#Daily_News
Published_ 22 February 2024
၁။ ဂျပန်ရောက်မြန်မာများ သံရုံးသို့ ငွေပိုသွင်းနေ၍ ပမာဏအတိအကျသာ လွှဲကြရန် အသိပေး
၂။ ရှမ်းတောင်ရှိ အရှူးပေါ်နေသည့် မုန်ညှင်းနှင့် အခြားဟင်းသီးဟင်းရွက်များအား နောက်ဆုံးဈေးကွက်ဖြင့် ချိတ်ဆက်ပေးနေ
၃။ အခုရက်ပိုင်းတွင် တစ်ရက်တည်းကို မီး(၁၀)ကြိမ်လောင်ကျွမ်းသည့်အထိကြုံလာ၊ မနှစ်ကထက်တော့ မီးလောင်ကျွမ်းမှုနည်းပါး
၄။ မော်ရိုကိုမှ တရုတ်ပေကျင်းအထိ ကီလိုမီတာတစ်သောင်းခွဲကွာဝေးသည့်ခရီးစဥ်ကို စက်ဘီးစီးလည်ပတ်မည့် မော်ရိုကိုစွန့်စားခရီးသည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
“ ထွက်လာတဲ့ထုတ်ကုန်ကအတူတူပဲ။ ဓာတုပစ္စည်းက အတူတူပဲ။ပြီးတော့ အလင်းဂုဏ်သတ္တိတွေကလည်း အတူတူပဲ”
ပက်တဲလ်(ဒါရိုက်တာ-ဂရင်းလက််ဗ်ဒိုင်းမွန်း၊အိန္ဒိယ)
၂၂ ဖေဖော်ဝါရီ ၂၀၂၄
ဓာတ်ခွဲခန်းထုတ် လူလုပ်စိန်တွေဟာ ဒေါ်လာ ၈၉ ဘီလျံတန်ဖိုးရှိတဲ့ ကမ္ဘာ့စိန်ရတနာဈေးကွက်ကို ပုံစံသစ်သွင်းနေပါတယ်။ အထူးသဖြင့် ကမ္ဘာ့စိန်တွေအားလုံးရဲ့ ၉၀ရာခိုင်နှုန်းကို ဖြတ်တောက်သွေးနေတဲ့ အိန္ဒိယနိုင်ငံ ဆူရတ်မြို့မှာပဲဖြစ်ပါတယ်။
စမစ်ပက်တဲလ်ရဲ့ ဂလင်းမင်းဓာတ်ခွဲခန်းမှာ ကျွမ်းကျင်ပညာရှင်တွေဟာ ခရစ်စတယ်စိန်မျိုးစေ့ချပ်ပြားလွှာ crystal diamond "seed"ကလေးတွေကို မြေကြီးအနက်ကြီးထဲက အလွန်ပြင်းထန်တဲ့ဖိအားတစ်ခုအတိုင်း တုပထားတဲ့ ဓာတ်ပေါင်းဖိုထဲကို ထည့်လိုက်ကြပါတယ်။
အဲဒီမျိုးစေ့အဆင့်ကနေ စိန်ပွင့်ကလေးဖြစ်လာတဲ့ လုပ်ဆောင်ရတဲ့ အချိန်က ရက်သတ္တပတ်(၈)ပတ်လျော့လျော့ ကြာတတ် ပါတယ်။ သဘာဝစိန်ဖြစ်ပေါ်တဲ့ သဘာဝအတုဖြစ်တဲ့ ဓာတ်ပေါင်းဖိုကနေတစ်ဆင့် ထုတ်လုပ်လိုက်တဲ့ လူလုပ်စိန် တွေဟာ မြေကြီးအနက်ကြီးထဲက တူးဖော်လို့ရတဲ့ စိန်တွေနှင့် ခွဲခြားလို့မရနိုင်တော့ပါဘူး။
“ ထွက်လာတဲ့ထုတ်ကုန်ကအတူတူပဲ။ ဓာတုပစ္စည်းက အတူတူပဲ။ပြီးတော့ အလင်းဂုဏ်သတ္တိတွေကလည်း အတူတူပဲ” လို့ အဲဒီ ဂရင်းလက်ဗ်ဒိုင်းမွန်းကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ပက်တဲလ်က အေအက်ဖ်ပီသတင်းဌာနကိုပြောပါတယ်။
ဓာတ်ခွဲခန်းကနေထွက်တဲ့ လူလုပ်စိန်တွေကို အိန္ဒိယနိုင်ငံက ပြည်ပကိုတင်ပို့နေတာဟာ ၂၀၁၉ခုနှစ်နှင့် ၂၀၂၂ခုနှစ်အကြား သုံးဆတက်လာပါ့တယ်။ ၂၀၂၃ခုနှစ် ဧပြီလနှင့် အောက်တိုဘာလအကြားမှာဆို ပြည်ပပို့တဲ့ပမာဏက ၂၅ ရာခိုင်နှုန်းတက်လာ ပါသေးတယ်လို့ နောက်ဆုံးရ ကိန်းဂဏန်းအချက်အလက်တွေအရသိရပါတယ်။
“ တစ်နှစ်တစ်နှစ်ကို (ဓာတ်ခွဲခန်းစိန်) ပမာဏက ရာခိုင်နှုန်း ၄၀၀လောက်တိုးတိုးလာနေတယ်” လို့ ပက်တဲလ်က ဆက်ပြောပါတယ်။
ပက်တဲလ်တို့ရဲ့ ဓာတ်ခွဲခန်းတွေမှာရှိတဲ့ ဓာတ်ပေါင်းဖိုတွေလိုမျိုးတွေဟာ သတ်မှတ်အပူချိန်နှင့်ဖိအားရဲ့အောက်မှာ မီသိန်း တို့လို ကာဘွန်ပါတဲ့ ဓာတ်ငွေ့တွေကို မှုတ်သွင်းပေးရင်း စိန်ပွင့်ကလေးတွေဟာ ဖိုထဲမှာ ကြီးထွားလာတာဖြစ်ပါတယ်။
အဲဒီကထွက်လာတဲ့ စိန်ပွင့်အကြမ်းထည်တွေကို နောက်တစ်နေရာပို့ရပြီး အဲဒီနေရာမှာ ရာပေါင်းများစွာသော အလုပ်သမား တွေဟာ စိန်တွေကို တောက်ပလာအောင် သွေးပြီး ပုံသဏ္ဍန်ဖော်ပေးကြပါတယ်။
၂၀၁၈ခုနှစ်မှာ ဓာတ်ခွဲခန်းထုတ်စိန်တွေဟာ ကမ္ဘာ့ဈေးကွက်ရဲ့ ၃.၅ ရာခိုင်နှုန်းပဲရှိခဲ့ရာကနေ ၂၀၂၃ခုနှစ်မှာ ၁၈.၅ ရာခိုင်နှုန်း အထိမြင့်တက်လာနေပါတယ်လို့ နယူးယောက်အခြေစိုက် ကျောက်မျက်လုပ်ငန်းဆန်းစစ်သရုပ်ခွဲတဲ့ ပေါ်ဇင်နီစကီးက အေအက်ဖ်ပီကိုပြောပါတယ်။ ယခု ၂၀၂၄ခုနှစ်မှာ ၂၀ရာခိုင်နှုန်းအထိရောက်လာလိမ့်မယ်လို့လည်းခန့်မှန်းထားပါတယ်။

စက်နှင့်လုပ်တဲ့ စိန်တွေကို ၁၉၅၀ပြည့်လွန်နှစ်တွေက စတင်ဖန်တီးခဲကြပေမယ့် နည်းပညာပိုင်းအားနည်းချက်တွေကြောင့် ဈေးကွက်မှာ မရှင်သန်နိုင်ခဲ့ကြပါဘူး။
ယခုဓာတ်ခွဲခန်းထုတ်စိန်တွေကတော့ သဘာဝစိန်အစစ်နှင့်ခွဲခြားမရအောင်တူနေပြီဖြစ်ပါတယ်။
သူ့ရဲ့ဓာတ်ခွဲခန်းဟာ ဒေသတွင်း လျှပ်စစ်ကွန်ယက်ကနေ နေရောင်ခြည်စွမ်အင်းသုံးလည်ပတ်နေတာလို့ ပက်တဲလ်ကပြော ပါတယ်။
တူးဖော်ထုတ်လုပ်ရရှိတဲ့ သဘာဝစိန်တွေထဲမှာ “ ပဋိပက္ခစိန်တွေ” လို့အမည်တပ်ထားတဲ့ စစ်ဖြစ်တဲ့နေရာကထုတ်လုပ်တဲ့ စိန်တွေဟာ နိုင်ငံတကာ ကင်ဘာလေနည်းစဉ်အတည်ပြုရေးအစီအစဉ်ကနေ အပယ်ခံရတာတွေရှိနေတဲ့အချိန်မှာ ဓာတ်ခွဲ ခန်းထုတ်စိန်တွေဟာ “သန့်ရှင်းတဲ့မှတ်တမ်း” အာမခံတယ်လို့ ဓာတ်ခွဲခန်းစိန်ထုတ်လုပ်သူတွေက ပြောဆိုနေကြပါတယ်။
အဲသလိုမျိုး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူသားချင်းစာနာထောက်ထားရေးတွေ ထောက်ရှုနေကြတာတွေကြောင့် ဓာတ်ခွဲ ခန်းလုပ်စိန်တွေကို စေ့စပ်လက်စွပ်တွေပြုလုပ်တဲ့အခါ ရွေးချယ်တာမျိုးတွေ ခေတ်စားလာပါတော့တယ်။
၂၀၂၃ခုနှစ် ဖေဖော်ဝါရီလမှာ သဘာဝကျောက်မျက်တွေကို မက်မောတဲ့ ကမ္ဘာ့အကြီးဆုံးဈေးကွက် အမေရိကန်ပြည်ထောင်စု မှာ ရောင်းချရတဲ့ စေ့စပ်လက်စွပ်တွေရဲ့ ၁၇ ရာခိုင်နှုန်းဟာ ဓာတ်ခွဲခန်း ထုတ်စိန်တွေနှင့်ပြုလုပ်ထားတာ ဖြစ်နေပါတယ်လို့ လုပ်ငန်းဆိုင်ရာခွဲခြမ်းစိတ်ဖြာသုံးသပ်တဲ့ အီဒန်ဂိုလန်ကပြောပါတယ်။
ဂိုလန်ရဲ့ တွက်ချက်မှုအရ ယခုဆိုရင် ၁၇ ရာခိုင်နှုန်းကနေ ၃၆ ရာခိုင်နှုန်းအထိဖြစ်လာပြီလို့ဆိုပါတယ်။
လူလုပ်ကျောက်မျက်တွေအများဆုံးထုတ်လုပ်နေတဲ့ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတွေရဲ့ ရာပေါင်းများစွာသော ကုမ္ပဏီတွေဟာ အဲဒီရာခိုင်နှုန်းရဲ့ တစ်စိတ်တစ်ပိုင်းကို ထုတ်လုပ်ပေးနေကြတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက ဓာတ်ခွဲခန်းလုပ်စိန်ဈေးကွက်ဟာ ၂၀၂၃ ဧပြီလကနေ အောက်တိုဘာအတွင်း ပြည်ပသို့ ၄.၀၄သန်းကာရက် တင်ပို့ခဲ့ပါတယ်။ မနှစ်ကထက်ယှဉ်ရင် ၄၂ရာခိုင်နှုန်းခုန်တက်ခဲ့တယ်လို့ အိန္ဓိယ ကျောက်မျက်ရတနာတင်ပို့သူများတိုးမြှင့်ရေး ကောင်စီရဲ့ အချက်အလက်တွေအရသိရပါတယ်။
ဆန့်ကျင်ဖက်အနေနှင့် အိန္ဒိယနိုင်ငံရဲ့ သဘာဝစိန်ရောင်းတဲ့ကုမ္ပဏီတွေဟာ ရောင်းအား ၂၅ ရာခိုင်နှုန်းကျော်ကျဆင်းသွားပြီး ၁၁.၃သန်း ကာရက်သာရှိပါတော့တယ်။ ထိပ်တန်းကုမ္ပဏီကြီးတွေဟာ တန်ဖိုးကြီးလှတဲ့ လက်ကျန်ပစ္စည်းတွေကျန်ရစ်ပြီး လုပ်ငန်းကနေထွက်ခွာကုန်ကြပါတယ်။
အိန္ဒိယရဲ့ အနောက်ပိုင်း ဆူရက်မြို့က စိန်ကုန်သည်တွေဟာ ကမ္ဘာ့စိန်တွေအားလုံးရဲ့ ၉၀ရာခိုင်နှုန်းကို သွေးပေးနေကြပါတယ်။
ကမ္ဘာ့စိန်ကုမ္ပဏီကြီး ဒီဘီယာအုပ်စုရဲ့ တရားဝင်စိန်ရောင်းခွင့်လိုင်စင်ရထားတဲ့ ဓီနာဗင်ချန်ဒရာ အိတ်စ်ပို့တ်ကုမ္ပဏီမှ အာဂျက်စ် မက်ထာက သူတို့ဟာ နှစ်ပေါင်း၃၀သက်တမ်းအတွင်း အဆိုးရွားဆုံးကျဆင်းမှုနှင့်ကြုံနေရတယ်လို့ပြောပါတယ်။
“ အရာရာတိုင်းဟာ မုန်တိုင်းကြီးမွှေလိုက်သလိုပဲ” လို့ သူကပြောပါတယ်။
ပြိုင်ဘက် ဓာတ်ခွဲခန်းစိန်တွေကြောင့်အပြင် အမေရိကန်နှင့် တရုတ်ဈေးကွက်တွေလို အရေးကြီးတဲ့ဈေးကွက်တွေကလ်း စီးပွားရေးနှေးကွေးနေတာကလည်း တစ်ခုပါဝင်နေပါတယ်။
ဒီဘီယာအုပ်စုဟာ ယခုနှစ်အတွက် သဘာဝစိန်တွေပထမဆုံးရောင်းချရာမှာ အမျိုးအစားလိုက်ပြီး ရောင်းဈေးတွေကို ၁၀ရာခိုင် နှုန်း ကနေ ၂၅ ရာခိုင်နှုန်းလျှော့ရောင်းချပေးနေရပါတယ်။
တစ်ပြိုင်နက်တည်းလိုပါပဲ ဓာတ်ခွဲခန်းထုတ်စိန်တွေကလည်း သူ့ပြဿနာနှင့်သူဖြစ်နေပါတယ်။
ထုတ်လုပ်မှုတွေက ထိုးထောင်တက်လာပြီးနောက် ဈေးတွေက ပြုတ်ကျသွားခဲ့ပါတယ်။ ၂၀၂၃ခုနှစ်မှာတင် ဓာတ်ခွဲခန်းထုတ် စိန်တွေဟာ ၅၈ ရာခိုင်နှုန်းဈေးကျသွားပါတယ်။
၂၀၂၂ခုနှစ်တုန်းက အရည်အသွေးနိမ့်တဲ့ တစ်ကာရက်ရှိ သွေးပြီးစိန်တစ်ပွင့်ကို ဒေါ်လာ ၂၄၀၀ရှိနေရာကနေ ၂၀၂၃ အရောက်မှာ ဒေါ်လာ ၁၀၀၀သာသာကလေးပဲရှိပါတော့တယ်လို့ ဆူရက်မှ ကုန်သည်တစ်ဦးကပြောပါတယ်။

အဲဒါကြောင့်လည်း ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာ အမေရိကန်နိုင်ငံမှာ လူလုပ်စိန်တွေ ဒုတိယအကြီးဆုံးထုတ်လုပ်တဲ့ WD Lab Grown Diamonds ဟာ ဒေဝါလီခံဖို့လျှောက်ထားခဲ့ပါတယ်။
ဒါပေမယ့် ပက်တဲလ်ကတော့ စောဒကတက်ပါတယ်။ ဈေးတွေကျတဲ့အတွက် ဝယ်အားတွေတက်လာမှာလို့ သူက ပြောပါ တယ်။
“ ဈေးတွေကျမှာ ကျွန်တော်တို့သိပါတယ်။ ဈေးကွက်ကလက်ဝါးကြီးအုပ်လို့မရတော့ဘူးလေ” လို့သူကပြောပါတယ်။
သူ့ရဲ့ပြောကြားမှုအပေါ် အိန္ဒိယရဲ့စီးပွားရေးမြို့တော်မွမ်ဘိုင်းက ရတနာပြခန်းမှာ ဈေးလာဝယ်သူတစ်ဦးက သဘောတူမျှ ပါတယ်။
“တူးဖော်ရတဲ့ စိန်(သဘာဝစိန်)တွေဟာ ငါးဆလောက်ဈေးကြီးတယ်။နေ့တိုင်းဝတ်ဆင်ဖို့ တစ်ခုခုလိုချင်တယ်ဆိုရင် ဓာတ်ခွဲခန်းထုတ်စိန်တွေက အလုပ်ဖြစ်တယ်။ ကျွန်မကတော့ တကယ်ကိုသဘောကျတယ်” လို့ လက်ခါပရက်ဘာခါက ပြောလိုက်ပါတယ်။
Source: Lab-grown diamonds put natural gems under pressure by AFP
22 February 2024
ပြည်တွင်းစက္ကူလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန် ကောက်ရိုးမှတစ်ဆင့် ပျော့ဖတ်နှင့်စက္ကူများထုတ်လုပ်ရန်ဆောင်ရွက်ရန်ရှိကြောင်း စက်မှုဝန်ကြီးဌာနမှသိရသည်။
စပါး၏ဘေးထွက်ပစ္စည်းဖြစ်သည့် ကောက်ရိုးများဖြင့် ပျော့ဖတ်များပြုလုပ်ပြီး အဆင့်မြင့်စက္ကူများထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကမြန်မာနိုင်ငံစက္ကူနှင့်ပျော့ဖတ် အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက "မိမိတို့နိုင်ငံ၌ ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် စပါးများကို တိုးချဲ့စိုက်ပျိုးလျက်ရှိ၍ ဘေးထွက်ပစ္စည်းဖြစ်သည့် ကောက်ရိုးများဖြင့် ပျော့ဖတ်များပြုလုပ်ပြီး အဆင့်မြင့်စက္ကူများထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန် ထပ်မံလမ်းညွှန်ထားကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ဖြင့် အသေးစားစက်ရုံများ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ဒေသတွင်းရှိ ပြည်သူများအား အလုပ်အကိုင်ရရှိအောင် ဖန်တီးပေးခြင်းဖြစ်ကြောင်း၊ ကောက်ရိုးမှတစ်ဆင့် ပျော့ဖတ်နှင့်စက္ကူ များထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများကိုလည်း ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်"ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လုပ်ငန်းများ စတင်ဆောင်ရွက်စဉ် အခက်အခဲများစွာရှိသလို အခွင့်အလမ်းလည်း များစွာရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် အကြီးစား စက်မှုလုပ်ငန်းများကိုသာ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အသေးစားစက်မှုလုပ်ငန်းများကို ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှဲပြောင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စက္ကူနှင့်ပျော့ဖတ် ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published- 22 February 2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဒဂုံ-သီလဝါကားလမ်း၊ ကုလားဝဲကျေးရွာအနီး၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုယနေ့တွင် ဖြစ်ပွား ခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၂ရက်နေ့၊ နေ့လယ် ၁နာရီ ၂ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဒဂုံ-သီလဝါကားလမ်း၊ ကုလားဝဲကျေးရွာအနီး၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်းသိရသည်။
' မီးသတ်ယာဉ်နှစ်စီးနဲ့ ရေဖြန်းနေတယ်၊ ကျွန်တော်တွေ့တာ မီးတော့ ဟိုလိုလောင်နေတာမဟုတ်ဘူး၊ မီးခိုးလေးတွေတော့တွေ့ရတယ်၊ ကားသမားတော့ ဆေးရုံပို့လိုက်ကြတယ်။' ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ Foam မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာ၍ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
စပျစ်လှိုင်ချိန်ဖြစ်သော်လည်း ဝယ်လိုအားများ၍ ဈေးတက်ရိပ်ပြလာ
'နေပူလာတော့ အရောင်းသွက်လာတယ်၊ စပျစ်ရာသီလည်းရောက်လာတော့လေ၊ လက်ရှိတောင်ကြီးအလှုချိန်ဆိုတော့ အဲ့ဒီဘက်ကပိုမှာနေတယ်၊ နောက်ပိုင်းအသီးလှရင် ရှစ်ထောင်၊တစ်သောင်းဖြစ်ဦးမယ်'
စပျစ်တစ်ပိသာ ပျှမ်းမျှကျပ်၈၀၀ အထိဈေးတက်လာ
Yangon Times/NN
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲမှာဗိုလ်တထောင်စေတီရှိ ဌာန(၇)ခုမှ ဝန်ထမ်းတွေပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လာမယ့် တပိုတွဲလပြည့်နေ့ ဖေဖော်ဝါရီလ (၂၄)ရက်မှာတော့ နှမ်းမနဲစတုဒိသာလှူဒါန်းမှုတွေ ဆောင်ရွက်သွားမှာဖြစ်တယ် ဂေါပကအဖွဲ့
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 22 February 2024
CTBTO Preparatory Commission ၏ (၆၂) ကြိမ်မြောက်လုပ်ငန်းအဖွဲ့(ဘီ) အစည်းအဝေးသို့ ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိကြောင်း သိရပါတယ်။
The Comprehensive Nuclear-Test-Ban Treaty Organization (CTBTO) Preparatory Commission ၏ (၆၂) ကြိမ်မြောက်လုပ်ငန်းအဖွဲ့(ဘီ)အစည်းအဝေးကို ဩစတြီးယားနိုင်ငံ၊ Vienna International Centre ၌ hybrid format ဖြင့် ဖေဖော်ဝါရီ ၁၉ ရက်မှစတင်ကျင်းပလျက်ရှိရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး ယာယီတာဝန်ခံ ဒေါ်စုစုဝင်းနှင့် ပထမအတွင်းဝန် ဒေါ်မြတ်မဉ္ဇူပြုံးတို့ တက်ရောက်နေကြတာ ဖြစ်ပါတယ်။
အစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၁ ရက်အထိ ကျင်းပမှာဖြစ်ပြီး နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုဆိုင်ရာ စောင့်ကြည့်စစ်ဆေးသည့် အစီအစဉ်များ အကောင်အထည် ဖော်ခြင်းနှင့်ပတ်သက်သော အတွင်းရေးမှူးရုံး၏ အစီရင်ခံစာများအား ပြန်လည်သုံးသပ်ကြမှာ ဖြစ်ပါတယ်။
အဆိုပါလုပ်ငန်းအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခုနှစ် လုပ်ငန်းအစီအစဉ်တွင်ပါရှိတဲ့ နည်းပညာဆိုင်ရာ ကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးခြင်း နှင့် International Monitoring System (IMS) Station ဆိုင်ရာ တည်နေရာအညွှန်း၊ အမည်နာမနှင့် code များကို ထပ်မံပြင်ဆင်ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ အတွင်းရေးမှူးရုံး၏ အဆိုပြုချက်များအပေါ် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
အစည်းအဝေးသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနိုင်ညီညီအောင် က အွန်လိုင်းစနစ်ဖြင့် တက်ရောက် လျက်ရှိကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group

Published-22 February 2024
မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)မြစ်ကူးတံတားတွင် ရေပိုက်လိုင်းသွယ်တန်းပြီးသောက်သုံးရေအခက်အခဲရှိသည့် မြို့နယ်များသို့ ပေးဝေသွားမည်ဖြစ်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(လမ်း၊တံတားဌာန)မှ သိရသည် ။
ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တွံတေးမြို့နယ် တို့တွင် သောက်သုံးရေအတွက် စက်ရေတွင်းများ တူးဖော်ရာတွင် ရေငန်သာထွက်ရှိခြင်းကြောင့် သောက်သုံးရေ အခက်အခဲ များရှိနေသဖြင့် နွေရာသီကာလတွင် ရေသယ်ယာဉ်များ၊စက်တပ်လှေငယ်များဖြင့်သောက်သုံးရေဖြန့်ဝေမှုများ ပြုလုပ်ရလေ့ရှိကြောင်းသိရသည်။
ထို့ကြောင့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတား တည်ဆောက်ရာတွင် ရန်ကုန်မြစ်တစ်ဖက် ကမ်းရှိမြို့နယ်များ သောက်သုံးရေရရှိရန် ရေပိုက်လိုင်းများသွယ်တန်းခြင်းကိုပါထည့်သွင်းဆောင်ရွက်နေကြောင်း၊ဒလမြစ်ကူးတံတားပေါ်မှတစ်ဆင့်သုည ဒသမ ၅ မီတာ (၁ဒသမ ၅ပေ)အချင်းရှိသောရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများအားရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြန်မာ-ကိုရီးယားချစ်ကြည် ရေး (ဒလ) တံတားကြီးကို နိုင်ငံ တကာတံတားသတ်မှတ်ချက် စံချိန်စံညွှန်းများနှင့်အညီတည် ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ တံတား ပုံစံထုတ်လုပ်ရာ၌ ရန်ကုန်မြို့ သို့ ဝင်၊ ထွက်သွားလာမည့် တန်ချိန် ၁၅၀၀၀ ရှိသည့် ပင်လယ် ကူးသင်္ဘောကြီးများဖြတ်သန်း နိုင်ရေးအတွက် တံတား ရေလမ်းကင်းလွတ်အမြင့်ကို ၄၉ မီတာအထိ ထားရှိခဲ့ရသဖြင့် ဆင်ခြေလျှောတံတား(Ramt P Bridges) ကို အတက်အဆင်း (Gradient) ပြေပြစ်စေရေးနှင့် ကမ်းနားလမ်း ဈေးဆိုင်ခန်းများ၊ အဆောက်အအုံများဖယ်ရှားမှု အနည်းဆုံးဖြစ်စေရေးအတွက် ချဉ်းကပ်တံတားနှင့်ဆင်ခြေ လျှောတံတား အရှည်တို့တို တွက်ချက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့အတူ မြန်မာနိုင်ငံတွင် တည်ဆောက် ပြီး တံတားများအနက် ရေလမ်း ကင်းလွတ်အမြင့် အများဆုံးဖြစ် ပြီး တံတားကြမ်းခင်းအမြင့်ဆုံး တံတားတစ်စင်းဖြစ်၍ မော်တော် ယာဉ်များ ဖြတ်သန်းမောင်းနှင် ရာတွင် ယာဉ်အန္တရာယ်ကင်း ရှင်းရေးအတွက် ပင်မတံတားနှင့် ချဉ်းကပ်တံတားတို့တွင် တစ် နာရီလျှင် ၅၀ ကီလိုမီတာနှုန်းဖြင့် ဆင်ခြေလျှောတံတားများတွင် တစ်နာရီလျှင် ၃၀ ကီလိုမီတာနှုန်း တို့ဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်း ပုံစံထုတ်၍ တည်ဆောက်ထား ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group


22 February 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလ ၂၂ရက်၊နံနက် (၁၁:၄၀) နာရီ အချိန်ခန့်တွင် ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ် သွားကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းYESC မှ သိရသည်။
ယင်းကဲ့သို့ ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ် သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အားပြတ်တောက်နေပါ ကြောင်းနှင့် ဓာတ်အားပြန်လည် ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေး ပန်ကြားအပ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တာမွေမြို့နယ် YESCမှလည်း မီးသုံးစွဲသူမိဘပြည်သူများသို့အသိပေးပန်ကြားခြင်း (၂၂.၂.၂၀၂၄)ရက်နေ့ (၁၁:၄၀)ခန့်အချိန်တွင် SystemBreakdown ဖြင့် တာမွေတစ်မြို့နယ်လုံး ဓာတ်အားပြတ်တောက်နေပါကြောင်း အသိပေးပန်ကြားအပ်ကြောင်း ဖော်ပြထားသည်။
သင်္ဃန်းကျွန်းမြို့နယ် YESCမှလည်း22-2-24 (11:40)SYSTEMချို့ယွင်းမှု ဖြစ်၍သင်္ဃန်းမြို့နယ်အတွင်းရှိခွဲရုံများအားလုံး ယာယီဓာတ်အားပြတ်တောက်နေကြောင်း အသိပေးထားပြီး မြို့နယ်အသီးသီးတွင် လျှပ်စစ်ဓာတ်အားများယာယီပြတ်တောက်နေကြောင်းနှင့်အချိန်မီ ပြုပြင်သွားမည်ဖြစ်ကြောင်း YESC၏ထုတ်ပြန်ချက်အရ သိရသည်။
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပုံမှန်တစ်ရက်ကို(၃)(၄)ကြိမ်မှ အခုရက် ပိုင်းမှာ တစ်ရက်တည်းကို မီး(၁၀)ကြိမ်လောင် ကျွမ်းသည့်အထိ ကြုံလာတယ်။
ပူပြင်းခြောက်သွေ့လာတဲ့အတွက် မီးကြွင်းမီးကျန်တွေကနေတစ်ဆင့် နေအိမ်လောင်ကျွမ်းတာ အများဆုံးဖြစ်ပြီး ကားမီးလောင်တာ၊ ဂိမ်းစက်၊ ခြင်ဆေးခွေ၊ ကိုင်းတောနဲ့ စက်ရုံမီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရှမ်းတောင်ရှိ အရှူံးပေါ်နေသည့် မုန်ညှင်းနှင့် အခြားဟင်းသီးဟင်းရွက်များအား နောက်ဆုံးဈေးကွက်ဖြင့် ချိတ်ဆက်ပေးနေ
'ဒီနှစ်က အောင်ပန်းဈေးကွက်က ဈေးမရတာကြောင့် တစ်ချို့အခင်းတွေဒီတိုင်းပဲပစ်လိုက်ရတာ တွေ့ရတယ်၊တစ်ချို့ကားလေးတွေနဲ့ တစ်အိတ်လောက်ဖြစ်ဖြစ် လိုက်ရောင်းတာရှိတယ်၊ ထွက်တဲ့ကုန်ချိန်နဲ့ဆိုရင် ဈေးကွက်ကြီးတစ်ခုကိုသွားမှဖြစ်မယ်ဆိုပြီး နောက်ဆုံး ဈေးကွက်နဲ့ချိတ်ဆက်ပေးတာပါ'
Yangon Times/NN
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကောင်စစ်ဆိုင်ရာ လျှောက်ထားသူများအနေနဲ့ လျှောက်ထားမှုအလိုက် သံရုံးငွေ စာရင်းသို့ ငွေပေးသွင်းရာမှာ မိမိပေးသွင်းရတဲ့ ငွေပမာဏ အတိ အကျကိုသာ ပေးသွင်းကြဖို့ လိုအပ်တယ်။
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 768 of 1930