#Local_News
Published_ 16 September 2023
ရေနစ်သေဆုံးသော မြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ်ပြိုင်ပွဲ ဒုတိယဆုရှင် ရခိုင်လူငယ်ကွန်ပျူတာဆရာကိုနေထိန်ဝင်းကို ယနေ့သဂြိုလ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်၊ ညနေက ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်၊ ပြိုင်ချောင်းကျေးရွာအနီး ချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေချိုးကြစဉ် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုနေထိန်ဝင်းမှာ ရခိုင်ပြည်နယ်ပုဏ္ဏားကွန်းမြို့နယ်၊ အလယ်ချောင်းကျေးရွာကဖြစ်ပြီး ၂၀၂၁ ခုနှစ် မြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် ဒုတိယရရှိထားသူဖြစ်သည့်အပြင် ပညာရေး တက္ကသိုလ်(B.Ed) ကျောင်းဆင်း ကျောင်းဆရာတစ်ဦးဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ထမ်းအဖြစ် တစ်နှစ်ကျော်ခန့် တာဝန်ထမ်းဆောင်ခဲ့ကာ ယခုအခါအလုပ်ထွက်ထားပြီး ဒေသခံလူငယ်များအား ကွန်ပျူတာသင်ကြားပေးနေသူလည်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၂၈ နှစ်အရွယ်သာ ရှိသေးသော လူငယ်တစ်ဦးဖြစ်ကြောင်း၊ ယင်းကိုနေထိန်ဝင်း၏ ရုပ်အလောင်းကိုဇာတိရွာအလယ်ချောင်းကျေးရွာသုသာန်၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
#Local_News #သင်္ချာအိုလံပစ်ပြိုင်ပွဲဒုတိယဆုရှင် #ရခိုင်လူငယ်ကွန်ပျူတာဆရာ #ရေနစ်သေဆုံး #Yangon_Times/PP
မိုးမြေပဲဈေးကွက်အတွင်း စတင်ဝင်ရောက်ချိန်က ဝယ်လိုအားမရှိတဲ့အတွက် ကုန်သည်တွေက မြေပဲဖြူ အတောင့်တစ်တင်း ကို ၁၈၀၀၀ ကျပ် မှ ၂၃၀၀၀ကျပ် သာအမြင့်ဆုံးပေးတဲ့ အတွက်အစောပိုင်း ရောင်းချတဲ့ တောင်သူတွေအထိနာခဲ့တယ်လို့ ဆိုပါတယ်။
Published_ 16 September 2023
#မိုးမြေပဲဈေးကွက် #ပြည်တွင်းပြည်ပဝယ်လိုအား #မြေပဲဖြူ
#YMG/LW #Yangon_Times
‘‘ X-Rayစက်အဟောင်းတွေက ခဏခဏချို့ယွင်းလာတာတွေများလာတဲ့အတွက်ကြောင့်မို့ အသစ်ပြန်လဲဖို့ အိတ်ပိတ်တင်ဒါခေါ်ယူပြီးဝယ်ယူတပ်ဆင်သွားမှာဖြစ်တယ်။ X-Ray စက်သစ်(၅)လုံး ဝယ်ယူသွားမယ်’’ ဦးဘိုးသင်း၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်
Published_ 16 September 2023
#X-Ray #စက်အသစ်(၅)လုံးဝယ်ယူ
#tthl #Yangon_Times
#Local_News
Published-16 September 2023
ရန်ကုန်တိုင်းဒေသကြီး၊ သဃ်န်းကျွန်းမြို့နယ်တွင် ယာဉ် ၃စီးဆင့်တိုက်မှုဖြစ်ပွားပြီး Taxi ယာဉ်မောင်းအမျိုးသားမှာ ဇက်ကျိုးသည့်အနေအထားဖြင့် သေဆုံးမှုစက်တင်ဘာလ ၁၆ရက်(ယနေ့)ဖြစ်ခဲ့ကြောင်း Medical လူငယ်များအသင်းက သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက်တစ်နာရီ မထိုးမီအချိန်က (စက်တင်ဘာလ ၁၅ ရက် ညသန်းခေါင်းကျော်) အချိန် သဃ်န်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၊ အသင်းတိုက် မီးပွိုင့်တွင် အိမ်စီးကားနှင့် Taxi ကားတို့ဝင်တိုက်မိပြီး နောက်ထပ် Taxi တစ်စီးကို ထပ်မံတိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်စဉ်ကြောင့် အသက် ၅၀ ကျော်အရွယ် Taxi ယာဉ်မောင်းအမျိုးသား ၁ ဦး အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးမှုဖြစ်ခဲ့၍ သေဆုံးသူ၏ရုပ်အလောင်း (DB)အား သဃ်န်းကျွန်းစံပြဆေးရုံ ရင်ခွဲရုံသို့ PRနံပါတ်(82)ဖြင့် ပို့ဆောင်ကူညီခဲ့ကြောင်းလည်း အဆိုပါအသင်းကသိရသည်။
ယင်းအပြင် အိမ်စီးကားမှာလည်း ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁ဦးရှိခဲ့ကြောင်းလည်း သိရသည်။
#Local_News #သဃ်န်းကျွန်း #ယာဉ်၃စီးဆင့်တိုက် #Taxi ယာဉ်မောင်းသေဆုံး
#Yangon_Times/PP
‘‘ နိုင်ငံခြားသားခရီးသွားတွေအတွက် စက်တင်ဘာလအထိ မန္တလေးယဉ်ကျေးမှုဇုန်နဲ့ အင်းဝ၊ ပင်းတယ ယဉ်ကျေးမှုဇုန်ဝင်ကြေး ကျပ်တစ်သောင်း သတ်မှတ်ထားရာမှ လာမယ့်အောက်တိုဘာလမှာတော့ ဇုန်ဝင်ကြေးကျပ်တစ်သောင်းခွဲပြောင်းလဲသတ်မှတ်သွားမှာဖြစ်ပါတယ်’’ ဒေါက်တာသန်းထိုက်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)၊ညွှန်ကြားရေးမှူး
Published_ 16 September 2023
#မန္တလေးယဉ်ကျေးမှုဇုန် #အင်းဝယဉ်ကျေးမှုဇုန် #ဝင်ကြေးတိုးကောက်
#tthl #Yangon_Times
#Local_News
Published-16 September 2023
မြန်မာကျပ်ငွေနှင့် ရုရှားရူဘယ်အကြား တိုက်ရိုက်ပေးချေနိုင်မှု ကတ်စနစ် အသုံးပြုရေးလုပ်ဆောင်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
မြန်မာငွေပေးချေမှုအဖွဲ့ (MPU) က MIR Card System ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး MPU နှင့် ရုရှားနိုင်ငံ၏ National Payment Cards System (NSPK) 03: Non-Disclosure Agreement (NDA)ကို လက်မှတ်ရေးထိုးခဲ့ကာ နားလည်မှုစာချွန်လွှာကိုလည်း လက်မှတ် ရေးထိုးခဲ့ပြီးဖြစ် ကြောင်း သိရသည်။
ယခုအခါ MPU နှင့် MIR တို့အကြား Network ချိတ်ဆက်မှုများ ဆောင်ရွက်ပြီးစီးပြီးဖြစ်၍ Host to Host Connectivity Testing များ ပြုလုပ်နိုင်ရန် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
MIR Payment System ကတ် အသုံးပြုပါက အမေရိကန်ဒေါ်လာအသုံးပြုမှုအပေါ် မှီခိုအားထားမှုများ လျော့ နည်းလာစေ မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ငွေပေးချေရာတွင် လွယ်ကူ လျင်မြန်စွာပေး ချေနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ငွေပေးချေမှုရပ် ဝန်းပိုမိုကျယ်ပြန့်စေရေးအတွက် ယွမ်-ကျပ်၊ ဘတ်-ကျပ်၊ ရူပီး-ကျပ် တိုက်ရိုက် ပေးချေနိုင်ရေး ဆောင်ရွက်ထားပြီး ယခုအခါ ရုရှားနိုင်ငံနှင့် ရူဘယ်-ကျပ် ပေး ချေနိုင်ရေးဆက်လက် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယင်းကို ပြည်တွင်းရှိမည်သည့် ဘဏ်ဖြင့်ဖြစ်စေ ပေးချေမှုဆောင်ရွက်နိုင်ရေး စီစဉ်ထားကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
#Local_News #မြန်မာကျပ်ငွေ #ရုရှားရူဘယ် #ကတ်စနစ်အသုံးပြု
#Yangon_Times/PP
#World_News
Published 16 September 2023
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သောကြာနေ့က ရုရှားတိုက်လေယာဥ်စက်ရုံတစ်ခုသို့ သွားရောက်ကာ လျင်မြန်စွာ တိုးတက်နေတဲ့ ရုရှားလေကြာင်း နည်းပညာများကို လေးစားသဘောကျကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး နိုင်ငံ့ပြင်ပမှ ခြိမ်းခြောက်လာနိုင်တဲ့ ရန်များကို အသာရနိုင်လိမ့်မယ်လို့ ပြောကြားလိုက်ကြောင်း KCNA သတင်းဌာနက စက်တင်ဘာ ၁၆ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
အနောက်တိုင်းမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားတဲ့ ရုရှားတိုက်လေယာဥ်စက်ရုံသို့ ကင်မ်ဂျုံအန်းက သောကြာနေ့မှာ သွားရောက်လေ့လာ ကြည့်ရှုခဲ့တာဖြစ်ပြီး ဒီလိုလည်ပတ်ခြင်းက ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်တပ် အင်အားတောင့်တင်းလာမှာနဲ့ မြောက်ကိုရီးယား ဒုံးကျည်စီမံကိန်း အားကောင်းလာမှာကို အမေရိကန်နဲ့ မဟာမိတ်များက စိုးရိမ်နေကြပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းကလည်း ကင်မ်ဂျုံအန်းနဲ့ ရုရှားသမ္မတပူတင်တို့ဟာ စစ်ရေးစစ်ရာကိစ္စများ၊ ယူကရိန်းစစ်ပွဲအကြောင်းနဲ့ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးတို့အကြောင်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ စမ်းသပ်ရေးလေယာဥ်မှူးများနဲ့ တွေ့ဆုံကာ Su-57 လေယာဥ်ပေါ်တက်ပြီး ပဥ္စမမြောက်မျိုးဆက် တိုက်လေယာဥ်ရဲ့ ပျံသန်းမှုစွမ်းရည်နဲ့ နည်းပညာပိုင်း လုပ်ဆောင်ချက်များအကြောင်း အသေးစိတ်ရှင်းပြတာကို နားထောင်ခဲ့ပါတယ်။
စက်ရုံမှထုတ်လုပ်တဲ့ ခရီးသည်တင်လေယာဥ်ကြီးပေါ် တက်ရောက်ကာ ယင်းရဲ့စွမ်းဆောင်ရည်ကို လေ့လာမှတ်သားခဲ့ပြီး Su-35 တိုက်လေယာဥ် စမ်းသပ်ပျံသန်းမှုကို ကြည့်ရှုခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ ရုရှားမှာ စနေနေ့အထိ ဆက်ရှိနေဖွယ်ရှိပြီး ဗလာဒီဗိုစတော့မြို့နဲ့ ရေတပ်စခန်းတစ်ခုကို သွားရောက်လည်ပတ်ဖွယ် ရှိပါတယ်။
ကင်မ်ဂျုံအန်း ခရီးလည်ပတ်စဥ်အတွင်း ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား စစ်ရေးသဘောတူညီချက် တစ်စုံတစ်ရာ လက်မှတ်ရေးထိုးတာမျိုး မရှိဘူးလို့ ရုရှားအစိုးရက ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်းဟာ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်ရာကျပြီး ဒီအတွက် တန်ဖိုးပေးဆပ်ရလိမ့်မယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားကို လက်နက်များ ထောက်ပံ့နေတယ်လို့ အမေရိကန်က စွပ်စွဲထားပေမယ့် တကယ်တမ်း လက်နက်များ ပေးပို့ခြင်း ရှိမရှိကတော့ သေချာမသိရသေးပါဘူး။
#World_News #ရုရှားတိုက်လေယာဥ် #ရုရှားခရီးစဥ်အတွင်း #ကင်မ်ဂျုံအန်း
Source: CNA
#Local_News
Published_ 16 September 2023
ရန်ကုန်မြို့သာကေတအဝိုင်းတွင် အိမ်ယာမဲ့ အမျိုးသားတစ်ဦး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ထံက သိရသည်။
စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က သာကေတမြို့နယ်အဝိုင်းထိပ်အနီးတွင် အသက်(၄၀)နှစ်ဝန်းကျင်ခန့်လမ်းဘေးနေ အမျိုးသားတစ်ဦး ပြင်ပဒဏ်ရာမရှိပဲ သေဆုံးနေကြောင်းကို ပြည်သူများမှ အကြောင်းကြားလာသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ ကသွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နေရာတွင်အိမ်ယာမဲ့လင်မယားနှစ်ဦးနေထိုင်တာဖြစ်ပြီး သေဆုံးသွားသူမှာ အသက်၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။
''အဲ့နေရာမှာ အဖီလေးထိုးပြီးတော့ လင်မယားနှစ်ယောက်နေတာ အခုသေဆုံးတာက အမျိုးသား ကျန်တဲ့သူ့အမျိုးသမီးကလဲ နေမကောင်းဘူး၊ သေဆုံးသူအလောင်းကိုတော့ သယ်လာပြီးပြီ သူ့အမျိုးသမီးကတော့ အဲ့နေရာမှာပဲကျန်ခဲ့တယ်''ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ကတာဝန်ရှိသူက ပြောသည်။
အဆိုပါ ရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းနာရေးယာဉ်ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Local_News #သာကေတအဝိုင်း #အိမ်ယာမဲ့အမျိုးသားတစ်ဦး #ပြင်ပဒဏ်ရာမရှိဘဲသေဆုံး #Yangon_Times
#World_Health
Published 16 September 2023
အသက် ၇၀ အရွယ် အမျိုးသမီးကြီးတစ်ဦးက အသက် ၂၀ စာမျှ နုပျိုနေရတဲ့ လျှို့ဝှက်ချက်များကို ထုတ်ဖော်မျှဝေခဲ့ပါတယ်။
ငယ်ရွယ်နုပျိုစေတဲ့ ပုံပေါက်နေစေရန် သူမနေ့စဥ်ပြုလုပ်လေ့ရှိတဲ့ အလေ့အထ ၃ မျိုးကို တစ်တော့ဗီဒီယိုမှာတင်ခဲ့ရာ လိုက်ခ် ၃ သောင်းကျော် ရရှိထားပါတယ်။
ထိုအမျိုးသမီးကြီးရဲ့ တူမဖြစ်သူဟာ သူမရဲ့ @thirtywaves ဆိုတဲ့ တစ်တော့အကောင့်မှာ အဒေါ်ဖြစ်သူကို မိတ်ဆက်ပေးထားပြီး ‘’ဒါကတော့ အသက် ၇၀ အရွယ် အဒေါ်ဖြစ်ပြီးတော့ နုပျိုရခြင်းရဲ့ လျှို့ဝှက်ချက်များကို မျှဝေပေးသွားပါမယ်’’ လို့ ပြောပြသွားပါတယ်။
(၁) ပထမဆုံးအချက်က အရေပြားကို ကုတ်ဖဲ့ ပွတ်ဆွဲခြင်း မပြုလုပ်ဖို့ပါပဲ။
ဒါကို သားရေသားကို ပွတ်လိုက်ရင် အစင်းကြောင်းထင်သွားတာကို ဥပမာပြပြီး ပြောပြခဲ့ပါတယ်။
မျက်နှာအရေပြားကို ညင်သာစွာတို့ပေးဖို့နဲ့ မိတ်ကပ်ဖျက်ဆေးတွေနဲ့ မျက်လုံးနားတဝိုက် မပွတ်ဆွဲဖို့ အကြံပေးခဲ့ပါတယ်။
(၂) နောက်တစ်ချက်ကတော့ မျက်နှာကို တစ်နေ့တစ်ကြိမ်သာ သစ်ဖို့ပါပဲ။
အမျိုးသမီးကြီးက ညဘက်အခါမှာ လက်ချောင်းထိပ်များဖြင့် ညင်သာစွာ အသုံးပြုပြီး သဘက်ဖြင့် ဖွဖွသုတ်ပေးပါတယ်။
ခဏခဏ မျက်နှာသစ်တဲ့အခါ မျက်နှာရှိ သဘာဝအဆီဓာတ်များ လွင့်စင်သွားပြီး အရေးကြောင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။
(၃) နောက်ဆုံးအချက်ကတော့ မျက်နှာအရေပြား ထိန်းသိမ်းမှုအဖြစ် ရက်တီနောလ် လိမ်းပေးတာပါပဲ။
ဆရာဝန် ညွှန်ကြားချက်ဖြင့် ရက်တီနောလ်လိမ်းဆေး အသုံးပြုရန် အကြံပြုခဲ့ပါတယ်။
အမျိုးသမီးကြီးက ထိုဆေးကို နဖူး၊ ပါး၊ လည်ပင်း၊ ရင်ဘတ်၊ နှုတ်ခမ်း၊ မျက်လုံးဘေးသားတွေမှာ လိမ်းပေးပါတယ်။
ဒါ့အပြင် အယ်လ်ကိုဟောကို သင့်တင့်စွာသာ သောက်သုံးရန်နဲ့ အာဟာရညီညွတ်မျှတစွာ စားသုံးရန်လည်း အကြံပြုသွားပါတယ်။
အဆိုပါ အသက် ၇၀ အမျိုးသမီးကို ကြည့်ပြီး နှစ် ၂၀ စာလောက် ငယ်ရွယ်တယ်ထင်ရကြောင်း ဗီဒီယိုကြည့်ရှုသူတွေက ချီးမွမ်းခဲ့ကြပါတယ်။
#World_Health #လျှို့ဝှက်ချက်(၃)ခု #အသက်(၇၀)အရွယ်အမျိုးသမီး
Source: The Jerusalem Post
#Local_News
Published_ 16 September 2023
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ကလျာဏီရပ်ကွက်၊ စေတဝန်ကျောင်းလမ်းမှာရှိသည့် စေတဝန်ဘုန်းတော်ကြီးကျောင်းမှာ ယနေ့နံနက် ၀၀.၁၀အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။
အဆိုပါ ကျောင်းဝန်းအတွင်းမှ နှစ်ထပ်ကျောင်းဆောင် မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး လျှပ်စစ်မီတာပုံးမှ တစ်ဆင့်လောင်ကျွမ်းတာဖြစ်ကြောင်း ပဲခူးမြို့လူမှုကူညီရေးအသင်းများထံက သိရသည်။
မီးလောင်မှုကို ပဲခူးတိုင်းမီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပဲခူးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၀ ၃၅ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အား မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#YMG /LW #Local_News #ပဲခူးမြို့ #မီးလောင်မှုဖြစ်
#Yangon_Times
#World_Health
Published 16 September 2023
ခဲအဆိပ်သင့်ခြင်းဟာ ကမ္ဘာတဝှမ်းရဲ့ ကျန်းမာရေးအပေါ် ယခင်ထင်ထားတာထက် များစွာပိုမိုသက်ရောက်နေကြောင်း သုတေသနတစ်ခုမှာ တွေ့ရှိထားပါတယ်။
ခဲသတ္တုဟာ တစ်နှစ်ကို လူဦးရေ ၅ သန်းခန့် သေဆုံးစေလျက်ရှိပြီး လေထုညစ်ညမ်းမှုအတွက်လည်း အလားတူ အန္တရာယ်ရှိနေပါတယ်။
ခဲနဲ့ထိတွေ့ရခြင်းက တစ်ကမ္ဘာလုံးမှာ အန္တရာယ်မြင့်မားလာပေမယ့် ခဲသတ္တုပါဝင်တဲ့ ဓာတ်ဆီတွေ မရှိတော့တဲ့နောက် သွေးထဲက ခဲသတ္တုပမာဏ ကျဆင်းလာပါတယ်။
ခဲဆိပ်သင့်ခြင်းကြောင့် ဉာဏ်ရည်ဉာဏ်သွေးအပိုင်း ကျဆင်းလာခြင်းနဲ့ နှလုံးသွေးကြောရောဂါကြောင့် အသက်ဆုံးရှုံးရခြင်းတို့ကို တတ်သလောက်ခန့်မှန်းဖို့ ရည်ရွယ်ခဲ့ကြပါတယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်က လေ့လာချက်များအရ တိုင်းပြည်ရဲ့ သွေးထဲကခဲပမာဏကို ခန့်မှန်းအသုံးပြုခဲ့ကြပါတယ်။
သွေးထဲက ခဲပမာဏကြောင့် IQ ကျဆင်းခြင်းကို အခြေခံကာ တစ်ကမ္ဘာလုံးရှိ အသက် ၅ နှစ်အောက် ကလေးများရဲ့ IQ ဆုံးရှုံးမှုကို တွက်ချက်ခန့်မှန်းခဲ့ကြပါတယ်။
အသက် ၂၅ နှစ်နဲ့အထက် လူတွေမှာ ခဲဆိပ်သင့်ပြီး နှလုံးသွေးကြောရောဂါကြောင့် သေဆုံးမှုများကို သုတေသီများ ခန့်မှန်းခဲ့ကြပါတယ်။
ဒီခန့်မှန်းချက်တွေကို တိုင်းပြည်ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေအတွက် ရည်ရွယ်ကာ တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။
လေ့လာချက်အရ ခဲဆိပ်သင့်ခြင်းကြောင့် အသက် ၅ နှစ်အောက် ကလေးငယ်များမှာ IQ အမှတ်ပေါင်း ၇၆၅ သန်းဆုံးရှုံးခဲ့ပြီး အရွယ်ရောက်ပြီးသူပေါင်း ၅,၅၄၅,၀၀၀ ဦးဟာ နှလုံးသွေးကြောရောဂါကြောင့် သေဆုံးခဲ့ရပါတယ်။
နွမ်းပါးတဲ့နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ IQ ဆုံးရှုံးရခြင်းက ယခင်မှန်းထားတာထက် ၈၀ ရာခိုင်နှုန်းနီးပါး မြင့်မားခဲ့ပြီး နှလုံးသွေးကြောရောဂါကြောင့် သေဆုံးမှုတွေကတော့ ၂၀၁၉ ခုနှစ် ခန့်မှန်းချက်ထက် ၆ ဆ ပိုများနေပါတယ်။
#World_Health #ခဲဆိပ်သင့်ခြင်း #တစ်ကမ္ဘာလုံး၏ကျန်းမာရေး
Source: WION
၁၅ စက်တင်ဘာ ၊ ၂၀၂၃
နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal AlongkornVannarot နှင့် တွေ့ဆုံကာ မြန်မာ့တပ်မတော် (လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြားပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေတွေကိုဆွေးနွေးခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီးစီးခဲ့သည့် (၂၀)ကြိမ်မြောက်အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံ 20th AACCသို့တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့တာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် တို့ဟာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာ့တပ်မတော် (လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြားပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာ-ထိုင်းတပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(HLC)နှင့် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြား ကော်မတီအစည်းအဝေး(RBC) ကို နှစ်စဉ်ဆောင်ရွက်နေမှုအခြေအနေများ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များလည်ပတ်ရေး ဆိုင်ရာကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်လေတပ်မှတပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းဘုရင့်လေတပ်စစ်သံမှူးတို့ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
-ymg/knl/
Page 768 of 1704