#Daily_News
Published_ 24 February 2024
၁။ ရွှေတိဂုံစေတီတော်တွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ၊ ထမနဲဒယ်(၃၀၀)ကျော် လှူရန်ရှိ
၂။ ဓာတ်ဆီတစ်လီတာလျှင် (၁၀)ကျပ်တက်၍ ဒီဇယ် ကျပ် (၃၀)အထိသာ ကျဆင်းပြီး ဈေးအမြင့်ပိုင်း၌သာ ဆက်ရှိ
၃။ ပုံမှန်ဈေးတန်းကို ပြန်ရောက်လာသည့် မွေးမြူရေးငါးဈေးကွက်
၄။ (၇)နာရီကြာမြင့်သည့် ရထားဖြင့် ယူကရိန်းစစ်မြေပြင်နှင့် နေအိမ်သို့ နေ့ချင်းသွားလာနေကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
24 February 2024
အသက်ဆုံးရှုံးသွားသော မြန်မာသင်္ဘောသား (၂)ဦး၏အသက် အာမခံကြေးရရန်ခက်ခဲနေမှုကို မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF)မှ ဖြေရှင်းကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်္ဘောသားနှစ်ဦးမှာ သင်္ဘောလိုက်စဉ်ကာလအတွင်း( သို့မဟုတ်) အလုပ်ခန့်စာချုပ်ကာလသက်တမ်းအတွင်း အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး အဖွဲ့ချုပ်၏ကူညီမှုဖြင့် အသက်အာမခံကြေးရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာသင်္ဘောသားနှစ်ဦးအနက် လွန်ခဲ့သည့် (၃) နှစ်ကျော်က ဓားထိုးဒဏ်ရာဖြင့် အသက်သေဆုံးသည့် သင်္ဘောသား၏ အသက်အာမခံနှင့် လွန်ခဲ့သည့် (၉) လခန့်က ရေထဲပြုတ်ကျ၍ အသက်သေဆုံးသည့် မြန်မာသင်္ဘောသား၏ အသက်အာမခံ (၁) ဦးလျှင် အသက်အာမခံလျော်ကြေး သိန်းနှစ်ရာ (၂၀,၀၀၀,၀၀၀) စုစုပေါင်း သိန်းလေးရာ (၄၀,၀၀၀,၀၀၀) အား အမွေစားအမွေခံမိခင် (၂) ဦးမှ ယနေ့ ၂၀၂၄-၀၂-၂၂ ရက် ကြာသပတေးနေ့တွင် မြန်မာ့အာမခံမှထုတ်ယူရရှိခဲ့သည်။
MSF အဖွဲ့ချုပ်၏ အသင်းသားဟုတ်သည် ဖြစ်စေ၊ အသင်းသားမဟုတ်သည်ဖြစ်စေ အဖွဲ့ချုပ်သို့ ကြုံတွေ့ရသည့် အခက်အခဲပြဿနာများအား အဖွဲ့ချုပ်ရုံးသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ Messenger Chat Box မှတစ်ဆင့်ဆက်သွယ်၍ဖြစ်စေ တင်ပြဆွေးနွေးနိုင်ကြောင်းနှင့်
သင်္ဘောလိုက်စဉ်ကာလအတွင်း( သို့မဟုတ်) အလုပ်ခန့်စာချုပ်ကာလသက်တမ်းအတွင်း ကြုံတွေ့ရသည့် ထိခိုက်ဒဏ်ရာရမှုနှင့်အသက်သေဆုံးမှုများအတွက် အချိန်ဆွဲမနေဘဲ မဆိုင်းမတွ အဖွဲ့ချုပ်သို့လာရောက်တင်ပြဆွေးနွေးရန် တိုက်တွန်းကြောင်း၊
အချို့သော SRPS များသည် မသိနားမလည်သည့် မိသားစုဝင်များအား လှည့်ပတ်ပြောဆို၍ သဘောတူညီမှုများအား လက်မှတ်ရေးထိုးခိုင်းနေသည်ကို အမှုတိုင်တန်းသည့် သင်္ဘောသားနှင့်မိသားစုများထံမှ ကြားသိနေရပါသဖြင့် SRPS ဖြစ်စေ၊ သင်္ဘောသားဖြစ်စေ၊ မိသားစုဖြစ်စေ သင်္ဘောသား၏ရပိုင့်ခွင့်နှင့်ခံစားခွင့်ကိစ္စများရှင်းလင်းရန်အတွက် MSF အဖွဲ့ချုပ်ရုံးသို့ လာရောက်တိုင်ပင်ပါရန် တံခါးဖွင့်ကြိုဆိုလျှက်ရှိပါကြောင်း အသိပေးအပ်ကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)မှ ဖော်ပြထားသည်။
Yangon Times/tthl
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 24 February 2024
ကချင်ပြည်နယ် မြစ်ကြီးနား မြို့ တွင် ပြုလုပ်မည့် ယာယီ ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်း အကောင်ထည် ဖေါ်ဆောင်ရွက် ရန် ဆက်စပ် လုပ်ငန်း များ အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ သယံဇာတ ရေးရာဝန်ကြီးဌာန ကချင်ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ က တင်ဒါခေါ်ယူကြောင်း နိုင်ငံပိုင် သတင်းစာမှ တစ်ဆင့် ကြေညာထားသည်။
အဆိုပါ ကုန်တင်ယာဉ်ကြီးရပ်နားစခန်း ကို မြစ်ကြီးနား မြို့နယ် စည်ပင်သာယာရေး အဖွဲ့ ပိုင်မြစ်ကြီးနားမြို့၊ပမ္မတီး ရပ်ကွက် ရွှေပြည်သာကွက်သစ်ရှိ ဈေးနှင့် ပွဲရုံတန်း လျာထားမြေနေရာ တွင်ဖြစ်ပြီ ၇ဧက ကျော် ကျယ်ဝန်းကြောင်း သိရသည်။
ယင်း ကားကြီးဝင်း အဖြစ် အကောင်ထည် ဖေါ်ဆောင်ရွက်ရန် အတွက် ဆက်စပ်လုပ်ငန်း ၈ ရပ်ကို BOTစနစ် ဖြင့် (၁၀၀%) ရင်းနှီးမြုပ်နှံလိုသည့် မြန်မာနိုင်ငံသား တိုင်းရင်းသား လုပ်ငန်းရှင်များ ကို တတိယ အကြိမ် တင်ဒါ ခေါ်ယူ ခြင်း ဖြစ်ကြောင်း သိရသည်။
တင်ဒါ လျှောက်လွှာများ ကို ကချင်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့ရုံး တွင် ရုံးချိန် အတွင်း ၀ယ်ယု နိုင် ပြီး အဆိုပါ တင်ဒါ ပုံစံ များ ကို မတ်လ ၂၂ရက် နောက်ဆုံး ထား တင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြီးခဲ့တဲ့လပိုင်းက ငါးအမျိုးအစားအလိုက် တပိသာကို ကျပ် ၅၀၀ မှ ၇၀၀ အထိ ဈေးကျနေခဲ့တဲ့ မွေးမြူရေး ငါးဈေးကွက်ဟာ လက်ရှိမှာတော့ ပုံမှန်ဈေးနီးပါး ပြန်လည်ရောက်ရှိလာတယ်လို့ ပဲခူးတိုင်း အရှေ့ဘက်ခြမ်းရှိ ငါးမွေးမြူရေး လုပ်ငန်းရှင်များထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၄ ဖေဖော်ဝါရီ ၂၀၂၄
မြန်မာစစ်အစိုးရကိုဆန့်ကျင်နေသည့် ထိုင်းနိုင်ငံအတွင်းရှိ လှုပ်ရှားမှုများကို စောင့်ကြည့်နေပြီး ယင်းသည် ထိန်းချုပ်နိုင်သည့်အဆင့်မှာရှိနေကြောင်းနှင့် ယင်းကဲ့သို့သော လှုပ်ရှားဆောင်ရွက်မှုများကို အခြားသောမြန်မာ ရွှေ့ပြောင်းဝင်ရောက်လာသူများနှင့် ကွဲပြားခြားနားစွာဆက်ဆံသင့်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ကလန်ဆန်း Sutin Klungsang က ယနေ့ ဖေဖော်ဝါရီ ၂၄ရက် သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
“လတ်တလောအခြေအနေမှာ ဘာတစ်ခုမှ ထူးထူးခြားခြားစိတ်ပူပန်စရာမရှိပါဘူး” လို့ ဆူတင်က ပြောလိုက်ပြီး ထိုင်းနိုင်ငံကို ထွက်ပြေးလာကြတဲ့ မြန်မာရွာသူရွာသားတွေ အရေအတွက်ဟာ သိပ်မများသေးပါဘဲ သူတို့ဟာ သိပ်မကြာခင် အိမ်ကိုပြန်သွားကြလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း သူကပြောပါတယ်။
ထိုင်းနိုင်ငံမှာ အကြာကြီးနေဖို့ ရွှေ့ပြောင်းလာသူတွေပဲ ဆက်နေထိုင်ရလိမ့်မယ် လို့ သူကပြောပါတယ်။ မြန်မာ စစ်အစိုးရက မကြာသေးမီက ကြေညာခဲ့တဲ့ အမျိုးသား အမျိုးသမီး လူငယ်လူရွယ်တွေအတွက် မဖြစ်မနေ စစ်မှုထမ်းရမယ့် ကြေညာချက်ကြောင့် လူတွေတစ်ပြုံတစ်မကြီး ဝင်ရောက်လာကြမယ့် အရိပ်လက္ခဏာမတွေ့ရ ဘူးလို့လည်း သူကဖြည့်စွက်ပြောကြားပါတယ်။
သောကြာနေ့က မစ္စတာဆူတင်ဟာ မဲဆောက်နယ်စပ် တက်ခ်ခရိုင်က ဘန်မယ်ကွန်ကန် ရှေ့တန်းကင်းစခန်းသို့ လာရောက်စဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
စခန်းတာဝန်ကျစစ်သားတွေအနေနှင့် နယ်စပ်လုံခြုံရေးအသေအချာထမ်းဆောင်ဖို့သာမကဘဲ မူးယစ်ဆေးဝါး မှောင်ခိုတာလို့ အခြားသော နယ်စပ်ဖြတ်ကျော်မှုခင်းပုံစံတွေကိုလည်း ဖြေရှင်းဖို့လိုတယ်လို့ သူက မှာကြားပါတယ်။
“ ထိုင်းအစိုးရနှင့် လုံခြုံရေးတာဝန်ရှိသူတွေဟာ ထိုင်းမြေထဲမှာ မြန်မာအစိုးရကိုတိုက်ခိုက်ဖို့ ရန်ပုံငွေရှာနေကြတဲ့ အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။လက်ရှိမှာ အဲဒါတွေဟာ သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှု ဒါမှမဟုတ် စိတ်ပူပန်စရာအဆင့် မရှိသေးပါဘူး” လို့ သူကပြောပါတယ်။
အခြေအနေတွေက ထိန်းချုပ်လို့ရနေပါတယ်လို့ သူကပြောပြီး ရွှေ့ပြောင်းအလုပ်သမားတွေအားလုံးဟာ မြန်မာ အစိုးရကို ဆန့်ကျင်နေကြသူတွေလို့ ဘယ်တော့မှ မယူဆမိလိုက်ဖို့ အရေးကြီးတယ်လို့လည်း သူကဖြည့်စွက် ပြောပါတယ်။ အဲသလိုယူဆရင် သူတို့အပေါ် အခြေအမြစ်မရှိဘဲ ဆက်ဆံမိသွားကြလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။
ထိုင်းအစိုးရအနေနှင့် အရေးယူဆောင်ရွက်ဖို့လိုအပ်လာခဲ့ရင် အဲဒီအုပ်စုတွေတွေကိစ္စဖြေရှင်းဖို့ သီးခြား ယန္တယားတစ်ခု ထားရှိပြီးဖြစ်တယ်လို့လည်း ထိုင်းကာကွယ်ရေးဝန်ကြီးကပြောပါတယ်။
Source: Bangkok Post
@ymg/knl
တစ်ပတ်တာအတွင်း စင်ကာပူ စက်သုံးဆီဈေးနှုန်းတွေက အမျိုးအစားအလိုက် တစ်ဘာရယ်ကို ၃ဒေါ်လာ ကျော်ဝန်းကျင်အထိ ကျဆင်းနေတာဖြစ်ကာ ရန်ကုန် စက်သုံးဆီဈေးနှုန်းတွေကတော့ ဓာတ်ဆီတစ်လီတာလျှင် ၁၀ကျပ်တက်၍ ဒီဇယ် ကျပ်၃၀ အထိသာကျဆင်းပြီး ဈေးအမြင့်ပိုင်း၌သာ ဆက်ရှိနေပါတယ်
Yangon Times/NN
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရွှေတိဂုံစေတီ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲမှ ရရှိလာတဲ့ထမနဲတွေကို ဖေဖော်ဝါရီလ (၂၄)ရက် (တပိုတွဲလပြည့်နေ့)မှာ မြတ်စွာဘုရားနဲ့သံဃာတော်တွေကို အာရုဏ်ဆွမ်းဆက်ကပ်တာ ၊ဘုရားအမှူးပြုတဲ့ သံဃာတော် ၆၄ပါးကို ထမနဲဆွမ်းတော်ကြီးလောင်းလှူတာ ၊အလှူရှင်တွေကို ဒါနပြုတာနဲ့ ဘုရားဖူးခုနစ်ရက်သားသမီးတွေကို ဝေငှကုသိုလ်ပြုခြင်းတို့ ပြုလုပ်သွားမယ်။ ရွှေတိဂုံဂေါပကအဖွဲ့
Yangon Times/tthl
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 24 February 2024
ယနေ့ တပို့တွဲလပြည့်နေ့၌ ဒေသအနှံ့အပြား၌ ထမနဲထိုးပွဲ နှင့် စတုဒီသာလှုဒါန်းပွဲများကျင်းပနေကြောင်းသိရသည်။
တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သာဝက တို့အား ဩဝါဒပေးတော်မူခြင်းကို အကြောင်းပြုပြီး ဩဝါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ရခြင်း ဖြစ်ပြီး ယခုကျရောက်လာသော လရာသီကို "တပို့တွဲလ. ထမနဲပွဲ"ဟုသတ်မှတ်ပြီး နိုင်ငံအနှံ့အပြား၌ ထမနဲထိုးပွဲများ ပြုလုပ်ကြခြင်းဖြစ်ကြောင်းသိရသည်။
ရှေးအခါကမူ မီးထွန်းပွဲတော်လို့ခေါ်ဆိုပြီး မီးထွန်းပွဲတော်များ ပြုလုပ်ကြပြီး ဗုဒ္ဓဘုရားရှင်ကို ချမ်းအေးတဲ့ရာသီမှာအနွေးဓာတ်ရစေရန် မီးပူဇော်ခြင်းဖြင့် ကုသိုလ်ယူကြလေ့ရှိကြောင်းသိရသည်။
ယခုခေတ်၌မူ ထမနဲပြိုင်ပွဲများပြုလုပ်သလို မိသားစုအလိုက် ထမနဲထိုးပြီးကုသိုလ် ဒါနပြုလုပ်လေ့ရှိကြောင်းသိရသည်။
တပို့တွဲလပြည့် အဖိတ်နေ့နှင့် ယနေ့လပြည့်နေ့တွင်လည်း ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၊ ဆူးလေဘုရား၊ ဗဟိုတစ်ထောင်ဘုရားစသည့် တန်ခိုးကြီးဘုရားများအပါအဝင် ဘုရားတော်များ ၊မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အပါအဝင်တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် မီးပုံပျံလွှတ်တင်ပွဲ များကျင်းပခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။
ထမနဲထိုးပွဲပြုလုပ်ကြပြီးနောက် မြတ်စွာဘုရားအား ဆွမ်းကပ်လှုဒါန်းခြင်းနှင့် ဒေသခံများအား စတုဒီသာလှုဒါန်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group






Published_ 24 February 2024
အကျဉ်းထောင်များမှ ပြစ်ဒဏ်ကျခံခဲ့ပြီး ရက်ပြည့်၍ ပြန်လွတ်မြောက်လာသည့် အကျဉ်းသားများကို ၎င်းတို့၏နေအိမ်သို့ ပြန်ရောက်ရှိစေရန်အ တွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ ခရီးစရိတ်၊စားစရိတ်နှင့် တည်းခိုစရိတ်များထောက်ပံ့ကူညီနေကြောင်း အိုင်စီအာရ်စီ ၏ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄ခုနှစ် ဇန်နဝါရီလအတွင်းတွင် ရန်ကုန်မြို့၌ရှိသည့်အိုင်စီအာရ်စီအဖွဲ့က ဘေးကင်းလုံခြုံစွာအိမ်ပြန်ရေးအစီအစဥ်ကနေ လွတ်မြောက်လာသူအကျဥ်းသား(၁၆၀)ကို ထောက်ပံ့ကူညီနိုင်ခဲ့သည်ဟုဆိုသည်။
“မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ကျွန်တော်တို့အဖွဲ့တွေက နေအိမ်နဲ့ဝေးကွာနေတဲ့လွတ်မြောက်လာသူတွေကို ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်စေဖို့ သူတို့ရဲ့ အိမ်ပြန်တဲ့ ခရီးစဉ်အတွင်း ခရီးစရိတ်၊ စားသောက်စရိတ်နဲ့ ယာယီတည်းခိုစရိတ်တွေ ထောက်ပံ့ကူညီနေပါတယ်။အခုလက်ရှိအခြေအနေအရ စားသောက်စရိတ်နဲ့ ခရီးစရိတ်တွေကမြင့်တက်နေပြီး အမြန်လမ်းမှာသွားလာခွင့်ကန့်သတ်မှုတွေလည်းရှိနေတော့ အကျဉ်းထောင်ကလွတ်မြောက်လာသူတစ်ချို့က သူတို့အိမ်ကိုရောက်ရှိဖို့အတွက် ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေကို ဖြတ်သန်းသွားလာရမှာပါ။ဒီအသုံးစရိတ်တွေကို ကာမိစေဖို့အတွက် ကြိုးစားဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဘေးကင်းလုံခြုံစွာအိမ်ပြန်နိုင်စေရေးအစီအစဥ်က အိမ်ပြန်နိုင်ပြီး မိသားစုနဲ့ ပြန်လည်စုံဆည်းနိုင်ဖို့ ခရီးစရိတ်နဲ့ တခြားလိုအပ်နေတဲ့အထွေထွေစရိတ်တွေ ကာမိစေနိုင်အောင် အကူအညီပေးပါတယ်"ဟု အိုင်စီအာရ်စီရဲ့ ဝန်ထမ်းတစ်ဦးကပြောပြထားသည်ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။
လတ်တလောမှာအကျဥ်းထောင်ကနေ လွတ် မြောက်လာသူတစ်ဦးက" အိမ်ကို ဘယ်လိုပြန်မလဲဆိုတာကိုပဲ တစ်ချိန်လုံးတွေးနေတာပါ၊၊ကျွန်တော့်မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားပြီး အိမ်နဲ့အတော်ဝေးတဲ့ထောင်ကို ရောက်သွားတာပါ။အခုဆိုရင် အိုင်စီအာရ်စီကပေးတဲ့အကူအညီရခဲ့ပြီး ကျွန်တော်လိုတာလေးတွေသုံးလို့ရပါပြီ။ တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့နယ်မှာရှိတဲ့ရွာက ကျွန်တော့်အိမ်လေးကိုပြန်ဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု ပြောခဲ့ကြောင်း အိုင်စီအာရ်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group

Published 24 February 2024
ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့နယ် အနီး အင်အား ၄ ဒသမ ၂ အဆင့်ရှိ မြေငလျင် လှုတ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖေဖေါ်ဝါရီ ၂၄ ရက် နံနက် ၅နာရီ ၆မိနစ် ၁၆စက္ကန့်က လှုတ်ခတ်ခဲ့ကြောင်း သိရသည်။
မြေငလျင် သတင်း ထုတ်ပြန်ချက်အရညောင်ဦးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၇) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ညောင်ဦးမြို့၏ မြောက်-အနောက်မြောက်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၃၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၇) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း ထုတ်ပြန်ထားသည်။
Yangon Times/LW
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 24 February 2024
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သောကြာနေ့က ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ကြေညာရာမှာ ရုရှားကိုရင်ဆိုင်သွားမယ့်သဘော ပြသခဲ့ပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်က အပြင်းထန်ဆုံး အရေးယူပိတ်ဆို့လိုက်ပါက အမေရိကန် လက်နက်ဘေးအန္တရာယ်ကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်လာနိုင်မယ့် စိုးရိမ်မှုတွေကို ပိုဆိုးရွားလာဖွယ် ရှိနေပါတယ်။
စာမျက်နှာ ၂၀၀ ပါ စာရင်းထဲမှာ ရုရှား၊ ယူအေအီး၊ တရုတ်နဲ့ အခြားနိုင်ငံများမှ ပစ်မှတ်များ ပါဝင်လာပြီး ရုရှားတို့ ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း တစ်နေ့တည်းနဲ့ စီးပွားရေးပိတ်ဆို့မှုပြစ်ဒဏ် အများဆုံးချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။
ထင်ရှားတဲ့ လုပ်ငန်းတွေ ကုမ္ပဏီတွေထဲမှာ သတ္တု၊ စွမ်းအင်၊ ဘဏ်တွေ ပါဝင်ပါတယ်။
ဒါဟာ ဒဏ်ခတ်ပိတ်ဆို့ခြင်းနဲ့ ပတ်သက်ပြီး ဘိုင်ဒင်ရဲ့ပြောဆိုမှုက ဘယ်လိုသဘောလဲဆိုတာကို ဖော်ပြနေပေမယ့် အစိုးရအဖွဲ့ကတော့ ရုရှားစီးပွားရေးကို ဖြိုချဖို့ကြိုးစားရာကနေ အမေရိကန်စီးပွားရေးကို တစ်ပတ်ပြန်ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။
ပိုမိုပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ရာမှာ စစ်ပွဲအတွက် ရုရှားလိုအပ်တဲ့ နည်းပညာတွေ၊ ကုန်ကြမ်းပစ္စည်းတွေ၊ သတ္တုကုန်သွယ်ရေးတွေ ရရှိအောင် ကူညီပေးနေတဲ့ နိုင်ငံခြားဘဏ်များ ပါဝင်လာနိုင်ပါတယ်။
ရုရှားကို အမှန်တကယ် သက်ရောက်စေချင်တယ်ဆိုရင် ကမ္ဘာ့စီးပွားရေးကိုပါ ဆိုးကျိုးသက်ရောက်လာနိုင်တဲ့ ဗျူဟာမြောက်ဆောင်ရွက်မှုတွေ လိုအပ်ကြောင်း၊ ပိုမိုခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ စတင်လုပ်ဆောင်ပြီး ဖြစ်လာတဲ့ အကျိုးဆက်တွေကို လက်သင့်ခံနိုင်ရန် လိုအပ်ကြောင်း ဘဏ္ဍာရေးအရာရှိဟောင်း ကင်မ်ဒိုနိုဗန်က ပြောကြားလိုက်ပါတယ်။
သောကြာနေ့က ထုတ်ပြန်လိုက်တဲ့စာရင်းမှာ အမေရိကန်ဘဏ္ဍာရေးစနစ်မှာ ကန့်သတ်ခံထားပြီးသားသူတွေ၊ ပိတ်ဆို့ခံထားရပြီးသားသူတွေ အဖွဲ့အစည်းတွေ ပါဝင်နေတာကြောင့် ယင်းတို့အပေါ် သက်ရောက်မှု နည်းပါးနိုင်ပါတယ်။
ထိုနေရာမှာ ယူကရိန်း အမှန်တကယ် အလိုရှိနေတဲ့ ဒေါ်လာ ၆၀ ဘီလီယံတန်ကြေးရှိ လက်နက်နဲ့ခဲယမ်းများကိုတော့ မတွေ့ရသေးပါဘူး။
ရုရှားသမ္မတပူတင်ကို အမှန်တကယ် ထိတ်လန့်စေနိုင်တဲ့ တစ်ခုတည်းသောအရာက လက်နက်တွေ ပိုမိုထောက်ပံ့တာပဲ ဖြစ်တယ်လို့ ယူကရိန်းသမ္မတအကြံပေး မစ်ခေလိုပိုဒိုလျက်က ပြောပါတယ်။
ယခုဒဏ်ခတ်ပိတ်ဆို့မှုတွေက ရုရှားနဲ့စစ်ပွဲမှာ အရေးမသာတော့တဲ့ ယူကရိန်းအစိုးရ အလွန်သတိထားနေရတဲ့ အချိန်မှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
ရုရှားစီးပွားရေးကတော့ ဒဏ်ခတ်ပိတ်ဆို့မှုများကြား ဖြည်းဖြည်းမှန်မှန် ရှေ့ဆက်နေဆဲ ဖြစ်ပါတယ်။
ရုရှားရေနံကို တရုတ်၊ ဘရာဇီးလ်၊ အခြားနိုင်ငံများမှ ဆက်လက်ဝယ်ယူသူများရှိနေပြီး ထိုနိုင်ငံတွေက ကမ္ဘာ့ GDP တဝက်လောက် မရှိပေမယ့် ရာခိုင်နှုန်းရှယ်ယာ တိုးတက်လာပါတယ်။
ရုရှားစီးပွားရေးကို အမှန်တကယ် ကွာခြားသွားစေမယ့် လုပ်ရပ်မျိုးကို အနောက်နိုင်ငံက ချမှတ်ဖို့ အသင့်မဖြစ်သေးဘူးလို့ ကိုလံဘီယာတက္ကသိုလ် အကြီးတန်းသုတေသန စကောလာ အက်ဒီဖစ်ရှ်မန်းက ပြောလိုက်ပါတယ်။
Source: NDTV
#World_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 24 February 2024
စကြဝဠာထဲမှာ အလင်းဆုံးဖြစ်ပြီး နေ့စဥ် နေတွေကို စုပ်မြိုသွားတဲ့ တွင်းနက်ကြီးတစ်ခုကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။
နေပေါင်း ၁၇ ဘီလီယံလောက် အလေးချိန်ရှိကာ နေထက် အဆပေါင်း ၅၀၀ ထရီလီယံလောက် ပိုမိုတောက်ပတဲ့ ကြယ်ကြီးဟာ လျင်မြန်စွာ သွားလာနေတာကို ဩစတြေးလျ အမျိုးသားတက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ပါတယ်။
အလွန်ဝေးကွာလှတဲ့ ကြယ်ကြီးတွေဟာ နေထက် ၁၀ ဘီလီယံလောက် ပိုမိုလေးလံတဲ့ ဧရာမတွင်းနက်ကြီးများဖြင့် စွမ်းအားပေးနေတာ ဖြစ်ပါတယ်။
အသစ်တွေ့ရှိထားတဲ့ ဧရာမတွင်းနက်ကြီးက အနီးနားက အရာအားလုံးကို ဝါးမျိုနေပြီး မထင်မှတ်လောက်အောင် ကြီးထွားနေတာကို တယ်လီစကုပ်ကြီးဖြင့် သိပ္ပံပညာရှင်များ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိုကြယ်ကြီးဟာ တစ်နှစ်ကို နေပေါင်း ၃၇၀ လောက် ဝါးမျိုနေပြီး တစ်နေ့ကို တစ်လုံးနှုန်းလောက် ရှိနေပါတယ်။
ယခင်က မြင်ကွင်းကနေ ကွယ်ပျောက်နေပြီး ကြယ်တာရာလို့သာ ထင်မှတ်ခဲ့ကြပါတယ်။
ထိုကြယ်ကြီးဟာ ကမ္ဘာဂြိုဟ်နဲ့ အလွန်ဝေးကွာပြီး မြင်နိုင်ဖို့အတွက် နှစ်ပေါင်း ၁၂ ဘီလီယံ ဝေးနေပါတယ်။
ထိုကြယ်ကြီးတွေဟာ အလွန်လေးလံတဲ့ တွင်းနက်ကြီးများဖြစ်ပြီး ကြယ်စင်စုကြီးရဲ့ အလယ်မှာရှိတတ်ကာ နေမင်းကြီးထက် အဆပေါင်း သန်းချီ ဘီလီယံနဲ့ချီပြီး ထုထည်ကြီးမားပါတဘ်။
ယင်းတို့ရဲ့ အလွန်ပြင်းထန်တဲ့ ဂြိုဟ်ဆွဲအားဖြင့် အနီးနားကအရာတွေကို ဝါးမျိုနေဖွယ်ရှိပါတယ်။
စွမ်းအားမြင့်အမှုန်တန်းများဖြင့် အလင်းရောင်ခြည် အများအပြားကိုလည်း ထုတ်လွှတ်နေပါတယ်။
Source: WION.
#World_Science
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 765 of 1930