မိုးရာသီဈေးရောင်းပွဲတော်တွင် လျှပ်စစ် EV ကားပြပွဲ ထည့်သွင်းကျင်းပမည်
ပြပွဲကို ပြည်သူ့ရင်ပြင်မှာ ဩဂုတ်လ(၄)ရက် ကနေ (၆)ရက်နေ့အထိ ပြုလုပ်မည်
Yangon_Times/my
#Published_ 1 August 2023
#Local_News
#YMG #Yangon_Times
Published_ 1 August 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် သြဂုတ်လပထမရက်(၁)ရက်တွင် မြန်မာလုပ်သား (၁၃၉)ဦးကို စေလွှတ်ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
ယင်းကဲ့သို့စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် (၁၃၉)ဦးသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာမြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက် များကို မှာကြားခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း EPSစနစ်ဖြင့် မြန်မာလုပ်သား(၁၀၄၉) ဦးကို စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times
Published_ 1 August 2023
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းအဆင်းတွင် ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားပြီး၊ (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသအခြေစိုက် ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ ထံ သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ (၆)ဦးကို အခင်းဖြစ်ပွားဪာနေရာမှ ကယ်ထုတ်နိုင်ခဲ့ပြီး၊ မြဝတီမြို့ ပြည့်သူဆေးရုံရကီးသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိာပါဖြစ်စဉ်သည် ယနေ့ ဩဂုတ်(၁)ရက် နံနက် ၁၀နာရီ ဝန်းကျင်အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အာရှလမ်း နတ်စင်အကွေ့တွင် မြဝတီဘက်မှ ဆင်းလာသော ခရီးသည်တင်အန်စာတုံးယာဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ယင်းအာရှလမ်းမကြီးတစ်လျှောက် နတ်ဆင်ကွေ့အဆင်းသည် မကြာခဏ ယာဉ်များတိမ်းမှောက်နေသည့် နေရာတစ်နေရာလည်းဖြစ်သည်။
Yangon Times/my
#Local_News
#YMG #Yangon_Times
တစ်နိုင်ငံလုံးတွင် ယနေ့နံနက်ပိုင်းမှစ၍ နောက်သုံးရက်အတွင်း မိုးကြီးနိုင်၊ မြစ်ဝကျွန်းပေါ်တွင် မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်
နောက်သုံးရက်အတွင်း တိုင်းနဲ့ ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာနိုင်
Yangon_Times/my
#Published_ 1 August 2023
#Local_News
#YMG #Yangon_Times
ခရီးဝေး ရထားစီးနင်းသူများ မှတ်ပုံတင်ကဒ်ပြ၍ သုံးရက်ကြိုတင် လက်မှတ်ဝယ်ယူစီးနင်းနိုင်
ခရီးဝေး ရထားစီးနင်းသူဉီးရေဟာ တစ်ရက်ကို နှစ်ထောင်နီးပါးရှိလာတာကြောင့် လက်မှတ်ကို သုံးရက်ကြိုတင်ဝယ်ယူရ
Yangon_Times/my
#Published_ 1 August 2023
#Local_News
#YMG #Yangon_Times
Published_ 1 August 2023
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် တွဲကားတစ်စီးအား အခြားယာဉ်တစ်စီးကနောက်မှ ဝင်ရောက်တိုက်သည့် ဖြစ်စဉ်တစ်ခု ယနေ့ ဩဂုတ်(၁) ရက် မွန်းလွဲ (၁၂) နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် နောက်မှ ဝင်တိုက်သည့် Canter ယာဉ်ပေါ်မှ အမျိုးသားနှစ်ဦးမှာ ကားနှစ်စီးအကြား ညပ်မိပြီး သေ ဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံးသူအမျိုးသားနှစ်ဦးကို အိုးဘိုလူမှုကူညီရေးအသင်းယာဉ်ဖြင့် စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းမြို့နယ်၊ ပုဂံရပ်ကောင်းမှုတော်ဘုရားအနောက်ဘက် မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မန္တလေးဘက်သို့မောင်းနှင်နေသော Nissan အမျိုးအစား တွဲကားယာဉ်အား လားရာတူမောင်းနှင်နေသော Canter ယာဉ်က အနောက်မှဝင်ရောက်တိုက်မိမှုဖြစ်ပွားပြီး လူသေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။
Yangon Times/my
#Local_News
#YMG #Yangon_Times
Published_ 1 August 2023
(၅၃)ကြိမ်မြောက် သိန်း ၅၀၀၀ အထူးဆုကြီး ကို( ခ ၅၁၆၁၅၆ ) နံပါတ်ဖြင့် မန္တလေးမြို့ “ခိုင်ရွှေဝါ” ထီအရောင်းဆိုင်ကြီးမှ ဘီးလင်းမြို့တွင်နေထိုင်သူ ကိုရဲထွဋ် ဆွတ်ခူးရရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွက် အောင်ဘာလေထီနှင့် အောင်ဘာလေအွန်လိုင်းထီ နှစ်ခုပေါင်း ထီလက် မှတ်ရောင်းရငွေမှာ ကျပ်သန်း (၅၃၀၀) ကျော်ရှိပြီး ယင်းမှ ကျပ်သန်း (၃၇၀၀) ကျော်ကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဘာလေထီဖွင့်ပွဲတွင် အထူးဆုကြီးအဖြစ် ကျပ်သိန်း ငါးထောင် (၁)ဆု၊ ကျပ်သိန်း နှစ်ထောင် (၁)ဆုနှင့် ကျပ်သိန်း တစ်ထောင် (၁)ဆုကို ချီးမြှင့်သွားမည်ဖြစ်ပြီး အခြားဆုမဲအချို့ကိုလည်း အရေအတွက်တိုးမြှင့်ကာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
Published_ 1 August 2023
တိုင်းရင်းသား လက်နက်ကိုင် ၂၂ ဦး အား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ယနေ့ သြဂုတ်လ ၁ ရက်တွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆို လပြည့် နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ တိုင်းရင်း သားစည်း လုံးညီညွတ် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း အကျဉ်းထောင် များတွင် ပြစ်ဒဏ်ကျခံ လျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ် များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု လိုက်ကြောင်း ပါရှိသည်။
ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်သူများမှာ
(၁) လရ/၂၂/၀၀၅၇၇/က အဆီးဖ(ဘ)ဦးအဆားဖ၊ MNDAAလက်နက်ကိုင်အဖွဲ့
(၂) မတလ/၂၁/၀၁၇၆၀/က အိုက်ညို့ (ခ)ကျော်ညို (ဘ)ဦးစံဟ၊ TNLAလက်နက်ကိုင်အဖွဲ့
(၃) မတလ/၂၁/၀၁၇၆၁/က အိုက်ကျန်(ခ)လွင်ကျော်(ဘ)ဦးအိုက်ရွှေ၊ TNLAလက်နက်ကိုင်အဖွဲ့
(၄) မလ/၂၁/၀၁၇၆၂/က ထွန်းဝင်း(ခ)အိုက်ဝင်း(ဘ)ဦးပန်းမာန်၊ TNLAလက်နက်ကိုင်အဖွဲ့
(၅) သပ/၂/၀၀၀၆၃/က အိုက်ရွှေ(ဘ)ဦးပန်းငြိမ်း၊ TNLAလက်နက်ကိုင်အဖွဲ့
(၆) သပ/၂၂/၀၀၀၆၄/က တောင်တျန်း(ဘ)ဦးပန်းငြိမ်း၊ TNLAလက်နက်ကိုင်အဖွဲ့
(၇) သပ/၂၂/၀၀၀၆၅/က အိုက်စိန်(ဘ)ဦးဒေဘီလ၊ TNLAလက်နက်ကိုင်အဖွဲ့
(၈) သပ/၂၂/၀၀၀၉၉/က အိုက်နိုင်(ခ)အနိုင်(ဘ)ဦးကျော်ဇော၊TNLAလက်နက်ကိုင်အဖွဲ့
(၉) လရ/၂၂/၀၀၂၈၈/က ကော်ခမ်း(ဘ)ဦးထွန်းရွှေ၊ SSPP/SSA လက်နက်ကိုင်အဖွဲ့
(၁၀) လရ/၂၂/၀၀၂၈၉/က အိုက်လွတ်(ဘ)ဦးထွန်း၊ SSPP/SSA လက်နက်ကိုင်အဖွဲ့
(၁၁) သပ/၂၁/၀၀၁၂၄/က ကျော်ထွန်း(ခ)အိုက်ထွန်း(ခ)လွယ်ကန်(ဘ)ဦးဩ၊ SSPP/SSA လက်နက်ကိုင်အဖွဲ့
(၁၂) လရ/၂၂/၀၀၅၇၈/က အိုက်ညီး(ဘ)ဦးညီမိန်း၊ MNDAAလက်နက်ကိုင်အဖွဲ့
(၁၃) လရ/၂၂/၀၁၀၉၀/က အာကာစိုး(ခ)အိုက်နွေ(ဘ)ဦးဝင်ဂျန်း၊ TNLAလက်နက်ကိုင်အဖွဲ့
(၁၄) လရ/၂၂/၀၀၂၇၆/က အိုက်မန်း(ဘ)ဦးအိုက်ဆွဲ၊ TNLAလက်နက်ကိုင်အဖွဲ့
(၁၅) လရ/၂၂/၀၁၀၉၁/က အိုက်ညို့(ဘ)ဦးအောင်ဆာ၊ TNLAလက်နက်ကိုင်အဖွဲ့
(၁၆) လရ/၂၃/၀၀၂၁၁/ကထွန်းမောင်(ခ)အိုက်ရိန်း(ဘ)ဦးအိုက်ဆာ၊ TNLAလက်နက်ကိုင်အဖွဲ့
(၁၇) လရ၂၂၀၁၂၀၁/က မောင်မောင်စံ(ခ)မောင်ကျမ်(ဘ)ဦးအိုက်တုန်(ခ)ဆွယ်ခိုင်၊TNLAလက်နက်ကိုင်အဖွဲ့
(၁၈) လရ/၂၂/၀၁၂၀၀/ကကာလိန်(ခ)မောင်လေး(ဘ)ဦးအိုက်ယွင်း၊ TNLAလက်နက်ကိုင်အဖွဲ့
(၁၉) လရ/၂၃/၀၀၆၁၅/က အိုက်တီး(ဘ)ဦးအိုက်လော့၊ TNLAလက်နက်ကိုင်အဖွဲ့
(၂၀) လရ/၂၃/၀၀၆၁၆/က အိုက်မွန်း(ဘ)ဦးအိုက်ကျန်၊TNLAလက်နက်ကိုင်အဖွဲ့
(၂၁) လရ/၂၃/၀၀၆၁၇/က အိုက်လော့(ခ)အောင်ကျော်(ဘ)ဦးအိုက်လွှဲ၊ TNLAလက်နက်ကိုင် အဖွဲ့
(၂၂) သတ/၂၃/၀၀၃၈၉/က အောင်နိုင်မြင့်(ဘ)ဦးချစ်မောင်၊ AAလက်နက်ကိုင်အဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။
Photo: PSLF TNLA And AA
Yangon_Times/PP
#Local_News
#YMG #Yangon_Times
သင်္ဘောမတက်ခင် မိသားစုဝင်များကို ရပိုင်ခွင့်အထောက်အထားအပ်သင့်
‘ပျောက်ဆုံးသင်္ဘောသား(၄)ဦး မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားရှိထားလားဆိုတာကို လက်ရှိအချိန်အထိ မိသားစုဝင်တွေ မဖြေနိုင်သေးဘူး’ ဦးစိုးမင်းအောင်၊ဥက္ကဌ(မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲချုပ်(MSF))
Yangon_Times/tthl
#Published_ 1 August 2023
#Local_News
#YMG #Yangon_Times
Published_ 1 August 2023
မန်ယူအသင်းအနေဖြင့် လာလည်ရာသီတွင် ပြီးခဲ့သည်ရာသီ တိုးတက်မှု ထက်ပိုမိုရမည်ဖြစ်ပြီး ပိုပိုကောင်းသော စွမ်းဆောင်ရည်ကို ပြသရသည်ဟု နည်းပြတန် ဟက်က သတိပေးပြောကြားခဲ့သည်။
မန်ယူအသင်းသည် ၂၀၂၁-၂၂ ရာသီက ဆိုးရွားသောခြေစွမ်းများကြောင့် နည်းပြများကို ထုတ်ပယ်ခဲ့ပြီး နောက်တန်ဟက်က တာဝန်ယူကိုင်တွယ်ခဲ့ရသည်။
ထို့ကြောင့် ပုံစံကောင်းတစ်ခုပြသနိုင်ခဲ့ပြီး ရာသီကုန်တွင် ပရီးမီးယားလိဂ် အဆင့် ၃၊ ကာရာဘောင်းဖလားချန်ပီ ယံ နှင့် FAဖလားဖိုင်နယ်သို့ တက်ရောက်နိုင် သည့်မှတ်တမ်းရရှိခဲ့သည်။
ကမ္ဘာ့ဘောလုံး အဆင့်အတန်းမှာ တိုးတက်လျက်ရှိနေပြီး မိမိတို့အနေဖြင့် နောက်ထပ် အဆင့်တစ်ခုသို့မဖြစ်မနေတက်လှမ်းရမည်ဖြစ်ကြောင်းတန် ဟက်ကပြောကြားခဲ့သည်။
ပရီးမီးယားလိဂ် သည် ပြီးခဲ့သည့်၄ နှစ် ၅နှစ်နှင့်ယှဉ်လျှင်ပိုမိုအင်အားတောင့်တင်းလာပြီဖြစ်ကြောင်း၊ မိမိတို့သည်စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်၍ရာသီသစ်ကို စတင်ကျော်ဖြတ်ရမည်ဖြစ်ကြောင်း ရောက်ရှိလာသော ကစားသမားသစ်များအနေဖြင့် ပရော်ဖက်ရှင်နယ်ပီသစ္စာလုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း တန်ဟက်ကဆိုသည်။
ဆက်စပ်သတင်းတစ်ရပ်တွင် ဒေါ်မွန်နှင့်ခြေစမ်းပွဲမှ မန်ယူအသင်း၏ ခြေစွမ်းကိုတန်ဟက်ကပြစ်တင်ဝေဖန်သွားခဲ့ပြီး ခွင့်လွှတ်နိုင်ဖွယ်ရာမရှိကြောင်း ပြောကြားခဲ့သည်။.
#World Sport
#YMG #Yangon_Times
Published_ 1 August 2023
နိုင်ဂျာမှာ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်များက ဖြုတ်ချခံရတဲ့ 'မိုဟာမက်ဘာဇူးမ်'အစိုးရဟာ သမ္မတနန်းတော်မှာ စစ်ရေးဝင်ရောက်စွက်ဖက်ရန်နဲ့ ဖြုတ်ချခံရတဲ့ သမ္မတကို လွတ်မြောက်အောင် ကူညီပေးရန် ပြင်သစ်ကို ခွင့်ပြုလိုက်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။
နိုင်ဂျာမှာ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန် နည်းလမ်းများရှာဖွေရေးအတွက် နိုင်ဂျီးရီးယားအချို့ပါဝင်တဲ့ ပြင်သစ်က နိုင်ဂျီးရီးယားနိုင်ငံတော်ကာကွယ်ရေး စစ်ဦးစီးချုပ်နဲ့ တွေ့ဆုံကာ လိုအပ်တဲ့ နိုင်ငံရေးနဲ့ စစ်ရေးခွင့်ပြုချက်ရရှိရန် ဆွေးနွေးခဲ့ကြကြောင်း စစ်အာဏာရှင်က နိုင်ငံတော်တီဗီကနေ ထုတ်ပြန်ခဲ့တယ်လို့ AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
နိုင်ဂျာဟာ ၁၉၆၀ ခုနှစ်က လွတ်လပ်ရေးမရခင်အထိ နှစ်ပေါင်း ၅၀ ကျော်ကြာအောင် ပြင်သစ်ကိုလိုနီလက်အောက်ခံ ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အာဏာသိမ်းမှုမတိုင်ခင်အထိ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ခိုင်မာနေခဲ့ပါတယ်။
ပြင်သစ်အနေဖြင့် မည်သည့်စစ်ရေးတိုက်ခိုက်မှုကိုမျှ ဆောင်ရွက်မယ်လို့ မကြေညာပေမယ့် သမ္မတ'အီမန်နျူယယ်မက်ခရွန်'က အကယ်၍ နိုင်ဂျာမှာရှိတဲ့ ပြင်သစ်နိုင်ငံသားများနဲ့ အကျိုးစီးပွားတို့ကို ထိခိုက်လာပါက ချက်ချင်းအရေးယူဆောင်ရွက်မယ်လို့ တနင်္ဂနွေနေ့က ကတိပြုခဲ့ပါတယ်။
အဆိုပါ အနောက်အာဖရိကနိုင်ငံမှာ စစ်ရေးကြားဝင်စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်များကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့က ငြင်းဆိုတုန့်ပြန်လိုက်ပါတယ်။
နီယမ်မေရှိ သံရုံးအပြင်ဘက်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးပြီး တံခါးကို မီးရှို့ပြီးနောက်တစ်နေ့မှာ ပြင်သစ်နိုင်ငံသားတွေရဲ့ ဘေးကင်းစိတ်ချရရေးကို အာရုံစိုက်နေပါတယ်။
ယင်းဆန္ဒပြမှုက နိုင်ဂျာမှာ ပြင်သစ်ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ ရုရှား၊ တရုတ်တို့ လွှမ်းမိုးလာမှုကို ထင်ဟပ်နေစေပါတယ်။
ပြည်တွင်းသတင်းအေဂျင်စီများရဲ့ အဆိုအရ ပြင်သစ်ဆန့်ကျင်ရေးနဲ့ ရုရှားလိုလားတဲ့ ကြွေးကြော်သံတွေကို တနင်္ဂနွေနေ့ စုဝေးပွဲ ကြားခဲ့ရပါတယ်။
ရုရှားအလံများ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူအချို့က ပြင်သစ်တွေဟာ ဂျီဟဒ်တွေထံကနေ မကာကွယ်ပေးနိုင်ဘူးလို့ ဆိုနေကြကာ ရုရှားကသာ မဟာမိတ်ကောင်းလို့ ဆိုနေကြပါတယ်။
တနင်္လာနေ့က ဘာဇူးမ်ပါတီမှ ဝန်ကြီးအများအပြားလည်း အဖမ်းခံခဲ့ရတယ်လို့ သတင်းရထားပါတယ်။
ဘာဇူးမ်ကို တစ်ပတ်အတွင်း ပြန်လည်အုပ်ချုပ်ခွင့်ပေးရန် အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုင်းအဝန်းက စစ်အစိုးရကို ခြိမ်းခြောက်ခဲ့ပြီး ထိုသို့မလုပ်ပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာအမိန့် ပြန်လည်ရရှိရန် အင်အားသုံးရမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
Source: WION
#World_Politics
#YMG #Yangon_Times
Published_ 1 August 2023
သမ္မတဟောင်း ဦးဝင်းမြင့် နှင့် အတိုင်ပင်ခံဟောင်းဒေါ်အောင်ဆန်းစုကြည် တို့၏ ပြစ်ဒဏ်အချို့ကို ကွင်းလုံးကျွတ်လွှတ်ပေးလိုက်ကြောင်းသိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ်၊ ၄၈ / ၂၀၂၃ ဖြင့်လည်းကောင်း၊ အမိန့်အမှတ်၊ ၄၉ / ၂၀၂၃ ဖြင့် နိုင်ငံတော်သမ္မတဟောင်းဦးဝင်းမြင့် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည် တို့ ကျခံနေရသည့် ပြစ်ဒဏ်များအနက် ပြစ်ဒဏ်အချို့ကို ယနေ့တွင်လွှတ်ပေးလိုက်ခြင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ဆိုင်ရာ တရားရုံးများက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ်၊ ၃၅/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၃၇/၂၀၂၁ ရာဇဝတ်မှုကြီးအမှတ်၊ ၇၁/၂၀၂၁ ၊ ရာဇဝတ်မှုကြီး အမှတ်၊ ၃၈/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၄၅/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျ ခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ယင်းအပြင် ဦးဝင်းမြင့်အပေါ် သက်ဆိုင်ရာ တရားရုံး များက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ်၊ ၃၅/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၃၆/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြု လိုက်ခြင်းဖြစ်ကြောင်း နစက က ထုတ်ပြန်ထားသည်။
Yangon Times/PP
#Local_News
#YMG #Yangon_Times
Page 770 of 1638