Published 2 June 2024
Published_2 Jun 2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၅၆ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂ ဇွန် ၂၀၂၄
ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိတဲ့ တရားမဝင်ရွှေပွဲစားများ အပါအဝင် စုစုပေါင်း ၂၁ ဦးကို ဖမ်းဆီးထားပြီး နာမည်ကြီးရွှေဆိုင်အချို့နှင့် ရွှေသန့်စင်လုပ်ငန်းအချိုမှ တာဝန်ရှိသူ ၁၀ ဦးသည် ထွက်ပြေးတိမ်းရှောင်နေတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှသတင်းထုတ်ပြန်ပါတယ်၊
ထွက်ပြေးတိမ်းရှောင်နေသူတွေက စိန်ကျော်မိုးရွှေဆိုင်မှ ဦးကျော်ငြိမ်း၊အကယ်ဒမီရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူ ဝင်း၊ ခရမ်းသုံးခွရွှေဆိုင်မှ ဦးသက်နောင်ဝင်း၊ ဇွဲထက်ရွှေဆိုင်မှ ဦးဆန်းဝင်း၊ အောင်သမာဓိရွှေဆိုင်မှ ဦးအောင်ဆန်း ဝင်း၊ဝိန့်စိန်ရွှေဆိုင်မှ ဦးအောင်ကောင်းမြတ်၊ ရွှေစင်ဝင်းရွှေသန့်စင်လုပ်ငန်းမှ ဦးအေးကြူ၊ ပွဲစားတွေဖြစ်ကြတဲ့ ဦးကျော်ဝင်း(ခ)ပန်းသီး၊ ဦးညီညီဦး(ခ)ချက်ကြီးနှင့် ဒေါ်တင်တင်ခိုင်(ခ) စန္ဒာတင်တို့ဖြစ်ကြောင်း သတင်းထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
အဆိုပါ တရားခံ ၁၀ ဦးကို ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့ရာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ ဖမ်းဆီးခြင်းမခံရစေရန် ထွက်ပြေးတိမ်းရှောင်လျက်ရှိတာလို့သိရပါတယ်။
အဆိုပါထွက်ပြေးတိမ်းရှောင်နေသည့်တရားခံများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုသူတွေဟာ ပြည်တွင်းရွှေဈေးကွက်အတွင်း အရောင်းအဝယ်တစ်ကယ်မဖြစ်သည့် လေပတ်ကား ရွှေဈေးနှုန်းများ ကို လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ချိ၍ ရွှေဈေးနှုန်းများအား ဈေးကစားပြီး နိုင်ငံ့စီးပွားရေးမငြိမ်မသက် ဖြစ်စေရန် ဆောင်ရွက်လျက်ရှိတာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။
@ymg/knl
Published 2June 2024
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက် ၊ ၈၁×၈၂လမ်းကြား ၃၂×၃၃လမ်းကြားရှိ လျှပ်စစ်နှင့် မီးဖိုချောင်သုံးပစ္စည်းရောင်းဝယ်ရေးဆိုင် တွင် ပြီးခဲ့သည့် မေလ (၃၁)ရက်မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများထဲမှ ၂ဦးသေဆုံးခဲ့ကြောင်း မီးသတ်တဖွဲ့နှင့်ဒေသခံများထံက သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၅ဦးခန့်ရှိပြီး စိုးရိမ်ရာအခြေနေမှာ၅ဦးခန့်ရှိကြောင်းသိရသည်။
""ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရအခြေနေ ငါးဦးရှိတယ် အဲ့ဖြစ်တဲ့နေ့ ညနေမှာ တစ်ယောက်ဆုံးတယ် မနေ့က တစ်ယောက်ဆုံးတယ် သေဆုံးသူတွေက အမျိုးသမီးတစ်ယောက် အမျိုးသားတစ်ယောက် ကျန်တဲ့ဒဏ်ရာ ရသူတွေကတော့ ဆေးရုံမှာဆေးကုသနေရဆဲပဲ""ဟုဒေသခံတစ်ဦးကပြောသည်။
ယင်းမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရသူများနှင့်သေဆုံးသူများကိုမန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့်အလှူရှင်များက စုစုပေါင်းငွေကျပ် ၁၀၅သိန်း ကိုထောက်ပံပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
Photo-Than Htay FB
Yangon Times/LW
#Published_ 2 June 2024
#Yangon_Times #YMG_News #Yangon_Media_Group
၂ ဇွန် ၂၀၂၄
ဆားကိုလျှော့စားဖို့ အခက်အခဲဖြစ်နေရသူတွေအတွက် ဆားအငန်ဓာတ်အရသာကို လျှပ်စစ်လှုံ့ဆော် မှုမှတစ်ဆင့် တိုးမြှင့်ပေးနိုင်မယ့် ဇွန်းတစ်မျိုးကို ဂျပန်နိုင်ငံမှာ ကီရင်ဟိုးလ်ဒင်းကုမ္ပဏီက မေလမှာ ဈေး ကွက်တင်ရောင်းချနေပြီဖြစ်ပါတယ်။
“ လျှပ်စစ်ဆားဇွန်း” လို့အမည်ပေးထားတဲ့ အဲဒီဇွန်းဟာ ဇွန်းရဲ့ထိပ်ဖျားကနေတစ်ဆင့် အားနည်းတဲ့ လျှပ်စီး ဖြတ်စီးစေခြင်းဖြင့် အလုပ်လုပ်ပေးပါတယ်။ အသုံးပြုသူတွေဟာ သူတို့နှစ်သက်တဲ့ အငန်ဓာတ်အဆင့်ကို လေးဆင့် အထိရွေးချယ်ပေးနိုင်တယ်လို့ အဆိုပါကုမ္ပဏီကပြောပါတယ်။
ကုမ္ပဏီက အဆိုပါ တူလိုပုံစံမျိုး ကိရိယာကလေးကို တီထွင်ထားတယ်လို့ ၂၀၂၂ကပြောဆိုထားခဲ့ပါတယ်။ ယခု ဇွန်းတစ်ချောင်းကို ယန်းငွေ ၁၉၈၀၀ ( အမေရိကန်ဒေါ်လာ ၁၂၆ ) နှင့်ရောင်းချပေးနေပါတယ်။
အဲဒီ လျှပ်စစ်ဆားဇွန်းကို ယမန်နှစ်က အဟာရဆိုင်ရာနိုဗယ်ဆုပူးတွဲရရှိခဲ့တဲ့ မေဂျီတက္ကသိုလ် ပါမောက္ခ ဟိုမေ မီယာရှီတာနှင့်အတူပူးပေါင်းဖန်တီးခဲ့တာဖြစ်ပါတယ်။
ကုမ္ပဏီဟာ မေလ ၂၀ရက်ကစပြီး အွန်လိုင်းကနေ အမှာတွေလက်ခံပေးနပါတယ်။ ယခု လောလောဆယ် ဇွန်းအချောင်း ၂၀၀ ရောင်းဖို့ရှိနေပါတယ်။
ဂျပန်နိုင်ငံမှာ ဆားအလွန်အကျွံစားသုံးခြင်းဟာ အရေးတကြီး ကျန်းမာရေးပြဿနာဖြစ်လာနေပါတယ်။ အသက်၂၀နှင့်အထက် လူတစ်ယောက်ဟာ တစ်ရက်ကို ဆား ၁၀ဂရမ် ပျှမ်းမျှစားသုံးနေပါတယ်။ ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ခံပေးထားတဲ့ ပမာဏထက် ၅ ဂရမ်များနေပါတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနကသိရပါတယ်။
ဒါပေမယ့် ဆားလျှော့ထည့်ဖို့ကြိုးစားတဲ့သူတွေဆီက “ဟင်းလျာတွေက ဘာမှအရသာမရှိဘူး” ဆိုတဲ့ ညည်းညူသံတွေကြားလာနေရပါတယ်လို့ ကီရင်ကပြုလုပ်တဲ့ ၂၀၂၁ ခုနှစ်စစ်တမ်းမှာဖော်ပြထားပါတယ်။
“ ဒီကိရိယာကလေးကနေ လူတွေဟာ အရသာရှိတဲ့ နည်းလမ်းတစ်ခုအနေနှင့် လူ့ဘဝဟန်ပန်ကို တိုးတက် စေလာနိုင်ဖို့ ရည်မှန်းထားပါတယ်” လို့ ကုမ္ပဏီကပြောပါတယ်။
Source Japan Times

၂ ဇွန် ၂၀၂၄
ဘိုအင်းရဲ့ ပထမဆုံးသော အအာကာသယာဉ်မှူး ခရီးစဉ်ဟာ လွှတ်တင်ဖို့ မိနစ်အနည်းငယ်အလိုမှာ ဖျက်သိမ်းလိုက်ရပြီး အဲဒီလိုဖျက်သိမ်းလိုက်ရတာကြောင့် ဆက်တိုက်အလုပ်တွေနောက်ကျကုန်ပါတယ်။
ဘိုအင်းရဲ့ စတားလိုင်နာ အာကာသယာဉ်အခန်းထဲကို နာဆာရဲ့ အာကာသယာဉ်မှူးနှစ်ဦးက နေရာယူထားပြီးချိန် လွှတ်တင်ဖို့ သုံးမိနစ်နှင့် ၅၀စက္ကန့်အလိုမှာ ကွန်ပျူတာစနစ် ချို့ယွင်းသွားခဲ့တာဖြစ်ပါတယ်။
ဒုံးလွှတ်စင်အနီးမှာရှိတဲ့ ကွန်ပျူတာအများကြီးတွေထဲက တစ်ခုကြောင့် နှောင့်နှေးခဲ့ရတာဖြစ်ပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ ထပ်မံလွှတ်တင်ဖို့ ရက်ကိုရွှေ့ဆိုင်းလိုက်ပါတယ်။
နာဆာက ဘိုအင်းကို အာကာသစခန်းထဲ လူတွေကိုသယ်ပို့ပေးမယ့် ဒုတိယမြောက်ကုမ္ပဏီအဖြစ် သတ်မှတ်ဖို့ကြိုးစား နေတာဖြစ်ပြီး ပထမဆုံးအဖြစ် အယ်လ်လွန်မတ်စ်ရဲ့ စပေ့အိတ်ချ်က လွန်ခဲ့တဲ့လေးနှစ်က အလားတူခရီးမျိုး လွှတ်တင်ခဲ့ပြီး ဖြစ် ပါတယ်။
ဘိုအင်းဟာ ဒုတိယအကြိမ်မြောက်ကြိးစားမှုအဖြစ် ယခုလွှတ်တင်ဖို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဘိုအင်းရဲ့ ဒီအစီအစဉ်ဟာ နှစ်ပေါင်းများစွာနှောင့်နှေးနေခဲ့တာပါ။
Source: Wires
အီရန်သမ္မတ အီဘရာဟင်ရေစီနဲ့ နောက်ပါအဖွဲ့ သေဆုံးခဲ့ရတဲ့ ရဟတ်ယာဉ်ပျက်ကျခြင်း အကြောင်းအရင်းများအကြောင်း ဒုတိယအကြိမ် အစီရင်ခံစာကို အီရန်လက်နက်ကိုင်တပ်များရဲ့ စစ်ဦးစီးချုပ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
#World_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 1 June 2024
၁။ ပထမဆုံးအကြိမ် မြင်းထိန်းသိမ်းစောင့်ရှောက်မှုသင်တန်း ရန်ကုန်၌ ဖွင့်မည်
၂။ မော်လမြိုင်တွင် ပထမဦးဆုံးအဖြစ် EV အမြန်အားသွင်းစင်တာဖွင့်
၃။ ပြည်ပဝယ်လိုအားမရှိသော်လည်း ကုန်သည်နှင့်ပွဲစားများက ဈေးထိန်းရောင်းနေသဖြင့် နနွင်းတတ် ဈေးအမြင့်မှာသာရှိနေ
၄။ အီရန်သမ္မတ၏ ရဟတ်ယာဥ်ပျက်ရခြင်းအကြောင်းရင်း ဒုတိယအစီရင်ခံစာအား ထုတ်ပြန် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
Publicshed 1 June 2024
ဧရာဝတီတိုင်းဒေသကြီး၌ပုဂ္ဂလိကစက်မှုလုပ်ငန်းပေါင်း ၅,၀၀၀ ကျော်ရှိပြီး အငယ်စားပုဂ္ဂလိကစက်မှုလုပ်ငန်းများမှာအများဆုံးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှသိရသည် ။
အဆိုပါ တိုင်းဒေသကြီး၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်စဧပြီလ၌ ပုဂ္ဂလိကစက်မှုလုပ်ငန်းသစ် ၂၀ ကိုမှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပြီးလက်ရှိတွင် တရားဝင်လုပ်ကိုင်ဆောင်ရွက်နေသည့် စုစုပေါင်းစက်မှုလုပ်ငန်း ပေါင်း၅,၅၆၅ ခုရှိနေကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများအနက် ပထမအများဆုံးအဖြစ် အငယ်စားပုဂ္ဂလိကစက်မှုလုပ်ငန်း ၃,၅၇၆ ခု ၊ ဒုတိယအများဆုံးအဖြစ် အကြီးစားပုဂ္ဂလိကစက်မှုလုပ်ငန်း ၁,၂၄၂ ခုနှင့် အလတ်စားပုဂ္ဂလိကစက်မှုလုပ်ငန်း ၇၄၇ ခု တို့မှာ လုပ်ငန်းများလုပ်ကိုင်နေကြောင်းသိရသည်။
၎င်းလုပ်ငန်းများမှာ မအူပင်စက်မှုဇုန်၊ ပုသိမ်စက်မှုဇုန် စသည့် စက်မှုဇုန်များဖြင့်လည်းစက်မှုလက်မှုလုပ်ငန်းများကိုစနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် နေကြောင်း၊အချို့သောစက်မှုလုပ်ငန်းများမှာစက်မှုဇုန်ဧရိယာများတွင် ရှိသလိုအချို့မှာ စက်မှုဇုန်ဧရိယာပြင်ပတွင် လုပ်ကိုင်နေသည်များလည်းရှိကြောင်းသိရသည်။
အဆိုပါ စက်မှုလုပ်ငန်းများအတွက် စနစ်တကျရှိစေရေးနှင့် လိုအပ်သည့် အကူအညီများပေးနိုင်ရန် ဌာနမှ လုပ်ငန်းမှတ်ပုံတင်များဆောင်ရွက်ပေးနေကြောင်း သိရသည် ။
Yangon_Times/NN
#Local_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 764 of 2058