#Local_News
Published 2 August 2024


ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားအနီးရှိကျိုက်ထီးရိုးကျောင်းတိုက်တွင် သစ်ပင်လဲကျ၍ ဘုန်းကြီးကျောင်းစောင်းတန်းနှင့် ဆွမ်းစားဆောင်ပေါ်သို့ ပိမိမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ဩဂုတ်၂ ရက်နေ့၊ မနက်၇ နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ငါးထပ်ကြီးမြောက်ရပ်ကွက်၊ ငါးထပ်ကြီးဘုရားလမ်း၊ ကျိုက်ထီးရိုးကျောင်းတိုက်တွင် သစ်ပင်လဲကျ၍ ဘုန်းကြီးကျောင်းစောင်းတန်းနှင့် ဆွမ်းစားဆောင်ပေါ်သို့ ပိနေကြောင်း သတင်းရရှိသဖြင့် အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ  သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

#YMG/NN #Yangon_Times