Published _29 July 2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ ကြာကန်ရပ်ကွက်အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်များအမိုးလန်ကာ သစ်ပင်မျာပြိုလဲမှုပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကြာကန်ရပ်ကွက်ရှိ အလယ်တန်းကျောင်း (ခွဲ)တွင် အမိုးသွပ် (၁၀) ချပ်ကျော် လွင့်ပါပျက်စီးခဲ့သည့်အပြင်၊ ကျောင်းအရှေ့ဘက် အုတ်တံတိုင်းအနီးရှိ ပိတောက်ပင် လဲပြိုကျမှုကြောင့် ကျောင်းအုတ်တံတိုင်း ၂၇ ပေခန့် ပျက်စီးသွားကြောင်းလည်း သိရသည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကြာကန်ရပ်ကွက်အပြင် အနီးအနားရှိ စက်သစ်ရပ်ကွက် နှင့် ဆည်မြောင်းအပိုင်းတွင်လည်း အပင်များလဲပြိုခြင်း နှင့် နေအိမ်များ အမိုးလန်ပျက်စီးမှုများရှိခဲ့ကြောင်း၊ လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း လူမှုကူညီရေးအဖွဲ့၀င်များ၏ ပြောကြားချက်အရ သိရသည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီအဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းရှင်းလင်းလျက််ရှိကြောင်း သိရသည်။
Yangon_Times/PP
Photo - CJ
#Local_News
#YMG #Yangon_Times
Published_ 29 July 2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါစက်မှုဇုန်ရှိ ချည်လုံးစက်ရုံတစ်ရုံတွင် ယနေ့ ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ နံနက် ၉ နာရီ ၃၀ မိိနစ်အချိန်ခန့်တွင် သီလဝါစက်မှုဇုန်ရှိ ကနောင်မင်းသားကြီးလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ပိုင်းခရိုင်မီးသတ်စခန်း၊သန်လျင်မြို့နယ်မီးသတ်စခန်း၊ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ ၁၀ နာရီ ၈ မိနစ်တွင် မီးထိန်းပြီး ၁၀ နာရီ ၁၉ မိနစ်၌ မီးငြိမ်းသွားကြောင်း သိရသည်။
လက်ရှိအချိန်တွင် မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon _Times/PP
#Local_News
#YMG #Yangon_Times
Published_ 29 July 2023
ဇူလိုင်လ၂၉ရက်မှစပြီး မွန်ပြည်နယ်ထဲတွင် မိုးသည်းထန်ပြီး ကားလမ်းမပေါ်ရေကျော်ခြင်း၊နေအိမ်အတွင်း ရေဝင်ခြင်းများစတင်ကြုံတွေ့နေရပြီဖြစ်သည်ဟုမွန်ပြည်နယ်အခြေစိုက်လူမှုကူညီရေးအဖွဲ့ထံမှသိရသည်။
ပေါင်မြို့နယ်နှင့်ကျိုက္ခမီဘက်တွင် မိုးရေချိန်များခဲ့ပြီး ရေကြီးရေလျှံခြင်း၊ကားလမ်းမပေါ်ရေကျော်ခြင်းများ စတင်ဖြစ်ပေါ်နေပြီဟုဆိုသည်။
‘‘မွန်ပြည်နယ်အတွင်းမှာ ရေနစ်မြုပ်လေ့ရှိတဲ့ရပ်ကွက်တွေအနေနဲ့ ညပိုင်းတွေမှာအထူးသတိထားနေထိုင်ဖို့ လိုအပ်ပြီး ညပိုင်းမိုးသည်းထန်ပြီးရေကြီးလာပါက ကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုကြိုတင်အကြောင်း ကြားပြီးအကူအညီတောင်းခံထားဖို့လိုအပ်တယ်’’လို့ ကိုဘိုဘိုဝင်း၊ ဥက္ကဌ(မွန်ပြည်နယ်အခြေစိုက် ဘိုဘိုဝင်းလူမှုကူညီရေးအဖွဲ့ကပြောသည်။
ရေနစ်မြုပ်နိုင်ခြေရှိသည့်နေရာများတွင် နေထိုင်နေသည့်သူများအနေဖြင့် ကူညီကယ်ဆယ်ရေးအဖွဲ့များကို အချိန်မီနေရာရွေ့ပြောင်းပေးရန် ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းသိရသည်။
မုတ်သုန်အားအလွန်ကောင်းနေသလို ဇူလိုင်လ၂၉ရက်တွင်မြန်မာနိုင်ငံအနီး လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာပြီး လေဖိအားနည်းရပ်ဝန်းသက်ရောက်မှုလည်းရှိနေသည့်အတွက် မွန်ပြည်နယ်အပါအဝင် ဒေသအချို့၌ အခုရက်ပိုင်းအတွင်းမိုးပိုရန်ရှိသည်ဟုလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း သတိပေးချက်ထုတ်ပြန်ထားသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times
လာမယ့် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ငါးလုပ်ငန်းသိပ္ပံကျောင်းက ကျောင်းသား/သူ တိုးမြှင့် ခေါ်ယူမည်
သင်တန်းလျှောက်လွှာအခမဲ့ရယူကာ စက်တင်ဘာလ ၃၁ ရက်နောက်ဆုံးထားလျှောက်ထား နိုင်
Yangon_Times/my
#Local_News
#Published_ 29 July 2023
#YMG #Yangon_Times
အသေးစားစက်မှုလက်မှုလုပ်ငန်း ၄၀၀ ကျော်ကို မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်
ခွင့်ပြုလိုက်တဲ့ အရေအတွက်ဟာ ယခုနှစ်ရဲ့ ဧပြီလနဲ့ ဇွန်လ သုံးလတာအတွင်း ဖြစ်
Yangon_Times/my
#Local_News
#Published_ 29 July 2023
#YMG #Yangon_Times
Published_ 29 July 2023
အင်တာမီလန်အသင်းဖော် ရိုမီလူ လူကာကူရဲ့အပြုအမူနဲ့ပတ်သက်ပြီး စိတ်ပျက်မိကြောင်းတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်က ဝန်ခံပြောဆိုခဲ့ပါတယ် လူကာကူကိုချက်လ်ဆီးအသင်းထံကနေ အင်တာမီလန်ကခေါ်ယူဖို့ကြိုးပမ်းနေတာပါ။
လူကာကူက ဆန်ဆီရို ကိုပြန်လာဖို့ကိုပဲစိတ်ဝင်စားကြောင်းပြောကြားခဲ့ပေမယ့် ချက်လ်ဆီးနဲ့ အင်တာမီလန်အကြား ဆွေးနွေးမှုတွေ အပြီးမသတ်နိုင်ပဲ ဖြစ်နေချိန်မှာ လူကာကူက အင်တာမီလန်ရဲ့ဆက်သွယ်မှုကိုတုံ့ပြန်ဖို့ကန့်ကွက်ခဲ့ပြီး ပြိုက်ဘက်ဂျုဗင်တပ်စ်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ လူကာကူကို ပြန်လည်ခေါ်ယူဖို့နဲ့ဥရောပရဲ့ကြောက်စရာအကောင်းဆုံးတိုက်စစ်အတွဲတစ်တွဲဖြစ်တဲ့ မာတီနက်ဇ်၊လူကာကူအတွဲကို ပြန်လည်အသက်သွင်းဖို့ မျှော်လင့်ချက်တွေဝေဝါးလာနေခဲ့ပါတယ်။
လူကာကူက နောက်ထပ်အီတလီအသင်းတစ်သင်းကို ဘယ်တော့မှပြောင်းရွှေ့မှာမဟုတ်ဘူးလို့ လူသိရှင်ကြားပြောကြားထားခဲ့ပါတယ်။"သူ့ရဲ့အပြုအမူနဲ့ပတ်သက်လို့ကျွန်တော်စိတ်ပျက်မိပါတယ်၊ ကျွန်တော်နဲ့ တခြားအင်တာမီလန်အသင်းဖော်တွေသူ့ကို ဖုန်းဆက်သွယ်ရာမှာပြန်လည်ဖြေကြားခြင်းမပြုခဲ့ပါဘူး”လို့မာတီနက်ဇ်က ငြီးတွားပြောဆိုခဲ့ပါတယ်။'
လူကာကူကို ဂျုဗင်တပ်စ် အသင်းအပြင် ဆော်ဒီအာရေဗျ ကလပ်တွေကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။.
#World_Sports
#YMG #Yangon_Times
Published_ 29 July 2023
လျှပ်စစ်သုံး EV သုံးဘီးဆိုင်ကယ်(၅၀)စီး ၊EVဆိုင်ကယ်(၉၆)စီး ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
ကော်မတီ၏ခွင့်ပြုချက်ဖြင့် ယခုရောက်ရှိလာသည့်EVသုံးဘီးဆိုင်ကယ်များကတော့ Jinpeng အမျိုးအစား လျှပ်စစ်သုံး EV သုံးဘီးမော်တော်ဆိုင်ကယ်(၅၀)စီး နှင့် Wuyang Honda (U-Go) အမျိုးအစားလျှပ်စစ်သုံး EV မော်တော်ဆိုင်ကယ် (၉၆)စီး တို့ဖြစ်သည်။
အဆိုပါ Jinpeng အမျိုးအစား EV သုံးဘီးဆိုင်ကယ်များကို Asia Pacific Automaker Corporation Co., Ltdမှ တင်သွင်းလာခြင်းဖြစ်ပြီး Wuyang Honda (U-Go) အမျိုးအစား EV ဆိုင်ကယ်များကိုတော့ NCX Myanmar Co., Ltd. မှတင်သွင်းလာခြင်းဖြစ်သည်။
ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် EV သုံးဘီးဆိုင်ကယ်နှင့် EV ဆိုင်ကယ်များကိုလုပ်ထုံးလုပ်နည်းနှင့်အညီထုတ် ယူခွင့်ပြုခဲ့ကြောင်းနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times
ဆန်ဈေးတည်ငြိမ်ဖို့ အရန်ဆန်များ ထုတ်ရောင်းရန်ရှိ
‘လျှပ်စစ်ပိုရလာပြီး ဆန်စက်တွေ လည်ပတ်ချိန်ပိုများလာတဲ့အတွက်လည်းကောင်း ပဲခူးတိုင်းအနောက်ပိုင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းတွေမှာ စပါးရိပ်သိမ်းချိန် စပါးပေါ်ထွက်ဆဲဖြစ်လို့ ဆန်ဈေး၊ စပါးဈေး တည်ငြိမ်ရမှာဖြစ်တယ်၊၊ အရန်ဆန်တွေ ထုတ်ရောင်းပေးသွားဖို့ ရှိသလို ဆန်သိုလှောင်ရုံတွေကိုလည်း စစ်ဆေးသွားဖို့ ရှိတယ်’ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
Yangon_Times/tthl
#Local_News
#Published_ 29 July 2023
#YMG #Yangon_Times
ယခုနှစ်မှစ၍ NMDC ကျောင်းတက်သူအားလုံး အလုပ်သင်ဝင်ရမည်
‘ ထူးခြားချက်အနေနဲ့ ဒီနှစ်ကစလို့ ကျောင်းသားကျောင်းသူအားလုံး တစ်ဦးမကျန် အလုပ်သင်အနေနဲ့ စတင်သွားမှာဖြစ်ပါတယ်။ အလုပ်သင်ကာလမှာကတည်းက လစာရရှိမှာဖြစ်တဲ့အတွက် အင်မတန်မှ ကျွန်မတို့ ဝမ်းသာဂုဏ်ယူရမှာဖြစ်ပါတယ်’ ဒေါ်နီလာမြင့်ထူး၊ကျောင်းအုပ်ဆရာမကြီး၊ (အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC))
Yangon_Times/tthl
#Local_News
#Published_ 29 July 2023
#YMG #Yangon_Times
မြန်မာသင်္ဘောသား(၄)ဦးအတွက် DNA တိုက်ဆိုင်စစ်ဆေးနေ
‘ပျောက်ဆုံးသွားတဲ့ မြန်မာသင်္ဘောသား(၄)ဦးရဲ့ မိသားစုဝင်တွေထံမှ DNA ရယူပေးပို့ကာ ဆယ်ယူရရှိတဲ့ ရုပ်ခန္ဓာတွေနဲ့ တိုက်ဆိုင်စစ်ဆေးသွားမှာဖြစ်ပြီး အဲ့ဒီလုပ်ငန်းစဉ် လုပ်ကိုင်နိုင်ဖို့ မိသားစုဝင်တွေကို MSF က ကူညီဆောင်ရွက်ပေးနေတယ်’ ဦးစိုးမင်းအောင်၊ဥက္ကဌ( မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲချုပ်(MSF))
Yangon_Times/tthl
#Local_News
#Published_ 29 July 2023
#YMG #Yangon_Times
Published 29 July 2023
လူတွေရဲ့ အစားအသောက် ရွေးချယ်မှုနဲ့ လူတွေရဲ့ ပျမ်းမျှနေထိုင်သက်တမ်း ကမ္ဘာမြေကြီးရဲ့ ကျန်းမာကြွယ်ဝခြင်းတို့ကြား ဆက်စပ်နေနိုင်ကြောင်းကို ဟားဗတ်တက္ကသိုလ် TH Chan ပြည်သူ့ကျန်းမာရေးကျောင်းမှ လေ့လာတွေ့ရှိခဲ့ပါတယ်။
ကမ္ဘာမြေကြီးနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးသူတွေဟာ နှစ် ၃၀ ကာလအတွင်း အသက်သေဆုံးနိုင်ချေ ၂၅ ရာခိုင်နှုန်းလျှော့ချနိုင်ကြောင်း သုတေသန တွေ့ရှိခဲ့ပါတယ်။
ဒီလိုအကျိုးပြုစားစရာတွေထဲမှာ ကောက်ပဲသီးနှံများ၊ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အခွံမာသီးများ၊ မပြည့်ဝဆီတို့ ပါဝင်ပါတယ်။
ဆန့်ကျင်ဘက်အားဖြင့် သားကြီးငါးကြီးတွေနဲ့ အဆင့်ဆင့်ထုပ်ပိုးထားတဲ့ အသားတွေကတော့ လူတွေအတွက်ရော ပတ်ဝန်းကျင်အတွက်ပါ အကျိုးဖြစ်ထွန်းမှု နည်းပါးတာကို တွေ့မြင်ရပါတယ်။
ဒီလိုသက်ရောက်မှုတွေကို နားလည်စေရန် သုတေသီတွေက ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးစားသောက်မှုညွှန်းကိန်း (PHDI)ကို မိတ်ဆက်ပေးခဲ့ပါတယ်။
PHDI ဆိုတာက အစားအစာအမျိုးမျိုးက ကျန်းမာရေးနဲ့ ကမ္ဘာမြေပေါ် ဘယ်လိုသက်ရောက်နေလဲဆိုတဲ့ နောက်ဆုံးသိပ္ပံနည်းရ တွေ့ရှိချက်များကို ဖော်ပြနေပါတယ်။
ဒီညွှန်းကိန်းထဲမှာ ရေဘယ်လောက်ပမာဏ သုံးစွဲတယ်၊ မြေနေရာဘယ်လောက် လိုအပ်တယ်၊ မြေဩဇာများကြောင့် ရေထုညစ်ညမ်းစေတာတွေ၊ စားစရာထုတ်လုပ်မှုအတွင်း ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေတဲ့ ဓာတ်ငွေ့တွေ ထွက်ပေါ်လာတာတွေ စတဲ့အချက်အလက်တွေ ပါဝင်နေပါတယ်။
၁၉၈၆ မှ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်မှ လူပေါင်း ၁ သိန်းကျော်ရဲ့ အချက်အလက်များကို သုတေသီအဖွဲ့က ခွဲခြိမ်းစိတ်ဖြာခဲ့ပါတယ်။
စမ်းသပ်ချက်အရ PHDI ညွှန်းကိန်းမြင့်မားသူတွေက နှလုံးရောဂါ ကင်ဆာရောဂါတို့ကြောင့် သေဆုံးနိုင်ချေ ၁၅ ရာခိုင်နှုန်းလျော့နည်းကာ ဦးနှောက်ဆုတ်ယုတ်ခြင်းရောဂါများ ခံစားရနိုင်ချေ ၂၀ ရာခိုင်နှုန်း၊ အသက်ရှူလမ်းကြောင်းရောဂါများ ခံစားရနိုင်ချေ ၅၀ ရာခိုင်နှုန်း လျော့နည်းတာကို တွေ့မြင်ခဲ့ရပါတယ်။
PHDI ထွက်ပေါ်လာခြင်းက ပေါ်လစီချမှတ်သူများနဲ့ ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းများအတွက် မျှော်လင့်ချက် ဖြစ်လာပါတယ်။
အဆိုပါနည်းလမ်းဖြင့် ပြည်သူ့ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် နည်းဗျူဟာများ ချမှတ်စေနိုင်မယ့်အပြင် ရာသီဥတုဖောက်ပြန်မှုရဲ့ ဘေးအန္တရာယ်များကိုလည်း သက်သာစေနိုင်မှာဖြစ်ပါတယ်။
ဒီလိုမျိုး စားသောက်နေထိုင်ပါက လူတွေအနေနဲ့ သူတို့ကိုယ်တိုင်ရော ကမ္ဘာမြေကြီးအတွက်ပါ ပိုမိုကျန်းမာစေနိုင်မှာဖြစ်ပါတယ်။
Source: The Jerusalem Post.
#World_Health
#YMG #Yangon_Times
Published_ 29 July 2023
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး စတင်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း တို့ဇူလိုင်လ ၂၈ ရက်က ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းကို စတင်အကောင်အထည်ဖော်နိုင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အကျိုးတူ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်းလည်း သိရသည်။
ယင်းအပြင်ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက် အပြန်အလှန် အကျိုးရှိစေမှုအပေါ် မူတည်၍ အရှိန်အဟုန် မြှင့် အကောင်အထည်ဖော်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး လျင်မြန်ချော မွေ့စေရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို လည်းဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
Page 773 of 1638