၆ နိုဝင်ဘာ ၂၀၂၃
နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက ပထမအကြိမ် မြန်မာ- ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း 1th MYANMAR-RUSSIA MARITIME SECURITY EXERCISE (MARUMEX) ပြုလုပ်ရန် ရန်ကုန်မြို့တွင်ရောက်ရှိနေသည့် Russian Pacific Fleet စစ်ရေယာဉ်အုပ်စုကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးကို ရုရှားဖက်ဒရေးရှင်း နိုင်ငံရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်တို့ကကြိုဆိုကာ Russian Pacific Fleet စစ်ရေယာဉ်အုပ်စု၏ ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်တေးသီချင်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ နစကရဲ့သတင်း ထုတ်ပြန်ချက် မှာ ဖော်ပြ ထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့ဝင်များသည် ရုရှားစစ်ရေယာဉ် Admiral Tributs သို့တက်ရောက်ရာ စစ်ရေယာဉ်မှူး 2nd rank Igor N.TOLBATOV ကကြိုဆိုပြီး သင်္ဘောပေါ်ရှိ စစ်ရေယာဉ်၏ စက်ပိုင်းဆိုင်ရာနှင့် တပ်ဆင်ထားသည့် ကာကွယ်ရေးဆိုင်ရာ လက်နက်များ၏စနစ်များနှင့် စွမ်းရည်များ၊ ခေတ်မီစနစ်များ တပ်ဆင်ထားရှိသည့် အခြေအနေများ၊ ရေငုပ်သင်္ဘော တိုက်ဖျက် ရေးရဟတ်ယာဉ် ဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြကြခဲ့ကြပါတယ်လို့သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးသည် ရုရှားစစ်ရေယာဉ် Admiral Tributs ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင်မှတ်တမ်း လက်မှတ် ရေးထိုးပြီး ရုရှားရေတပ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ)တို့က ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေး ဆိုင်ရာလေ့ကျင့်ခန်း 1th MYANMAR-RUSSIA MARITIME SECURITY EXERCISE (MARUMEX) ဖွင့်ပွဲ အထိမ်းအမှတ် ခေါင်းလောင်းနှင့် အထိမ်းအမှတ်တံဆိပ်တို့အား ဗိုလ်ချုပ်မှူးကြီးထံပေးအပ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးကလည်း စစ်ရေယာဉ်မှူး ထံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အထိမ်းအမှတ် တံဆိပ်ကိုပေးအပ်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရေတပ်ဦးစီးချုပ်တို့သည် အမှတ်တရလက် ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီးနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ်မှ တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း 1th MYANMAR-RUSSIA MARITIME SECURITY EXERCISE (MARUMEX) ကို မြိတ်မြို့၏ အနောက်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာတွင် မြန်မာ့တပ်မတော်(ရေ)နှင့် ရုရှား ရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ်များဖြင့် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။
-ymg/knl
အစ္စရေးလ်နှင့် ပါလက်စ်တိုင်းတို့ တစ်နိုင်ငံနှင့်တစ်နိုင်ငံ လူ့အခွင့်အရေးများကို အပြန်အလှန်လေးစားသင့်ကြောင်း ညှိနှိင်းဖျန်ဖြေရေးမှူးဟောင်းအကြံပေး
ငြိမ်းချမ်းရေး ရရှိဖို့အတွက်ဆိုရင် အစ္စရေးလ်နဲ့ ပါလက်စ်တိုင်းတိုဟာ နှစ်ဖက်စလုံးမှ လူသားများတည်ရှိခြင်းနဲ့ လွတ်မြောက်ခြင်းဆိုင်ရာ ရပိုင်ခွင့်များကို အသိအမှတ်ပြုရန် လိုအပ်ကြောင်း အစ္စရေးလ်ဓားစာခံ ညှိနှိင်းရေးမှူးဟောင်းက ပြောပြသွားပါတယ်။
#World_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 06 November 2023
၁။ ရှမ်းမြောက်တိုက်ပွဲကြောင့် လောက်ကိုင်တွင် အနယ်နယ်အရပ်ရပ်မှ ပြည်သူ သောင်းနှင့်ချီ ပိတ်မိနေဟုဆို
၂။ ယခုနှစ် လှည်းကူးတန်ဆောင်တိုင်ပွဲတော်တွင် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲ ပြန်လည်ကျင်းပမည်
၃။ ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သောကြောင့် သင်ဖြူးဖျာ အရောင်းအဝယ်သွက်လာ
၄။ အစ္စရေးလ်နှင့် ပါလက်စ်တိုင်းတို့ တစ်နိုင်ငံနှင့်တစ်နိုင်ငံ လူ့အခွင့်အရေးများကို အပြန်အလှန်လေးစားသင့်ကြောင်း ညှိနှိုင်းဖျန်ဖြေရေးမှူးဟောင်း အကြံပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published 6 November 2023
ခရီးသွားပြည်သူများ ခရီးသွားလာရေး အဆင်ပြေစေရန်ရည်ရွယ်၍ မြိတ်- ရန်ကုန် အမြန်ရေယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီးပုဂ္ဂလိကသင်္ဘောလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
မြိတ်-ရန်ကုန် ခရီးသည်တင် အမြန်ရေယာဉ်ကို လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ပြေးဆွဲခဲ့ပြီး ပြန်လည်ရပ်နားခဲ့ကာ ယခု ပွင့်လင်းရာသီတွင် ခရီးသည်တင် အမြန်ရေယာဉ် ကို ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်အတွက် ပြန်လည်ပြေးဆွဲပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
ယခုလက်ရှိတွင် လေယာဉ်ဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ လေယာဉ်လက်မှတ်ဝယ်ယူရန် ခက်ခဲလာခြင်းတို့ကြောင့် အများပြည်သူ ခရီးသွားလာရေး အဆင်ပြေစေရန်ရည်ရွယ်၍ ကမ်းရိုးတန်းသွားခရီးသည်တင်အမြန်ရေယာဉ်များကို ပြန်လည်ပြေးဆွဲရန် ဆွေးနွေးညှိနှိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့မှ ရန်ကုန်မြို့သို့ ခရီးသည်တင် အမြန်ရေယာဉ်ပြေးဆွဲပါက ကြာချိန် ၁၁ နာရီကျော် ရှိမည်ဖြစ်ပြီး နေ့ချင်းရောက် ခရီးစဉ်တစ်ခုဖြစ်ကာ မြိတ်-ကော့သောင်း ခရီးစဉ်ကိုလည်း ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
Yangon Time/LW
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_06 November 2023
ပို့ကုန်အခြေပြု အရန်ဆန်ပေးသွင်းခြင်းကို ယခုလအတွင်းစတင်ဆောင်ရွက်ရမည်ဖြစ်ရာပြည်ပသို့ ဆန် ၃ တန် ပို့ပါက အရန်ဆန် ၁ အိတ် ပေးသွင်းရမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF၏ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ ကဲ့သို့ပေးသွင်းရာတွင် (၃) တန် (၁) အိတ် အရန်ဆန်များ၏ (၄) ပုံ (၁) ပုံ ဖြစ်သည့် ၂၅ ရာခိုင်နှုန်းကို Physical အဖြစ် သတ်မှတ်သိုလှောင်ရုံများသို့တစ်ပတ်အတွင်း ပေးသွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင်ကျန်ရှိသည့် အရန်ဆန် (၄) ပုံ (၃) ဖြစ်သည့်၇၅ ရာခိုင်နှုန်းကို Earmark အဖြစ် စာရင်းမှတ်စနစ်ဖြင့် ထားရှိရေးအတွက်လည်း သတ်မှတ်ပုံစံများနှင့်အညီ အသင်းဝင်ကုမ္ပဏီများဘက်မှ တင်ပြရမည်ဖြစ်ကြောင်းသိရသည်။
၄အပြင်Physical ပေးသွင်းခြင်းအပေါ် သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းမီ အရန်ဆန်တစ်အိတ်ဈေးနှုန်းအဖြစ် (နိုဝင်ဘာလအတွက်) တစ်အိတ်ကို ကျပ် ၆၂,၀၀၀ သတ်မှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး Pre-License Inspection စစ်ဆေးပြီးသည့်ကုမ္ပဏီများအနေဖြင့် ပို့ကုန်လိုင်စင်လျှောက်ထားခြင်းအပေါ် အရန်ဆန်ပေးသွင်းခြင်းကို တင်ပြလျှောက်ထားပေးကြရန်လိုအပ်ကြောင်းသိရသည်။
Yangon Time/NN
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published-6 November 2023
ယခုတစ်ပါတ်အတွက် ထုတ်ပြန်ထားသည့် စက်သုံးဆီဈေးနှုန်းများတစ်လီတာလျှင်ကျပ်(၃၀)ဝန်းကျင်ဖြင့် အနည်းငယ်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။
ရန်ကုန်စက်သုံးဆီဈေးကွက်အတွင်း ယခုတစ်ပတ်အတွင်းရောင်းချရန် ယနေ့ နိုဝင်ဘာ (၆)ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ဈေးနှုန်းများမှာ ၉၂ တစ်လီတာ ၂၀၆၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၆၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၂၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အပါတ် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၀၈၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၉၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၄၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၃၅၀ ကျပ်ဖြစ်ရာတစ်လီတာလျှင်ကျပ်၂၀မှ၃၀ကျပ်အတွင်းကျဆင်းလာခြင်းဖြစ်သည်။
ယခင်က စက်သုံးဆီဈေးနှုန်းများကို တစ်နေ့တစ်ကြိမ်ပြောင်းလဲ သတ်မှတ်ပေးသော်လည်း အောက်တိုဘာလအတွင်းမှစတင်ကာ ပြည်တွင်း၌ ရောင်းချရမည့် စက်သုံးဆီဈေး နှုန်းကို တစ်ပါတ်တစ်ကြိမ်တွင်သာ သတ်မှတ်ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။
ပြည်တွင်း၌သုံးစွဲမည့်စက်သုံးဆီများကိုစင်က်ာပူနိုင်ငံမှအဓိကတင်သွင်းလေ့ရှိတာကြောင့် တင်သွင်းသည့်နိုင်ငံ၏ ဈေးနှုန်းအခြေအနေနှင့် ပြည်တွင်းငွေလဲနှုန်းအခြေအနေပေါ် လိုက်၍လည်း ဈေးနှုန်းအတက်အကျရှိတတ်ကြောင်း သိရသည်။
ထို့အပြင် ကမ္ဘာ့ရေနံဈေးနှင့်လည်း တစ်စိတ်တစ်ပိုင်းဆက်စပ်နေပြီး ယနေ့တွင် ကမ္ဘာ့ရေနံစိမ်းဈေးတစ်စည်လျှင် ကန်ဒေါ်လာ ၈၀ ဒသမ ၈၈ အထိရှိပြီး ပြီးခဲ့သည့်အပတ်နှင့် နှိုင်းယှဉ်ပါက တစ်စည်ကို ကန်ဒေါ်လာသုံးဒေါ်လာဝန်းကျင်အထိ ကျဆင်းနေတယ်လို့ စက်သုံးဆီဈေးကွက်တွင်းကသိရသည်။
Yangon Time/NN
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
စီးတီးတက်စီများ အဝါရောင် ဘေးစတစ်ကာတပ်ဆင်မှု စီးရေလေးသောင်းကျော်အထိ ရှိလာ
' ဘေးစတစ်ကာကတော့ ကျွန်တော်ထင်တယ် ၁၀စီးမှာ ၇စီးလောက်က ပြီးသွားပါပြီ၊ ကိုယ့်ဖာသာလည်း လုပ်ကြတယ်၊ခြောက်သောင်းလောက်မှာ လေးသောင်းကျော်လောက် ကပ်ပြီးသွားပြီ။
'(YRTC)တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်
Yangon Time/NN
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
၆ နိုဝင်ဘာ ၂၀၂၃
G-Dragon လို့သိထားကြတဲ့ ကေပေါ့တ် BIGBANG အဖွဲ့ရဲ့ လူဟောင်း ရှေ့ထွက်အဆိုတော်နှင့်ရက်ပါ ကွမ်ဂျီယွန်း Kwon Ji-yong ဟာ မူးယစ်ဆေးဝါးသုံးစွဲတယ်လို့စွပ်စွဲခံရပြီးနောက် အစစ်ဆေးခံဖို့ ဒီကနေ့ နိုဝင်ဘာ ၆ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ အင်ချီယွန်ရဲစခန်းတစ်ခုကို ရောက်ရှိလာခဲ့ပါတယ်။ ဒါဟာ တောင်ကိုရီးယား အနုပညာရှင်တွေ မူးယစ်ဆေးဝါးနှင့်ပတ်သက်တဲ့ အမှုတွေ ဆက်တိုက်ဖြစ်နေခဲ့တဲ့အထဲက နောက်ဆုံးအမှုတစ်ခုဖြစ်ပါတယ်။
အောက်တိုဘာလကုန်ပိုင်းမှာ ယခုလိုစွပ်စွဲချက်တွေပေါ်ပေါက်လာခဲ့ပြီးနောက် ကေပေါ့တ်အေဂျင်စီအချို့ရဲ့ ရှယ်ယာတွေလည်းထိုးကျခဲ့ပါတယ်။ အဲဒီအထဲမှာ ကွမ်ရဲ့အေဂျင်စီဟောင်း ဝိုင်ဂျီအင်တာတိန်းမန့်လည်း ပါဝင်ပါတယ်။
ရဲစခန်းမှာ လေးနာရီကြာမျှ မေးခွန်းတွေဖြေ အစစ်ခံပြီးနောက် အသက် ၃၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွမ်ဟာ စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပြီး ရဲကစစ်ဆေးနေတုန်းမှာ သူ့ကို မူးယစ်ဆေးသုံးမသုံးစစ်ဆေးစမ်းသပ်တဲ့အခါ အဖြေက နဂ္ဂတစ်(မရှိဘူး)လို့ ထွက်တယ်လို့ သူကပြောပါတယ်။ သူဟာ ရဲတွေရဲ့စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းကူညီခဲ့ပါတယ်လို့လည်းပြောပါတယ်။
ရဲစခန်းကို စောစောပိုင်းမှာရောက်ရှိလာတဲ့သူဟာ အမည်းရောင်ဝတ်စုံကို ဝတ်ဆင်လာပါတယ်။” မူးယစ်ဆေးဝါးတရားမဝင်သုံးစွဲမှုနှင့်ဆက်နွယ်တဲ့ ရာဇဝတ်မှုလို့ စွပ်စွဲတာဟာ မမှန်ကန်ပါဘူး” လို့ အစစ်ဆေးမခံခင် သူကပြောခဲ့ပါတယ်။
ယခု ကွမ်အစစ်ဆေးခံတဲ့ အင်ချီယွန် ရဲစခန်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က အော်စကာဆုရရုပ်ရှင်"Parasite" မင်းသား Lee Sun-kyun ကိုလည်း မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်စွပ်စွဲပြီး စစ်ဆေးခဲ့တဲ့နေရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့တုန်းက အဆိုပါရဲစခန်းကထွက်လာတဲ့ လီက သတင်းထောက်တွေရဲ့ မေးခွန်းတွေကိုဖြေဖို့ညင်းဆန်ခဲ့ပြီး ရဲတွေမေးတဲ့မေးခွန်းအားလုံးကို သူသိသမျှပြန်ဖြေခဲ့ပါတယ်လို့ပဲ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
မူးယစ်ဆေးဝါးအမှုတွေက တောင်ကိုးရီးယားမှာပြင်းထန်ပါတယ်။ ပုံမှန်အားဖြင့် အနည်းဆုံးထောင်ခြောက်လ ချနိုင်ပြီး ထပ်မံကျူးလွန်သူတွေကို ထောင်ဒဏ် ၁၄နှစ်အထိအပြစ်ပေးနိုင်တာဖြစ်ပါတယ်။ BIGBANG အဖွဲ့ထဲက ဒီလိုမူးယစ်မှုနှင့် တရားစွဲခံရတာဟာ ကွမ်ဟာ ပထမဆုံးမဟုတ်ပါဘူး။ ၂၀၁၇ခုနှစ်တုန်းက တီအိုပီလို့ သိကြတဲ့ ချွိုင် ဆမ်ဟွန်း Choi Seung-hyun ကို ဆေးခြောက်သုံးလို့ ထောင် ၁၀လ အပြစ်ပေးခဲ့ဖူးပါတယ်။ ထောင်မကျအောင် နောက်ပိုင်းမှာသူက အသနားခံခဲ့ပါတယ်။
Source Reuters
ရွှေဘိုသနပ်ခါးတုံးများ ဝယ်လိုအားတက်၊ နွေရာသီဈေးထိုးတက်ရန် မရှိဟုဆို
‘ရွှေဘိုသနပ်ခါးတုံးတွေကို အပွေးအခေါက် အရည်အသွေးပေါ်မူတည်ပြီး လက်တစ်ထွာသာသာ ၄လက်မကျော် အရွယ်အစားရှိတဲ့ သနပ်ခါးတုံးတွေကို လက်ကားဈေး အနည်းဆုံးကျပ်၂၀၀မှ အရည်အသွေး အကောင်းဆုံးအတုံးကြီးတွေကို အများဆုံးကျပ် ၃၅၀၀နဲ့သာ ရောင်းချပေးနေတယ်’ ရွှေဘိုမြို့ သနပ်ခါးပင်ရင်းဒိုင်မှ တာဝန်ရှိသူတစ်ဦး
Yangon Time/tthl
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 6 November 2023
မြန်မာအလုပ်သမားများ တရုတ်နိုင်ငံတွင် တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်ကိစ္စရပ်နဲ့စပ်လျဉ်းပြီး နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြောင်းအလုပ်သမားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှ ၄ ရက်နေ့ အထိကျင်းပခဲ့သည့် အာဆီယံ-တရုတ်ဖိုရမ်သို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် နှင့်အဖွဲ့တတ်ရောက်ခဲ့စဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ တယ်ဟုန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ပေါင်စန်းဒေသ တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကိစ္စများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးမှုများ တွင် ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များနှင့်ပက်သက်ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် ချုပ်ဆိုနိုင် ရေး ဆောင်ရွက်မှုအခြေအနေများ၊ မြန်မာအလုပ်သမားများ တရုတ်နိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ကိစ္စရပ်များ၊အပါအအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် တရုတ်နိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
Yangon Time/LW
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
ရှင်လောင်းချိန်ဆိုလည်း မှာကြတယ်၊နယ်တွေကတော့ ပုံမှန်ရှင်ပြုတွေရှိနေတာ ဆိုတော့လေ
'အခုချိန်က အရမ်းပူတော့ ဖျာနဲ့ပဲအဆင်ပြေကြတယ်၊ အရောင်းသွက်တယ်၊ ကထိန်ဆိုလည်းအော်ဒါလှမ်းမှာကြတယ်၊'ရန်ကုန်မြို့က ဖျာလက်ကားရောင်းချသူ ဒေါ်မြင့်စန္ဒာ
#Yangon_Times/NN
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
(၃)နှစ်တာ အကျဉ်းရုံးကျင်းပခဲ့သည့် လှည်းကူးတန်ဆောင်တိုင်ပွဲတော် ယခုနှစ်တွင် စည်ကားစွာကျင်းပမည်
‘အခုနှစ်မှာထူးခြားချက်အနေနဲ့ လှည်းကူးမြို့နယ်အပြင် တိုက်ကြီးမြို့နယ်ဘက်ကိုလည်း လှည်းကူး တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူဘုရားတွေ လှည့်လည်အပူဇော်ခံတာတွေဆောင်ရွက်သွားဖို့ ရှိပါတယ်’ လှည်းကူးတန်ဆောင်တိုင် ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 769 of 1774