" ကျိုက်သလ္လံစေတီရှိ ဆွေးမြေ့ပေါက်ပြဲနေသော စောင်းတန်းအမိုး စုစုပေါင်း (၂၈)ခန်းကို ပြန်လည်ပြုပြင်ဖို့ ရှိပြီး စောင်းတန်းအမိုးသွပ်ပြား (၁)ခန်းလျှင် ၈၀၀၀၀၀ ကျပ်နှုန်းနဲ့ နည်းများမဆို ပါဝင်လှူဒါန်းနိုင်တယ် " ကျိုက်သလ္လံစေတီတော်ဂေါပကအဖွဲ့မှတာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 04 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ International Show Jumping (အပြည်ပြည်ဆိုင်ရာမြင်းစီး တန်းခုန်ပြိုင်ပွဲ) ကို FEI(ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ်)ရဲ့ တန်းခုန်ပြိုင်ပွဲ စည်းမျဉ်းအတိုင်း ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်
Yangon Times/NN
#Local_News
#Published_ 04 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
ဈေးမြင့်လာပေ့မယ့် ကုန်က တောင်သူတွေလက်ထဲ အလွန်နည်းသွားပြီ ကားတစ်စီးစာ ကုန်ရဖို့ စုရတဲ့အချိန်က ၁၄ရက်၊ ၁၈ရက်လောက် ကြာတယ်။ တစ်ချို့တောင်သူတွေကလဲ အရင်ပေါက်ဈေး ပြန်ရမယ့်အချိန်ကို စောင့်နေတဲ့ အတွက် မရောင်းကျဘူး
Yangon Times/LW
#Local_News
#Published_ 04 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
၄ ဇန်နဝါရီ ၂၀၂၄
အမိမြန်မာနိုင်ငံတော်ကြီး သူ့ကျွန်ဘဝမှလွတ်မြောက်ပြီး လွတ်လပ်ရေးရရှိခဲ့သည်မှာ ယနေ့တွင် (၇၆) နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတော်၏ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အခါသမယတွင် တေးပြုစာဆို ဆရာရန်နိုင်ဆွေ ရေးသားပြီး အဆိုတော် ကြီး (ဒေါ်)မေလှမြိုင်သီဆိုခဲ့သည့် မူရင်းအမည် “ ဗမာ့ကြွေးကြော်သံ”၊ ယခုခေတ်နှင့်အညီ ပြင်၍ “မြန်မာ့ကြွေးကြော်သံ”ဟု သီဆိုနေကြသည့် သီချင်းကို တည်းဖြတ်တင်ဆက်လိုက်ပါတယ်။
4 January 2024
In honor of Myanmar's 76th Independence Day, the State Administration Council (SAC) ordered sentence commutations for a total of 9,766 prisoners, comprising 9,652 local inmates and 114 foreign detainees on January 4, 2023,
Under Order No. 1/2024, as part of the commemoration of the (76th) Independence Day and centered on promoting peace of mind for the populace on humanitarian grounds, 9,652 local prisoners serving terms across diverse prisons and camps have been granted sentence commutation in accordance with Section 401, subsection 1 of the Criminal Procedure Code. This commutation is subject to the condition that any future criminal offenses will require the individuals to serve the sentence for the new crime, alongside the completion of their remaining sentences.
In Order No. 2/2024, marking the (76th) anniversary of Independence Day and reflecting the amiable relations between both nations, 114 foreign prisoners incarcerated across multiple prisons have been granted sentence commutation and subsequently exiled in accordance with Section 401, subsection 1 of the Criminal Procedure Code, under humanitarian considerations. This commutation is also subject to the condition that any future criminal offenses will require the individuals to serve the sentence for the new crime, alongside the completion of their remaining sentences.
-ymg’knl
၄ ဇန်နဝါရီ ၂၀၂၄
နစက သည် နိုင်ငံသားအကျဉ်းသား အကျဉ်းသူ ၉၆၅၂ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၁၄ ဦတို့ကို ၂၀၂၄ခုနှစ် ဇန်နဝါရီ ၄ရက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း အမိန့်များထုတ်ပြန် ကြေညာခဲ့ပါတယ်။
အမိန့်အမှတ်၁/၂၀၂၄တွင်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း ပြည်သူလူထု နှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသာချင်းစာနာထောက်ထားမှုကိုအလေးထားသော်အားဖြင့်လည်းကောင်း၊ အကျဉ်းထောင်၊ အချုပ်ထောင်၊စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား အကျဉ်းသူ ၉၆၅၂ဦး တို့ကို ရာဇဝတ် ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များ ကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လျော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တာဖြစ်ကြောင်းဖော်ပြထားပါတယ်။
အမိန့်အမှတ်၂/၂၀၂၄အရ(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကိုရှေ့ရှုသောအားဖြင့်လည်းကောင်း လူသာချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်လည်း ကောင်း၊အကျဉ်းထောင်၊အချုပ်ထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၁၄ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လျော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီးပြည်နှင်ဒဏ်လိုက်ကြောင်း သိရှိရပါတယ်။
-ymg/knl
Published 04 January 2024
၂၀၂၀ ခုနှစ်က အမေရိကန်ဒရုန်းဖြင့် အသတ်ခံခဲ့ရတဲ့ အီရန်တပ်မှူးဗိုလ်ချုပ်ကြီး ကာဆန်ဆိုလေမန်ကို အမှတ်ရအောက်မေ့ခြင်း အခမ်းအနားပွဲ ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်နေစဥ် ပေါက်ကွဲမှု ၂ ခုဖြစ်ခဲ့ပြီး လူ ၁၀၀ နီးပါးသေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အီရန်တာဝန်ရှိသူများက ပြောကြားလိုက်ပြီး တရားခံမသိရသေးတဲ့ အကြမ်းသမားများကို အပြစ်တင်လိုက်ပါတယ်။
ကာမန်မြို့ အရှေ့တောင်ပိုင်းရှိ ကာဆန်ဆိုလေမန်ကို မြှုပ်နှံထားတဲ့ သင်္ချိုင်းမှာ ၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ပြုလုပ်နေစဥ် ပထမအကြိမ် ပေါက်ကွဲခဲ့ပြီးနောက် မိနစ် ၂၀ အကြာမှာ နောက်ထပ်တစ်ကြိမ် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ အီရန်ရုပ်သံကနေ ဖော်ပြခဲ့ပါတယ်။
ပေါက်ကွဲမှုကို ဘယ်သူပြုလုပ်လဲဆိုတာကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
အမေရိကန်အစိုးရမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ထိုဖောက်ခွဲမှုတွေဟာ ယခင်က အစ္စလာမ်စစ်သွေးကြွများ ကျူးလွန်ခဲ့ဖူးတဲ့ အကြမ်းဖက်ပုံစံမျိုး ဖြစ်ဟန်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။
အီရန်သမ္မတ အီဘရာဟင်ရေစီက လူသားမဆန်တဲ့ ရာဇဝတ်မှုလို့ ပြစ်တင်ရှုတ်ချလိုက်ကာ အီရန်ထိပ်သီးအာဏာပိုင်ခေါင်းဆောင် အိုင်ယာတိုလာခါမန်နေကတော့ အဆိုပါ ဖောက်ခွဲမှုအတွက် ကလဲ့စားချေသွားမယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။
တရားခံတွေအနေနဲ့ အခုအချိန်ကစပြီး အပြင်းအထန် ရင်ဆိုင်သွားရတော့မယ်ဆိုတာကို သိရှိထားဖို့နဲ့ ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ်ဆိုတာ အသေအချာ သိရှိထားဖို့ ခါမန်နေက ကြေညာသွားပါတယ်။
ရုရှား၊ တူရကီအပါအဝင် နိုင်ငံအများအပြားက ပေါက်ကွဲမှုများအတွက် ရှုတ်ချလိုက်ကြကာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကတော့ ဖောက်ခွဲမှုကျူးလွန်သူများအနေနဲ့ တာဝန်ယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။
သေဆုံးသူ ၉၅ ဦး၊ ဒဏ်ရာရသူ ၂၁၁ ဦး ရှိခဲ့ရာ အီရန်သမိုင်းမှာ အထိခိုက်ဆုံးတိုက်ခိုက်မှု ဖြစ်ကြောင်း အီရန်ကျန်းမာရေးဝန်ကြီး ဘာရမ်အီနိုလာဟီက အီရန်ရုပ်သံကို ပြောကြားခဲ့ပါတယ်။
အီရန်က သူတို့ရဲ့အရပ်သားတွေ နေရာတွေ တိုက်ခိုက်ခံရခြင်းတွေအတွက် ယခင်က အစ္စရေးလ်ကို အပြစ်တင်ခဲ့ဖူးပေမယ့် ယခုပေါက်ကွဲမှုမှာတော့ နိုင်ငံခြားမှ ပါဝင်ပတ်သက်နေတဲ့ အရိပ်အယောင်မတွေ့ရပါဘူး။
အာဇာနည်ဗိမာန်ဆီသွားတဲ့ လမ်းတလျှောက် တပ်ဆင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို အကြမ်းဖက်တွေက လှမ်းဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်သူ အရာရှိတစ်ဦးက IRNA သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အီရန်က ရန်သူတော်တွေဖြစ်တဲ့ အစ္စရေးလ်နဲ့ အမေရိကန်တို့ကို မကြာခဏဆိုသလို အပြစ်တင်ခဲ့ဖူးပါတယ်။
ဖောက်ခွဲမှုကျူးလွန်သူများနဲ့ အားပေးသူများကို ရှာဖွေပြီး တရားမျှတမှုရှိစေရန် နိုင်ငံတကာ အတိုင်းအတာများဖြင့် ဆောင်ရွက်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 04 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 04 January 2024
သိပ္ပံပညာရှင်တွေဟာ လျှပ်စစ်ဓာတ်ဖြင့် လှုံ့ဆော်အားပေးတဲ့ မြေဆီ(eSoil)ကို မကြာသေးမီက ဖန်တီးခဲ့ကြပါတယ်။
ဘာလီပင်အမြစ်တွေကို လျှပ်စစ်ဖြင့်လှုံ့ဆော်ပြီးနောက် ၁၅ ရက်အကြာမှာ ဘာလီစေ့များ ၅၀ ရာခိုင်နှုန်း ပိုမိုကြီးထွားဖွံ့ဖြိုးလာတယ်လို့ ဆိုခဲ့ကြပါတယ်။
ဆွီဒင်နိုင်ငံ လင်ကော့ပင်တက္ကသိုလ်မှ သုတေသီများက သူတို့ရဲ့တွေ့ရှိချက်တွေကို PNAS ဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။
ဒီနည်းလမ်းကို မြေမဲ့စိုက်ပျိုးခြင်းနည်းလမ်းလို့ ခေါ်ပြီး စိုက်ပျိုးရေးကြားခံပစ္စည်း တစ်ခုဖြင့် လျှပ်စစ်ဓာတ်ကနေ အမြစ်ကို လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။
ထိုနည်းလမ်းဟာ မြေဆီမလိုအပ်ဘဲ ရေ၊ အာဟာရဓာတ်များ၊ ကြားခံပစ္စည်းတစ်ခုတို့သာ လိုအပ်ပါတယ်။
မြေမဲ့စိုက်ပျိုးခြင်းနည်းလမ်းက တစ်နေရာထဲမှာပဲ ရေလှည့်ပတ်စေပြီး အစေ့တိုင်းက လိုအပ်တဲ့အာဟာရဓာတ်များကို အတိအကျ ရရှိစေပါတယ်။
အခုဆိုရင် ကမ္ဘာ့လူဦးရေ မြင့်တက်နေကြောင်း၊ ရာသီဥတုက ဖောက်ပြန်နေကြောင်း၊ လက်ရှိစိုက်ပျိုးရေးနည်းလမ်းများဖြင့် စားနပ်ရိက္ခာလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ကြောင်း၊ မြေမဲ့စိုက်ပျိုးနည်းဖြင့် လူနေဒေသတွေမှာပါ အစားအစာတွေ စိုက်ပျိုးနိုင်မှာဖြစ်ကြောင်း တက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာ အယ်လင်နီစတက်ရီနီဒူက ပြောကြားသွားပါတယ်။
လေ့လာချက်များအရ မြေမဲ့စိုက်ပျိုးခြင်းနည်းလမ်းဟာ ဘာလီစေ့တွေ စိုက်ပျိုးနိုင်ရုံမက ဖွံ့ဖြိုးမှုနှုန်း ပိုမိုမြန်ဆန်တယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်။
eSoil ကို ဆဲလူးလို့စ်ဖြင့် ပြုလုပ်ထားပြီး အပေါများဆုံး ဘိုင်အိုပိုလီမာတစ်မျိုး ဖြစ်ပါတယ်။
ယခင်လေ့လာချက်တွေမှာ မြင့်မားတဲ့ဗို့အားဖြင့် အမြစ်တွေကို လှုံ့ဆော်ရပေမယ့် eSoil က စွမ်းအင်သုံးစွဲမှု နည်းပါးပြီး ဗို့အားအန္တရာယ် မရှိပါဘူး။
ထိုနည်းလမ်းတစ်ခုတည်းဖြင့် စားနပ်ရိက္ခာပြဿနာကို မဖြေရှင်းနိုင်ပေမယ့် စိုက်ပျိုးရခက်ခဲတဲ့ နေရာတွေမှာ အထောက်အကူ ဖြစ်နိုင်တယ်လို့ ပရော်ဖက်ဆာက ဆိုလိုက်ပါတယ်။
Source: WION
#World_Science
Published 04 January 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 4 January 2024
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၈၆/၆)နှင့် (၂၈၆/၇)အကြားတွင် ISUZU အစိမ်းရောင်ယာဉ်သည် ရှေ့ဝဲဘက်ဘီးပေါက်ပြီး တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများထဲ မှ ၃ဦး ေ-သ ဆုံးခဲ့ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ မှ သိရသည်။
ဇန်နဝါရီ ၄ရက် နံနက် ၇နာရီ ခွဲ အချိန် က ုဖစ်ပွားခဲ့ခြင်း ဖြစ်ကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သာယာလူငယ်ပရဟိတအသင်းဝင်များဖြင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် သံဃာ(၂)ပါး၊ ကျား(၂)ဦးနှင့် မ(၁)ဦး စုစုပေါင်း (၅)ဦးအနက် မှ သံဃာ(၁)ပါး၊ ကျား(၁)ဦးနှင့် မ(၁)ဦး စုစုပေါင်း (၃)ဦး ေ-သဆုံးခဲ့ကြောင်း သိရသည်။
ထိခိုက် ဒဏ်ရာ ရသူ များ နှင့်ေ-သဆုံးသူများကို 192 အမြန်လမ်းလူနာတင်ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 04 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 04 January 2024
ဖရဲသီးဟာ ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်ပြီး ကယ်လိုရီနည်းပါးတာကြောင့် နွေရာသီလို ပူပြင်းတဲ့အချိန်မှာ အစားများတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။
ဗိုက်တာမင် အေနဲ့ စီတို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေပြီး အရေပြားကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
ဒီအတွက် ဖရဲသီးက အရေပြားကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။
(၁) ရေဓာတ်ဖြည့်ပေးခြင်း
ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်တာကြောင့် အရေပြားတင်းရင်းစေကာ ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပါတယ်။
(၂) ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝခြင်း
လိုင်ကိုပင်းနဲ့ ဗိုက်တာမင်စီတို့က ဓာတ်တိုးခြင်းကြောင့်ဖြစ်တဲ့ ထိခိုက်မှုမှ ကာကွယ်ပေးပြီး အိုမင်းရင့်ရော်ခြင်း လက္ခဏာများ လျှော့ချပေးပါတယ်။
(၃) ကော်လာဂျင်ထုတ်လုပ်ခြင်း
ဗိုက်တာမင်စီက ကော်လာဂျင်ကို ထုတ်လုပ်ပေးကာ အရေပြားကို တင်းရင်းစေကာ ချောမွေ့ပြေပြစ်စေပါတယ်။
(၄) နေရောင်ခြည်ကာကွယ်ပေးခြင်း
လိုင်ကိုပင်းဓာတ်က အန္တရာယ်ရှိ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ သဘာဝအတိုင်း ကာကွယ်ပေးပါတယ်။
(၅) ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးခြင်း
ကူကာဘီတာစင်အီးနဲ့ လူတီယိုလင်တို့က ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးတာကြောင့် အရေပြား နီရဲစပ်ဖျင်းခြင်းမှ ကာကွယ်ပေးပါတယ်။
(၆) ဒဏ်ရာကျက်ခြင်းကို လျင်မြန်စေခြင်း
မြင့်မားစွာပါဝင်တဲ့ ဗိုက်တာမင်စီကြောင့် ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးပြီး ချိတ်ဆက်တစ်ရှူးများကို ပိုမိုအားကောင်းစေကာ ဒဏ်ရာအနာတရများကို လျင်မြန်စွာ သက်သာစေပါတယ်။
(၇) အဆိပ်အတောက်စစ်ထုတ်ပေးခြင်း
ဖရဲသီးစားရင် ဆီးရွှင်တာကြောင့် ခန္ဓာကိုယ်မှ အညစ်အကြေးများကို သန့်စင်ပေးကာ အရေပြားကြည်လင်စေပါတယ်။
(၈) ပိုးမွှားသေစေခြင်း
ဆစ်ထရူလင်းနဲ့ အာဂျင်နင်းတို့က ပိုးမွှားများကို ဆန့်ကျင်ပေးနိုင်ပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားများကို တိုက်ဖျက်ပေးပါတယ်။
(၉) သွေးလည်ပတ်မှုကောင်းစေခြင်း
ဆစ်ထရူလင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာကြောင့် အရေပြားဆဲလ်များဆီသို့ အာဟာရဓာတ်များ ပို့ဆောင်ပေးကာ အရေပြားကို အားဖြည့်ပေးပါတယ်။
(၁၀) ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များတာကြောင့် ကိုယ်အလေးချိန် ထိန်းချင်သူများအတွက် အဆာပြေစားစရာတစ်ခု ဖြစ်ပါတယ်။
ဒီလိုအကျိုးကျေးဇူးတွေရှိပေမယ့် အရေပြားကျန်းမာရေးအတွက် ဖရဲသီးတစ်မျိုးတည်းကိုပဲ စားတာမျိုး မလုံလောက်ဘဲ အရေပြားထိန်းသိမ်းခြင်း နည်းလမ်းများကို အဓိကဦးစားပေးသင့်ပါတယ်။
Source: DoctorNDTV
#World_Health
#Published_4 Jan 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_3 Jan 2024
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာရှိ နေပန်လပန်ရှေးဟောင်းစေ တီတော် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာ စိန်ဖူး တော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေ ကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နေပန်လပန်ရှေးဟောင်းစေတီတော်မြတ် ၄ ဆူသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေး ဟောင်းသုတေသနဌာနမှ ပညာရှင်များ၏ ခန့်မှန်းချက် အရ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ကျော်ခန့် ညောင်ရမ်း ခေတ်တွင် တည်ထားခဲ့သော စေတီတော်ဖြစ်ကြောင်း၊ ၂၀၀၅ ခုနှစ်တွင် လက်ရှိ သုခရတနာ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ အာလောက ၏ ခမည်းတော်ဖြစ်သူနှင့် ဦးရီးတော် ဖြစ်သူတို့မှ တွေ့ရှိခဲ့ပြီး ပြန်လည်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း နေပန်လပန် ရှေးဟောင်းစေတီတော်မြတ် ၄ ဆူအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်း သိမ်းစောင့်ရှောက်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ အမှူးပြုသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပြန်လည်ပြုပြင် မွမ်းမံတည်ထားပူ ဇော်ပြီးစီး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားသို့ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူ ကြကြောင်းလည်း သိရသည်။
Yangon_Times/PP
#Local_News
#Published_3 Jan 2024
#Yangon_Times #YMG_News #Yangon_Media_Group



Published_3 Jan 2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး ပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲ တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းနှင့်အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယနေ့ ဇန်နဝါရီလ ၃ ရက် က ဗိုလ်လု ယှဉ်ပြိုင်က စားကြ ရာ ပွဲကစားချိန် ၈ မိနစ်တွင် စီမံကိန်း နှင့် ဘဏ္ဍာ ရေးဝန် ကြီး ဌာနအသင်းက အဖွင့်ဂိုးရရှိခဲ့ပြီး ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက်ပွဲကစားချိန် ၁၁ မိနစ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ချေပဂိုးနှင့် ပွဲချိန် ၁၆ မိနစ်နှင့် ပွဲချိန် ၁၈ မိနစ်တို့တွင် ဦးဆောင်ဂိုးများထပ်မံသွင်းယူနိုင်ခဲ့သောကြောင့် ၃ ဂိုး ၁ ဂိုးဖြင့် အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ဦးဆောင်နိုင်ခဲ့သော် လည်း ပွဲချိန် ၄၂ မိနစ်တွင် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနအသင်းက ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သောကြောင့် ပထမပိုင်း ၄၅ မိနစ်ပြီးဆုံးချိန် တွင် အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ၃ ဂိုး ၂ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ကြောင်းသိရသည်။
ယင်းနောက် ဒုတိယပိုင်းပွဲကစားချိန်ကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲ စလျင် စချင်း ၄၇ မိနစ်၌ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ချေပဂိုးတစ်ဂိုးထပ်မံ သွင်းယူနိုင်ခဲ့သဖြင့် တစ်ဖက်သုံးဂိုးစီဖြင့် နှစ်ဖက်အ ပြန် အလှန် အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ကြသည်။
ကျန်ရှိသည့် ပွဲကစားချိန်အတွင်း အနိုင်ဂိုး ရရှိရေး ရေကုန် ရေခမ်း ယှဉ်ပြိုင်ကစားခဲ့ကြသော်လည်း တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိသည့် အတွက် သာမာန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်သည့်အချိန်တွင် သရေရလာဒ်ဖြင့်သာ ပွဲပြီး ဆုံးခဲ့ရသဖြင့် အချိန် ပိုပထမပိုင်းကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရကြောင်း သိရသည်။
အချိန်ပို မိနစ် ၃၀ ကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပို ၁၈ မိနစ်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန် ကြီး ဌာနအသင်းက ၁၈ ကိုက်စည်း အပြင်ဘက်မှ အပြင်းကန်သွင်းချက်ဖြင့် ဦးဆောင်ဂိုးရရှိခဲ့ပြီး ချေပဂိုးပြန် လည်သွင်းယူနိုင်ခြင်းမရှိသဖြင့် ပွဲကစားချိန်များပြီးဆုံးချိန်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်း က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းအား ၄ ဂိုး - ၃ ဂိုးဖြင့် ထိုက်တန်စွာ အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရ ရှိသည့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလား တို့ကိုပေး အပ်ချီး မြှင့်ပြီး အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
အကောင်းဆုံး အားကစားသမားဆုရရှိခဲ့ကြ သည့် အားကစားသမားများကို ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကောင်စီဝင်များ ဖြစ်ကြသည့် ခွန်စံလွင်၊ ဒေါက်တာ ရွှေ၊ ဒေါက်တာမှုထန် နှင့် မန်းငြိမ်းမောင် တို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ အသင်း လိုက် စတုတ္ထဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို ကောင်စီဝင်ဒုတိယဗိုလ် ချုပ် ကြီး ညိုစော ကလည်း ကောင်း၊ တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ကောင်စီဝင် ဒုတိ ယဗိုလ်ချုပ်ကြီး ရာပြည့် က လည်း ကောင်း၊ ဒုတိယဆုရရှိသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ချီးမြှင့် ငွေများကို အသီးသီးပေးအပ်ချီး မြှင့် ကြကြောင်းသိရသည်။
အလားတူ ပထမဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန အသင်းကိုကောင်စီတွဲဖက် အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း လည်း သိရ သည်။
Yangon_Times/PP
#Local_News
#Published_3 Jan 2024
#Yangon_Times #YMG_News #Yangon_Media_Group




Page 765 of 1858