကြောင်းလည်းသိရသည်။
▪️ “ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက် သတ္တပတ်” (World Immunization Week) အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက "ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေး ရေးရက်သတ္တပတ်၏ ဆောင်ပုဒ်မှာ “Humanly Possible: Saving lives through immunization” ဖြစ်ပြီး မြန်မာဘာသာဖြင့် “ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများကြောင့် သေဆုံးမှုကိုလျှော့ချပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဖြင့် ကလေးများ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း။
▪️ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ်အဖြစ် ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်များတွင် ရောဂါ ၁၃ မျိုးကို ကာကွယ်နိုင်သော ကာကွယ်ဆေးများ အသုံးပြု၍ သတ်မှတ်အသက်အရွယ်အတွင်းရှိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးကြောင်း၊
▪️ ၂၀၂၂ ခုနှစ်နှစ်ဦးပိုင်းက စတင်၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်နှင့် အမီလိုက်ကာကွယ် ဆေးထိုးအစီအစဉ်များချမှတ်၍ လုပ်ငန်းများကို ပြန်လည်အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးလွှမ်းခြုံမှုအနေဖြင့် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၂၃ ခုနှစ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု နှစ်ဆကျော်ခန့် ပြန်လည်တိုးတက်လာခဲ့ပြီ ဖြစ်ကြောင်း။
▪️ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာလမတိုင်မီ က ရရှိခဲ့သည့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုများ ပြန်လည်ရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
▪️ ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံး အမီလိုက်ကာကွယ် ဆေးထိုးနှံခြင်း လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် အသက် (၅)နှစ်အောက် ကလေးများကို သတ်မှတ်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရန် စီစဉ်လျက်ရှိကြောင်း၊
▪️ ကာကွယ်ဆေးထိုးလုပ်ငန်းအပါအဝင် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ယခုထက်ပိုမိုတိုးတက်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း။
▪️ နိုင်ငံတော်မှ နှစ်စဉ်ဝယ်ယူပံ့ပိုးပေးလျက်ရှိသော ကာကွယ်ဆေးများအသုံးပြု၍ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အသက်အရွယ်အလိုက် အကြိမ်ပြည့်ထိုးနှံတိုက်ကျွေးမှုခံယူခြင်းဖြင့် မိမိတို့၏ ရင်သွေးငယ်များကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများကို ကာကွယ်နိုင်ကြောင်းသိရှိပြီး ထိုးနှံတိုက်ကျွေးပေးရန် တိုက်တွန်းလိုကြောင်း၊
▪️ ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အဆိုပါရောဂါများ ကပ်အသွင်ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် ကလေးငယ်များ တစ်ဦးတစ်ယောက်မကျန် ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ဘရွက်ကြရန်" တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
Page 762 of 2005